မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, September 19, 2023

ပရိတ်ကြီး ၁၁သုတ် Apk

အသံထွက် (မြန်မာလို)ပရိတ်ကြီး ၁၁သုတ် apk
ပါဠိဖတ်ရခက်သူများအတွက်
size 961.25kb(1mbတောင်မရှိ)
installပြီးလျှင် 1.72MBရှိ
အသဲပုံနှိပ်ဒေါင်းယူပါ။



Wednesday, November 21, 2018

၂-သာမညဖလသုတ်

မင်းနှင့်အမတ်တို့ ဆိုင်ရာစကား

၁၅ဝ။အကျွနု်ပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည် 
အခါတစ်ပါး၌ မင်းနှင့်အမတ်တို့ ဆိုင်ရာစကား
၁၅ဝ။အကျွနု်ပ်သည် ဤသို့ ကြားနာခဲဲ့ရပါသည် 
အခါတစ်ပါး၌ မြတ်စွာဘုရားသည် တစ်ထောင့် နှစ်ရာ့ ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ ရာဇဂြိုဟ်ပြည် (အဘယ) မင်းသား မွေးစားသော ဇီဝက၏ သရက် (ဥယျာဉ်) ၌ (သီတင်းသုံး) နေတော်မူ၏။
ထိုစဉ်အခါ၌ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မိုးလေးလအဆုံးကုမုဒြာကြာပွင့်ချိန် နှစ် ဥတု လတို့၏ ပြည့်ရာ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်ဖြစ်သော (တန်ဆောင်မုန်း) လပြည့်နေ့ ညဥ့်၌ မင်းအမတ်အပေါင်း ခြံရံလျက် မြတ်သော နန်းပြာသာဒ်၌ နေ၏။
ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ထိုဥပုသ်နေ့ဝယ် (ဤသို့) ဥဒါန်းကျူးရင့်၏ 
အချင်းတို့ လသာသော ညဥ့်သည် မွေ့လျော်ဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသောညဥ့်သည် အလွန်လှစွတကား၊ အချင်းတို့ လသာသော ညဥ့်သည် ရှုချင်ဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသော ညဥ့်သည် ကြည်နူးဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသော ညဥ့်သည်မှတ်သားဖွယ် ကောင်းစွတကား၊ ယနေ့ အဘယ်သမဏဗြာဟ္မဏကို ငါတို့ ဆည်းကပ်ရပါ ကုန်အံ့နည်း၊ အဘယ်သမဏဗြာဟ္မဏကို ဆည်းကပ်လျှင် ငါတို့၏ စိတ်သည် ကြည်လင်ရာပါအံ့ နည်းဟု ကျူးရင့်၏။
၁၅၁။ ဤသို့ ဥဒါန်းကျူးရင့်သော် မင်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓ တိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏ 
မင်းမြတ် ဤပူရဏကဿပသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ္ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရွိ၏၊ မင်းမြတ်သည် ထိုပူရဏကဿပကို ဆည်းကပ် တော်မူပါ၊ ပူရဏကဿပကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏ဟု လျှောက်၏။
ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။
၁၅၂။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ 
မင်းမြတ် ဤမက္ခလိဂေါသာလသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီ်ထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ္ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရွိ၏၊ မင်းမြတ်သည် ထိုမက္ခလိဂေါသာလကို ဆည်းကပ် တော်မူပါ၊ မက္ခလိဂေါသာလကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏ဟု လျှောက်၏။
ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။
၁၅၃။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ 
မင်းမြတ် ဤ အဇိတ ကေသကမ္ဗလသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်းပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအမ်ားက သမုတ္ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ ရောက်လျက် ရွိ၏၊ မင်းမြတ်သည် ထိုအဇိတကေသကမ္ဗလကို ဆည်း ကပ်တော်မူပါ၊ အဇိတကေသကမ္ဗလကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏ဟု လျှောက်၏။
ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။
၁၅၄။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ 
မင်းမြတ် ဤပကုဓကစ္စာယနသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအမ်ားက သမုတ္ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ ရောက်လျက် ရွိ၏၊ မင်းမြတ်သည် ထိုပကုဓကစ္စာယနကို ဆည်းကပ်တော်မူပါ၊ ပကုဓကစ္စာယနကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏ဟုလျှောက်၏။
ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။
၁၅၅။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း အားဤစကားကို လျှောက်၏ 
မင်းမြတ် ဤသဉ္စယဗေလဋ္ဌပုတ္တသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ္ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရွိ၏၊ မင်းမြတ်သည် ထိုသဉ္စယဗေလဋ္ဌပုတ္တကို ဆည်းကပ် တော်မူပါ၊ သဉ္စယဗေလဋ္ဌပုတ္တကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏ဟု လျှောက်၏။
ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။
၁၅၆။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ 
မင်းမြတ် ဤနိဂဏ္ဌနာဋပုတ္တသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ္ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံး အရွယ်သို့ရောက်လျက် ရွိ၏၊ မင်းမြတ်သည် ထိုနိဂဏ္ဌနာဋပုတ္တကို ဆည်းကပ်တော်မူပါ၊ နိဂဏ်ဌနာဋပုတ်တ်တကိုဆညျးကပျလြှငျ မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏ဟု လျှောက်၏။
ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။
၁၅၇။ ထိုစဉ်အခါ၌ (အဘယ) မင်းသားမွေးစားသော ဇီဝကသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း၏ အနီး၌ ဆိတ်ဆိတ် ထိုင်နေလျက် ရွိ၏၊ ထိုအခါ ဝေဒေဟီမိဖုရား၏သားမဂဓတိုင်းရှင် အဇာတသတ်မင်းသည် (အဘယ) မင်းသား မွေးစားသော ဇီဝကအား အချင်း ဇီဝကသင်သည်ကား အဘယ်ကြောင့် ဆိတ်ဆိတ် နေဘိသနည်းဟု ဆို၏။ မင်းမြတ် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော ဤမြတ်စွာဘုရားသည် တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ အကျွနု်ပ်တို့၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရား၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏ 
ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မွန္စြာ သိတော်မူသော အကြောင်းကြောင့့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ဝိဇ္ဇာ အကျင့် စရဏ နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက္သူကို ဆုံးမတတ်သည့် အတုမဲဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတၳာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု ပျံ့နှံ့၍ ထွက်ပါ၏။
မင်းမြတ်သည် ထိုမြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ၊ မြတ်စွာဘုရားကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏ဟု လျှောက်၏။
၁၅၈။ အချင်း ဇီဝက သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့။
မင်းမြတ် ကောင်းပါပြီ။
ဤသို့ (အဘယ) မင်းသား မွေးစားသော ဇီဝကသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဝန္ခံခဲဲ့၍ ဆင်မငါးရာတို့ကိုလည်းကောင်း၊ မင်း၏ စီးတော်ဆင်ကိုလည်းကောင်းပြင်ဆင်စေပြီးလျှင် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းအား မင်းမြတ် သင် (မင်းမြတ်)၏ ဆင်ယာဉ်တို့ကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင် မင်းမြတ် သိတော်မူပါသည် (သွားရန်မှာ သင် မင်းမြတ်၏ အလိုအတိုင်းပင် ဖြစ်ပါသည်)ဟု ပြန်ကြား၏။
၁၅၉။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆင်မငါးရာတို့၌မောင်းမတို့ကို တစ်ဦးစီ စီးစေ၍ စီးတော်ဆင်ကို (ကိုယ်တိုင်) စီးပြီးလျှင် မီးရှူးတိုင်တို့ကို ဆောင်စေလျက် ကြီးစွာသော မင်း၏ ကျက်သရေဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်၍ (အဘယ) မင်းသား မွေးစားသောဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေ၏။
ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းအား သရက်ဥယျာဉ်၏ အနီးသို့ရောက်လျှင် ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်း ဖြစ်၏၊ ထိုအခါဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည်ကြောက်ရွ့ံ ထိတ်လန့် ကြက်သီးမွေးညင်းထသည် ဖြစ်၍ (အဘယ) မင်းသား မွေးစားသော ဇီဝကအားဤစကားကို ဆို၏ 
အချင်း ဇီဝက ငါ့ကို မလှည့်ပတ်သည် မှန်၏လော့၊ အချင်း ဇီဝက ငါ့ကို မဖြားယောင်းသည် မှန်၏လော့၊ အချင်း ဇီဝက ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော့၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်မျှရှိ မြောက်မြားသော ရဟန်းသံဃာ၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ်ကြောင့် မဖြစ်ဘိသနည်းဟု ဆို၏။
မင်းကြီး၁ ကြောက်တော်မမူပါလင့်၊ မင်းကြီး ကြောက်တော်မမူပါလင့်၊ မင်းမြတ် သင့်ကို မလှည့်ပတ်ပါ၊ မင်းမြတ် သင့်ကို မဖြားယောင်းပါ၊ မင်းမြတ်၂ သင့်ကို ရန်သူတို့အား မအပ်နှင်းပါ၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်း၌ဤဆီမီးတို့သည် တောက်ပ လျက် ရှိပါကုန်၏ဟု လျှောက်၏။
၁၆ဝ။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆင်ဖြင့်သွားနိုင်သမျှ သောအရပ်ကို ဆင်ဖြင့် သြား၍ ဆင်မှ သက်ပြီးသော် ခြေကျင်သာလျှင် တန်ဆောင်းဝန်း တံခါးရှိရာသို့ချဉ်းကပ်၍ (အဘယ) မင်းသား မွေးစားသော ဇီဝကအား အချင်း ဇီဝက မြတ်စွာဘုရား အဘယ်မှာနည်းဟု ဆို၏။ မင်းကြီး အလယ်တိုင်ကို မွီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ ရှေ့၌ ထိုင်နေ သောပုဂ္ဂိုလ်သည် မြတ်စွာဘုရားပါတည်းဟု လျှောက်၏။
၁၆၁။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရွိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကြည်လင်သော အိုင်ကြီးကဲဲ့သို့ (ငြိမ်သက်သော) ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန် ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ 
ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်းဟု ဥဒါန်း ကျူးရင့်၏။
မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်) ရောက်သွားလေပြီဟု မြတ်စွာဘုရားက မိန့်တော်မူ၏။
အရှင်ဘုရား ဥဒယဘဒ္ဒမင်းသားကို အကျွနု်ပ် ချစ်ပါ၏၊ အရှင်ဘုရား ယခုအခါ ရဟန်းသံဃာသည်အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ အကျွနု်ပ်၏ (သား) ဥဒယဘဒ္ဒမင်းသားသည် ဤငြိမ်သက်ခြင်းနှင့်ပြည့်စုံပါစေသတည်းဟု အဇာတသတ်မင်းက လျှောက်၏။
၁၆၂။ ထို့နောက် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အရှင်ဘုရား ပြဿနာမေးရန် အကျွနု်ပ်အား အကယ်၍ မြတ်စွာဘုရား ခွင့်ပြုပါက တစ္စုံ တစ်ခုသောအကြောင်းအရာကို မြတ်စွာဘုရားအား အကျွနု်ပ် အနည်းငယ်မျှ မေးမြန်းလိုပါသည်ဟု လျှောက်၏။ မင်းကြီး မေးလိုရာကို မေးလော့ဟု မိန့်တော်မူ၏။
၁၆၃။ အသျှင်ဘုရား များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏၊ ဤအတတ်သည်တို့ကားအဘယ်နည်း 
ဆင်စီးသူရဲဲများ မြင်းစီးသူရဲဲများ ရထားစီးသူရဲဲမ်ား လေးသည်များ အောင်လံကိုင်များ စစ်ဆင်သူ များတစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်သွားနိုင်သူများ (စစ်၌) ထူးချွန်ကျော်စောသော မင်းသားများ တစ်ဟုန်တည်း ပြေးဝင် (စစ္ထိုး) နိုင်သူများ ဆင်ပြောင်ကြီးကဲဲ့သို့သော သူရဲဲမ်ား လြန္စြာ ရဲဲရင့်သူများ ချပ်ဝတ်သူရဲဲများ ကျွန်ယုံတော်များ ထမင်းချက်သူများဆတ္တာသည်များ ရေချိုးပေးသူများ စဖိုသည်များ ပန်းကုံးသူများ ခဝါသည်များ ရက်ကန်းသည် များကျူထရံသည်များ အိုးထိန်းသည်များ ဂဏန်းတတ်သူများ လက်ချိုးရေတွက်တတ်သူများထိုမှ တစ်ပါးလည်း ဤနှင့်အလားတူ များစွာသော အတတ်သည်တို့ ရှိပါကုန်သေး၏၊ ထိုသူတို့သည်မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော အတတ်၏ အကျိုးကို မွီ၍ အသက်မွေးပါ ကုန်၏၊ ထိုသူတို့သည် ထိုအတတ်ဖြင့် မိမိ ကိုယ္ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေ ပါကုန်၏၊ အမိအဖတို့ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ သားမယား တို့ကိုချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာစေ ပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ အထက္ဘုံ၌ ဖြစ်စေတတ်သော နတ်ပြည်၌ ဖြစ်စေ တတ်သောကောင်းကျိုးကို ဖြစ်စေတတ်သော မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူ ကိုသမဏဗြာဟ္မဏတို့၌ တည်စေပါကုန်၏၊ ဤ (အတတ်တို့၏ အကျိုး) နှင့် တူစြာ မျက်မှောက် ဘဝ၌ပင်ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အရှင်ဘုရား။
၁၆၄။ မင်းကြီး သင်သည် တစ်ပါးသောသမဏဗြာဟ္မဏတို့အား ဤပြဿနာ မေးဖူးသည်ကိုမှတ်မိပါ၏လော။ အကျွနု်ပ်သည် တစ်ပါးသောသမဏဗြာဟ္မဏတို့အား ဤပြဿနာ မေးဖူးသည်ကို မှတ်မိပါသည်အသျှင်ဘုရား။
မင်းကြီး ထိုသမဏဗြာဟ္မဏတို့သည် အဘယ်သို့ ဖြေကြားကုန်သနည်း၊ အကယ်၍ သင့်အား ဝန္မေလးမူ ပြောကြားလော့။
မြတ်စွာဘုရားဖြစ်စေ မြတ်စွာဘုရားကဲဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေရာအရပ်၌ အကျွနု်ပ်အားဝန်မလေးပါ အသျှင်ဘုရား။
မင်းကြီး သို့ဖြစ်လျှင် ပြောကြားလော့။

၁။ မဟာရာဇ ရွိရာ၌ မင်းကြီး။
၂။ ဒေဝ ရွိရာ၌ မင်းမြတ်ဟု ပြန်ဆိုသည်။

ပူရဏကဿပ၏ အယူဝါဒ
၁၆၅။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွနု်ပ်သည် ပူရဏကဿပထံသို့ ချဉ်းကပ်၍ ပူရဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် ပူရဏကဿပအား ဤပြဿနာကို မေးဖူးပါ၏ 
အသျှင်ကဿပ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏၊ ဤအတတ်သည်တို့ကားအဘယ်နည်း-ဆင်စီးသူရဲဲများ မြင်းစီးသူရဲဲများ ရထားစီးသူရဲဲမ်ား လေးသည်များ အောင်လံကိုင်များ စစ်ဆင် သူများတစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်သွားနိုင်သူများ (စစ်၌) ထူးချွန်ကျော်စောသော မင်းသားများ တစ်ဟုန်တည်း ပြေးဝင် စစ်ထိုးနိုင်သူများ ဆင်ပြောင်ကြီးကဲဲ့သို့သောသူရဲဲများ လွန်စွာရဲဲရင့်သူများ ချပ်ဝတ်သူရဲဲများ ကျွန်ယုံတော်များ ထမင်းချက်သူများဆတ္တာသည်များ ရေချိုးပေးသူများ စဖိုသည်များ ပန်းကုံးသူများ ခဝါသည်များ ရက်ကန်းသည်များကျူထရံသည်များ အိုးထိန်းသည်များ ဂဏန်းတတ်သူများ လက်ချိုးရေတွက်တတ် သူမ်ားထိုမွ တစ်ပါးလည်း ဤနှင့်အလားတူ များစွာသော အတတ်သည်တို့ ရှိပါကုန်သေး၏၊ ထိုသူတို့သည်မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော အတတ်၏ အကျိုးကို မွီ၍ အသက် မွေးပါကုန်၏၊ ထိုသူတို့သည် ထိုအတတ်ဖြင့် မိမိကိုယ္ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့် ဖြိုးစေပါကုန်၏၊ အမိအဖတို့ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ သား မယားတို့ကိုချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာ စေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ အထက္ဘုံ၌ ဖြစ်စေတတ်သော နတ်ပြည်၌ ဖြစ်စေ တတ်သောကောင်းကျိုးကို ဖြစ်စေတတ်သော မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကိုသမဏဗြာဟ္မဏတို့၌ တည်စေပါကုန်၏၊ ဤ (အတတ်တို့၏အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အသျှင်ကဿပဟု မေးဖူးပါ၏။
၁၆၆။ ဤသို့ မေးသော် ပူရဏကဿပသည် အကျွနု်ပ်အား ဤစကားကို ပြောဆိုပါသည် အသျှင်ဘုရား 
မင်းကြီး ပြုသူ ပြုစေသူ ဖြတ်သူ ဖြတ်စေသူ နှိပ်စက်သူ နှိပ်စက်စေသူ ပူဆွေးအောင်ပြုသူ ပြုစေသူပင်ပန်းအောင် ပြုသူ ပြုစေသူ တုန်လှုပ်သူ တုန်လှုပ်စေသူ အသက္ကို သတ္သူ (သတ်စေသူ) ခိုးယူသူ (ခိုးယူစေသူ) အိမ္ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ) (ရွာကို) တိုက္ခိုက္လုယူသူ့ (တိုက်ခိုက်လုယူစေသူ) တစ်အိမ်တည်းကို တိုက္ခိုက္လုယူသူ (တိုက်ခိုက် လုယူ စေသူ) ခရီးလမ်း၌စောင့်၍ လုယက္သူ (လုယူစေသူ) သူ့မယားကို သြားလာသူ (သြားလာ စေသူ) မမွန္စကားကို ပြောသူ (ပြောစေသူ) များသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစု အသားပုံ ဖြစ်အောင် အကယ်၍ ပြုစေကာမူထိုအကြောင်းကြောင့် မကောင်းမှု မရွိ၊ မကောင်းမှုဖြစ်ခြင်း မရွိ၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌နေသော သူသည်လည်း၁ အသက္ကို သတ်လျက် သတ်စေ လျက် ဖြတ်လျက် ဖြတ်စေလျက်နှိပ်စက်လျက် နှိပ်စက်စေလျက် သွားစေကာမူ ထို (သတ်ခြင်း စေသာ) အကြောင်းကြောင့် မကောင်းမှုမရှိ၊ မကောင်းမှု ဖြစ်ခြင်းမရှိ၊ ဂင်္ဂါမြစ်၏ မြောက်ဘက် ကမ်း၌ နေသော သူသည်လည်း၂ လှူလျက်လှူစေလျက် ပူဇော်လျက် ပူဇော်စေလျက် သွားစေကာမူ ထို (လှူခြင်းစသော) အကြောင်းကြောင့်ကောင်းမှုမရှိ၊ ကောင်းမှု ဖြစ်ခြင်းမရှိ၊ အလှူပေးခြင်း ဣနြေ္ဒကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှုမရှိ၊ ကောင်းမှု ဖြစ်ခြင်းမရှိဟု ပြောဆိုပါသည်။
အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပူရဏကဿပသည်အကျွနု်ပ်အား ဤသို့ ကံမဲဲ့ဝါဒ ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလျက် တောငျပိန်နဲဲပငျကို ဖြေသကဲဲ့သို့လည်းကောင်း၊ တောငျပိန်နဲဲပငျကို မေးပါလျက် သရက်ပင်ကို ဖြေသကဲဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပူရဏကဿပသည်အကျွနု်ပ် အား ကံမဲဲ့ဝါဒ ကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွနု်ပ်အား ဤသို့ အကြံဖြစ်ပါ၏ 
ငါကဲဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်းဟု အကြံဖြစ်ပါ၏။
အရှင်ဘုရား အကျွနု်ပ်သည် ပူရဏကဿပ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲဲ့ပါ၊ ပယ်လည်းမပယ်ခဲဲ့ပါ၊ မနှစ်သက်ခဲဲ့ မပယ်ခဲဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကို မမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမွတ္သားဘဲဲ နေရာမှ ထကာ ပြန်ခဲဲ့ပါသည်။

၁။ ဂင်္ဂါမြစ် တောင်ဘက်ကမ်းသားတို့သည် ရက်စက်ကြမ်းကြုတ်ကုန်၏။
၂။ ဂင်္ဂါမြစ် မြောက်ဘက်ကမ်းသားတို့သည် သဒ်ဓါတရားရှိကုနျ၏၊ ဘုရားတရားသံဃာကို ကြည်ညိုကုန်၏ဟု အဋ္ဌကထာ၌ ဆိုသည်။

မက္ခလိဂေါသာလ၏ အယူဝါဒ
၁၆၇။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွနု်ပ်သည် မက္ခလိဂေါသာလထံသို့ ချဉ်းကပ်၍ မက္ခလိဂေါသာလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မက္ခလိဂေါသာလအား ဤပြဿနာကို မေးဖူး ပါ၏ 
အသျှင်ဂေါသာလ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။၁ ဤ (အတတ်တို့၏ အကျိုး) နှင့် တူစြာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အသျှင်ဂေါသာလဟု မေးဖူးပါ၏။
၁၆၈။ ဤသို့ မေးသော် မက္ခလိဂေါသာလသည် အကျွနု်ပ်အား ဤစကားကို ပြောဆိုပါသည်အသျှင်ဘုရား 
မင်းကြီး သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရွိ၊ အထောက်အပံ့သည် မရွိ၊ အကြောင်း မရှိအထောက်အပံ့ မရွိဘဲဲ သတ္တဝါတို့သည် ညစ်ညူးကုန်၏၊ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည့်မရှိ၊ အထောက်အပံ့သည် မရွိ၊ အကြောင်းမရှိ အထောက်အပံ့ မရွိဘဲဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ မိမိ ပြုလုပ်မှုသည် မရွိ၊ သူတစ်ပါးတို့ ပြုလုပ်ပေးမှုသည် မရွိ၊ ယောကျ်ားတို့ ပြုလုပ်မှုသည် မရွိ၊ ခွန်အားသည် မရွိ၊ လုံ့လသည် မရွိ၊ ယောကျ်ားတို့ စွမ်းအားသည် မရွိ၊ ယောကျ်ားတို့အားထုတ်မှုသည် မရွိ၊ အလုံးစုံသော သတ္တဝါ အလုံးစုံသော သက်ရှူသတ္တဝါ အလုံး စုံသော ထင်ရှားဖြစ်သော သတ္တဝါ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊ ခွန်အား မရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၍ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲဲကို ခံစားကုန်၏၊ ဤတစ်သန်း လေးသိန်းခြောက်ထောင့် ခြောက်ရာသော အဓိကသတ္တဝါမျိုးများ ငါးရာသော ကံမ်ား ငါးပါးသော ကံများသုံးပါးသော ကံမ်ား (ပြည့်သော) ကံမ်ား ထက်ဝက်သော ကံမ်ား ခြောက်ဆယ့်နှစ်ပါးသော အကျင့်များခြောက်ဆယ့်နှစ်ပါးသော အန္တရကပ်များ ခြောက်မျိုးသော ဇာတ်အထူးများ ရှစ်ပါး သောယောကျ်ားတို့၏ အရွယ်များ လေးထောင့်ကိုးရာသော အသက်မွေးမှုများ လေးထောင့် ကိုးရာသောပရိဗိုဇ်များ လေးထောင့်ကိုးရာသော နဂါးတို့နေရာများ နှစ်ထောင်သော ဣနြေ္ဒများ သုံးထောင်သောငရဲဲများ သုံးဆယ့်ခြောက်မျိုးသော မြူဓာတ် (တည်ရာ) မ်ား ခုနစ်မျိုးသော သညာရှိပဋိသနေ္ဓများခုနစ်မျိုးသော သညာမဲဲ့ပဋိသနေ္ဓများ ခုနစ်မျိုးသော အဆစ် ပဋိသနေ္ဓများ ခုနစ်မျိုးသော နတ်များခုနစ်မျိုးသော လူမ်ား ခုနစ်မျိုးသော မြေဖုတ်ဘီလူးများ ခုနစ်ခုသော အိုင်ကြီးများ ခုနစ်ခုသောအဖုကြီးများ ခုနစ်ရာသော အဖုငယ္မ်ား ခုနစ်ခုသော ချောက်ကြီးများ ခုနစ်ရာသော ချောက်ငယ်များခုနစ်ခုသော အိပ်မက်ကြီးများ ခုနစ်ရာသော အိပ္မက္ငယ္မ်ား ရှစ်သန်းလေးသိန်းသော မဟာကပ်များရှိကုန်၏၊ ယင်း (မဟာကပ်တို့) ပတ္လုံး လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ (တစ္ဘဝမွ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲဲကုန်ဆုံးခြင်းကို ပြုကြလတ္တ့ံ၊ ထိုအတွင်း (ဆင်းရဲဲကုန်ဆုံးခြင်း) မရွိ၊ ငါသည် ဤသီလဖြင့်သော်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့့််သော်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့့််သော်လည်းကောင်း၊ ဤအကျင့်မြတ်ဖြင့့််သော်လည်းကောင်း၊ မရင့်သေးသော ကံကိုမူလည်း ရင့်စေမည် ရင့်ပြီးသော ကံကိုမူလည်း တွေ့၍ တွေ့၍ ပျက်စီးစေမည်ဟုဤသို့ (ပြုပြင်နိုင်ခြင်း မရွိ)၊ ချမ်းသာ ဆင်းရဲဲသည် စရွတ်တောင်းဖြင့် ခြင်ထားသကဲဲ့သို့ ဖြစ်၏၊ သံသရာသည် အပိုင်းအခြား ပြုထားပြီးဖြစ်၏၊ အတိုး အဆုတ် မရွိ၊ အလွန် အယုတ် မရွိ၊ ချည်လုံးကိုပစ်လိုက်သော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေးသွားသကဲဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ (တစ္ဘဝမွ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲဲကုန်ဆုံးခြင်းကို ပြုကြလတ္တံ့ဟု ပြောဆိုပါသည်။
၁၆၉။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် မက္ခလိဂေါသာလသည်အကျွနု်ပ်အား ဤသို့ သံသရာမွ စင်ကြယ်ခြင်း ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကိုမေးပါလျက် တောငျပိန်နဲဲပငျကို ဖြေသကဲဲ့သို့လည်းကောင်း၊ တောငျပိန်နဲဲပငျကို မေးပါလျက် သရက်ပင်ကိုဖြေသကဲဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် မက္ခလိဂေါသာလသည် အကျွနု်ပ်အား သံသရာမွ စင်ကြယ်ခြင်းကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွနု်ပ်အားဤသို့ အကြံဖြစ်ပါ၏ 
ငါကဲဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်းဟု အကြံဖြစ်ပါ၏။
အသျှင်ဘုရား အကျွနု်ပ်သည် မက္ခလိဂေါသာလ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲဲ့ပါ၊ ပယ်လည်း မပယ်ခဲဲ့ပါ၊ မနှစ်သက်ခဲဲ့ မပယ်ခဲဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကိုမမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမွတ္သားဘဲဲ နေရာမှ ထကာ ပြန်ခဲဲ့ပါသည်။

၁။ (ပ) ၄င်းအမှတ်အသား အတွင်းရှိ စကားများသည် ပူရဏကဿပအား မေးသည့်စကားအတိုင်းဖြစ်သည်။

အဇိတကေသကမ္ဗလ၏ အယူဝါဒ
၁၇ဝ။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွနု်ပ်သည် အဇိတကေသကမ္ဗလထံသို့ ချဉ်းကပ်၍ အဇိတကေသကမ္ဗလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် အဇိတကေသကမ္ဗလအား ဤပြဿနာကို မေးဖူးပါ၏ 
အသျှင်အဇိတ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ဤ (အတတ်တို့၏ အကျိုး) နှင့် တူစွာမျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသ လောအသျှင်အဇိတဟု မေးဖူးပါ၏။
၁၇၁။ ဤသို့ မေးသော် အဇိတကေသကမ္ဗလသည် အကျွနု်ပ်အား ဤစကားကို ပြောဆိုပါသည်အသျှင်ဘုရား 
မင်းကြီး ပေးလှူခြင်းသည် မရွိ၁၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ဟုံးပူဇော်ခြင်းသည် မရွိ၊ ကောင်းမှုမကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရွိ၊ ဤလောကသည် မရွိ၊ တစ်ပါးသော လောကသည် မရွိ၊ အမိသည် မရွိ၂၊ အဖသည် မရွိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်၊ ဤသတ္တဝါသည်မဟာဘုတ်လေးပါး အစုအေဝး ဖြစ်၏၊ သေသောအခါ မြေဓာတ်သည် မြေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ ရေဓာတ်သည် ရေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ မီးဓာတ်သည် မီးဓာတ်အစုသို့ဆိုက်၏၊ ရောက်၏၊ လေဓာတ်သည် လေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ နာမ်ဣနြေ္ဒတို့သည်ကောင်းကင်သို့ ပြောင်းရွှေ့ကုန်၏၊ ညောင်စောင်းလျှင် ငါးခုမြောက်ဖြစ်သော ယောကျ်ားတို့သည်သူသေကောင်ကို ယူ၍ သွားကုန်၏၊ သင်းချိုင်းတိုင်အောင် သူသေကောင်တို့သည် ထင်ကုန်၏၊ အရိုးတို့သည် ခိုအဆင်းကဲဲ့သို့ ဖြစ်ကုန်၏၊ အလှူတို့သည် ပြာအဆုံးရှိကုန်၏၊ အလှူပေးခြင်းကိုလူမိုက်တို့က ပညတ္ထား၏၊ အချို့သူတို့သည် (ပေးလှူခြင်းစသည်) ရွိ၏ ဟူသော ဝါဒကို ဟောပြောကုန်၏၊ ထိုသူတို့၏ စကားသည် အချည်းနှီး ဖြစ်၏၊ မှားယွင်း၏၊ ယောင်ယမ်းပြောဆို သောစကားဖြစ်၏၊ လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ ခန္ဓာကိုယ် ပျက်စီးလျှင် ပြတ်စဲဲကုန်၏၊ ပ်က္စီး ကုန်၏၊ သေသည်မှ နောက်၌ မရှိကုန်ဟု ပြောဆိုပါသည်။
၁၇၂။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် အဇိတကေသကမ္ဗလသည် အကျွနု်ပ်အား ဤသို့ ပြတ်စဲဲဝါဒ ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလျက် တောငျပိန်နဲဲပငျကို ဖြေသကဲဲ့သို့လည်းကောင်း၊ တောငျပိန်နဲဲပငျကို မေးပါလျက် သရက်ပင်ကို ဖြေသကဲဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် အဇိတကေသကမ္ဗလသည် အကျွနု်ပ်အား ပြတ်စဲဲဝါဒကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွနု်ပ်အား ဤသို့ အကြံဖြစ်ပါ၏ 
ငါကဲဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်းဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွနု်ပ်သည် အဇိတကေသကမ္ဗလ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲဲ့ပါ၊ ပယ်လည်း မပယ်ခဲဲ့ပါ၊ မနှစ်သက်ခဲဲ့ မပယ်ခဲဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကိုမမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမွတ္သားဘဲဲ နေရာမှ ထကာ ပြန်ခဲဲ့ပါသည်။

၁။ အကျိုးမရှိဟု ဆိုလိုသည်။
၂။ အမိသည်မရှိ အမိ၌ ကောင်းစွာပြုခြင်း မကောင်းစွာပြုခြင်း၏ အကျိုးမရှိဟု ဆိုလိုသည် (အဖသည်မရှိ ဆိုရာ၌လည်း ဤအတူပင်)။

ပကုဓကစ္စာယန၏ အယူဝါဒ
၁၇၃။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွနု်ပ်သည် ပကုဓကစ္စာယနထံသို့ ချဉ်းကပ်၍ ပကုဓကစ္စာယနနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် ပကုဓကစ္စာယနအား ဤပြဿနာကို မေးဖူးပါ၏ 
အသျှင်ကစ္စာယန များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလောအသျှင်ကစ္စာယနဟု မေးဖူးပါ၏။
၁၇၄။ ဤသို့ မေးသော် ပကုဓကစ္စာယနသည် အကျွနု်ပ်အား ဤစကားကို ပြောဆိုပါသည် အသျှင်ဘုရား 
မင်းကြီး ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည်မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲဲ့သို့ တည်ကုန်၏၊ ခိုင်မြဲဲသော တံခါးတိုင်ကဲဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲဲနိုင်ကုန်၊ အချင်းချင်းချမ်းသာရန်လည်းကောင်း ဆင်းရဲဲရန်လည်းကောင်း ချမ်းသာ ဆင်းရဲဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ခုနစ်ပါးတို့ ဟူသည်အဘယ်နည်း မြေအစု၊ ရေအစု၊ မီးအစု၊ လေအစု၊ ချမ်းသာ၊ ဆင်းရဲဲ၊ ခုနစ်ခုမြောက်အသက်တို့တည်း။ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည် မဟုတ် ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင် ထွတ်ကဲဲ့သို့ တည်ကုန်၏၊ ခိုင်မြဲဲသော တံခါးတိုင်ကဲဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ် ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲဲနိုင်ကုန်၊ အချင်းချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ထိုအစုတို့၌ သတ္သူ သတ်စေသူ ကြားသူ ကြားစေသူ သိသူ သိစေသူများ မရှိကုန်၊ ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကိုဖြတ်စေကာမူ တစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်ကို သတ်သည် မမည်၊ လက်နက်သည်ခုနစ်ပါးသော အစုတို့၏ အကြား ဟင်းလင်းသို့ ကျရောက်၏ဟု ပြောဆိုပါသည်။
၁၇၅။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပကုဓကစ္စာယနသည်အကျွနု်ပ်အား ဤသို့ အကြောင်းအရာတစ်ပါးဖြင့် အကြောင်းအရာတစ်ပါး ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလျက် တောငျပိန်နဲဲပငျကို ဖြေသကဲဲ့သို့လည်းကောင်း၊ တောငျပိန်နဲဲပငျကိုမေးပါလကြျ သရက်ပင်ကို ဖြေသကဲဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပကုဓကစ္စာယနသည် အကျွနု်ပ်အား အကြောင်းအရာတစ်ပါးဖြင့် အကြောင်းအရာ့တစ်ပါးကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွနု်ပ်အား ဤသို့ အကြံဖြစ်ပါ၏ 
ငါကဲဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်းဟု အကြံဖြစ်ပါ၏။
အသျှင်ဘုရား အကျွနု်ပ်သည် ပကုဓကစ္စာယနပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲဲ့ပါ၊ ပယ်လည်း မပယ်ခဲဲ့ပါ၊ မနှစ်သက်ခဲဲ့ မပယ်ခဲဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကို မမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမွတ္သားဘဲဲ နေရာမှ ထကာ ပြန်ခဲဲ့ပါသည်။

နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ
၁၇၆။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွနု်ပ်သည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်၍ နိဂဏ္ဌနာဋပုတ္တနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် နိဂဏ္ဌနာဋပုတ္တအား ဤပြဿနာကို မေးဖူးပါ၏ 
အသျှင်အဂ္ဂိဝေဿန၁ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလောအသျှင်အဂ္ဂိဝေဿနဟု မေးဖူးပါ၏။
၁၇၇။ ဤသို့ မေးသော် နိဂဏ္ဌနာဋပုတ္တသည် အကျွနု်ပ်အား ဤစကားကို ပြောဆိုပါသည် အသျှင်ဘုရား 
မင်းကြီး ဤ (လောက) ၌ နိဂဏ္ဌသည် လေးမျိုးသော စောင့်စည်းခြင်းဖြင့် စောင့်စည်း၏၊ မင်းကြီးနိဂဏ္ဌသည် လေးမျိုးသော စောင့်စည်းခြင်းဖြင့် အဘယ်သို့ စောင့်စည်းသနည်းဟူမူ-မင်းကြီး ဤလောက၌နိဂဏ္ဌသည် အလုံးစုံသော ရေအေးကို တားမြစ်၏၊ (မကောင်းမှုကို) အလုံးစုံ တားမြစ်၏၊ (မကောင်းမှုကို) အလုံးစုံ တားမြစ်ခြင်းဖြင့် ပယ်ခွါပြီး ဖြစ်၏၊ (မကောင်းမှု ကို) အလုံးစုံတားမြစ်ခြင်းဖြင့် (လွတ်မြောက်ရာကို) တွေ့ပြီးဖြစ်၏၊ မင်းကြီး ဤလေးမျိုးသော စောင့်စည်းခြင်းဖြင့်စောင့်စည်းပြီးသော ဤနိဂဏ္ဌနာဋပုတ္တကို အထွတ်အထိပ်သို့ ရောက်သော စိတ်ရှိသူ စောင့်စည်းသောစိတ်ရှိသူ တည်ကြည်သော စိတ်ရှိသူဟု ဆိုအပ်၏ဟု ပြောဆို ပါသည်။
၁၇၈။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် နိဂဏ္ဌနာဋပုတ္တသည်အကျွနု်ပ်အား ဤသို့ လေးမျိုးသော စောင့်စည်းခြင်း ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင် ကိုမေးပါလျက် တောငျပိန်နဲဲပငျကို ဖြေသကဲဲ့သို့လည်းကောင်း၊ တောငျပိန်နဲဲပငျကို မေးပါလျက် သရက်ပင်ကိုဖြေသကဲဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် နိဂဏ္ဌနာဋပုတ္တသည် အကျွနု်ပ်အား လေးမျိုးသော စောင့်စည်းခြင်းကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွနု်ပ်အားဤသို့ အကြံဖြစ်ပါ၏ 
ငါကဲဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်းဟု အကြံဖြစ်ပါ၏။
အသျှင်ဘုရား အကျွနု်ပ်သည် နိဂဏ္ဌနာဋပုတ္တ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲဲ့ပါ၊ ပယ်လည်း မပယ်ခဲဲ့ပါ၊ မနှစ်သက်ခဲဲ့ မပယ်ခဲဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကိုမမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမွတ္သားဘဲဲ နေရာမှ ထကာ ပြန်ခဲဲ့ပါသည်။

၁။ နိဂဏ္ဌနာဋပုတ္တကိုပင် အနွယ်မှဖြစ်သော အမည်အားဖြင့် အဂ္ဂိဝေဿနဟု ခေါ်သည်။

သဉ္စယဗေလဋ္ဌပုတ္တ၏ အယူဝါဒ
၁၇၉။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွနု်ပ်သည် သဉ္စယဗေလဋ္ဌပုတ္တထံသို့ ချဉ်းကပ်၍ သဉ္စယဗေလဋ္ဌပုတ္တနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကား ကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် သဉ်စယဗလေဋ်ဌပုတ်တ်တအား ဤပြဿနာကိုမေးဖူးပါ၏ 
အသျှင်သဉ္စယ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလောအသျှင်သဉ္စယဟု မေးဖူးပါ၏။
၁၈ဝ။ ဤသို့ မေးသော် သဉ်စယဗလေဋ်ဌပုတ်တ်တသညျ အကျွနု်ပ်အား ဤစကားကို ပြောဆိုပါသည်အသျှင်ဘုရား 
တစ်ပါးသော လောက ရွိသေလာဟု (သင်) ငါ့ကို မေးသော် တစ်ပါးသော လောကရှိ၏ဟု ငါအယူရှိခဲဲ့လျှင် တစ်ပါးသော လောကရှိ၏ဟု သင့်အား ငါဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါမယူ။
တစ်ပါးသော လောက မရွိပါသေလာ။ပ။
တစ်ပါးသော လောက ရှိလည်းရှိ မရှိလည်း မရွိသေလာ။ပ။
တစ်ပါးသော လောက ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ္သေလာ။ပ။
(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရွိကုန္သေလာ။ပ။
(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ မရွိကုန္သေလာ။ပ။
(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိလည်းရှိ မရှိလည်း မရွိကုန္သေလာ။ပ။
(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ္ကုန္သေလာ။ပ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရွိပါသေလာ။ပ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရွိပါသေလာ။ပ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်း မရွိသေလာ။ပ။
ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ္သေလာ။ပ။
သတ္တဝါသည် သေပြီးနောက်၌ ရွိသေလာ။ပ။
သတ္တဝါသည် သေပြီးနောက်၌ မရွိသေလာ။ပ။
သတ္တဝါသည် သေပြီးနောက်၌ ရှိလည်းရှိ မရှိလည်း မရွိသေလာ။ပ။
သတ္တဝါသည် သေပြီးနောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ္သေလာဟု (သင်) ငါ့ကိုမေးသော် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုငါ အယူရှိခဲဲ့လျှင် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုသင့်အား ငါ ဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါ မယူ၊ အခြားသို့ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟု လည်း ငါမယူဟု ပြောဆိုပါသည်။
၁၈၁။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် သဉ္စယဗေလဋ္ဌ ပုတ္တသည်အကျွနု်ပ်အား ဤသို့ ပစ်လွှင့်သော အယူ ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလကြ့ျတောငျပိန်နဲဲပငျကို ဖြေသကဲဲ့သို့လည်းကောင်း၊ တောငျပိန်နဲဲပငျကို မေးပါလျက် သရက်ပင်ကိုဖြေသကဲဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် သဉ္စယဗေလဋ္ဌပုတ္တသည် အကျွနု်ပ်အား ပစ်လွှင့်သော အယူကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွနု်ပ်အားဤသို့ အကြံဖြစ်ပါ၏ 
ဤသူကား ဤသမဏဗြာဟ္မဏတို့တွင် ပညာမဲဲ့ဆုံး ဖြစ်၏၊ အေတြေဝဆုံး ဖြစ်၏၊ ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် အဘယ်ကြောင့် ပစ်လွှင့်သော အယူကို ဖြေကြားဘိသနည်း၊ ငါကဲဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲဲသင့်သည်ဟု အဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်းဟု အကြံဖြစ်ပါ၏။
အသျှင်ဘုရား အကျွနု်ပ်သည် သဉ်စယဗလေဋ်ဌပုတ်တ်တပွောသော စကားကို နှစ်လည်း မနှစ်သက်ခဲဲ့ပါ၊ ပယ်လည်း မပယ်ခဲဲ့ပါ၊ မနှစ်သက်ခဲဲ့ မပယ်ခဲဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကို မမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမွတ္သားဘဲဲ နေရာမှ ထကာ ပြန်ခဲဲ့ပါသည်။

ရှေးဦးစွာ မျက်မှောက်ဘဝ၌ ရအပ်သော ရဟန်းဖြစ်ကျိုး
၁၈၂။ အသျှင်ဘုရား အကျွနု်ပ်သည် မြတ်စွာဘုရားကိုလည်း မေးပါ၏၊ အသျှင်ဘုရား ဤမ်ားစြာ သောအတတ်သည်တို့သည် ရှိပါကုန်၏၊ ဤအတတ်သည်တို့ကား အဘယ်နည်း- ဆင်စီးသူရဲဲများ မြင်းစီးသူရဲဲများ ရထားစီးသူရဲဲမ်ား လေးသည်များ အောင်လံကိုင်များ စစ်ဆင်သူများတစ်ဖက် စစ်တပ်သို့ ဝင်၍ ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်သွားနိုင် သူမ်ား (စစ်၌) ထူးချွန်ကျော်စောသော မင်းသားများ တစ်ဟုန်တည်း ပြေးဝင်စစ်ထိုးနိုင်သူများ ဆင်ပြောင်ကြီးကဲဲ့သို့သောသူရဲဲများ လွန်စွာရဲဲရင့်သူများ ချပ်ဝတ်သူရဲဲများ ကျွန်ယုံတော်များ ထမင်းချက်သူများ ဆတ္တာသည်များရေချိုးပေးသူများ စဖိုသည်များ ပန်းကုံးသူများ ခဝါသည်များ ရက်ကန်းသည်များ ကျူထရံသည်များအိုးထိန်းသည်များ ဂဏန်းတတ်သူများ လက်ချိုးရေတွက် တတ္သူမ်ား ထိုမွ တစ်ပါးလည်းဤနှင့်အလားတူ များစွာသော အတတ်သည်တို့ ရှိပါကုန်သေး၏၊ ထိုသူတို့သည် မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် သိမြင်ရသော အတတ်၏ အကျိုးကို မွီ၍ အသက် မွေးပါကုန်၏၊ ထိုသူတို့သည် ထိုအတတ်ဖြင့် မိမိကိုယ္ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့် ဖြိုးစေပါကုန်၏၊ အမိအဖတို့ကိုချမ်းသာစေပါကုန်၏ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ သားမယား တို့ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ မိ်တ်ဆွေ ခင်ပွန်းတို့ကို ချမ်းသာ စေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ အထက္ဘုံ၌ ဖြစ်စေတတ်သော နတ်ပြည်၌ ဖြစ်စေတတ်သော ကောင်းကျိုးကိုဖြစ်စေတတ်သော မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကိုသမဏဗြာဟ္မဏတို့၌တည်စေပါကုန်၏၊ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင်သိမြင်ရသောရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အသျှင်ဘုရား။
၁၈၃။ မင်းကြီး တတ်နိုင်ပါ၏၊ မင်းကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ၊ သင် နှစ်သက်သည့်အတိုင်း ထို (အေမး) ကို ဖြေလော့၊ မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း။
ဤ (တိုင်းပြည်) ၌ ရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ္ကို ပြုရအံ့နည်းဟုနာခံလေ့ရှိသော နှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင်ဖွယ်ကို ဆိုလေ့ရှိသော မျက်နှာရိပ်ကို ကြည့်လေ့ရှိသော အမှုလုပ် ကျွန်ယောကျ်ားသည် သင့်အား ရွိရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ 
အချင်းတို့ ကောင်းမှုတို့၏ လားရာ ကောင်းမှုတို့၏ အကျိုးသည် အံ့ဖွယ်ရှိပါပေစွတကား၊ မဖြစ်ဖူးမြဲဲ ဖြစ်ပါပေစွတကား၊ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် လူပင်တည်း၊ ငါသည်လည်း လူပင်တည်း၊ (သို့ရာတွင်) ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင့်အဇာတသတ်မင်းကား ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ နတ်ကဲဲ့သို့ ပျော်ရွှင်စံစားရ၏၊ ငါမူကားရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ္ကို ပြုရအံ့နည်းဟု နာခံလေ့ ရှိသောနှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင်ဖွယ်ကို ဆိုလေ့ရှိသော မျက်နှာရိပ်ကို ကြည့်လေ့ရှိ သောထို (မင်း)၏ အမှုလုပ်ကျွန် ဖြစ်၏၊ ငါသည် ကောင်းမှုတို့ကို ပြုရမူ (ထိုမင်းကဲဲ့သို့) ဖြစ်ရာ၏၊ ငါသည်ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်း ဘောင်သို့ဝင်ရောက်ရမူ ကောင်းလေစွဟု အကြံဖြစ်ရာ၏။
ထိုသူသည် နောင်အခါ၌ ဆံမုတ္ဆိတ္ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရာ၏၊ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက်နေရာ၏၊ နှုတ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ စိတ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ အစားအဝတ်မျှဖြင့် ရောင့်ရဲဲကာ ဆိတ်ငြိမ်ရာ၌ မွေ့လျော်လျက် နေရာ၏၊ ထို (အကြောင်းအရာ) ကိုသင့်အား မင်းချင်း ယောကျ်ားတို့သည် ဤသို့ လျှောက်ကြားကုန်ရာ၏ 
မင်းမြတ် သိတော်မူပါလော့၊ ရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ်ကိုပြုရအံ့နည်းဟု နာခံလေ့ရှိသော နှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင်ဖွယ်ကို ဆိုလေ့ရှိသောမျက်နှာရိပ်ကို ကြည့်လေ့ရှိသော သင် (မင်းမြတ်)၏ အမှုလုပ်ကျွန်ယောကျ်ားသည် ဆံမုတ်ဆိတ်ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏၊ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ နှုတ်ဖြင့် စောင့်စည်း လျက်နေပါ၏၊ စိတ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ အစားအဝတ်မျှဖြင့် ရောင့်ရဲဲကာ ဆိတ်ငြိမ်ရာ၌မွေ့လျော်လျက် နေပါ၏ဟု လျှောက်ကြားကုန်ရာ၏။
ထိုသို့ လျှောက်ကြားလျှင် သင် (မင်းကြီး) သည် ဤသို့ ဆိုသင့်ပါမည်လော 
အချင်းတို့ ထိုယောကျ်ားသည် ငါ့ထံ ပြန်လာစေလော့၊ ရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ္ကို ပြုရအံ့နည်းဟု နာခံလေ့ရှိသော နှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင် ဖွယ်ကိုဆိုလေ့ရှိသော မျက်နှာရိပ်ကို ကြည့်လေ့ရှိသော အမှုလုပ်ကျွန်ပင် တစ်ဖန် ဖြစ်စေလော့ဟုဆိုသင့်ပါမည်လော။
၁၈၄။ ဤသို့ မဆိုသင့်ပါ အသျှင်ဘုရား၊ စင်စစ်သော်ကား အကျွနု်ပ်တို့ကပင် ထိုသူကို ရှိခိုးလည်းရှိခိုးကုန်ရာ၏၊ ခရီးဦးကြိုလည်း ပြုကုန်ရာ၏၊ ထိုင်ရန်နေရာကိုလည်း ပေးကုန်ရာ၏၊ သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို အလှူခံရန်လည်း ဖိတ်ကုန်ရာ၏၊ ထိုသူအား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကိုလည်း စီမံပေးကုန်ရာ၏ဟု လျှောက်၏။
၁၈၅။ မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဤသို့ ဖြစ်ခဲဲ့သော် ကိုယ်တိုင် သိမြင်ရ သောရဟန်းဖြစ်ကျိုးသည် ရွိသေလာ မရွိသေလာ။
ဤသို့ ဖြစ်ခဲဲ့သော် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးသည် ဧကန်ရှိပါ၏ အသျှင်ဘုရား။
မင်းကြီး ဤကား ငါသည် သင့်အား ရှေးဦးစွာ ပြသော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

နှစ်ကြိမ်မြောက် မျက်မှောက်ဘဝ၌ ရအပ်သော ရဟန်းဖြစ်ကျိုး
၁၈၆။ အသျှင်ဘုရား ဤအတူ တစ်ပါးလည်း ဖြစ်သော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရ သောရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသေးသလော။
မင်းကြီး တတ်နိုင်ပါ၏၊ မင်းကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ၊ သင် နှစ်သက်သည့်အတိုင်း ထိုအေမးကို ဖြေလော့၊ မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း။ ဤ (တိုင်းပြည်) ၌ အခြန္ကို ထမ်းဆောင်သော ဥစ္စာစုကို တိုးပွါးစေတတ်သော အိမ်ရှင် လယ်သမားယောကျ်ားသည် သင့်အား ရွိရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ 
အချင်းတို့ ကောင်းမှုတို့၏ လားရာ ကောင်းမှုတို့၏ အကျိုးသည် အံ့ဖွယ်ရှိပါပေစွတကား၊ မဖြစ်ဖူးမြဲဲဖြစ်ပါပေစွတကား၊ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် လူပင်တည်း၊ ငါသည်လည်း လူပင်တည်း၊ (သို့ရာတွင်) ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းကားကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ နတ်ကဲဲ့သို့ ပျော်ရွှင်စံစားရ၏၊ ငါမူကား ထို (မင်း)၏ အခွန်ကိုထမ်းဆောင်သော ဥစ္စာစုကို တိုးပွားစေတတ်သော အိမ်ရှင် လယ်သမားယောကျ်ား ဖြစ်၏၊ ငါသည်ကောင်းမှုတို့ကို ပြုရမူ (ထိုမင်းကဲဲ့သို့) ဖြစ်ရာ၏၊ ငါသည် ဆံမုတ္ဆိတ္ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွဟုအကြံဖြစ်ရာ၏။
ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေနည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ္ဆိတ္ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရာ၏၊ ထိုသူသည် ဤသို့ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ နှုတ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ စိတ်ဖြင့်စောင့်စည်းလျက် နေရာ၏၊ အစားအဝတ်မျှဖြင့် ရောင့်ရဲဲကာ ဆိတ်ငြိမ်ရာ၌ မွေ့လျော်လျက် နေရာ၏၊ ထို (အကြောင်းအရာ) ကို သင့်အား မင်းချင်းယောကျ်ားတို့သည် ဤသို့ လျှောက်ကြားကုန်ရာ၏ 
မင်းမြတ် သိတော်မူပါလော့၊ အသျှင်မင်းမြတ်၏ အခြန္ကို ထမ်းဆောင်သော ဥစ္စာစုကိုတိုးပွားစေတတ်သော အိမ်ရှင် လယ်သမားယောကျ်ားသည် ဆံမုတ္ဆိတ္ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏၊ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ နှုတ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ စိတ် ဖြင့်စောင့်စည်းလျက် နေပါ၏၊ အစား အဝတ်မျှဖြင့် ရောင့်ရဲဲကာ ဆိတ်ငြိမ်ရာ၌ မွေ့လျော်လျက်နေပါ၏ဟု လျှောက်ကြားကုန်ရာ၏။
ထိုသို့ လျှောက်ကြားလျှင် သင် (မင်းကြီး) သည် ဤသို့ ဆိုသင့်ပါမည်လော 
အချင်းတို့ ထိုယောကျ်ားသည် ငါ့ထံ ပြန်လာစေလော့၊ အခြန္ကို ထမ်းဆောင်သော ဥစ္စာစုကို တိုးပွားစေတတ်သော အိမ်ရှင် လယ်သမားပင် တစ်ဖန် ဖြစ်စေလော့ဟု ဆိုသင့်ပါမည်လော။
၁၈၇။ အသျှင်ဘုရား ဤသို့ မဆိုသင့်ပါ၊ စင်စစ်သော်ကား အကျွနု်ပ်တို့ကပင် ထိုသူကို ရှိခိုးလည်းရှိခိုးကုန်ရာ၏၊ ခရီးဦးကြိုလည်း ပြုကုန်ရာ၏၊ (ထိုင်ရန်) နေရာကိုလည်း ပေးကုန်ရာ၏၊ သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို အလှူခံရန်လည်း ဖိတ်ကုန်ရာ၏၊ ထိုသူအား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကိုလည်း စီမံပေးကုန်ရာ၏။
၁၈၈။ မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဤသို့ ဖြစ်ခဲ့သော် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးသည် ရွိသေလာ မရွိသေလာ။
ဤသို့ ဖြစ်ခဲ့သော် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးသည် ဧကန်ရှိပါ၏ အသျှင်ဘုရား။
မင်းကြီး ဤကား ငါသည် သင့်အား နှစ်ကြိမ်မြောက် ပြသော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

သာ၍မွန်မြတ်သော ရဟန်းဖြစ်ကျိုး
၁၈၉။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ဤရဟန်းဖြစ်ကျိုးတို့ထက် သာ၍ နှစ်သက်ဖွယ် လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော တစ်ပါးလည်းဖြစ်သော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင့်သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသေးသလော။
မင်းကြီး တတ်နိုင်ပါ၏။ မင်းကြီး သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ။
ကောင်းပါပြီ အသျှင်ဘုရားဟု ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည်မြတ်စွာဘုရားအား ဝန္ခံ၏။
၁၉ဝ။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ 
မင်းကြီး ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော၊ အသိဉာဏ် ဝိဇ္ဇာ အကျင့် စရဏ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကိုဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤေလာက၌ ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည်နတ်နှင့်တကွသော မာရ်နတ်နှင့် တကြေသာ ဗြဟ္မာနှင့် တကြေသာ ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့် တကြေသာ မင်းများ လူများနှင့် တကြေသာ သတ္တဝါ အပေါင်းကိုလည်းကောင်းကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြား တော်မူ၏၊ ထိုမြတ်စွာဘုရားသည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပွည့ျစုံသောသဒ်ဒါနှင့ျ ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ သော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။
၁၉၁။ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ့်သားသည်လည်းကောင်း၊ အခြားဇာတ် တစ်မျိုးမျိုး၌ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ 
လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သောအကျင့်ကို စင်စစ် ပြည့်စုံစွာစင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ် ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူကောင်းလေစွဟု ဆင်ခြင်၏။
၁၉၂။ ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ ဆံမုတ်ဆိတ်ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။
၁၉၃။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် အာစာရ က်က္စားရာ ဂေါစရ၁ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်းဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ကောင်းသော ကာယကံဝစီကံနှင့် ပြည့်စုံသည်ဖြစ်၍ စင်ကြယ်သော အသက်မွေးမှု ရွိ၏၊ သီလနှင့် ပြည့်စုံ၏၊ ဣနြေ္ဒတို့၌ပိတ်ထားသော တံခါးရွိ၏ (ဣနြေ္ဒတို့ကို စောင့်စည်း၏)၊ စားဖွယ်၌ အတိုင်းအရှည်ကို သိ၏၊ အောက်မေ့ခြင်း (သတိ) ဆင်ခြင်ခြင်း (သမ္ပဇဉ်) နှင့် ပြည့်စုံ၏၊ ရောင့်ရဲလွယ်၏။

၁။ သွားလာဝင်ထွက် ဆက်ဆံရန် သင့်လျော်သော အရပ် ပုဂ္ဂိုလ်စသည်။

စူဠသီလ
၁၉၄။ မင်းကြီး ရဟန်းသည် အဘယ်သို့လျှင် အကျင့်သီလနှင့် ပြည့်စုံသနည်း။ မင်းကြီး ဤလောက၌ရဟန်းသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ္ကို ချထားပြီး ဖြစ်၏၊ လက္နက္ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါ တို့၏အစီးအပွားကို လိုလားလျက် နေ၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရွိ၏၊ မခိုးမဝှက်၊ စင်ကြယ်သော ကိုယ်ဖြင့် နေ၏။ ဤသည်လည်း ထိုရဟန်း၏သီလ ပေတည်း။
မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမွန္ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သော စကားရွိ၏၊ ယုံကြည်ထိုက်သော စကားရွိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမွ ရှောင်ကြဉ်၏၊ အကြင် စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအမ်ား နှစ်သက်၏၊ လူ အမ်ား နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။
ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမွ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည် ကိုသာဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့် တကြ သောအပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ပ။
ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်းသီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပြဲဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သောနေရာ မြတ်သော နေရာမှရှောင်ကြဉ်၏၊ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်း၁ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမကျွန်ယောကျ်ားကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကြက် ဝက်ကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်နှင့်ယာကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊ ဝယ်မှု ရောင်းမှုမှ ရှောင် ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမ့ှရှောင်ကြဉ်၏၊ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှရှောင်ကြဉ်၏၊ ဖြတ်ခြင်း သတ်ခြင်းနှောင်ဖွဲဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
စူဠသီလ ပြီး၏။

၁။ ကောက်စိမ်း ဟူသည် ၁-သေလး (ကောက်ကြီး)၊ ၂-ကောက်လတ် (ကောက်ကြမ်း)၊ ၃-လူး၊ ၄-နတ်ကောက် (ဂျုံ)၊ ၅-ပြောင်း၊ ၆-မုယော (ဗာလီ)၊ ၇-ဆပ် ဤစပါးခုနစ်မျိုးတည်း။

မဇ္ဈိမသီလ
၁၉၅။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍၁ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်း ဖျက်ဆီးခြင်းကို ပြုလျက် နေကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့တို့တည်း၊ (ရဟန်းသည်) ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၁၉၆။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော သိုမှီးသုံးဆောင်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဆွမ်းကို သိုမှီးခြင်း အေဖ်ာ္ကို သိုမှီးခြင်း အဝတ္ကို သိုမှီးခြင်း ယာဉ်ကို သိုမှီးခြင်းအိပ်ရာကို သိုမှီးခြင်း နံ့သာကို သိုမှီးခြင်း (အျခား) စားသုံးဖွယ်ကို သိုမှီးခြင်းတို့တည်း၊ (ရဟန်းသည်) ဤသို့သော သိုမွီး သုံးဆောင်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၁၉၇။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပြဲ) ကြည့်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ကခြင်း သီခြင်း တီးမှုတ်ခြင်းသဘင်ပွဲ၂ စာဟောပွဲ လက်ဝါးတီးပွဲ ကြေးနင်း ခွက်ခွင်းစသည် တီးပြဲ စည်တီးပွဲ ပန်းချီပြပွဲသံလုံးကစားပွဲ ဝါးထောင်၍ ကစားပြဲ အရိုးဆေးပွဲ ဆင်တိုက်ပွဲ မြင်းတိုက်ပွဲ ကျွဲတိုက်ပွဲ နွားတိုက်ပွဲဆိတ်တိုက်ပွဲ သိုးတိုက္ပြဲ ကြက်တိုက်ပွဲ ငုံးတိုက်ပွဲ တုတ်သိုင်းပွဲ လက်ဝှေ့ထိုးပွဲ လက်ပမ်းလုံးပွဲ စစ်ထိုးပွဲစစ်သည် စစ်ဆေးပွဲ စစ်ဆင်ပွဲ စစ်အင်ကျင်းပွဲတို့တည်း၊ (ရဟန်းသည်) ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပြဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။
၁၉၈။ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ရှစ်ကွက်ကျားကစားခြင်း ဆယ်ကွက်ကျားကစားခြင်း ကောင်းကင်ကျားကစားခြင်း ဖိုးလမင်းကျားကစားခြင်း ဇယ်တောက်ကစားခြင်း အန်ကစားခြင်း ကျည်းသားရိုက်ကစားခြင်းစုတ်ခတ်ရေးကစားခြင်း ဂေါ်လီကစားခြင်း ပီပီမှုတ်ကစားခြင်း ထွန်ငယ်ဖြင့်ကစားခြင်းကျွမ်းထိုးကစားခြင်း စကြာဖြင့်ကစားခြင်း ခြင်ခွက်ငယ်ဖြင့် ကစားခြင်း ရထားငယ်ဖြင့်ကစားခြင်း လေးငယ်ဖြင့်ကစားခြင်း အက္ခရာဝှက်ကစားခြင်း စိတ်အကြံဖော်တမ်းကစားခြင်းကျိုးယောင် ကန်းယောင်ပြု၍ ကစားခြင်းတို့တည်း၊ (ရဟန်းသည်) ဤသို့သော မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းမှ ရှောင်ကြဉ်၏။ ဤသည် လည်း ထိုရဟန်း၏သီလပေတည်း။
၁၉၉။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မြင့်သောနေရာ မြတ်သောနေရာကို သုံးစွဲခြင်းပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မြင့်လွန်းသောနေရာ၊၃ ပလ္လင်၊၄ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသောသားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွတ်အခင်း၊ ရုပ်ပုံခြယ်သားမွေးအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချည်အခင်း၊ သားမွေးခင်းကြီး၊ ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့တည်း၊ (ရဟန်းသည်) ဤသို့သော မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏ သီလပေတည်း။
၂ဝဝ။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းကို ပြုလျက် နေကြ၏။ ဤသည်တို့ကား အဘယ်နည်း။ (န့ံသာဖြင့်) ပွတ်သပ်ခြင်း၊ (ဆီဖြင့်) ဆုပ်နယ်ခြင်း၊ (နံ့သာဖြင့်) ရေချိုးခြင်း၊ (လက်ရုံးကြီးထွားရန်) ထုရိုက်ခြင်း၊ မှန်ကြည့်ခြင်း၊ မျက်စဉ်းဆေးခြယ်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာခြယ်ခြင်း၊ နံ့သာပျောင်းလိမ်းကျံခြင်း၊ မျက်နှာကို ခြယ်ခြင်း၊ မျက်နှာကို လိမ်းကျံခြင်း၊ လက်ဝတ်တန်ဆာဆင်ခြင်း၊ သျှောင်ထုံးခြင်း၊ လက်ကိုင်တုတ် ဆောင်ခြင်း၊ ကျည်တောက်လွယ်ခြင်း၊ သန်လျက်ဆောင်ခြင်း၊ (ဆန်းကြယ်သော) ထီးကို ဆောင်းခြင်း၊ ဆန်း ကြယ်သော ဖိနပ်ကိုစီးခြင်း၊ သင်းကျစ်ဖွဲ့ခြင်း၊ ပတ္တမြားဆံကျင်ထိုးခြင်း၊ သားမြီးယပ် ဆောင်ခြင်း၊ အမြိတ်ရှည်ဝတ်ဖြူတို့ကို ဝတ်ခြင်းတို့တည်း။ (ရဟန်းသည်) ဤသို့ လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၂ဝ၁။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော ဖီလာစကား၅ကို ပြောလျက် နေကြ၏၊ ဤသည်တို့ကားအဘယ်နည်း၊ မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့် စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့် စပ်သောစကား စားဖွယ်နှင့်စပ်သောစကားသောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သော စကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကားနိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောကျ်ားနှင့်စပ်သော စကား သူရဲကောင်းနှင့်စပ်သောစကား လမ်း၆နှင့်စပ်သောစကား ရေခပ်ဆိပ်နှင့် စပ်သော စကားသေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်း) နှင့် စပ်သောစကားသမုဒ္ဒရာ (အကြောင်း) နှင့်စပ်သောစကား ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားတို့တည်း။ (ရဟန်းသည်) ဤသို့သော ဖီလာစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။
၂ဝ၂။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော အငြင်းစကားကို ပြောလျက် နေကြ၏၊ ဤသည်တို့ကားအဘယ်နည်း။ သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မ၇ ဝိနယ၈ကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ရှိသူဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦးဆိုသင့်သည်ကိုနောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အျပစ္ကို ငါ တင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါ တင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့၊ ဤသည်တို့တည်း။ (ရဟန်းသည်) ဤသို့သောအငြင်းစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၂ဝ၃။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မင်းတို့၏ အမတ်ကြီးတို့၏ မင်းမျိုးတို့၏ ပုဏ္ဏားတို့၏ သူကြွယ်တို့၏လုလင်ပျိုတို့၏ ဤအရပ်မှ (ထိုအရပ်သို့) သွားလော့၊ ထိုအရပ္မ ွ (ဤအရပ်သို့) လာလော့၊ ဤသည်ကို (ဤအရပ်မှ) ဆောင်သွားလော့၊ ဤသည်ကို (ထိုအရပ်မှ) ဆောင်ခဲ့လော့ဟူသော အမှုတို့တည်း၊ (ရဟန်းသည်) ဤသို့သော တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏ သီလပေတည်း။
၂ဝ၄။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် (လာဘ်အလို့ငှာ) အံ့ဖွယ်လည်း ဖြစ်စေကုန်၏၊ မြှောက်ပင့်၍လည်း ပြောကုန်၏၊ အရိပ်အခြည်လည်း ပြကုန်၏၊ အတင်းအကျပ်လည်း ပြုကုန်၏၊ လာဘ်ဖြင့် လာဘ်ကိုလည်း ရှာမှီးကုန်၏၊ ဤသည်တို့တည်း၊ (ရဟန်းသည်) ဤသို့သော (လာဘ်အလို့ငှါ) အံ့ဖွယ်ဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
မဇ္ဈိမသီလ ပြီး၏။

၁။ ဤ၌ယုံကြည်ခြင်း ဟူသည် ကံ ကံ၏အကျိုး စသည်ကို ယုံကြည်ခြင်းပင်တည်း။
၂။ သဘင်ပွဲ ဟူသည် ဇာတ်, ရုပ်သေး, အငြိမ့်စသည်ပင်တည်း။
၃။ မြတ်စွာဘုရား၏ လက်ရှစ်သစ်ပမာဏထက်လွန်သော အခြေရှိသော ညောင်စောင်း၊ အင်းပျဉ်။
၄။ ခြေထောက်တို့၌ သားရဲရုပ်တပ်ထားသော နေရာ။
၅။ ဤ၌ ဖီလာစကား ဟူသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်နှင့် ဆန့်ကျင်ဘက် စကားတို့တည်း။
၆။ မြို့တွင်းရှိ လမ်းကို ဆိုသည်။
၇။ ဓမ္မ- တရား။
၈။ ဝိနယ- အဆုံးအမ။

မဟာသီလ
၂ဝ၅။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်၁ဖြင့်အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ အင်္ဂကျမ်း နိမိတ်ကျမ်း ဥပ်ပါတကမြျး၂ အိပ်မက်ကျမ်းလက္ခဏာကျမ်း ကြွက်ကိုက်ကျမ်း မီးပူဇော်ခြင်း ယောက်မဖြင့်ပူဇော်ခြင်း ဖွဲဖြင့်ပူဇော်ခြင်း ဆန်ကွဲဖြင့်ပူဇော်ခြင်း ဆန်ဖြင့်ပူဇော်ခြင်း ထောပတ်ဖြင့်ပူဇော်ခြင်း ဆီဖြင့်ပူဇော်ခြင်း ခံတွင်းဖြင့်ပူဇော်ခြင်းသွေးဖြင့်ပူဇော်ခြင်း အင်္ဂဝိဇ္ဇာအတတ် မြေကြန်အတတ် မင်းမှုရေးရာအတတ် ဘေးငြိမ်းခြင်းကို ပြုသောအတတ် ဖုတျတစေၧအတတျ မြေအိမ်၌ သင်ယူရသောအတတ် မြွေအတတ် အဆိပ်အတတ်ကင်းမြီးကောက် အတတ် ကြွက်ခဲနာကုအတတ် ငှက်သံအတတ် ကျီးသံအတတ် အသက်ဟောအတ် မြားလွဲဲအတတ် သားမြည်သံအတတ် ဤသည်တို့တည်း။ (ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သောဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မွ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။
၂ဝ၆။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ ကျောက်မျက်လက္ခဏာ အဝတ်အထည်လက္ခဏာ တုတ်တောင်ဝှေးလက္ခဏာ ဓားလက္ခဏာ သန်လျက်လက္ခဏာ မြားလက္ခဏာလေးလက္ခဏာ (ကြွင်းသော) လက်နက် လက္ခဏာ မိန်းမလက္ခဏာ ယောကျ်ားလက္ခဏာသတို့သားလက္ခဏာ သတို့သမီးလက္ခဏာ ကျွန် ယောကျ်ားလက္ခဏာ ကျွန်မိန်းမလက္ခဏာ ဆင်လက္ခဏာမြင်းလက္ခဏာ ကျွဲလက္ခဏာ နွားလား လက္ခဏာ နွားလက္ခဏာ ဆိတ်လက္ခဏာ သိုးလက္ခဏာကြက်လက္ခဏာ ငုံးလက္ခဏာ ဖွတ်လက္ခဏာ အထွတ်၃ ကဏ္ဏိကာ လက္ခဏာ လိပ်လက္ခဏာသားကောင်လက္ခဏာ ဤသည်တို့တည်း၊ (ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မွ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၂ဝ၇။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း။ မင်းတို့ (စစ်) ထွက်လတ္တံ့၊ မင်းတို့ (စစ်) ပြန်လာလတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) တက်လတ္တံ့၊ ပြည်ပမင်းတို့ (စစ်) ဆုတ်လတ္တံ့၊ ပြည်ပမင်းတို့ (စစ်) တက်လတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) ဆုတ်လတ္တ့ံ၊ ပြည်တွင်းမင်းတို့ (စစ်) အောင်လတ္တံ့၊ ပြည်ပမင်းတို့ (စစ်) ရံှုးလတ္တံ့၊ ပြည်ပမင်းတို့ (စစ်) အောင်လတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) ရံှုးလတ္တံ့၊ ဤသို့ ဤမင်း စစ်နိုင်လတ္တံ့၊ ဤမင်း စစ်ရံှုးလတ္တံ့ ဟူသော အတတ်တို့တည်း။ (ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မွ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၂ဝ၈။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် အသက်မွေးကြ၏၊ ဤသည်တို့ကား အဘယ်နည်း။ လကြတ်လတ္တံ့၊ နေကြတ်လတ္တံ့၊ နက္ခတ်ကြတ်လတ္တံ့၊ လနေတို့ လမ်းမှန်သွားလတ္တံ့၊ လနေတို့ လမ်းလွဲသွားလတ္တံ့၊ နက္ခတ်တို့ လမ်းမှန် သွားလတ္တံ့၊ နက္ခတ်တို့ လမ်းလွဲသွားလတ္တံ့၊ ဥက္ကာကျလတ္တံ့၊ ကြိတ်ထွက်လတ္တံ့၊ ငလျင်လှုပ်လတ္တံ့၊ မိုးထစ်ကြိုးလတ္တံ့၊ လ နေ နက္ခတ်တို့ တက်ခြင်း သက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းဖြစ်လတ္တံ့၊ လကြတ်ခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့၊ နေကြတ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ နက္ခတ်ကြတ်ခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့၊ လနေတို့ လမ်းမှန် သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ လ နေ တို့လမ်းလွဲ သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ နက္ခတ်တို့ လမ်းမှန်သွားခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့၊ နက္ခတ်တို့ လမ်းလွဲသွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ ဥက္ကာကျခြင်းကြောင့် ဤသို့ အကျိုးဖြစ် လတ္တံ့၊ ကြိတ်ထွက်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ ငလျင် လှုပ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ မိုးထစ် ကြိုးခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ လ နေ နက္ခတ်တို့ တက်ခြင်းသက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့ ဤသည်တို့တည်း။ (ရဟန်းသည်) မှားသောအသက် မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မွ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၂ဝ၉။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် အသက့်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ မိုးကောင်းလတ္တံ့၊ မိုးခေါင်လတ္တံ့၊ ဝပြောလတ္တံ့၊ ခေါင်းပါးလတ္တံ့၊ ငြိမ်းချမ်းလတ္တံ့၊ ဘေးများလတ္တံ့၊ ရောဂါများလတ္တံ့၊ ရောဂါကင်းလတ္တံ့၊ လက်ချိုးရေခြင်းအတတ် ဂဏန်းအတတ် သင်္ချာအတတ် ကဗျာအတတ် လောကာယတကျမ်းအတတ် ဤသည်တို့တည်း။ (ရဟန်းသည်) မှားသောအသက်မွေးမှု ဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၂၁ဝ။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ သတို့သမီးဆောင်ယူ၍ ထိမ်းမြားခြင်း သတို့သမီးပေး၍ထိမ်းမြားခြင်း စေ့စပ်ပေးခြင်း ကွာရှင်းပေးခြင်း ဥစ္စာသိမ်းဆည်းစေခြင်း ဥစ္စာဖြန့်ဖြူးစေခြင်း ကျက်သရေတိုးစေခြင်း ကျက်သရေယုတ်စေခြင်း ကိုယ်ဝန်မတည်မြဲသည်ကို တည်မြဲစေခြင်း လျှာခိုင်စေခြင်း မေးခိုင်စေခြင်း လက်ဟန့်မန္တန်စုတ်ခြင်း နားပင်းမန္တန်စုတ်ခြင်း မှန်၌ နတ်သွင်း၍ မေးခြင်း သတို့သမီး၌ နတ်သွင်း၍ မေးခြင်း နတ်မေးခြင်း နေကို လုပ်ကျွေးခြင်း ဗြဟ္မာကို လုပ်ကျွေးခြင်း ခံတွင်းမှ မီးတောက်စေခြင်း သိရိနတ္သမီးကို ပင့်ခေါ်စေခြင်း ဤသည်တို့တည်း၊ (ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သောဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်းမှ) ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။
၂၁၁။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့်အသက် မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း။ နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတျပူဇောျခွငျးဖုတျတစေၧ အတတ္ကို လေ့ကျင့်ခြင်း မြေအိမ်၌နေ၍ သင်အပ်သော အတတ္ကို လေ့ကျင့်ခြင်း (ပဏ်ဏ္႑ုကျကို) ယောကျ်ား ဖြစ်စေခြင်း (ယောကျ်ားကို) ပဏ်ဏ္႑ုကျဖွဈစခွေငျး မြေကြန်အတတ်ကို လေ့ကျင့်ခြင်းဆောက်လုပ်မည့် မြေရာ၌ အစီအရင်ပြုခြင်း ခံတွင်းဆေးခြင်း ရေချိုးစေခြင်း မီးပူဇော်ခြင်း ပျို့အန်စေခြင်း ဝမ်းသက်စေခြင်း (သလိပ်စသည့် ဒေါသတို့ကို) အထက်သို့ လှန်စေခြင်း အောက်သို့လျှောစေခြင်း ဦးခေါင်းမှ (သွေးစသော ဒေါသတို့ကို) ထွက်စေခြင်း နားဆီချက်ခြင်းမျက်စဉ်းဆီချက်ခြင်း နှာနှတ်ခြင်း ထက်သော မျက်စဉ်း ဆေးဖော်ခြင်း အေးသော မျက်စဉ်းဆေးဖော်ခြင်းတိမ်သလာကို ဆေးကုခြင်း ခွဲဲစိတ်ကုသခြင်း သူငယ္နာ ဆေးကုခြင်း မူလဆေးတို့ကို ပေးခြင်းအနာ ဆေးတို့ကို (ကပ်ခြင်း) ခွာခြင်း ဤသည်တို့တည်း၊ (ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မွ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏ သီလပေတည်း။
၂၁၂။ မင်းကြီး စင်စစ်မူကား ဤသို့ သီလနှင့် ပြည့်စုံသော ထိုရဟန်းသည် ယင်းသို့ သီလစောင့်ထိန်းခြင်းနှင့် စပ်၍ မည်သည့်အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ၊ မင်းကြီး အဘိသိက်သွန်းပြီးသော ရန္သူကို ပယ်ပြီးသော မင်းသည် ရန်သူနှင့် စပ်၍ မည်သည့်အကြောင်းကြောင့်မျှ ဘေးကိုမတွေ့မြင်ရသကဲ့သို့၊ ဤအတူ သီလနှင့် ပြည့်စုံသော ရဟန်းသည် သီလစောင့်ထိန်းခြင်းနှင့် စပ်၍ မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မမြင်ရ၊ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏။ မင်းကြီး ရဟန်းသည် ဤသို့လျှင်သီလနှင့် ပြည့်စုံပေ၏။
မဟာသီလ ပြီး၏။

၁။ ဤ၌ ဖီလာအတတ် ဟူသည် နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း အကျင့်နှင့် ဆန့်ကျင်ဘက်အတတ်တည်း၊ ။
၂။ ဥပ်ပါတကမြျး မိုးကြိုးကျခြင်းစသည်၏ အကျိုးအပြစ်ကို ဆိုသောကျမ်း။
၃။ သုဓာဘောဇနဇာတ်တွင် ကဒလိမိဂါ ဗဟူ စတေၳ၊ ဗိဠာရာ သသကဏ္ဏိကာ ဟူသော ဂါထာ၌ ကဏ်ဏိကသဒ်ဒါသညျ သမင် ဒရယ်အနက်ကို ဟော၏၊ ဝိဓုရဇာတ်၌ကား ဗိဠာရာ သသကဏ်ဏ္႑ကာဟု ရွိ၏၊ ကဏ်ဏ္႑ကသဒ်ဒါသညျ ကြံ့ကို ဟော၏၊ ဤ သီလက္ခန် အဋ္ဌကထာ၌ကား နားတန်းဆာဟူ၍လည်းကောင်း အထွတ်ဟူ၍လည်းကောင်း ဖွင့်ဆို၏။

ဣနြေ္ဒကို စောင့်စည်းခြင်း
၂၁၃။ မင်းကြီး ရဟန်းသည် အဘယ်သို့လျှင် ဣနြေ္ဒတို့၌ ပိတ်ထားသော တံခါးရှိသနည်း ဣနြေ္ဒတို့ကို စောင့်စည်းသနည်း။ မင်းကြီး ဤေလာက၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ရူပါရုံ ကိုမြင်သော် (မိန်းမ ယောကျ်ားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ ့ မရွိ၊ (အကယ်၍) စက္ခုနြေ္ဒကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုနြေ္ဒကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း အဘိဇ္ဈာ နှလုံး မသာခြင်း ဒေါမနဿ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက် ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုနြေ္ဒကို စောင့်စည်း၏၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။
နားဖြင့် အသံ သဒ်ဒါရုံ ကို ကြားသော်။ပ။
နှာခေါင်းဖြင့် အနံ့ ဂန္ဓာရုံ ကို နမ်းသော်။ပ။
လျှာဖြင့် အရသာ ရသာရုံ ကို လျက်သော်။ပ။
ကိုယ်ဖြင့် အတွေ့ ဖောဋ္ဌဗ္ဗာရုံ ကို ထိသော်။ပ။
စိတ်ဖြင့် သေဘာ ဓမ္မာရုံ ကို သိသော် (မိန်းမ ယောကျ်ား စေသာ) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရွိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိနြေ္ဒကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိနြေ္ဒကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့်မက်မောခြင်း အဘိဇ္ဈာ နှလုံးမသာခြင်း ဒေါမနဿ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည်ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုမနိနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိနြေ္ဒကို စောင့်စည်း၏၊ မနိနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။
ထို (ရဟန်း) သည် ဤမြတ်သော ဣနြေ္ဒကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ မိမိသန္တာန်၌ (ကိလေသာနှင့်) မရောသော ချမ်းသာကို ခံစား၏၊ မင်းကြီး ရဟန်းသည် ဤသို့လျှင် ဣနြေ္ဒတို့၌ပိတ်ထားသော တံခါး ရှိပေ၏ ဣနြေ္ဒတို့ကို စောင့်စည်းပေ၏။

အောက်မေ့ခြင်းနှင့် ဆင်ခြင်ခြင်း
၂၁၄။ မင်းကြီး ရဟန်းသည် အဘယ်သို့လျှင် အောက်မေ့ခြင်း သတိ ဆင်ခြင်ခြင်း သမ္ပဇဉ် နှင့်ပြည့်စုံသနည်း။ မင်းကြီး ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက်ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ဆင်ခြင်လျက် ပြုလေ့ ရွိ၏၊ သြားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌့ဆင်ခြင်လျက် ပြုလေ့ရှိ၏။ မင်းကြီး ရဟန်းသည် ဤသို့လျှင် အောက်မေ့ခြင်း သတိ ဆင်ခြင်ခြင်း သမ္ပဇဉ် နှင့် ပြည့်စုံပေ၏။

ရောင့်ရဲလွယ်ခြင်း
၂၁၅။ မင်းကြီး ရဟန်းသည် အဘယ်သို့လျှင် ရောင့်ရဲလွယ်သနည်း။ မင်းကြီး ဤသာသနာတော်၌ရဟန်းသည် ကိုယ္ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူ ပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တစ်ပါတည်း ယူပြီးဖြစ်၍သာလျှင် သြား၏၊ မင်းကြီး အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာဝန်ရှိသည်ဖြစ်၍ ပျံသကဲ့သို့ မင်းကြီး ဤအတူ ရဟန်းသည် ကိုယ္ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်ဝမ်းကို မျှတစေနိုင် ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူ ပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တစ်ပါတည်း ယူပြီးဖြစ်၍သာလျှင် သြား၏၊ မင်းကြီး ရဟန်းသည် ဤသို့လျှင် ရောင့်ရဲလွယ် ပေ၏။
နီဝရဏငါးပါးကို ပယ်ခြင်း
၂၁၆။ ထို (ရဟန်း) သည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သောဣနြေ္ဒစောင့်စည်းခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော အောက်မေ့ခြင်း သတိ ဆင်ခြင်ခြင်း သမ္ပဇဉ် နှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မွီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကိုသင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မွီဝဲ၏။
ထို (ရဟန်း) သည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏။
၂၁၇။ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာ ငါးပါးဟူသော) လောက၌ မက်မောခြင်း အဘိဇ္ဈာ ကို ပယ်၍မက် မောခြင်း အဘိဇ္ဈာ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း အဘိဇ္ဈာ မွ စိတ်ကိုစင်ကြယ်စေ၏၊ ပျက်စီးစေ လိုသော ဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပြားကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကိုစင်ကြယ်စေ၏။ လေးလံ ထိုင်းမှိုင်းခြင်း ထိန မိဒ္ဓ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း ထိန မိဒ္ဓ မှကင်းသည်ဖြစ်၍ အောက်မေ့ ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ မွ စိတ္ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ နောင်တ တစ်ဖန်ပူပန်ခြင်း ကုက္ကုစ္စ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်း အေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍နေ၏၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ နောင်တ တစ်ဖန် ပူပန်ခြင်း ကုက္ကုစ္စ မွ စိတ္ကို စင်ကြယ်စေ၏၊ ယုံမှားခြင်း ဝိစိကိစၧာ ကို ပယ်၍ ယုံမှားခြင်း ဝိစိကိစၧာ ကို လွန် မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ဝိစိကိစၧာ မွ စိတ္ကို စင်ကြယ်စေ၏။
၂၁၈။ မင်းကြီး ဥပမာသော်ကား ယောကျ်ားသည် ကြွေးယူ၍ အလုပ်တို့ကို လုပ်ကိုင်ရာ၏၊ ထိုသူ၏အလုပ်တို့သည် ဖွံ့ဖြိုးကုန်ရာ၏၊ ထိုသူသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရာ၏၊ ထိုသူအား သားမယား ကျွေးမွေးရန် အလို့ငှါ အမြတ်လည်း ကျန်ရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏- ငါသည်ရှေးက ကြွေးယူ၍ အလုပ်တို့ကို လုပ်ကိုင်ခဲ့၏၊ ထိုငါ၏ အလုပ်တို့သည်ဖွံ့ဖြိုးခဲ့ကုန်၏၊ ငါသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ခဲ့ရ၏၊ ငါ့အား သားမယား ကျွေးမွေးရန့်အလို့ငှါ အမြတ်လည်း ကျန်သေး၏ဟု အကြံဖြစ်ရာ၏။
ထို သူသည် ထို (ကြွေးကင်းခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ရောက်ရာ၏။
၂၁၉။ မင်းကြီး ဥပမာ တစ်မျိုးသော်ကား အနာရောဂါရှိသော ဆင်းရဲနှိပ်စက်ခံရသော ပြင်းစွာမကျန်းမာသော ယောကျ်ားသည် ရွိရာ၏၊ ထိုသူ၌ ထမင်းကိုလည်း စားလိုစိတ် မရွိရာ၊ ထိုသူ၏ ကိုယ်၌အားလည်း မရွိရာ၊ ထိုသူသည် နောင်အခါ၌ ထိုအနာရောဂါမှ လွတ်ရာ၏၊ ထိုသူ၌ ထမင်းကိုလည်းစားလိုစိတ် ရွိရာ၏၊ ထိုသူ၏ ကိုယ်၌ အားလည်း ရွိရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ 
ငါသည် ရှေးက အနာရောဂါရှိသော ဆင်းရဲနှိပ်စက်ခံရသော ပြင်းစွာမကျန်းမာသောသူ ဖြစ်ခဲ့၏၊ ငါ၌ထမင်းကိုလည်း စားလိုစိတ် မရွိခဲ၊ ငါ၏ ကိုယ်၌ အားလည်း မရွိခဲ၊ ထိုငါသည် ယခုအခါ ထိုအနာရောဂါမှလွတ်ခဲ့၏၊ ငါ၌ ထမင်းကိုလည်း စားလိုစိတ်ရှိ၏၊ ငါ၏ ကိုယ်၌ အားလည်း ရွိ၏ဟု အကြံ ဖြစ်ရာ၏။
ထို သူသည် ထို (အနာကင်းခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ရောက်ရာ၏။
၂၂ဝ။ မင်းကြီး ဥပမာ တစ်မျိုးသော်ကား နှောင်အိမ်၌ နှောင်ဖွဲ့ခံရသော ယောကျ်ားသည် ရွိရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုနှောင်အိမ်မှ ဘေးကင်းလျက် ချမ်းသာစွာ လွတ်ရာ၏၊ ထိုသူအား စည်းစိမ်အနည်းငယ်မျှ ပျက်စီးခြင်း မရွိရာ၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏- ငါသည် ရှေးက နှောင်အိမ်၌ နှောင်ဖွဲ့ခံရ၏၊ ထိုငါသည် ယခုအခါ ထိုနှောင်အိမ်မှ ဘေးကင်း လျက်ချမ်းသာစွာ လွတ်ခဲ့၏၊ ငါ့အား စည်းစိမ် အနည်းငယ်မျှ ပျက်စီးခြင်းလည်း မရွိဟု အကြံ ဖြစ်ရာ၏။
ထိုသူသည် ထို (နှောင်အိမ်မှလွတ်ခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်း သို့ရောက်ရာ၏။
၂၂၁။ မင်းကြီး ဥပမာ တစ်မျိုးသော်ကား (မိမိကိုယ္ကို) မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင် သောအလိုရှိရာသို့ မသွားနိုင်သော ကျွန်ယောကျ်ားသည် ရွိရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုကျွန် အဖြစ်မှလွတ်ရာ၏၊ (မိမိကိုယ္ကို) မိမိစိုးပိုင်သော သူတစ်ပါးတို့ မစိုးပိုင်သော အလိုရှိရာသို့ သွားနိုင် သောလွတ်လပ်သူ ဖြစ်ရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ 
ငါသည် ရှေးက မိမိကိုယ္ကို မိမိမစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သော အလိုရှိရာသို့ မသွားနိုင်သောကျွန်ဖြစ်ခဲ့၏၊ ထိုငါသည် ယခု ထိုကျွန်အဖြစ်မှ လွတ်ခဲ့၏၊ (မိမိကိုယ္ကို) မိမိ စိုးပိုင်သော သူတစ်ပါးတို့မစိုးပိုင်သော အလိုရှိရာသို့ သွားနိုင်သော လွတ်လပ်သူဖြစ်၏ဟု အကြံ ဖြစ်ရာ၏။
ထိုသူသည် ထို (လွတ်လပ်သူဖြစ်ခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်း သို့ရောက်ရာ၏။
၂၂၂။ မင်းကြီး ဥပမာ တစ်မျိုးသော်ကား ယောကျ်ားသည် အစာခေါင်းပါးသော ဘေးရန်ရှိသောရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့် တကြ သြားရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုခရီးခဲကိုချမ်းသာစွာ လွန်မြောက်၍ ငြိမ်းချမ်းသော ဘေးမရှိသော ရွာသို့ ရောက်ရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ 
ငါသည် ရှေးက အစာခေါင်းပါး၍ ဘေးရန်ရှိသော ရှည်ဝေးသော ခရီးခဲကို ဥစ္စာ အသုံးအဆောင်နှင့်တကွ သြားခဲ့၏၊ ထိုငါသည် ယခုအခါ ထိုခရီးခဲကို ချမ်းသာစွာ လွန်မြောက်၍ ငြိမ်းချမ်း သောဘေး မရှိသော ရွာသို့ ရောက်ခဲ့၏ဟု အကြံဖြစ်ရာ၏။ထိုသူသည် ထို (ငြိမ်းချမ်းရာသို့ ရောက်ခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။
၂၂၃။ မင်းကြီး ဤအတူ ရဟန်းသည် ကြွေးကဲ့သို့ အနာရောဂါကဲ့သို့ နှောင်အိမ်ကဲ့သို့ ကျွန်အဖြစ့်ကဲ့သို့ ရှည်ဝေးသော ခရီးခဲကဲ့သို့ မိမိ၌ မပယ်ရသေးကုန်သော ဤအပိတ်အပင် နီဝရဏ တရား ငါးပါးတို့ကို ကောင်းစွာ မြင်၏။
၂၂၄။ မင်းကြီး ကြွေးကင်းခြင်းကဲ့သို့ အနာရောဂါကင်းခြင်းကဲ့သို့ နှောင်အိမ်မှလွတ်ခြင်းကဲ့သို့လွတ်လပ်သူဖြစ်ခြင်းကဲ့သို့ ငြိမ်းချမ်းရာအရပ်သို့ ရောက်ခြင်းကဲ့သို့ မင်းကြီး ဤအတူ ရဟန်းသည် မိမိ၌ဤအပိတ်အပင် နီဝရဏ တရားငါးပါးတို့ကို ပယ်ပြီးဖြစ်သည်ကို ကောင်းစွာ မြင်၏။
၂၂၅။ မိမိ၌ ဤအပိတ်အပင် နီဝရဏ တရားငါးပါး ပယ်ပြီးဖြစ်သည်ကို ကောင်းစွာ မြင်သောထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်ခြင်း ပီတိ သည်ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသောရဟန်းသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ပဌမဈာန် ရဟန်းဖြစ်ကျိုး
၂၂၆။ ထို (ရဟန်း) သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ဝိတက် နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ဝိစာရ နှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ရှိသော ပဌမဈာန်သို့ရောက်၍ နေ၏၊ ထို (ရဟန်း) သည် ဤကိုယ်ကိုပင်လျှင် နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့် ထိုရဟန်း၏တစ်ကိုယ် လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိ။
၂၂၇။ မင်းကြီး ဥပမာသော်ကား ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း ရေချိုးပေး သူ၏ တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းလျက်ဖျန်းလျက် အခဲပြုရာ၏၊ ထိုရေချိုးကသယ်မှုန့်ခဲသည် အစေးဖြင့် စိမ့်ဝင်လျက် ရွိရာ၏၊ အစေးဖြင့်ဖွဲ့စည်းလျက် ရွိရာ၏၊ အတွင်း အပြင်၌ အစေးဖြင့် ပျံ့နှံ့လျက် ရွိရာ၏၊ ရေယိုကျခြင်းလည်း မရွိရာ။
မင်းကြီး ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိ။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

ဒုတိယဈာန် ရဟန်းဖြစ်ကျိုး
၂၂၈။ မင်းကြီး တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း သမာဓိ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ဝိတက် မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ဝိစာရ မရှိသော၊ တည်ကြည်ခြင်း သမာဓိ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည်ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း သမာဓိ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့်စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း သမာဓိ ကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်း ငယ်မျှ မရွိ။
၂၂၉။ မင်းကြီး ဥပမာသော်ကား နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရွိရာ၏၊ ထိုရေအိုင်၏အရှေ့အရပ်၌လည်း ရေဝင်ပေါက် မရွိရာ၊ တောင်အရပ်၌လည်း ရေဝင်ပေါက် မရွိရာ၊ အနောက်အရပ်၌လည်း ရေဝင်ပေါက် မရွိရာ၊ မြောက်အရပ်၌လည်း ရေဝင်ပေါက် မရွိရာ၊ မိုးသည်လည်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရွိရာ၊ သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအလျဉ်သည် စိမ့်ထွက်၍ထိုရေအိုင်ကိုပင်လျှင် အေးမြသော ရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံ စိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေ ရာ၏၊ အေးမြသော ရေဖြင့် ထိုရေ အိုင်တစ်ခုလုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိရာ။
မင်းကြီး ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း သမာဓိ ကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း သမာဓိ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ပီတိ ချမ်းသာခြင်း သုခ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိ။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

တတိယဈာန် ရဟန်းဖြစ်ကျိုး
၂၃ဝ။ မင်းကြီး တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ပီတိ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း သုခ ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို လျစ်လျူရှုသူ သတိရွိသူ ချမ်းသာစွာနေလေ့ရှိသူဟု (အရိယာပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ရဟန်းသည်) ထိုတတိယဈာန်သို့ ရောက်၍နေ၏၊ ထို (ရဟန်း) သည် ဤကိုယ္ကို ပင်လျှင် နှစ်သိမ့်ခြင်း ပီတိ ကင်းသော ချမ်းသာခြင်း သုခ ဖြင့်စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ပီတိ ကင်းသော ချမ်းသာခြင်း သုခ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိ။
၂၃၁။ မင်းကြီး ဥပမာသော်ကား ဥပ္ပလ၁ကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ်ဏ္႑ရိကျကွာတော၌လညျးကောငျး၊ ဥပ္ပလကြာ အချို့တို့သည် လည်းကောင်း၊ ပဒုမ္မာကြာ အချို့တို့သည်လည်းကောင်း၊ ပုဏ်ဏ္႑ရိကျကွာအခြို့တို့သညျ လည်းကောင်း ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွား ကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြာတို့သည် အဖျားအရင်းတိုင် အောင်အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံ စိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ကုန်၏၊ ထိုဥပ္ပလကြာပဒုမ္မာကြာ ပုဏ်ဏ္႑ရိကျကွာတို့၏ အစိတ်အပိုင်း အလုံးစုံ၌ အေးမြသော ရေဖြင့် မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရွိရာ။
မင်းကြီး ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ပီတိ ကင်းသော ချမ်းသာခြင်း သုခ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ပီတိ ကင်းသော ချမ်းသာခြင်း သုခ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိ။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။
စတုတၳဈာနျ ရဟန်းဖြစ်ကျိုး
၂၃၂။ မင်းကြီး တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူရှုမှု ဥပေက္ခာ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတၳဈာနျသို့ရောကျ၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိ။
၂၃၃။ မင်းကြီး ဥပမာသော်ကား ယောကျ်ားသည် ဖြူသော အဝတ်ဖြင့် ဦးခေါင်းနှင့် တကြ (တစ်ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျ်ား၏ တစ်ကိုယ်လုံး၌ ဖြူသော အဝတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိရာ။
မင်းကြီး ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရွိ။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးပေတည်း။

၁။ ဥပ္ပလ=ကြာဖြူ ကြာနီ ကြာညို

ဝိပဿနာဉာဏ် (၁)
၂၃၄။ မင်းကြီး တစ်ဖန် ထို့ပြင်လည်း ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော်ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် (ဝိပဿနာ) ဉာဏ်အမြင် အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်ဤသို့ သိ၏ 
ငါ၏ ဤကိုယ္ကား ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်းမုန့်တို့ဖြင့် ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း၁ ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘောရှိ၏၊ ငါ၏ ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ ဆက်စပ်၏ဟု သိ၏။
၂၃၅။ မင်းကြီး ဥပမာသော်ကား အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးဖြစ်သော အရည်ကောင်းသော အထူးကြည်လင်သောနောက်ကျုကင်းသော (သွေးခြင်း ဖောက်ခြင်းစသော) အခြင်းအရာ အားလုံးနှင့် ပြည့်စုံသောဝေဠုရိယ ကြောင်မျက်ရွဲရတနာသည် ရွိရာ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ၌ ညိုသောချည်ကိုသော်လည်းကောင်း၊ ဝါသောချည်ကိုသော်လည်းကောင်း၊ နီသောချည်ကိုသော် လည်းကောင်း၊ ဖြူသော ချည်ကိုသော်လည်းကောင်း၊ ဝါဖျော့သော ချည်ကို သော်လည်းကောင်း တပ္ထားရာ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ကို မျက်စိအမြင်ရှိသော ယောကျ်ားသည် လက်၌ တင်ထား၍ (ဤသို့) ဆင်ခြင်ရာ၏ 
ဤ (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) သည် အလွန် တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီးဖြစ်၏၊ အရည်ကောင်း၏၊ အထူးကြည်လင်၏၊ နောက်ကျုကင်း၏၊ (သွေးခြင်းဖောက်ခြင်း စေသာ) အခြင်းအရာ အားလုံးနှင့် ပြည့်စုံ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ၌ဤညိုသော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဝါသော ချည်ကို တပ်ထား၏ဟူ၍့သော်လည်းကောင်း၊ ဤနီသော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဖြူသော ချည်ကိုတပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဝါဖျော့သော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း ဆင်ခြင်ရာ၏။
မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါစိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် ဤသို့ သိ၏ ငါ၏ ဤကိုယ္ကား ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်း မုန့်တို့ဖြင့် ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘော ရွိ၏၊ ငါ၏ ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ ဆက်စပ်၏ဟု သိ၏။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

၁။ သူငယ်န့ံ ပျောက်စေခြင်းငှါ ငယ်စဉ်က နံ့သာဖြင့် ပွတ်သပ်ပေးရခြင်းကို ဆိုသည်။

မနောမယိဒ္ဓိဉာဏ် (၂)
၂၃၆။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် စိတ်ဖြင့်ပြီးသော ကိုယ္ကို ဖန်ဆင်းခြင်း မနောမယိဒ္ဓိ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည်ဤ (မိမိ) ကိုယ်မှ တစ်ပါးသော ရုပ်ရှိသော စိတ်ဖြင့်ပြီးသော အင်္ဂါ ကြီးငယ်အလုံးစုံရှိသောဣနြေ္ဒမချို့တဲ့သော ကိုယ္ကို ဖန်ဆင်း၏။
၂၃၇။ မင်းကြီး ဥပမာသော်ကား ယောကျ်ားသည် ဖြူဆံမြက်မှ အညွန့်တံကို နုတ်ရာ၏၊ ထို (ယောကျ်ား) အား ဤသို့ အကြံ ဖြစ်ရာ၏ 
ဤကား ဖြူဆံမြက်တည်း၊ ဤကား အညွန့်တံတည်း။ ဖြူဆံမြက်ကား တျခား၊ အညွန့်တံကားတခြားတည်း။ ဖြူဆံမြက်မှသာလျှင် အညွန့်တံကို နုတ်ထား၏ဟု အကြံဖြစ်ရာ၏။
မင်းကြီး ဥပမာသော်ကား ယောကျ်ားသည် သန္လ်က္ကို အအိမ်မှ ထုတ်ရာ၏၊ ထို (ယောကျ်ား) အားဤသို့ အကြံဖြစ်ရာ၏ 
ဤကား သံလျက်တည်း၊ ဤကား အအိမ်တည်း။ သံလ်က္ကား တျခား၊ အအိမ္ကား တခြားတည်း၊ အအိမ်မှသာလျှင် သံလ်က္ကို နုတ်ထား၏ဟု အကြံဖြစ်ရာ၏။
မင်းကြီး ဥပမာသော်ကား ယောကျ်ားသည် အေရခြံမွ မြွေကို ထုတ်ရာ၏၊ ထို (ယောကျ်ား) အား ဤသို့အကြံဖြစ်ရာ၏ 
ဤကား မြွေတည်း၊ ဤကား အရေတည်း။ မြွေကား တျခား၊ အေရကား တခြားတည်း။ အရေခွံမှသာလျှင် မြွေကို ထုတ္ထား၏ဟု အကြံဖြစ်ရာ၏။
မင်းကြီး ဤအတူ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော့်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် စိတ်ဖြင့်ပြီးသော ကိုယ္ကို ဖန်ဆင်းခြင်းငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် ဤ (မိမိ) ကိုယ်မှ တစ်ပါးသော ရုပ်ရှိသော စိတ်ဖြင့်ပြီးသော အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒ မချို့တဲ့သော ကိုယ္ကို ဖန်ဆင်း၏။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

ဣဒိ္ဓဝိဓဉာဏ် (၃)
၂၃၈။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် တန်ခိုးဖန်ဆင်းခြင်း ဣဒ္ဓိဝိဓ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်းတစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ္ကို ထင်ရှား ဖြစ်စေ၏၊ ကိုယ္ကို ပျောက်ကွယ်စေ၏၊ နံရံတစ်ဖက်တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိ မငြိဘဲ ကောင်းကင်၌ကဲ့သို့ သြား၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သြား၏၊ ကောင်းကင်၌လည်းထက်ဝယ် ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သြား၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့အာနုဘော်ကြီး ကုန်သော ဤလ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ္ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။
၂၃၉။ မင်းကြီး ဥပမာသော်ကား ကျွမ်းကျင်သော အိုးထိန်းသည်လည်းကောင်း၊ အိုးထိန်းသည်၏တပည့်သည်လည်းကောင်း မြေကို ညက်စွာနယ်ပြီးလတ်သော် အလိုရွိရာ အိုးခွက်အမျိုးမျိုးကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။
မင်းကြီး ဥပမာတစ်မျိုးသော်ကား ကျွမ်းကျင်သော ဆင်စွယ်ပန်းပုသည်သည်လည်းကောင်း၊ ဆင်စွယ်ပန်းပုသည်၏ တပည့်သည်လည်းကောင်း ဆင်စွယ်ကို ကောင်းစွာ ပြုပြင်ပြီးလတ်သော် အလိုရှိရာဆင်စွယ်ထည်ကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။
မင်းကြီး ဥပမာ တစ်မျိုးသော်ကား ကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း၊ ရွှေကို ကောင်းစွာ ပြုပြင်ပြီးလတ်သော် အလိုရွိရာ ရွှေထည်ကိုပြုလုပ်ရာ၏၊ ပြီးစေရာ၏။
မင်းကြီး ဤအတူ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် တန်ခိုးဖန်ဆင်းခြင်း ဣဒ္ဓိဝိဓ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်းတစ်ယောက်တည်းဖြစ်လာ၏၊ ကိုယ္ကို ထင်ရှား ဖြစ်စေ၏၊ ကိုယ္ကို ပျောက်ကွယ်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သြား၏၊ မြေ၌လည်းငုပ်ခြင်းပေါ်ခြင်း ကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သြား၏၊ ကောင်းကင်၌လည်း ထက်ဝယ် ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သြား၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန် သော ဤလ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ္ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

ဒိဗ္ဗသောတဉာဏ် (၄)
၂၄ဝ။ ဤသို တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ဒိဗ္ဗသောတ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက်သာလွန်သော နတ်တို့၏ နားနှင့် တူသော ဒိဗ္ဗသောတ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန်သော လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။
၂၄၁။ မင်းကြီး ဥပမာသော်ကား ခရီးရှည်သွားသော ယောကျ်ားသည် စည်ကြီးသံ မုရိုးစည်သံ ခရုသင်းသံ ထက်စည်သံ ပတ္သာသံမ်ားကို ကြားရာ၏၊ ထို (ယောကျ်ား) သည် ဤသို့ သိရာ၏ 
ဤကား စည်ကြီးသံ၊ ဤကား မုရိုးစည်သံ၊ ဤကား ခရုသင်းသံ၊ ဤကား ထက်စည်သံ၊ ဤကားပတ်သာသံတည်းဟု သိရာ၏။
မင်းကြီး ဤအတူ ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သောနတ်တို့၏် နားနှင့် တူသော ဒိဗ္ဗသောတ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန်သော လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင်သိ မြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။

စေတောပရိယဉာဏ် (၅)
၂၄၂။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် (သူတစ်ပါးတို့၏) စိတ္ကို ပိုင်းခြား၍ သိသော စေတောပရိယ ဉာဏ် အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်တစ်ပါးသော သတ္တဝါတစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ္ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း ရာဂ နှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ရာဂ နှင့် တကြေသာ စိတ်ဟု သိ၏၊ တပ်မက်ခြင်း ရာဂ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ရာဂ ကင်းသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ဒေါသ နှင့် တကြေသာ စိတ်ကိုလည်း အမျက်ထွက်ခြင်း ဒေါသ နှင့် တကွသောစိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ဒေါသ ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ဒေါသ ကင်းသော စိတ်ဟု သိ၏၊ တွေဝေခြင်း မောဟ၁ နှင့်တကွသော စိတ်ကိုလည်း တွေဝေခြင်း မောဟ နှင့် တကြေသာ စိတ်ဟု သိ၏၊ တွေဝေခြင်း မောဟ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း ့ မောဟ ကင်းသော စိတ်ဟု သိ၏၊ ကျုံ့သော သံခိတ္တ စိတ်ကိုလည်း ကျုံ့သော သံခိတ္တ စိတ်ဟု သိ၏၊ ပျံ့သော ဝိက္ခိတ္တ စိတ်ကိုလည်း ပျံ့သော ဝိက္ခိတ္တ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ရောက်သော မဟဂ္ဂုတ် စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ် စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ် စိတ္ကို လည်း မြတ်သည်၏ အဖြစ်သို့မရောက်သော အမဟဂ္ဂုတ် စိတ်ဟု သိ၏၊ သာလွန်သော တရား ရှိသော သဥတ္တရ စိတ်ကိုလည်းသာလွန်သော တရားရှိသော သဥတ္တရ စိတ်ဟု သိ၏၊ သာလွန်သော တရား မရှိသော အနုတ္တရ စိတ်ကိုလည်း သာလွန်သော တရားမရှိသော အနုတ္တရ စိတ်ဟု သိ၏၊ တည်ကြည်သော သမာဟိတ စိတ်ကိုလည်း တည်ကြည်သော သမာဟိတ စိတ်ဟု သိ၏၊ မတည်ကြည် သော အသမာဟိတ စိတ်ကိုလည်း မတည်ကြည်သော အသမာဟိတ စိတ်ဟု သိ၏၊ လွတ်မြောက်သော ဝိမုတ္တ စိတ်ကိုလည်း လွတ်မြောက်သော ဝိမုတ္တ စိတ်ဟု သိ၏၊ မလွတ်မြောက်သော အဝိမုတ္တ စိတ်ကိုလည်း မလွတ်မြောက်သော အဝိမုတ္တ စိတ်ဟု သိ၏။
၂၄၃။ မင်းကြီး ဥပမာသော်ကား ငယ်ရွယ်သော အလှပြင်လေ့ရှိသော မိန်းမပျိုသည်လည်းကောင်း၊ ယောကျ်ားပျိုသည်လည်းကောင်း သန့်ရှင်းဖြူစင်သော မှန်၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှုလတ်သော် (မှဲ့ စေသာ) အပြောက်အစွန်း ရှိသည်ကို (မှဲ့ စေသာ) အပြောက်အစွန်းရှိ၏ဟု သိရာ၏၊ (မှဲ့ စေသာ) အပြောက်အစွန်း မရှိသည်ကို (မှဲ့ စေသာ) အပြောက်အစွန်းမရှိဟု သိရာ၏။
မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် (သူတစ်ပါးတို့၏) စိတ်ကိုပိုင်းခြား၍ သိသော စေတောပရိယ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ္ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍သိ၏၊ တပ်မက်ခြင်း ရာဂ နှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ရာဂ နှင့်တကွသော စိတ်ဟု သိ၏၊ တပ်မက်ခြင်း ရာဂ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ရာဂ ကင်းသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ဒေါသ နှင့်တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ဒေါသ နှင့်တကွသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ဒေါသ ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ဒေါသ ကင်းသော စိတ်ဟု သိ၏၊ တွေဝေခြင်း မောဟ နှင့်တကွသော စိတ်ကိုလည်း တွေဝေခြင်း မောဟ နှင့်တကွသော စိတ်ဟု သိ၏၊ တွေ ဝေခြင်း မောဟ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း မောဟ ကင်းသော စိတ်ဟု သိ၏၊ ကျုံ့သော သံခိတ္တ စိတ်ကိုလည်း ကျုံ့သော သံခိတ္တ စိတ်ဟုသိ၏၊ ပျံ့သော ဝိက္ခိတ္တ စိတ်ကိုလည်းပျံ့သော ဝိက္ခိတ္တ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ် စိတ်ကိုလည်းမြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ် စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ် စိတ္ကို လည်း မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ် စိတ်ဟု သိ၏၊ သာလွန်သော တရားရှိသော သဥတ္တရ စိတ်ကိုလည်း သာလွန်သော တရားရှိသော သဥတ္တရ စိတ်ဟု သိ၏၊ သာလွန်သော တရား မရှိသော အနုတ္တရ စိတ်ကိုလည်း သာလွန်သော တရားမရှိသော အနုတ္တရ စိတ်ဟု သိ၏၊ တည်ကြည် သော သမာဟိတ စိတ်ကိုလည်း တည်ကြည်သော သမာဟိတ စိတ်ဟု သိ၏၊ မတည်ကြည်သော အသမာဟိတ စိတ်ကိုလည်းမတည်ကြည်သော အသမာဟိတ စိတ်ဟု သိ၏၊ လွတ်မြောက်သော ဝိမုတ္တ စိတ်ကိုလည်း လွတ်မြောက်သော ဝိမုတ္တ စိတ်ဟု သိ၏၊ မလွတ်မြောက်သော အဝိမုတ္တ စိတ်ကိုလည်းမလွတ်မြောက်သော အဝိမုတ္တ စိတ်ဟု သိ၏။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍့နှစ်သက်ဖွယ်လည်း ဖြစ်သော သာ၍ မွန်မြတ်သည်လည်း ဖြစ်သော ကိုယ်တိုင် သိမြင်ရသောရဟန်း ဖြစ်ကျိုးပေတည်း။

၁။ တွေဝေခြင်းမောဟ ဟူသည် သစ္စာလေးပါးအရာ၌ အမွန္ကို မသိခြင်း အမွားကို သိခြင်းတည်း။

ပုဗေ္ဗနိဝါသာနုဿတိဉာဏ် (၆)
၂၄၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိ်သော ပုဗေ္ဗနိဝါသာနုဿတိ၁ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း 
တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ ဘဝရာပေါင်းများစွာတို့ကို လည်းကောင်း၊ ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝသိန်းပေါင်းများစွာတို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်းများပြားသော ဖြစ်ကပ်တို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရွိခဲ့၏၊ ဤသို့သော အနွယ် ရွိခဲ့၏၊ ဤသို့သောအဆင်း ရွိခဲ့၏၊ ဤသို့သော အစာ ရွိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရွိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမွ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရွိခဲ့၏၊ ဤသို့သော အနွယ် ရွိခဲ့၏၊ ဤသို့သောအဆင်း ရွိခဲ့၏၊ ဤသို့သော အစာ ရွိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရွိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမွ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု ဤသို့အခြင်းအရာနှင့် တကြ ညွှန်ပြဖွယ် (အမည် အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့၏။
၂၄၅။ မင်းကြီး ဥပမာသော်ကား ယောကျ်ားသည် မိမိရွာမှ တစ်ပါးသော ရွာသို့ သြားရာ၏၊ ထိုရွာမှလည်း တစ်ပါးသော ရွာသို့ သြားရာ၏၊ ထို (ယောကျ်ား) သည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာရာ၏၊ ထိုယောကျ်ားအား ဤသို့ အကြံဖြစ်ရာ၏ 
ငါသည် မိမိရွာမှ ဤမည်သော ရွာသို့ သြားခဲ့၏၊ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ် နေခဲ့၏၊ ထိုရွာမှလည်း ဤမည်သော ရွာသို့ သြားခဲ့၏၊ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ် နေခဲ့၏၊ ထိုငါသည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာ၏ဟု အကြံ ဖြစ်ရာ၏။
မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့၍ သိသော ပုဗေ္ဗနိဝါသာနုဿတိ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း 
တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝ တစ်ရာကိုလည်းကောင်း၊ ဘဝ တစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ ဘဝရာပေါင်းများစွာတို့ကို လည်းကောင်း၊ ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝသိန်းပေါင်းများစွာတို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရွိခဲ့၏၊ ဤသို့သော အနွယ် ရွိခဲ့၏၊ ဤသို့သောအဆင်း ရွိခဲ့၏၊ ဤသို့သော အစာ ရွိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရွိခဲ့၏၊ ထိုငါသည် ထိုဘဝမွ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ် ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရွိခဲ့၏၊ ဤသို့သော အနွယ် ရွိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရွိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမွ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု ဤသို့ အခြင်းအရာနှင့် တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကြ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်း ဖြစ်သော သာ၍ မွန်မြတ်သည်လည်း ဖြစ်သော ကိုယ်တိုင် သိမြင်ရသောရဟန်းဖြစ်ကျိုးပေတည်း။

၁။ ပုဗေ္ဗ=ရှေး၌ + နိဝါသ=နေဖူးသောဘဝ, ဖြစ်ဖူးသောဘဝကို + အနုဿတိ= အောက်မေ့၍ + ဏ = သိသောဉာဏ်။

စုတူပပါတဉာဏ် (၇)
၂၄၆။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော စုတူပပါတ၁ ဉာဏ် အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ဒိဗ္ဗစက္ခု ဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။
အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ကာယဒုစရိုက် နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ဝစီဒုစရိုက် နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင် ့ မနောဒုစရိုက် နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌့ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ကာယသုစရိုက် နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ဝစီသုစရိုက် နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် မနောသုစရိုက် နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ် ကုန်၏။
ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခု ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။
၂၄၇။ မင်းကြီး ဥပမာသော်ကား (ဗဟို) လမ်းဆုံအလယ်၌ ပြာသာဒ် ရွိရာ၏၊ ထို (ပြာသာဒ်) ထက်၌ရပ်လျက်နေသော မျက်စိအမြင်ရှိသော ယောကျ်ားသည် အိမ်သို့ ဝင်ကုန်သော အိမ်မှ ထွက်ကုန်သော လမ်းမ၌ လမ်းလျှောက် သွားလာနေကုန်သော လမ်းဆုံအလယ်၌ ထိုင်နေကုန်သော လူတို့ကို မြင်ရာ၏၊ ထိုယောကျ်ားအား ဤသို့ အကြံဖြစ်ရာ၏ 
ဤသူတို့သည် အိမ်သို့ ဝင်ကုန်၏၊ ဤသူတို့သည် (အိမ်မှ) ထွက်ကုန်၏၊ ဤသူတို့သည် လမ်းမ၌လမ်းလျှောက် သွားလာနေကုန်၏၊ ဤသူတို့သည် လမ်းဆုံအလယ်၌ ထိုင်နေကုန်၏ဟု အကြံဖြစ်ရာ၏။
မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် သတ္တဝါတို့၏ သေခြင်းဖြစ်ပေါ်ခြင်း ကို သိသော စုတူပပါတ ဉာဏ်အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်စေ၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့် တူသော ဒိဗ္ဗစက္ခု ဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါမြတ်သော သတ္တဝါ အဆင်း လွေသာ သတ္တဝါ အဆင်း မလွေသာ သတ္တဝါ ကောင်းသောလားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။
အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ကာယဒုစရိုက် နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ဝစီဒုစရိုက် နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် မနောဒုစရိုက် နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ကာယသုစရိုက် နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ဝစီသုစရိုက် နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် မနောသုစရိုက် နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏။
ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ဒိဗ္ဗစက္ခု ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်း ဖြစ်သော သာ၍ မွန်မြတ်သည်လည်း ဖြစ်သော ကိုယ်တိုင် သိမြင်ရသောရဟန်းဖြစ်ကျိုးပေတည်း။

၁။ စုတိ=သေခြင်း၊ ဥပပါတ=ဖြစ်ပေါ်ခြင်း ပဋိသနေ္ဓ။

အာသဝက္ခယဉာဏ် (၈)
၂၄၈။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝတို့ကိုကုန်စေသော အာသဝက္ခယ ဉာဏ် အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟုဟုတ်မှန်သော အတိုင်းသိ၏၊ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန် သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သော အတိုင်းသိ၏။ဤသည်တို့ကား အာသဝတို့ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ ဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ်ရာ နိဗ္ဗာန်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ ချုပ်ရာ နိဗ္ဗာန် သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤသို့ သိသော ဤသို့ မြင်သော ထို (ရဟန်း)၏ စိတ်သည်ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်၏၊ လွတ်မြောက်ပြီး လတ်သော် လွတ်မြောက်လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသနေ္ဓနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။
၂၄၉။ မင်းကြီး ဥပမာသော်ကား တောင်ဝှမ်း၌ ကြည်လင်သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်သည်ရှိရာ၏၊ မျက်စိအမြင်ရှိသော ယောကျ်ားသည် ထိုရေအိုင်၏ ကမ်း၌ ရပ်လျက် ခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြသည်ကိုလည်းကောင်း၊ ရပ်တည်နေကြသည်ကိုလည်းကောင်း မြင်ရာ၏၊ ထိုယောကျ်ားအား ဤသို့ အကြံဖြစ်ရာ၏ 
ဤ ရေအိုင်သည် ကြည်လင် သန့်ရှင်း နောက်ကျုကင်း၏၊ ထိုရေအိုင်၌ ဤ ခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားလည်း သွားကြ၏၊ ရပ်တည်လည်း ရပ်တည်ကြ၏ဟုအကြံဖြစ်၏။
မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝတို့ကို ကုန်စေသော အာသဝက္ခယ ဉာဏ် အလို့ငှါ စိတ္ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည်ဤကား ဆင်းရဲဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန် သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သော အတိုင်းသိ၏၊ ဤသည်တို့ကား အာသဝတို့ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ဖြစ်ပေါ်ခြင်း၏အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ ချုပ်ရာ နိဗ္ဗာန်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ်ရာ နိဗ္ဗာန် သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ သိသော ဤသို့ မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်းလွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက် ပြီးလတ်သော် လွတ်မြောက် လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသနေ္ဓနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။
မင်းကြီး ဤသည်လည်း ရှေးဖြစ်ကုန်သော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးတို့ထက် သာ၍နှစ်သက်ဖွယ်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း။
မင်းကြီး (နောက်ဆုံးဖြစ်သော) ဤကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးထက် သာ၍လွန်ကဲသည်လည်း ဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော တစ်ပါးသော ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးသည်ကား မရှိတော့ပြီဟု ဟောတော်မူ၏။နိဂုံး
၂၅ဝ။ ဤသို့ ဟောတော်မူသော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ 
အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲဲ့သို့လည်းကောင်း၊ အသျှင်ဘုရား ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွနု်ပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကြှနျုပျကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အသျှင်ဘုရား မိုက်သည့် အလျောက်တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွနု်ပ်ကို လွှမ်းမိုးသွား ခဲဲ့ပါ၏၊ အကျွနု်ပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ဟူသောအကြောင်းကြောင့် သတ်ခဲဲ့မိပါ၏၊ မြတ်စွာဘုရားသည် ထိုအကျွနု်ပ်၏ အျပစ္ကို နောင်အခါစောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ အသျှင်ဘုရားဟု လျှောက်၏။
၂၅၁။ မင်းကြီး မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည်သင့်ကို စင်စစ် လွှမ်းမိုးသွားခဲဲ့၏၊ သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသောခမည်းတော်ကို သတ်ခဲဲ့မိ၏၊ မင်းကြီး သင်သည် အျပစ္ကို အပြစ်ဟု မြင်၍ အပြစ်အားလျော်စွာကုစားသောကြောင့် သင်၏ ထို (အပြစ်) ကို (အပြစ်ဟု) ငါတို့ လက်ခံကုန်၏၊ မင်းကြီး အကြင်သူသည်အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်းပင်တည်းဟု မိန့်တော်မူ၏။
၂၅၂။ ဤသို့ မိန့်တော်မူသော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည့်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား ယခုအခါ အကျွနု်ပ်တို့ သွားပါကုန်အံ၊ အကျွနု်ပ်တို့သည် များသော ကိစ္စ များသောပြုဖွယ် ရှိပါကုန်၏ဟု (လျှောက်၏)။
မင်းကြီး ယခုအခါ၌ သွားရန် အချိန်ကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟုမိန့်တော်မူ၏။
ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးနောက် နေရာမှ ထကာမြတ်စွာဘုရားကို ရွိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲဲခွါသွားလေ၏။
၂၅၃။ ထိုအခါ မြတ်စွာဘုရားသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း ပြန်သွား၍မကြာမီ ရဟန်းတို့ကို (ဤသို့) မိန့်တော်မူ၏- ရဟန်းတို့ ဤမင်းသည် (မိမိတည်ရာကို မိမိ) တူးဖြိုခဲဲ့၏၊ ရဟန်းတို့ ဤမင်းသည် (မိမိကိုယ္ကို မိမိ) ဖ်က္ဆီးခဲဲ့၏၊ ရဟန်းတို့ ဤမင်းသည် တရားစောင့်သော၊ တရားသဖြင့် မင်းပြုသော ခမည်းတော် ကိုမသတ်မိပါမူ၊ ဤမင်းအား ဤနေရာ၌ပင်လျှင် ကိလေသာမြူ အညစ်အကြေးကင်းသော တရားမ်က္စိ (သောတာပတ္တိမဂ်ဉာဏ်) သည် ဖြစ်ပေါ်ရာ၏ဟု မိန့်ဆိုတော်မူ၏။
မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
နှစ်ခုမြောက်သော သာမညဖလသုတ် ပြီး၏။

Credit မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ အရှင်ဉာဏိဿရ (ဒီပဲယင်း)