မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Wednesday, July 18, 2018

ခါးပမ်းကြိုး ကြွက်မကိုက်စေနဲ့


ရှေးရှေးတုန်းက 
ရသေ့ကြီးတစ်ပါးဟာ 
ရွာတစ်ရွာကို ရောက်လာပြီး 
တရားဟောသတဲ့
ဒီတော့ 
ရွာသားတစ်ယောက်ဟာ 
ရသေ့ကြီးအပေါ် 
ကြည်ညိုလေးစားပြီး 
ရသေ့ဝတ်ခွင့် တောင်းသတဲ့ ။

ရသေ့ကြီးကလဲ
"အေး ငါကေတာ့ 
ဟိမဝန္တာကို သွားပြီး
၅- နှစ် တရား 
အားထုတ်လိုက်ဦးမယ်
မင်းက ရသေ့လေး ဝတ်ပြီး 
ဒီရွာမှာ စောင့်နေ
၅- နှစ်ပြည့်ရင် 
ငါ လာခေါ်လိုက်မယ်" လ်ို့
မှာပြီး ဟိမဝန္တာကို 
ထြက္သြားခဲ့သတဲ့ ။

ဒီလိုနဲ့ ရသေ့လေးဟာ 
ဆရာအလာကို 
စောင့်မျှော်ပြီး နေသတဲ့
နောက်တစ်နေ့မှာ 
ရွာထဲကို ဆွမ်းခံတဲ့ထွက်တဲ့အခါ 
ရွာသူရွာသားတွေက 
စားစရာတွေသာမကပဲ 
ရသေ့လေး သီတင်းသုံးဖို့ ဆိုပြီး 
သစ်ခက်တဲကျောင်းလေးတစ်ခုပါ ဆောက်ပေးပြီး 
ပစ္စည်းလေးပါး ဒါယကာ ခံယူကြသတဲ့..။

ဒီလိုနဲ့ တစ်နေ့မှာ 
ရသေ့လေးရဲ့ ခါးပမ်းကြိုးကို
ကြွက်ကိုက်သွားပါလေရောတဲ့
ဒါကို ရွာသူရွာသားတွေက မြင်တော့
ရသေ့လေးရဲ့ကျောင်းမှာ 
ကြွက်တွေ ပေါနေတယ်ထင်ပါရဲ့ 
ကြွက်တွေပြေးအောင် ဆိုပြီး 
ကြောင်တစ်ကောင်ကို 
လှူလိုက်ကြသတဲ့။

ရသေ့လေးမှာ 
ကြွက်ရန်က အေးသွားသော်လည်း
ကြောင်က အမ, လေးဆိုတော့
ကြောင်ပေါက်စလေးတွေ မွေးပါလေရော။

ဖြစ်ချင်တော့
ကြောင် အမေကြီးက 
နို့မထွက်ဘူးတဲ့
ဒါနဲ့ ရွာထဲကို
နွားနို့အလှူခံရပြန်တယ်
ကြောင်ပေါက်စလေးတွေ 
သောက်ဖို့အတွက်လေ။

ဒီတော့ 
ရွာသားတွေကလဲ
ရသေ့လေး 
အစဉ်ပြေအောင် ဆိုပြီး
နွားမလေး တစ်ကောင်ကို 
လှူပြန်သတဲ့ ။

ဒီလိုနဲ့ 
နွေရောက်တော့
နွားအတွက် 
ကောက်ရိုးက လိုလာပြန်ရော
ရွာသားတွေကလဲ
ကောက်ရိုးအတွက် 
အစဉ်ပြေအောင် ဆိုပြီး
ကျောင်းရှေ့မှာ 
စပါးခင်လေး စိုက်ပေးကြသတဲ့။

ပြီးတော့ ကောက်စိုက်ဖို့
နွားစာကြွေးဖို့ အတွက်ဆိုပြီး 
ရွာထဲက 
လုံမပျို တစ်ဦးကို 
လစာနဲ့ ငွားပေထားကြသတဲ့ ။

 ဒီလိုနဲ့ ၅- နှစ် ပြည့်လို့
ရသေ့ကြီး ရောက်လာတဲ့အခါ 
အလွန်ပဲအ့ံသြသွားခဲ့ရတယ် ။

ဘာလို့လဲဆိုတော့
သူ့ရဲ့ ရသေ့လေးမှာ
ကြောင်မိသားစုက တစ်အုပ်
နွားအုပ်ကြီးက တစ်အုပ်
လယ်ကွင်းပြင်ကြီးနဲ့
ကလေး ငိုသံတွေကလဲ 
ဆူလို့ ညံလို့စီလို့ပေါ့။

ရသေ့ကြီးက
" ဒါက ဘယ်လိုဖြစ်တာလဲ " လို့ 
မေးတဲ့အခါ.....

သူ့တပည့် 
ဖြေလိုက်ပုံက
" ခါးပမ်းကြိုး ကြွက်ကိုက်ရာက စတာပါဘုရား "
ဟူသတည်းးးးးး

( ရယ်မောခြင်းဖြင့် စိတ်လက်အပန်းပြေကြပါစေ)

မူရင်းရေးသူအား Credit ပေးပါသည်...


Sunday, July 1, 2018

ဘ၀အောင်မြင်ရေး

တစ်ခါတုန်းက
ငန်းဘဲ တစ်ကောင်ရယ် မြင်းတစ်ကောင်ရယ် အဆွေခင်ပွန်းဖွဲပြီ စားက်က္တစ္ခုမွာ နေထိုင်သတဲ့ တစ်ခါတော့ ငန်းဘဲဟာ မြင်းကို ဒီလိုပြောသတဲ့--
" သူငယ်ချင်း မင်းလေပေါ်ပျံတတ်လား "
မြင်းက ခေါင်ခါသည်
" ဟင်အင်း ငါမပ်ံတတ္ဘူး "
" ဒါဆို ရေထဲရော ရှောက်သွားနိုင်လား "
မြင်းက ခေါင်းခါပြန်သည် ထိုအခါ ငန်းဘဲသည် မြင်းကို ထိုသို့ကြွားဝါပြလေသည်
" မင်းက ဘာမွ အစွမ်းဆောင်နိုင်တဲ့အကောင်ပဲ ငါကိုကြည့် ရေထဲလည်း ကူးနိုင်တယ် လေပေါ်လည်း ပျံနိုင်တယ် ကုန်းပေါ်လည်း သွားနိုင်တယ် "
လိုမြင်းကို အဲလို ကြွားဝါသတဲ့ မြင်းကလည်း သူတကယ် မလုပ်တတ်တော့ ခေါင်းငုံပြီးနေလိုက်သတဲ့ ဒီလိုနဲ့ အတူနေရာရင်း တစ်နေ့ကြတော့ အမဲလိုက်မု့ဆိုးတေဟာ မြင်းနဲ့ ငန်းဘဲကို သတ်ဖြတ့်ဖို့ လိုက်လေတော့သည်
ကိိုအခါ မြင်းသည် အသက်အန္တရယ် ကင်းလွတ်ရန် ဒုန်းဆိုင်း ပြေးတော့တာပေါ့ ငန်းဘဲကတော့ လေပေါ်ပျံပြေးလိုက် ကုန်းပေါ်ပြေးလိုက် ရေထဲငုံပြေးလိုက်နဲ့ ပြေးရတာပေါ့ ဒါပေမဲ့ ငန်းဘဲဆိုတာ လေပေါ်လည်း အကြာကြီးမပျံနိုင်ဘူး ရေထဲလည်း အကြာကြီးမငုံနိုင်ဘူး ကုန်းပေါ်လည်း အပြေးမသန်ဘူး အရမ်းမောလွယ်တဲ့ သတ္တဝါပါ အဲ့ဒိတော့ မကြာခင်မှာပဲ အမဲလိုက် မု့ဆိုးတွေ ဖမ်းမိသွားတာပေါ့ မြင်းကတော့ အလွန်အပြေးသန်တဲ့ သတ္တဝါမျိုးဆိုတော့ အသက့်ဘေးက ကင်းလွတ်သွားတဲ့
ငန်းဘဲဟာ အဖမ်းခံလိုက်ရပြီဆို ထိုလို တွေးပြီး နောင်တရသတဲ့
" အော် ငါ သူငယ်ချင်း မြင်းကို ကြွားဝါမိတာ မှားလေခြင်းပဲ တကယ်တော့ ကိုယ်ဘ၀အသက်တွက်အရေးကြီးတာ တစ့်စုံတစ့်ခု့ထဲကိုသာ အားစိုက့်ကြိုးစားရမှာ ခုတော့ ငါဟာ ရေကူး ကျင့်လိုက့် လေပေါ်ပျံကျင့်လိုက့်နဲ့ ဘာကိုမွ ထွန်းပေါက်အောင် မကြိုးစားမိတာ ငါရဲ့အမှားပဲ "
လို့ ၀မ်းနဲစွာ တွေးပြီးနောင်တရသတဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ် တကယ်တော့ လူချို့ဟာ အလုပ္တစ္ခုကို တည်မြဲတယ် မရှိဘူး ဟိုစပ့်စပ့် ဒီစပ်စပ့် လုပ်နေကြတာကို ၀မ်းသာတတ်ကြတယ် တကယ် ဘ၀အတွက်အောင်မြင်ချင်တယ်ဆို မိမိနဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုတည်းကိုသာ တစ်စိုက်မက်မက် ကြိုးစားလုပ်ဆောင်ခြင်းသည်သာ ဘ၀တွက် အကောင်းဆုံးပါလို့ ပြောလိုက်ပါရစေ
Credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ 
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

ဟာသပုံပြင်

တစ်ခါက
အေ၀းပြေးလမ်းတွင်ယာဉ်တိမ်းမှောက်မှု တစ်ခုအတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြသည်။
အခင်းဖြစ်ပွားမှုတွင် ယာဉ်ပေါ်တွင်ပါလာသော လူအားလုံးမွာ ပွဲချင်းပြီးသေဆုံးခဲ့ကြပြီး
ထို ယာဉ်ပေါ်တွင်ပါလာသော မျောက်တကောင်သာ အသက်ရှင်ကျန်ရစ်သည်။
ရဲမ်ားမွာ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းရန် အတွက် အခက်တွေ့နေကြသည်။
ကံကောင်းချင်တော့ ထိုကားပေါ်တွင် ပါလာသော မျောက်မှာ လူတို့ပြောစကား နားလည်ပြီး
သူကိုယ်တိုင်ကလဲ ခြေဟန်လက်ဟန်နှင့် ပြန်ပြောနိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် အမှုအတွက် အခြားသက်သေများ မရသည့် အဆုံး မျောက်အား အမှုစစ်ကြရသည်။
ရဲအရာရွိ(မေး)။ ။.ကဲဒီကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလာလဲ
မျောက်(ဖြေ) ။ ။၁၄ယောက်(လက်၁၀ချောင်းအပြင်ခြေ ၄ချောင်း ပါ ထောင်ပြသည်)
ရဲအရာရွိ(မေး)။ ။ဟုတ်ပြီ ဒါဆို သူတို့တွေ ဘာလုပ်နေလဲ
မျောက်(ဖြေ)။ ။လက်မကို မော့သည့်ပုံ လုပ်ပြသည်။
ရဲအရာရွိ။ ။သြော် အရက်သောက်ကြတယ်ပေါ့(မျောက်ကထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်သည်)
ရဲအရာရွိ(မေး)။ ။ပြီးတော့ရော
မျောက်(ဖြေ)။ ။ ခုန္ဆြ ခုန်ဆွဖြင့် ကသည့်ဟန်လုပ်ပြသည်(ရဲက သြော် ဒါဆို သူတို့ မူးပြီး ကကြတယ်ပေါ့မျောက်က ခေါင်းကိုထပ်ညိတ်သည်)
ရဲအရာရွိ(မေး)။ ။ဘယ်နှစ်ယောက်တောင် မူးကြတာလဲ
မျောက်(ဖြေ)။ ။၁၄ ယောက်လုံး (လက်၁၀ချောင်းအပြင်ခြေ ချောင်း ၄ ချောင်းပါ ထပ်ထောင်ပြသည်)
ရဲအရာရွိ။ ။ဟ ဒါဆိုဒရိုင်ဘာ ကေရာ ဘာလုပ်နေတုန်း
မျောက်(စိတ်မရှည်ဟန်ဖြင့်)။ ။မူးသည့်ဟန်နှင့် ကသည့်ဟန်ပါလုပ်ပြသည်
ရဲအရာရွိလဲ စိတ်ညစ်လာပြီးမေးသည်..
ကိုင်း ကားတစီးလုံးက ဒီလိုမူးရူးပြီး ပျော်ပါးနေတာ ကားကို ဘယ်အကောင်မောင်းတုန်းကွ
ထိုအခါကျမှ မျောက်က သူပြောချင်သည့်အပိုင်းရောက်လာသောကြောင့် ဘ၀င်ကျသွားသည့် ဟန်ဖြင့်
သူ၏ ရင်ဘတ်ကိုကော့ပြီး တဘုန်းဘုန်း ပုတ်ပြလိုက်လေတော့သည်။။
တိန်.(တေရော တေရော တေရော..)
Credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)

ယုန်လေးနှာစေးနေတယ်

တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ ခြငေ်္သ့ တစ်ကောင် အုပ္စိုး မင်းမူပြီး နေထိုင်သတဲ့ သူဟာ တောဘုရင်ဖြစ်နေတော့ တောထဲကအကောင်မှန်သမျ့ှ သူကိုရိုသေကြောက်ရွှံ့ကြတာပေါ့ 
ပိုဆိုးတာ ခြငေ်္သ့မင်းဟာ အစာရှာရာမှာ အမဲလိုက်မရှာပဲ တိရိစာၦန်တေကို အကြောင်းအမျိုးမျိုးရှာပြီး စားသောက်သတဲ့ တစ်နေ့တော့ ဆတ်တစ်ကောင်ဟာ သူနားကဖြတ်သွားသောခါ ခြငေ်္သ့မင်းသည် ဆတ္ကို ခေါ်၍့--
" ဟေ့ကောင် ငါပါးစမ္က ဘာစော်နံလည်း နမ်းကြည့်စမ်း "
ဆတ်လေးလဲ ဘု့ရင်မင်းခိုင်းတဲ့အတိုင်း ခြငေ်္သ့၏ ပါးစမ်ကိုနမ်းကြည့်ပြီး အမှန်တိုင်းပြောလိုက့်တယ်--
" မှန်ပါ အရှင် ခြငေ်္သ့မင်းရဲ့ပါးစမ် ဟာ အပုတ်စော်များ နံဟောင်နေပါသည်ဘု့ရား "
ထိုသို့လျောက်ထားလိုက်ပြီဆိုရင်ပဲ ခြငေ်္သ့မင်းဟာ လွန်စွာဒေါသထွက်သွားပြီး--
" အောင်မာ ငါလိုဘုရင်မင်းမြတ်ကိုတောင် အပုတ်စော် နံတယ်လေး ဘာလေးပြောရဲလှတဲ့တောင် " ဆိုပြီး ဝါးစားလိုက်သတဲ့
နောက်တစ်ခါ သမင်အလှည့်ကို ရောက်ရှိလာပါတော့တယ် သမင်ကိုမြင်ပြီဆိုရင်ပဲ ခြငေ်္သ့မင်းဟာ ခေါ်ပြီး အရင် ဆတ့်ကောင်ကို မေးသလိုမေးသတဲ့ သမင်ဟာ အရင် ဆတ္က အမှန်တိုင်းပြောရင် အစားခံရတာဆိုတော့ ကြောက်ကေကြာက်နဲ့--
" မှန်ပါ့ အရှင်ဘုရင်မင်းမြတ်ရဲ့ ပါးစပ်ဟာ စံပယ်ရနံ့လေးလို သင်းပျံ့ မွှေး ဆွတ်နေကြောင်းပါဘု့ရား "
ဒီတစ့်ခါမှာလဲ ခြငေ်္သ့မင်းဟာ ဒီလောက်နံနေတဲ့ ပါးစပ္ကို မွှေ့တယ်လို့ မုသားသုံးရက်တယ်ပေါ့ ဆိုပြီး သမင်လေးကိုလည်း ဝါးစားလိုက်သတဲ့ နောက်တစ်ခါမှာတော့ ပညာရှိ ယုန်လေးအလှည့်ကို ကြရောက်လာပါတော့တယ် ခြငေ်္သ့မင်းဟာ ယုန်လေးအား ခေါ်၍့
" ငါ့ပါးစပ်ကာစော်နံလည်း နမ်းကြည့်စမ်း "
ထိုအခါ ယုံပညာ ရှိဟာ ခြင်ငေ်္သ့ မင်းရဲ့ပါးစပ်ကို အနည်းငယ်နမ်းကြည့်ပြီး--
" မှန်လှပါ အရှင် ခြငေ်္သ့မင်း ကျွန်တော်မျိုး အရှင်ရဲ့ ဆန္ဒကို ဖြည့်ဆည်း ပြောဆိုချင်ပေမဲ့ ကျွန်တော်မျိုးဟာ မနေ့က မိုးအရမ်းရွှာတုန်း မိုးရေပြင်ထဲထွက်ပြီး ပျော်ရွှင်မိခဲ့ပါသဖြင့် ကျွန်တော်မျိုးရဲ့ နှားခေါင်းဟာ နှာ စေးနေချင်းကြောင့် ဘာအနံ့မှ မရကြောင်းပါဘုရား "
လို့ဖြေလိုက်တော့ ယုန်လေးဟာ အစားမခံရေတာ့ပဲ သေဘေးက လွတ်ခဲ့တာပေါ့ကွယ်.....
ဒီပုံပြင်လေးဟာ လူပတ်၀န်းကျင် စကားအရာ ပြောဆိုရာတွင် သူတစ်ပါး အရှက်သိက္ခာနှင့် မိမိအပေါ် အန္တရယ် ပြန်ကြလာနိုင်တဲ့ စကားဆိုရင် မပြောသင့်တာကို မပြောပဲ ယုံကလေးနှာစေးသလို မသိသလို နေပေးရမယ် ဆိုတဲ့ ဥပမာလေးကို ပြောပြတာပေါ့ ကလေးတို့ရယ်....
 ရွှင်လန်းချမ်းမြေ့ကြပါစေ
Credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ 
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

သူတောင်းစား စာရေးဆ၇ာ


ဟိုးရှေးတုန်းကပေါ့ လမ်းဘေးမှာ သူတောင်းစားတစ့်ယောက့် တောင်းရန်းစားသောက့်နေလေသည်တဲ့
တစ့်နေ့တော့ ကားတစ့်စီးဟာ သူတောင်းစားရှေ့မှာလာရပ့်၍့ ကားပေါ်မ့ှ သူဌေး ဟာ ဆင်းပြီး သူတောင်းစားကို ချေဆုံးခေါင်းဆုံးကြည့်၍့ ထိုသိုပြောလေသည် -
" ခင်ဗျား ချေလက့် အဂါၤတေ ပြည့်စုံပါလျက့် ဗ်ာ ဘာလို့တောင်းစားနေတာလဲ "
ဆိုကာ သူတောင်းစားကို သူဌေးမ့ှ စာအုပ့်တစ့်အုပ့် ထုပ့်ပေးပြီး -
" ရော ဒါခင်ဗျား ဘ၀ကို သူတောင်းစားမ့ှ သူဌေးဘ၀သို့ ကူပြောင်း ပေးနိုင်မယ် နည်းလမ်း စာအုပ့် ဒါကိုဖတ့်ပြီး ခင်ဗျားကြိုးစားပါ "
လို့ ပြောလိုက့်တော့ သူတောင်းစားဟာ စာအုပ့်ကို ကြည့်၍့ ထို့သို့ သူဌေးကို ပြန်ပြောလိုက့်လေသည် -
" ဒီစာ အုပ့် ရေးခဲ့သူဟာ တစ့်ုခြားသူမဟုတ့် ကျွန်တော်ကိုတိုင်ရေးခဲ့တာပါ "
လို့ပြောလိုက့်တယ် သူဌေးဟာ ပထမ မယုံကြပါ့ ဒီလောက့် ဘ၀တိုးတတ့်လမ်း စာအုပ့်ကို ဒီလိုသူတောင်စား ရေးနိုင်မှာ မဟုတ့်ဘူး ညင်းခုန်ကြတာပေါ့ နောက့်ကြမ့ှ တကယ် ရေးခဲမှန်း သိ့ရေတာ့ သူဌေးဟာ အရမ်းအံသြပြီး -
" ခင်ဗျား ဟာ ဒီလမ်း ညွန်စာအုပ့်ကို လူတေ အတွက့်ရေးသားနိုင်ပေမဲ့ ခင်ဗျားကြတော့ ဘာလို့ ဒီဘ၀ မျိုး ရောက့်နေရတာလဲ "
မေးတော့ သူတောင်းစားဟာ စကားတစ့်ခွန်းပဲ သူဌေး ကို ပြန်ပြောလိုက့်တယ် -
" ဒီလိုရို့ပါတယ် သူဌေး ဒီစာအုပ့်ကို လူတေ ဘ၀ တတ့်လမ်းအတွက့် ရေးသား ပေးခဲ့နိုင်ပေမဲ့ ရေးသားခဲတဲ့ ကျွန်တော်ကတော့ ဒီစာ ထဲက အတိုင်း မလိုက့်နာ မပြု့လုပ့်နိုင်တော့ ဒီလိုဘ၀မျိုး ရောက့်နေရတာပါ "
လို့ ပြန်ပြောလိုက့်လေသည်
တကယ်တော့ လူတေဟာ ကြိုးစားရင် အောင်မြင်နိုင်တယ်ဆိုတာ ရိပ့်မိ့ကြပါတယ် ဒါပေမဲ့ လူတစ့်ချို့ဟာ အလုပ့်ကို အာရုံစိုက့်ချင်စိတ့် တစိုက့် မတ့်မတ့် ကြိုးစားချင်စိတ့်တေ မရှိ့ကြရင်တော့ ဒီလို သူတောင်းစား စာရေးဆရာလို ဖြစ့်နေကြမှာ မမေ့ကြပါနဲ့ အလုပ့်တစ့်ခု့ကို အေလးထားပါ အာရုံစိုက့်ပါ အချိန်ပေးပါ စု့ဆောင်းနိုင်ပါစေ သုံးဖြုန်း မနေပါနဲ့ အေပ်ာ္ပါးကို အလေးမထားပါနဲ့ အသုံးဖြုံးကိုရှော့
လောကမှာ အချိန်ရှိ့တုန်း ကြိုးစား အားစိုက့်ကြပါ
( အကောင်းဆုံးသာ လုပ့်ဆောင်နိုင်ခဲမယ်ဆို အောင်မြင်မှု့ဟာ သင့်ရဲ့ လက့်တစ့်ကမ်းမှာ ရှိ့ နေတယ် ဆိုတာ လုံး၀မမေ့ပါနဲ့ အချိန်ရှိ့ခိုက့် လုံးလ စိုက့်ကြပါ )
အောင်မြင်နိုင်ကြပါစေ.....
credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

စွမ်းအား

စကားလုံးတိုင်းဟာ စွမ်းအားတွေရှိကြပါတယ်။ စကားတစ်ခွန်းကြောင့် ပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်း၊စိတ်ဓာတ်တက်ကြွခြင်း၊စိတ်ဓာတ်ကျခြင်း၊အားကျခြင်း၊အမြင်စောင်းခြင်း၊ဒေါသထွက်ခြင်း၊ကျေးဇူးတင်ခြင်း၊ချစ်ခြင်း၊မုန်းခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါတယ်....ကျွန်တော်တို့ဟာ နေ့စဉ် စကားပြောဖြစ်နေကြပါတယ်..တယောက်နဲ့တယောက် အနည်းအများသာကွာမယ် လူတိုင်းကတော့ နေ့စဉ် စကားတွေပြောနေကြတာပါပဲ..သူတပါးရဲ့စကားတခွန်းကြောင့် ပျော်ရွှင်မှုတွေခံစားရတတ်သလို ၀မ်းနည်းမှုတွေလဲ ခံစားရတတ်ပါတယ်..ထို့အတူ မိမိတို့ပြောဆိုလိုက်သော စကားတခွန်းကြောင့် အားအင်ဖြစ်သွားတဲ့သူတွေရှိသလို စိတ်ညစ်သွားကြတဲ့သူတွေလဲ ရှိနေပြန်ပါတယ်..ဒါကြောင့် စကားလုံးတွေရဲ့ စွမ်းအားကို သိရှိနားလည်ပြီး မိမိရဲ့ စကားတခွန်းကြောင့် သူတပါးစိတ်မထိခိုက်ရင်တော့ အကောင်းဆုံးပါပဲ...ဒါနဲ့ ကျွန်တော်ဖတ်ဖူးတဲ့ English ပုံပြင်အတိုလေးတပုဒ် ပြောပြရဦးမယ်..ပုံပြင်ရဲ့နာမည်ကတော့ The Group of Frogs (ဖားတစ္စု) ဖြစ်ပါတယ်..တနေ့တော့ မိုးလေကျပြီးစအချိန်မှာဆိုရင်ပဲ ဖားတစ္စုဟာ သစ်တောထဲကို လှည့်လည်သွားလာနေကြပါတယ်..ထိုအထဲက ဖားနှစ်ကောင်ဟာ ကျင်းနက်တစ်ခုထဲကို ကျသွားပါတော့တယ်။ ကျန်တဲ့ဖားအုပ်စုကတော့ ပြန်တက်ဖို့ဆိုတာမဖြစ်နိုင်ကြောင်း မိမိတို့အနေနဲ့ ချန်ရစ်ခဲ့တော့မည်ဖြစ်ကြောင်း ပြောပါတယ်။ ဖားနှစ်ကောင်ဟာ သူတို့ပြောသမျှကို လက်မခံပဲ အပေါ်ကိုပြန်ရောက်အောင် ကြိုးစားခုန်ကြပါတော့တယ်။ သိုပေမယ့်လည်း ကျင်း၀မှာ ရှိနေတဲ့ ဖားအုပ္စုကေတာ့ မဖြစ်နိုင်တော့ကြောင်း၊ လက်လျော့သင့်ကြောင်း၊ ဘယ်တော့မှ အပေါ်တက်နိုင်မည် မဟုတ်တော့ကြောင်း ပြောပါတယ်။ နောက်ဆုံးမှာတော့ နှစ်ကောင်ထဲက တစ်ကောင်ဟာ အပေါ်က ဖားအုပ်စုရဲ့ စကားတွေကို မလွန်ဆန်နိုင်တော့ပဲ လက်လျော့လိုက်ပါတော့တယ်။ နောက်တကောင်ကတော့ လက်မလျော့သေးပဲ ပိုပြီးကြိုးစားအားထုတ်ပြီးခုန်နေတာကိုကြည့်ပြီး ဖားအုပ္စု အော်ဟစ်လှောင်ပြောင်ကြပါတယ်။ သို့သော်လည်း ဖားဟာ ပိုကြိုးစားပြီး ခုန်လိုက်တဲ့အခါမှာတော့ အပြင်ကိုရောက်လာပါတော့တယ်။ အဲ့တော့ ကျန်တဲ့ ဖားအုပ္စုက "မင်းငါတို့လက်လျော့ဖို့ပြောနေတာကိုမကြားတာလား"လို့ မေးပါတယ်။ ထို့နောက် ဖားက အခုလိုပြောပါတယ် "ကျွန်တော့်က အကြားအာရုံချို့တဲ့သူတယောက်ဖြစ်ပါတယ်၊ ကျွန်တော်က ခင်ဗျားတို့ တချိန်လုံး ကျင်း၀ကနေ အားပေးနေတာလို့ ထင်ခဲ့မိတာ"။ ဒီပုံပြင်လေးက ကျွန်တော်တို့ကို သင်ခန်းစာ နှစ်ခုပေးတယ်လို့ ကျွန်တော်မြင်မိပါတယ်။ ပထမတစ္ခ်က္က ဖားအုပ်စုရဲ့ စကားတွေကြောင့် ပထမဖားတကောင် အသက်သေဆုံးရခြင်းပါ။ ဒုတိယတစ္ခ်က္ကေတာ့ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မည်သို့ပင် ပိတ်ဆို့စေကာမူ ဒုတိယဖားလို ကြိုးစားအားထုတ်ပြီး ေ၀ဖန်မှုတွေကို တွန်းအားအဖြစ် မှတ်ယူပြီး အရောက်သွားဖို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူအားလုံးလဲ စကားလုံးများ၏စွမ်းအားကို သိရှိနားလည်ပြီး အကျိုးရှိစွာ အသုံးချနိုင်ပါစေလို့ ဆုတောင်းပါတယ်။
Credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ 
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

နှစ်သစ်ပုံပြင်

တစ်ခါတုန်းက သားဖနှစ်ယောက် ကားတစ်စီးနဲ့ ခရီး
သွားကြသတဲ့ သားက ကားကိုမောင်းပြီး အေဖကေ
ဘးကထိုင်လိုက်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကားမောင်း
လာရင်း မထင်မှတ်ဘဲရာသီဥတုအခြေအနေပြောင်း
လဲလာ
ပြီး မုန်တိုင်းအရိပ်အယောင်တွေ့လာရပါသတဲ့။ ဒီတေ
ာ့ သားဖြစ်သူက သူ့အဖေကိုပြောတယ် အေဖမုန်
တိုင်းကျတော့မယ်ထင်တယ်ဘယ်လိုလုပ်ကြမလဲပြ
န်လှည့်မလား ဆိုတော့ အေဖျဖစ္သူက ဆက်ေ
မာင်း ငါ့သား ပြန်လှည့်လို့လည်းမုန်တိုင်းကလွတ်မယ်
ထင်လို့လားပြန်လှည့်လိုက်ရင် မုန်တိုင်းကမလွတ်တဲ့
အပြင် ငါတို့ရောက်ခဲ့ပြီးတဲ့ ခရီးပါအလကားဖြစ်သွားမ
ယ်ဆက်သာမောင်း လို့ဆိုတယ်...။ ဒီလိုနဲ့မောင်း
လာရင်း မုန်တိုင်းနဲ့ရင်ဆိုင်တိုးပါလေရော။ သားဖြစ်
သူကတထိတ်တလန့်လန့်နဲ့ ပြောပြန်တယ်။ အေဖ
အကာကွယ်ရမယ့်တစ်နေရာရာမွာ ကားရပ်ပြီးနားမ
လား သူများကားတွေတောင် လမ်းဘေးထိုးရပ်သွားြ
ကကုန်ပြီ မရပ်နဲ့ သားဆက်မောင်း သားဖြ
စ်သူလည်း ဖခင်စကားနားထောင်ပြီး ကားကိုသတိထား
ဆက်မောင်းနေခဲ့ပါတယ်။ ကားရှေ ့ကိုရောက်လာတဲ့
သစ်ကိုင်းသစ်ခက်တွေ ချုံနွယ်တွေကိုသတိထားရှောင်တိ
မ်းရင်းခက်ခက်ခဲခဲမောင်းနှင်လာခဲ့ပါတယ်။ ဒီလိုနဲ့
မောင်းလာရင်း.. မုန်တိုင်းကတဖြည်းဖြည်းငြိမ်လာကာ
မကြာခင်ပဲ ကောင်းကင်တစ်ခွင်ကြည်လင်ပြီး သာယာ
တဲ့ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရတယ်။ ဒီတော့မှ ဖခ
င်က သားဖြစ်သူကို ကားရပ်ခိုင်းပြီး သားကိုပြောတယ်
  သားနောက်ကိုပြန်လှည့်ကြည့်လိုက်စမ်းသား
သာ မုန်တိုင်းနဲ့ တွေ့တဲ့အချိန်မှာ ရပ်နားခဲ့မယ်ဆိုရင်ခု
ချိန်ထိမင်းမုန်တိုင်းထဲမှာရှိနေဦးမှာဒါပေမယ့် မုန်တိုင်း
ကို ရဲရဲရင်ဆိုင်ပြီးမရပ်မနားမောင်းနှင်လာခဲ့လို့ ခုလိုသာ
ယာတဲ့ လောကကြီးနဲ့တွေ့ရတာပေါ့ဒီလိုပဲသားဘဝ
မှာလည်း ဘယ်လိုအခက်အခဲတွေနဲ့ ကြုံလာပါစေဘ
ယ်တော့မှ မင်းရဲ ့ကြိုးစားအားထုတ်မှုကိုမရပ်လိုက်ပါနဲ့
ဘယ်လိုအခက်အခဲနဲ့ပဲတွေ့တွေ့ ရဲရဲရင်ဆိုင်ကျော်လွှား
သြားပါအဲလိုသာရင်ဆိုင်လိုက်မယ်ဆိုရင် အခက်အခဲြ
ပဿနာတွေဆိုတာလည်း မမြဲပါဘူးသာယာလှပတဲ့အြေ
ခအနေတွေနဲ့ မကြာခင်တွေ့ရပါလိမ့်မယ်။ဒီလိုမဟုတ်
ဘဲအခက်အခဲတစ်ခုကြုံလာတာနဲ့ မင်းရဲ ့ ကြိုးစားအား
ထုတ်မှုကို ရပ်တန့်လိုက်မယ်ဆိုရင်တော့ မင်းဟာအဲ့ဒီအ
ခက်အခဲကရုံးထွက်နိုင်ဖို့မလွယ်တော့ဘူး လို့ ဆုံးမ
လိုက်ပါတော့သတဲ့ကွယ်။ ## ဒီလိုပါပဲသယ်ရင်း
 ငါတို့တတွေနှစ်ဟောင်းကုန်လွန်လို့ နှစ်သစ်ကိုရေ
ာက်လာကြပြီ 2017 ဆိုတဲ့နှစ်သစ်ဟာ အကောင်းေ
တွကြုံလာနိုင်သလို အဆိုးတွေလည်းကြုံရဦးမှာမလွဲပါပဲ
 ဘာလို့လဲဆိုတော့ ငါတို့တည်ရှိနေတဲ့ လောကကြီးကို
က အဆိုးရောအကောင်းပါတည်ရှိနေလို့ပဲ။ ငါတို့ဟာ
အကောင်းတွေကိုသာရွေးချယ်ပြီးအဆိုးတွေကို လက်မ
ခံလို့မရဘူးလေ။ ဒါပေမယ့် ငါတို့လုပ်နိုင်တာတစ်ခုေ
တာ့ရှိတယ်။ အဲ့ဒါက ကြုံလာသမျှကို အကောင်းဘက်
ကတွေးနိုင်တယ်လေ။ တကယ်လို့ အဆိုးတွေနဲ့ကြုံလ
ာခဲ့ရင်တောင် မင်းရဲ ့ကြိုးစားအားထုတ်မှုကို မေလွ်ာ့လို
က်ပါနဲ့ရဲရဲရင်ဆိုင်လိုက်စမ်းပါမကြာခင် သာယာတဲ့
လောကကြီးကိုမြင်တွေ့ရပါလိမ့်မယ်
Credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ 
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

တန်ဖိုး

တခါက...
အိမ်တကာလှည့်ပြီး လက်ခစားအဝတ်ချုပ်တ့ဲအလုပ်ကို လုပ်တ့ဲ အဝတ်ချုပ်သမားတစ်ယောက် ရှိတယ်။
တနေ့တော့ သူဟာ သူဌေးကြီးတစ်ဦးရဲ့အိမ်မှာ ဝတ်စုံတစ်စုံချုပ်ပေးဖို့ အလုပ်အပ်နှံခြင်း ခံရသတ့ဲ။

ဒါနဲ့...
သူဌေးကြီးထံကနေ သူချုပ်ပေးရမယ့် အဝတ်စကို တောင်းယူပြီးတ့ဲအခါ၊ ပြောင်လက်တောက်ပပြီး တန်ဖိုးကြီးပေးရတ့ဲ ကတ်ကြေးတစ်လက်နဲ့ အဝတ်စကို လိုအပ်သလို ကိုက်ဖြတ်လိုက်တယ်။
ပြီးတာနဲ့ အဲဒီကတ်ကြေးကို သူခြေထောက်နားမှာ ချထားလိုက်တယ်တ့ဲ။
အဲဒီနောက်တော့... ...
အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုးအချို့ကို ထုတ်လိုက်ပြီး၊ ခုနက အပိုင်းပိုင်းဖြတ်ထားတ့ဲ အဝတ်စတွေကို စတင်ချုပ်လုပ်တော့သတ့ဲ။
အချိန်အတော်ကြာလို့ လှပသေသပ်တ့ဲ ဝတ်စုံကို ချုပ်လုပ်ပြီးတ့ဲအခါမှာတော့... ...
သူဟာ...
အဝတ်ချုပ်တ့ဲအပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတ့ဲ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီးထိုးထားလိုက်လေတယ်။
ဒီတော့...
သူ့ရဲ့လုပ်ပုံကိုင်ပုံကို အစအဆုံး စောင့်ကြည့်နေတ့ဲ သူဌေးကြီးက မနေနိုင်တော့ပဲ သူ့ကိုမေးတယ်... ...
"မိတ်ဆွေ... တန်ဖိုးကြီးပြီး တောက်ပြောင်လှပတ့ဲ ကတ်ကြေးကိုတော့ သင့်ခြေထောက်ရင်းမှာ ထားပြီး၊ ဘာမဟုတ်တ့ဲ တန်ဖိုးနည်းအပ်လေးကိုတော့ ဘာဖြစ်လို့ သင့်ဦးခေါင်းထက်မှာ တရိုတသေ သိမ်းဆည်းရတာပါလဲ"
စက်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ်... ...
"အရှင်သူဌေးမင်း... ... ကတ်ကြေးဟာ တောက်ပြောင်လှပပြီး တန်ဖိုးကြီးပေးရတာ မှန်ပါတယ်၊ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း ကိုက်ဖြတ်တာပဲ လုပ်တယ်၊ အပ္ကေလးကေတာ့ သူနဲ့ ဆန့်ကျင်ဘက်ပါ၊ သူက အမြင်မလှမပနဲ့ တန်ဖိုးလည်းနည်းပေမယ့် အပိုင်းပိုင်းဖြစ်နေတ့ဲ အဝတ်စတွေကို ပေါင်းစီးပေးနိုင်ပြီး သေသပ်လှပတ့ဲ ဝတ်စုံတစ်စုံအဖြစ် ဖန်တီးပေးနိုင်တယ်၊ ကျနော့်အတွက်တော့ အပ္ကေလးဟာ ကတ်ကြေးထက်ပိုပြီး အလေးအမြတ်ထားရမယ့် ပစ္စည်းတစ်ခု ဖြစ်ပါတယ် သူဌေးမင်း"
ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ်... ...
"ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်တ့ဲအခါ သူ့ကိုပေးချေရတ့ဲ ငွေကြေးနဲ့ မပိုင်းဖြတ်ပါဘူး၊ အဲဒီပစ္စည်းဟာ လောကကြီးအတွက်၊ ဘယ်လောက်တောင် အသုံးဝင်သလဲဆိုတ့ဲအပေါ် မူတည်ပြီး သတ်မှတ်ရပါတယ်"... တ့ဲ။
ပုံပြင်လေးးကတော့ ဒီလောက်ပါပဲ
ကျွန်တော်တို့တွေလည်း လောကအလယ် ရုန်းကန်လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်းကြတ့ဲအခါ လူနှစ်မျိုးနှစ်စားတွေ့နိုင်တာပေ့ါ။
ကတ်ကြေးလို လူမျိုး
နဲ့
ချုပ်အပ်လေးလို လူမျိုး
စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲဖျက်စီးနိုင်တ့ဲ၊ အရာရာကို ကိုက်ဖြတ်ပိုင်းစုတ်နိုင်တ့ဲ ကတ်ကြေးလို လူမျုးိတွေကို သတိထားရှောင်းရှားကြရမယ်... ....
လောကလူ့ရွာအတွက် ကောင်ကျိုးပြုပြီး စည်းလုံးညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတ့ဲ ချုပ်အပ်လေးလို လူမျုးိကို ပေါင်းသင်းဆက်ဆံ တန်ဖိုးထားရမယ်....
ဒါပါပဲ
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

ဖယောင်းတိုင်လေးတိုင်ပုံပြင်

      တစ်ခါတုန်းက အခန်းလေးတစ်ခန်းထဲမှာ ဖယောင်းတိုင်လေးလေးတိုင် ထွန်းလင်းတောက်ပနေကြပါသတဲ့...။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် သူတို့လေးတွေ စကားပြောနေကြတာကို အတိုင်းသားကြားနေရတာပေါ့။

ပထမဖယောင်းတိုင်လေးက ပြောတယ်

ငါက ငြိမ်းချမ်းမှုဖယောင်းတိုင်လေးပါ ဘာပဲဖြစ်ဖြစ် ငါ့ကိုဘယ်သူမှဂရုမစိုက်ကြတော့ရင် ငါ့မီးတောက်ကလေး ငြိမ်းသွားမှာသေချာတယ်

ဒီလိုနဲ့ ပထမဖယောင်းတိုင်လေးရဲ ့ မီးတောက်လေးဟာ တဖြည်းဖြည်းမှိန်လာပြီး လုံးဝငြိမ်းသွားပါတော့တယ်။

ဒုတိယဖယောင်းတိုင်လေးကလည်း ပြောတယ်

ငါကေတာ့ ယုံကြည်ချက် ဆိုတဲ့ဖယောင်းတိုင်လေးပါ ငါကမရှိမဖြစ်အရာမဟုတ်ပါဘူးငါ့အလင်းရောင်ထွန်းလင်းနေလို့လည်း ဘာမှထူးခြားမှုဖြစ်လာမှာမဟုတ်ပါဘူး

လို့ ပြောပြီးမကြာခင် လေပြေလေးတစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင်မီးစလေးလည်း ငြိမ်းသွားပါတယ်။

တတိယဖယောင်းတိုင်းလေးကလည်း သူ့အလှည့်ရောက်လာတော့ ဝမ်းနည်းစွာနဲ့ပြောတယ်

ငါက ချစ်ခြင်းမေတ္တာတရား ပါ။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး။ လူတွေက ငါ့ကိုဥပေက္ခာပြုထားကြပြီး ငါ့ရဲ ့ အရေးပါမှုကို နားမလည်ကြတော့ဘူးသူတို့နဲ့ အနီးဆုံးလူတွေကိုတောင် မေတ္တာထားဖို့ မေ့လျော့နေကြကုန်ပြီ

လို့ဆိုပြီး ခဏအကြာမှာ ငြိမ်းသွားပြန်သတဲ့။

ရုတ်တရက် အခန်းထဲကို ကလေးလေးတစ်ယောက်ဝင်လာပြီး ဖယောင်းတိုင်လေးသုံးတိုင်က မီးငြိမ်းနေတာတွေ့လိုက်တယ်။

 ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင်ကုန်တဲ့အထိမလင်းဘဲ ငြိမ်းသွားတာလဲ လို့ဆိုပြီး ကလေးလေးက ငိုပါသတဲ့။

ဒီတော့ စတုတၳဖယောင်းတိုင်လေးကပြောတယ်

ဘာမွ မပူပါနဲ့ ကေလး ငါ့အလင်းရောင်တွေမငြိမ်းသေးသ၍ ဟိုငြိမ်းသွားတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလို့ရပါတယ်ငါကေတာ့ မျှော်လင့်ချက် ဖယောင်းတိုင်လေးပါ လို့ဆိုသတဲ့။

ကလေးလေးရဲ ့မျက်ဝန်းမှာ အရောင်လေးတွေတောက်ပလာပြီး မျှော်လင့်ချက် ဖယောင်းတိုင်လေးကို ယူကာ ငြိမ်းနေတဲ့ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလိုက်ပါတော့သတဲ့။

ဒီလိုပါပဲ သယ်ရင်းရေ မျှော်လင့်ချက် ဆိုတဲ့ မီးတောက်လေးကို ငါတို့ဘဝတွေထဲက ပျောက်ကွယ်မသွားစေသင့်ဘူးဒါမွသာ ငါတို့တတွေရဲ ့ မျှော်လင့်ချက် ယုံကြည်ချက်ငြိမ်းချမ်းမှု နဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ထာဝရ ထိန်းသိမ်းထားနိုင်မှာပေါ့။

မင်းက မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင်ပြုပါလိမ့်မယ် မျှော်လင့်ချက်ကတော့ မင်းကို ဘယ်တော့မှ စွန့်ပြစ်မသွားပါဘူး။ မင်းရဲ ့ အကြောက်တရားက ပြောတာတွေနားမထောင်ပါနဲ့မင်းရဲ ့မျှော်လင့်ချက်နဲ့ အိပ်မက်တွေက ပြတဲ့လမ်းကိုသာ ဆက်လျှောက်ပါ။

အခက်အခဲပြဿနာတွေကို မတွေးပါနဲ့ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေကိုသာ တွေးပါ။

မင်းရဲ ့ ပင်ပန်းမှုတွေကျရှုံးမှုတွေကို မကြည့်ပါနဲ့ ဘာကြောင့် ရှေ ့ဆက်သင့်တဲ့ အကြောင်းကိုသာ စိတ်ဝင်စားပါ

ဦးသုည

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)

တံငါသည်နဲ့သူေဋ္ဌးကြီးတို့ရဲ့ ပုံပြင်

       တခါ တုန်းက တံငါရွာလေး တစ်ရွာရဲ့ သဲသောင်ပြင်မှာပေါ့ ....
တံငါသည် တစ်ယောက်ဟာ သောင်ပြင်ပေါ်မှာ
ခြေပစ် လက်ပစ် ဇိမ်ကျကျလေး အနားယူ နေလေရဲ့ ....
ဆေးပေါ့လိပ်လေး ဖြာ လိုက်
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
တေးသွား တစ်ချို့ ငြီးလိုက် နဲ့ပေါ့ ...
အဲ့ဒီ အချိန်မှာပဲ
အပန်းဖြေ ခရီးထြက္လာတဲ့ သူေဋ္ဌးကြီး တစ်ယောက် ဟာ
သောင်ပြင် တလျှောက် လျှောက်လာလေရဲ့ ...
လာရင်းနဲ့ သူေဋ္ဌးကြီးက
တံငါသည်ကို တွေ့တဲ့ အခါ
စကားစမြည်ပြောဖို့ အနားကို လျှောက်လာပြီး
စကား စ လိုက်တယ် ...
သူေဋ္ဌးကြီး ။ မောင်ရင် ဒီမွာ ဘာလုပ် နေတာတုန်းကွ ...
တံငါသည် က သူ ဇိမ်ကျနေတာကို နှောက် ယှက်ရန်ကော ဆိုတဲ့
မျက်နာပေး မျိုးနဲ့ သူေဋ္ဌးကြီးကို ကြည့်ရင်း ဖြေတယ် ...
တံငါသည် ။ မြင်တဲ့ အတိုင်းပဲလေ သူေဋ္ဌးမင်းရယ်
သောင်ပြင်မှာ အိပ်နေတာလေ
သူေဋ္ဌးကြီး ။ ဟ မောင်ရင်က ဒီ အချိန်မှာ အနားယူနေပြီလားကွ
အလုပ် ဆက် မလုပ်တော့ ဘူးလား
တံငါသည် ။ ဟောဗျာ မနက္က လုပ်ပြီးပြီလေဗျာ
နေ့ဖို့ ညစာ ရပြီးပြီ
တော်ပြီပေါ့ ...
သူေဋ္ဌးကြီး ။ မဟုတ်သေးဘူးလေ မောင်ရင်ရယ်
ဒီ အချိန်မှာ နားမေနဘဲ
အလုပ် ဆက်လုပ်နေမယ်ဆိုရင်
မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ ...
တံငါသည် ။ ဟာဗ်ာ
ငါးတွေ အများကြီးရတော့ ဘာလုပ်ရမှာလဲ
အခုလဲ စား လောက် နေတာပဲ...
သူေဋ္ဌးကြီး ။ ဟ ငါးတွေ အများကြီးရတော့ ဈေးမှာ သွားရောင်း
ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ ...
တံငါသည် ။ ကဲ ဗ်ာ အဲ့ပိုက်ဆံတွေ အများကြီး ရလာတော့ ဘာလုပ်ရမှာလဲ
သူေဋ္ဌးကြီး ။ ဟ ပိုက်ဆံတွေအများကြီး ရလာတော့
ငါ့လို စက်လှေ ဝယ်ပြီး လူငွားနဲ့ ဖမ်းခိုင်းပေါ့ကွ ...
ပြီးရင် ရတဲ့ ပိုက္ဆံနဲ့ စက်လှေတွေ ထပ် ထပ်ဝယ်....
လူတွေ ထပ်ထပ်ငှား..
ပိုက်ဆံတွေ ရပြီးရင်း ရ ..
ဝင်လာ မစဲ တ သဲသဲ ပေါ့ကွာ...
တံငါသည် ။ ဟုတ်ပါပြီ
အဲလို ဝင်လာမစဲ တ သဲသဲ တော့ ဘာဖြစ်တုန်း...
ဒီ တစ်ခါတော့ သူေဋ္ဌးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့
သူေဋ္ဌးကြီး ။ ဟ... ကိုယ်တိုင် အလုပ် မလုပ်ဘဲ
ပိုက္ဆံ ကို ပြန် အလုပ် လုပ်ခိုင်းနိုင်မှတော့
မင်း ငါ့လို ဇိမ် နဲ့ နေနိုင်ပြီ ...
အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ...
ငတုံး ရ ... မင်း က လည်း ဝေး ပ ....
တံငါသည်က သူေဋ္ဌးကြီးကို အ ရန် ကော ဆိုတဲ့
မျက်နှာပေးမျိုး နဲ့ စောင်း ငဲ့ ကြည့်တယ်
ပြီး တော့ ဒီလို ပြောပါလေရော ...
တံငါသည် ။ ဟ ကျုပ်က မေဝးဘူးဗ်..
ခင်ဗျားကမှ ဝေး တာ ...
အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း..
သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ္က်က်နဲ့ နှပ်နေတာလေ...
ခင်ဗျားကမှ ခင်ဗျား စက်လှေတွေ ရန်သူမျိုးငါးပါး ဖ်က္ဆီးမလား...
အလုပ်သမားတွေများ မဟုတ္တာ လုပ္မလား...
ဆိုတာတွေ စိတ်ပူရင် ပူရမယ်...
ကျုပ်က အေးဆေးပဲဗျ...
ဘာမွ အပူ အပင် မရွိဘူး...
အခု ခင်ဗျား နားနေနိုင်တာထက်တောင်
ကျုပ်က နားနေနိုင်သေးတယ် ...
ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ္လား ...
စကား အဆုံးမှာတော့ ....
သူေဋ္ဌးကြီး တစ်ယောက် တံငါသည် ကို ဘာပြန်ပြောရမှန်းမသိဘဲ
ဆွံ့အ သွားလေရဲ့ ...
-----+++++-------+++++-------
ကဲဗ်ာ...စာဖတ္သူ မိတ်ဆွေက ပုံပြင်ကို ဒီမွာ ပြီးပြီ ထင်လို့လား..
ဒီမွာ ပြီးစေချင်တာလား....
ပြီးစေချင်ရင်လည်း ဆက်မဖတ်ဘဲ နေပေါ့ဗျာ...
ကျွန်တော် ပုံပြင်ကတော့ မပြီးသေးဘူးဗျ....

( ဒီမှာပြီးလိုက်ရင်
ကိုဇင်ဇေ ပုံပြင်ဟောင်းကြီး အဆန်းလုပ်ပြီး
ပြန်ပြောနေတယ် ပြောကြမှာပေါ့ဗျ ... )
ဆက်ဖတ်လိုက်ပါဦးဗျာ ...
.
.
.
.
.
.
.
.
.
သူေဋ္ဌးကြီး တစ်ယောက် တံငါသည်ကို
ဘာပြန်ပြောရမလဲ ရုတ်တရတ် မသိဖြစ်နေတုန်းမှာပဲ
အမျိုး သမီးတစ်ယောက် သောင်ပြင် တလျှောက် ပြေးလာတာတွေ့လိုက်ရတယ် ...
ပါးစပ္က နာမည် တစ္ခုကို လည်း တကြော်ကြော် အော်ရင်းနဲ့ပေါ့ ...
ကို ဖိုးပျင်း ရေ .... ကို ဖိုးပျင်း ရေ ...
တံငါသည် လှဲနေရာက လူးလဲ ထကြည့်တယ် ...
သူ့ မိန်းမ အသံကိုး ...
အဲ... မိန်းမ က ပြေးလာရင်း အနားရောက်တော့
အေမာတေကာ ပြောတယ်...
မိန်းမ ။ ကိုရင် ရေ ကိုရင် ...
ကိုရင့် အမေကြီး ရုတ်တရတ် အမောဖောက်လို့ တော့...
ကျုပ်လည်း ဘာလုပ်ရမှန်းမသိလို့ ...
တံငါသည် ။ ဟ ဘာလုပ်ရမှာလဲဟ
ဆရာဝန် ခေါ်လေ ... ဆေးရုံတင်လေ ...
မိန်းမ ။ ဘာရှင့် ...
ရှင်ပြောတော့ လွယ်တာပေါ့..
ဘယ်မှာလဲ ပိုက္ဆံ...
တံငါသည် ။ ဟ ပိုက္ဆံ မရွိဘူးလားကြ..
မရွိ ရှိအောင် ရှာရမှာပေါ့ ...
အေမ့ကို ဒီ အတိုင်းထားလို့ ရ မလား ကြ...
မိန်းမ ။ ဘာရှင့် ...က်ြန္မက ဒီလို ရုတ်တရက်ကြီး ဘယ္က သြားရွာရမွာလဲ
စားလောက်ရုံ လောက် ရှာပြီး
အပျင်း တစ်နေတဲ့ ရှင်က
စုမိ ဆောင်းမိ ရှိလောက်အောင် က်ြန္မကို ရှာကျွေးတာမို့လို့လား ...
ဘယ္ပိုက္ဆံနဲ့
ရှင့် အေမကို ဆေးကုပေးမှာလဲ...
ဘယ္ဆရာဝန္က အလကား ကုပေးမှာလဲ...
ဘယ်ဆေးရုံက အလကား နေခိုင်းမှာလဲ...
ဆေးရုံသွားဖို့တောင် ဘယ္ကားဆရာက ခေါ်သွားပေးမှာလဲ ...
တစ်ယောက် တစ်လေ ကူညီကြတယ်ထား...
ကျန်တဲ့ အသုံး စရိတ္ကို ဘယ္လို ရှာကြမလဲ...
အဲ့ ကူညီမယ့် လူကိုရော ဘယ္က သြားရွာရမွာလဲ ...
.
.
.
.
.
ရုတ်တရက် ပါးစပ္က တရစပ် ပစ်လှွတ်လိုက်တဲ့
သူ့မိန်းမ ရဲ့ "လဲ..." မေးခွန်းတွေကို ကြားတော့
တအံ့တ သြ နဲ့ ပါးစပ် အဟောင်းသား ...
ဘာပြန်ပြောရမှန်းမသိဖြစ်သွားတဲ့လူက
ဒီ တခါ... ကို ရွှေ တံငါသည် ပေါ့ ....
.
.
.
တစ်ချိန်လုံး ပွဲကြည့် ပရိသတ် ဖြစ်နေခဲ့ရတဲ့
သူေဋ္ဌးကြီးက တံငါသည်ကို
" မောင်ရင် အခုတော့ သိပြီ မဟုတ္လား " ဆိုတဲ့ အကြည့်မျိုး နဲ့ ကြည့်တယ် ...
ပြီးတော့ သက်ပြင်း တစ္ခ်က္ခ် ...
တစ္ခုခု ဆုံးဖြတ်လိုက်ဟန်နဲ့
သူ့ ရဲ့ အသျပာ အိတ် ရွိရာဆီ လက် ကို လှမ်းလိုက်တယ် ...
တံငါသည် နဲ့ သူ့မိန်းမတို့ကတော့
နောင်တ တွေ မျှော်လင့်ချက် တွေ ရောပြွန်းနေတဲ့
အကြည့်နဲ့ သူေဋ္ဌးကြီးရဲ့ လက် သြားရာကို
ငေး ....မော... ကြည့် ....နေရင်း.... နဲ့.... ပေါ့ ....
++++++++++++++++++++++++++++++++++++++
စာကြွင်း ။
ခင်ဗျားတို့ ကျွန်တော်တို့ ဘဝမှာရော
တံငါသည်လို လူတွေ မ်ားလား ...
သူေဋ္ဌးကြီးလို လူတွေများလား ...ဗ်
ကျွန်တော်တို့ ကိုယ်တိုင်ရော ဘယ်လိုလူတွေလဲ ?
အရေးကြုံမှ " အေဖ ကယ် ပါ ... အမေကယ်ပါ " တ ရ လောက်အောင်ပဲ...
ဘဝကို ပေါ့ပေါ့ပါးပါး ...
မပြင်မဆင် ဖြတ်သန်းသွားကြတာလားဗျ ...
ပျင်းရိခြင်းကို ရောင့်ရဲခြင်းဆိုတဲ့
မျက်နှာဖုံး လွလွ လေးများ ဆင်မြန်းပေးမိသေးလားဗျ....
တစ္ခုခု ကြုံလာခဲ့ရင် ပုံပြင်ထဲက သူေဋ္ဌးကြီးလို
ကူညီမယ့်လူ ပေါ်လာမယ်လို့များ မျှော်လင့်နေမိသလားဗျ ?
ကျွန်တော်တို့ တစ်ယောက်ချင်း အတွက် ...
ကျွန်တော်တို့တစ်မိသားစုချင်း အတွက် ...
ကျွန်တော်တို့ မျိုးနွယ်စု တစ်စုချင်း အတွက် ..
ကျွန်တော်တို့ နိုင်ငံ ကြီး အတွက် ...
ကျွန်တော်တို့ ကမ်ဘာ ကြီး အတွက် ...
ကယ်တင်ရှင်ကို မွီခို နေကြမိသလား ...
ကိုယ့် ဟာကို အချိန် တိုင်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေကြမိသလား...
ဒီပုံပြင်ကနေ စဉ်းစားစရာက
ကျွန်တော်တို့ဟာ ...
တံငါသည်လို စောစောစီးစီး နားမလား...
သူေဋ္ဌးကြီးလို မ်ားမ်ားစားစား အရင် ကြိုးစားပေးဆပ်မလား..
သူေဋ္ဌးကြီးရဲ့ လက် သြားရာ ကို
ငေးမော ကြည့် နေ ရတဲ့ ...
တံငါသည် တစ်ယောက် ...
တံငါသည် တစ္စု...
တံငါသည် တစ်မျိုးသား တစ်နိုင်ငံလုံး ရဲ့ ဘဝ ဟာ.....
...................................
..................................
.............................
လေးစားလျှက်
ကိုဇင်ဇေ

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

ဘဲပုံပြင်

          စာရေးသူတို့ မြန်မာလူငယ်တွေကို တိုက်ရိုက်ပြောနေသလားလို့ ထင်ရတယ့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ် စာရေးသူ ဟောပြောပွဲတိုင်းလိုလို ထည့်ပြောလေ့ရှိတဲ့ ပုံပြင်တစ်ပုဒ်ပါ 

 တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မြင်းတစ်ကောင်ရယ် ငှက်တစ်ကောင်ရယ် ငါးတစ်ကောင်ရယ် ဘဲတစ်ကောင်ရယ် ရှိကြတယ် ။ မြင်းဆိုတဲ့ သတ္တဝါက အပြေးသန်တယ် ငွက္က အမြင့်ပျံနိုင်တယ် ငါးက ရေကူးမြန်တယ် ဘဲကေတာ့ ပြေးလို့လည်း ရတယ် ပျံလို့လည်း ရတယ် ရေလည်း ကူးတတ်တယ် ။ အမွတ္တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။ ဒါပေမယ့် တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် ပါဘူး . ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး ရေကူးတော့လည်း ငါးလောက် မကူးတတ္ဘူး ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရင် ဘဲဟာ ဘယ်ဘက်မှာမှ professional မဖြစ်ပါဘူး ။ ဒါကြောင့် ဘက်စုံဆိုတဲ့စကားဟာ အမှတ်တမဲ့ကြည့်လိုက်ရင် အထင်ကြီးစရာလို ထင်ရပေမယ့် ဘက်စုံတတ်တာတော့ ဟုတ်ပါတယ် တကယ် ကျွမ်းကျင်ရဲ့လားဆိုတာက ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။

စာရေးသူတို့ မြန်မာလူငယ် အချို့ဟာလည်း ပုံပြင်ထဲက ဘဲလိုပဲ ဟိုစပ်စပ် ဒီစပ်စပ်တွေ လိုက်လုပ်ပြီး professional မဖြစ်တာတွေ တွေ့နေရပါတယ် ။ ခေတ်ရဲ့ လိုအပ်ချက် ဒါမှမဟုတ် လွှမ်းမိုးမှု တွေ အပေါ်မူတည်ပြီး သင်တန်းပေါင်းစုံကို လိုက်တက်ကြပါတယ် LCCI ဆိုရင် လိုက်ပြီးတော့ LCCI တက်ကြတယ် Management ဆိုရင် Management သငေ်္ဘာသား ဆိုတော့လည်း သငေ်္ဘာသား LCCI လောက်နဲ့ မရေတာ့ဘူး ACCA ဆိုတော့ ACCA ကိုရီးယားသွားတာတွေ ခေတ်စား လာတော့ ကိုရီးယား ဒီကြားထဲ ဆေးဝါးကျွမ်းကျင်တွေ ဘာတွေတောင် အဆစ်ပါလိုက်သေးတယ် ။ အခုလည်း MBA ဆို အားလုံးက MBA နေကြပြန်ပြီ . အဲဒီလို သင်တန်းပေါင်း မ်ားစြာကို တက်ပြီးတော့ Certificate တွေ စုထားလိုက်ကြတာ တစ်ချို့ချို့တွေမှာ အိမ်ဆောက်ရင် အမိုးအကာတောင် မလိုတော့ဘဲ ရထားတဲ့ လက်မှတ်တွေနဲ့ မိုးလို့ ကာလို့ ရလောက်အောင် များကြပါတယ် ။

ပြီးတော့ ဘာကို သေသေချာချာ ကျွမ်းကျင်လဲလို့ မေးလိုက်ရင် ဟိုဟာလည်း သိသလိုလို ဒီဟာလည်း တတ္သလိုလို နဲ့ ဘာမွကို ရေရေရာရာ မတတ္ဘူး ဖြစ်နေတတ်ကြပါတယ် ။ တကယ်စိတ်ဝင်စားလို့ တကယ်လိုအပ်လို့ တက်ရင် ဘယ်သင်တန်းမဆို တက်ပါ တက်ပြီးရင်လည်း တတ်အောင် လုပ်ပါ တကယ်တတ်ကျွမ်းကျင်ရင် တကယ် နေရာရှိပါတယ် ။ ဘာမွ မတတ်ရင်တော့ ဘယ်လောက်ပဲ လက်မှတ်တွေကိုင်ထားပါစေ နေရာရဖို့ မလွယ်ပါဘူး ။ ဟိုတစ်လောက်က ဆယ်တန်းမှာ ဝိဇ္ဇာ ဘာသာတြဲ ယူတဲ့သူတွေ နည်းလာတယ် လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ် ။ ပထဝီ၊ သမိုင်း စတဲ့ ဝိဇ္ဇာ ဘာသာရပ်တွေနဲ့ ကျောင်းပြီးရင် ဘာမွ လုပ်လို့မရဘူးလို့ ယူဆကြတဲ့အတွက် ယူတဲ့ သူတွေ နည်းလာတာပါလို့ ဖတ်ရပါတယ် ။ ဒါဆိုရင် သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း၊ မြန်မာစာပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်တို့ လို လူမျိုးတွေကို ဘယ္လို ပေါ်ထွက်လာပါသလဲ ။

နိုင်ငံတစ်နိုင်ငံဆိုတာ ကဏ္႑တစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး သက်ဆိုင်ရာရာ ကဏ္႑အလိုက် တတ်ကျွမ်းကျင်တဲ့သူတွေ လိုပါတယ် ။ ကဏ္႑တစ်ခုတည်းမှာ စုပြုံနေလို့ အဆင်မပြေ ပါဘူး ။

ဒါကြောင့် ဝင်ငွေကောင်းတာ လူပြောများတာတွေထက် ကိုယ်တကယ် လုပ်ချင်တဲ့ နယ္ပယ္ကို ရွေးပြီး တတ်ကျွမ်းကျင်အောင် လေ့လာသင်ယူကြစေချင်ပါတယ် ။

မြန်မာလူငယ်တွေ ပုံပြင်ထဲက ဘဲလို မဖြစ်စေဖို့ ဘယ်နေရာမှာ ဘယ်နယ်ပယ်မှာ ဖြစ်ပါစေ တကယ်တတ်ကျွမ်းကျင်အောင် လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ .

လူငယ်တိုင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ တတ်ကျွမ်းကျင်ပြီး အောင်မြင်နိုင်ကြပါစေ  

အောင်ကိုဦး(UMK)

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)

တောင်ဆိတ်ပုံပြင်


တစ်ခါက မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ် တွေ နောက်ကို
အမဲလိုက်မုဆိုးတွေ လိုက်ကြရင်းနဲ့ ချောက်ကမ်းပါး တစ္ခု ရဲ့ ထိပ်မှာတောင်ဆိတ် အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ ၊ ပိတ်မိသွားတယ်။သူတို့ ခုန္ကူး နိုင်တာထက် ချောက်ကမ်းပါးက ပိုကျယ်နေတယ်။အောက်မှာ ကလဲ ရေစီး သန်တဲ့ ချောင်းနက်ကြီး။

တောင်ဆိတ်တွေက အလြန္ဆုံးမွ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။
ချောက်ကမ်းပါးက တစ်ဆယ် မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။
မုဆိုးတွေကတောင်ဆိတ်အုပ်ကြီး ဘယ္လိုမွ ပြေးမလွတ်တော့ဘူး။လွယ်လွယ်နဲ့ အကုန်ဖမ်းမိပြီလို့ တွက်ကြတယ်။သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲကြည့်နေကြတယ်။

သူတို့ကြည့်နေတုံးမှာ တောင်ဆိတ်တစ်ကောင်က အရဲစွန့်ပြီး လွှားကနဲခုန်ကူးလိုက်တယ်။အလှမ်းကျယ်လွန်းလို့ တစ်ဖက်ကမ်းဆီ မရောက်ပဲချောက်ကမ်းပါးနက်ထဲ ပြုတ်ကျ သွားပြီး၊ ရေစီးထဲမျောပါသွားတယ်။
နောက်ထပ်တစ်ကောင်မှ ထပ်မခုန်ရဲတော့ဘူး ။ကြောက်လန့် တုန်လှုပ် နေကြတယ်။

အဲဒီအချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။တောင်ဆိတ်ခေါင်းဆောင်ဟာ ကြောက််လန့်တကြား ဖြစ်နေတဲ့ သူ့ အုပ္စုကို အသံကျယ်ကျယ် နဲ့ အချက်ပေးလိုက်တယ်။
သူ့အသံကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ္စု နှစ်ခုခွဲလိုက်ကြတယ်။
တစ်အုပ်စုက အသက်ကြီးရင့်နေတဲ့ တောင်ဆိတ် အိုတွေ၊နောက်တစ်အုပ်စုက တောင်ဆိတ် ငယ်တွေ တောင်ဆိတ်ပျိုလေးတွေ၊မုဆိုးတွေကလဲ သူတို့ ဘာဆက်လုပ်ကြမလဲလို့ စိတ်၀င်တစား
စောင့်ကြည့်နေကြတယ်။

နောက်တစ်ခါ တောင်ဆိတ်ခေါင်းဆောင်က အချက် ထပ်ပေးလိုက်တော့
တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီးခုန်ကူးကြတယ်။တောင်ဆိတ်အို တွေက အရင်ဆုံး စပြီးခုန်တယ်။စက္ကန့် ပိုင်းခြားပြီး တောင်ဆိတ်ငယ်လေးတွေက သူတို့ နောက်မှာ
လိုက်ခုန်ကြတယ်။အဲလို အရင်ခုန်လိုက်လို့ နဲနဲလေးရှေ့ကို ကြိုရောက်ပြီး အောက်မှာ ရောက်
နေတဲ့ တောင်ဆိတ်အို တွေ ရဲ့ ကိုယ်ပေါ်ကို နင်းပြီး နောက်တစ်ဆင့်အားယူပြီး ထပ်ခုန်လိုက်တော့ တောင်ဆိတ်ငယ်လေးတွေဟာတစ်ဖက်ကမ်းကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားကြတယ်။

တောင်ဆိတ်အိုတွေကတော့ ချောက်ကမ်းပါး ထဲ အကျခံပြီး စတေးခံသွားကြရှာတယ်။တောင်ဆိတ်ခေါင်းဆောင် ကြီးကလဲ သူ့ အုပ်စုအကုန်ခုန်ကူးပြီးသွားတဲ့ အထိ အချိန်ရအောင်ထင်ပါတယ်
မုဆိုးတွေ ဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုး၀င်လာလို့ သေနတ်နဲ့ ပစ််ရတယ်။သေနတ် တစ်ချက်မှန် သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီးရှေ့ဆက်တိုး၀င်လာလို့ ထပ်ပစ်ရတယ်။
နှစ်ချက်သုံး ချက်မှန်သွားမှပဲ ချောက်ထဲပြုတ်ကျသွားတယ်။

မုဆိုးတွေဟာ တောင်ဆိတ် ခေါင်းဆောင် ရဲ့ခေါင်းဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အိုတွေရဲ့ စွန့်လွတ်အနစ်နာခံတတ်တဲ့ စိတ္ကို အခုထိ လက်ဆင့်ကမ်းပြောပြနေကြတယ်။
ဒီပုံပြင်ဟာ တျခား တိရိ စၧာန် တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေကရှင်သန်ကျန်ရစ် နေနိုင်တာလဲ ဆိုရဲ့ အဖြေပါပဲတဲ့ ။
credit to မောင်စိန်၀င်း ( ပုတီးကုန်း )
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)

အိုင်တီကုဋေရှစ်ဆယ် သူေဋ္ဌးသားပုံပြင်



ဖိုးဖိုး ပုံပြောပြပါ

အသံနဲ့ အတူ အိမ်ထဲ ပြေးဝင် လာတာက မြေးလေး မောင်ဝါဝါ။ သူပျင်းပြီဆို ဖိုးဖိုးဆီ ရောက်လာပြီး ပုံပြင်တွေ ပြောပြ ခိုင်းတတ်တာ ထုံးစံပဲ။ ဖိုးဖိုးလည်း ပြောဖို့ ပုံပြင်ကို မနည်း စဉ်းစား ရတယ်။ သူပုံပြင် နားထောင် ချင်ပြီဆို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြံဖန် ပြောပြနိုင်မှ မဟုတ်ရင် ဒီကောင်က လြယ္တာ မဟုတ္ဘူး။ ဒါနဲ့ပဲ မြေးလေး မောင်ဝါဝါကို အရင် အမောဖြေ၊ ထိုင်ခိုင်း လိုက်ရတယ်။

အေးပါကွာ .. ပြောပြပါ့မယ်၊ အသက်လေး ဘာလေး မှန်မှန် အရင်ရှူဦး

ရပါတယ် ဖိုးဖိုးရ၊ အားတဲ့ အချိန်လေး လာရတာ၊ မြန်မြန်သာ ပြောပြ

ဒါဖြင့် .. ကုဋေရှစ်ဆယ် သူေဋ္ဌးသားအကြောင်း ပြောပြမယ်၊ ဒီလိုကြာ .. ဟိုးရှေးရှေးတုန်းက 

အာ .. ဖိုးဖိုးကလည်း .. ရှေးသရောခါ ပြည်ဗာရာဝယ် ကုဋေကြွယ်ထား သားတစ်ယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍ စာပေမတတ် .. ဘာညာကွိကွနဲ့ သိပြီးသားကြီး၊ ကျောင်းမှာတုန်းကတောင် သင်ခဲ့ရတဲ့ဟာကို

သေချာ မှတ်မိလို့လား ငါ့မြေး မောင်ဝါဝါရဲ့

မှတ်မိတာပေါ့ .. ဟိုးရှေးရှေးတုန်းက ဒီမိုဏသီ ပြည်မှာ 

ဗာရာဏသီပြည် လုပ်ပါ .. ငါ့မြေးရယ်

အဟီး .. ဘွာတေး ဘွာတေး .. ဖေ့ဘုတ်မှာ ဒီမိုနာမည် တပ်ကြတာ ခေတ်စားနေတာစိတ်ထဲ စွဲနေလို့ .. ဆက်ပြောမယ်..

အေး .. အေး ပြောပါဦး

ဗာရာဏသီပြည်မှာ သူေဋ္ဌးကြီး တစ်ယောက် ရှိတယ်လေ၊ သူ့မှာ တစ်ဦးတည်းသော သားလေး တစ်ယောက် ရှိတယ်၊ အဲဒီ သားလေးကို သူေဋ္ဌးကြီးက အရမ်းချစ်တော့ အလိုလိုက်ပြီး ကျောင်းမထားဘူး၊ ငါတို့ရဲ့ စည်းစိမ် ကုဋေရှစ်ဆယ်ဟာ ငါ့သားလေး တစ်သက် စားလို့မှ မကုန်ဘဲ .. ကျောင်းထားစရာ မလိုဘူးလို့ တွေးပြီးတော့လေ၊ အဲဒါနဲ့ အဆုံးကတော့ ဖိုးဖိုးလည်း သိတဲ့ အတိုင်းပဲ .. ပညာမတတ်တဲ့ သူေဋ္ဌးသားက အဖြစ်ဆိုးနဲ့ ဇာတ်သိမ်း သွားတယ် မဟုတ္လား

အောင်မလေး .. သူကမ်ား ကိုယ့်ကို လူတတ်ကြီး လုပ်ပြီး ဖိုးဖိုးလည်း သိတဲ့အတိုင်း ဆိုပဲ။ မောင်ဝါဝါ့ကို ဒီပုံပြင်တော့ ဆက်ပြောလို့ မရေတာ့ဘူး။ ဒါပေမယ့် တစ်ခုခုတော့ ပြောပြမှ ရမယ်။ အဲဒါနဲ့ မနည်း ဉာဏ်နီဉာဏ်နက် ထုတ်ရတယ်။ လူကြီး ဆိုတော့ ဟန်ကိုယ့်ဖို့ပေါ့။



ဒီလိုကြ .. ဖိုးဖိုး ပြောပြမယ့် ကုဋေရှစ်ဆယ် သူေဋ္ဌးသား ပုံပြင်က အဲဒါမဟုတ္ဘူး .. နောက်ထပ် ကုဋေရှစ်ဆယ် သူေဋ္ဌးသား တစ်ယောက် အကြောင်း ပြောပြမှာ 

အင် .. ဟုတ္လား .. ဝါး .. ဒါဖြင့် မြန်မြန်ပြော မြန်မြန်ပြော ဖိုးဖိုး .. နားထောင်ချင်ပြီ

အခု ပြောမယ့် ပုံပြင်ထဲက ကုဋေ ရှစ်ဆယ် သူေဋ္ဌးကြီးက အခုနက ငါ့မြေး ပြောတဲ့ ကုဋေရှစ်ဆယ် သူေဋ္ဌးသား ပုံပြင်ကို ဖတ္ဖူးတယ္ကြ၊ ဒီတော့ သူ့မှာ တစ်ဦးတည်းသော သားကလေးလည်း မွေးလာရော အဲဒီ ပုံပြင်ထဲက သူေဋ္ဌးသား လေးလို ပညာ မတတ်ရင် ဒုက္ခ ရောက်မှာ စိုးလို့ ငယ်ငယ် ကတည်းက ပညာတွေ သင်ခိုင်းတယ်တဲ့ ..

အဲဒါနဲ့ ကုဋေရှစ်ဆယ် သူေဋ္ဌးသား ကေလးက ပညာတတ်ကြီး ဖြစ်သွား ရောလား

အေးပေါ့ .. ငါ့မြေးရဲ့၊ ခေတ်ကလည်း အိုင်တီ ခေတ်ဆိုတော့ ကုဋေရှစ်ဆယ် သူေဋ္ဌးသားလေးက အိုင်တီမဲန်း ပေါက်စလေး ဖြစ်လာတော့ တာပေါ့.. အိုင်တီ သင်တန်းတွေ လိုက်တက်၊ ခေတ်မီ နည်းပညာ ပစ္စည်းတွေ ဝယ်လိုက် သုံးလိုက်၊ နည်းပညာ ဂျာနယ်တွေ ဖတ်လိုက်နဲ့ပေါ့

အော်.. နည်းပညာ ဂျာနယ်ဆိုတော့ ဟိုတက္စပု ဂျာနယ်တို့ ဘာတို့ ပြောတာပေါ့နော် ဖိုးဖိုး

တက္စေပ့ လုပ်ပါကွ .. မြေးကလဲ

အာ .. ဖိုးဖိုးက ဘာသိလို့လဲ၊ အဲဒီဂ်ာနယ္က ဦးသူရစိုးတို့၊ ဦးရဲထွဋ်သိန်းတို့ ဆိုတဲ့ အယ္ဒီတာ ကြီးတွေက ပုပုလေးတွေ၊ အဲဒါကြောင့် တက္စပု ဂျာနယ် .. အဟီး

ဟုတ်ပါပြီ .. ဆက်ပြောပြမယ် သူေဋ္ဌးကြီးလည်း အချိန်တန်တော့ ကွယ်လွန် သွားရော၊ ဒါပေမယ့် သူက သူ့သားလေးဟာ အိုင်တီ သင်တန်းတွေ တက်နေ၊ သင်နေ၊ သိနေတဲ့ သူဆိုတော့ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူေဋ္ဌးသားလို မဖြစ်နိုင်တော့ဘူး၊ ငါ တာဝန်ကျေပြီလို့ စိတ်ချပြီး စိတ်အေး လက်အေး သေသွားတာ

ဒါက အိုင်တီ ကုဋေရှစ်ဆယ် သူေဋ္ဌးသား ပုံပြင်ပဲ ဖိုးဖိုးရ၊ ဒီ သူေဋ္ဌးသား လေးကတော့ သူ့အဖေ သေသွား ပေမယ့် ပညာတွေ တတ်တော့ ဟိုကုဋေရှစ်ဆယ် သူေဋ္ဌးသားလို တောင်းစားရင်း လမ်းမှာ သေမသွားတော့ဘဲ အေးအေး ဆေးဆေး ဖြစ်သွားမှာ ပေါ့နော် ဖိုးဖိုး

ဟင့်အင်း .. ဟိုတစ်ယောက် ထက်တောင် ပိုပြီး အျဖစ္ဆိုး သွားသေးတယ်

ဟမ် .. ဘာဖြစ်လို့လဲ ဖိုးဖိုးရ၊ သူက ပညာတွေ တတ်တယ်၊ အိုင်တီ ပညာတွေ လေ့လာ လိုက္စား ဆည်းပူး တယ္ဆို

အေး .. လေ့လာ လိုက္စား ဆည်းပူး လွန်လွန်းလို့ကို ဖြစ်သွားတာ

ဘယ်လိုကြီးလဲ ဖိုးဖိုးရ .. သေချာပြောပါဦး

ဒီလိုကြာ သင်တန်း တွေကလည်း တက်ပြီးရင်း တက်ရင်း တက်မဆုံးနိုင်၊ သင်တန်းကြေး တွေကလည်း ဈေးကြီး၊ လက်ပ်တော့ပ်တို့၊ တက်ဘလက်တို့၊ ဖုန်းဟမ်းဆက် တို့လည်း တစ္ခု ဝယ်လိုက်၊ ပြီးရင် သိပ်မကြာဘူး .. ဗားရှင်း အသစ်ပေါ်လိုက်၊ ထပ်ဝယ်လိုက်၊ အသစ် ထပ်ထွက်လေ၊ ဈေ းက ပိုကြီး လာလေနဲ့ နောက်ဆုံး ရွိသမွ် ကုဋေရှစ်ဆယ် ကုန်တော့တာပဲ၊ အလုပ် လုပ်မယ် ဆိုတော့လည်း သင်ထားတဲ့ ပညာနဲ့ ရတဲ့ လစာနဲ့က မမွ်၊ တဖြည်းဖြည်း စိတ္က် ရောဂါ တွေရ၊ တစ်နေကုန်လည်း ကွန်ပျူတာ ရှေ့ပဲ တစ်ချိန်လုံး ထိုင်ပြီး အလုပ်တွေလုပ်၊ အကြီးကြီးတွေ လျှောက်စဉ်းစားနဲ့ ကြာတော့ မျက်လုံးတွေပျက်၊ နောက်ဆုံးတော့ ကုဋေ ရှစ်ဆယ် လည်းကုန်၊ အလုပ်လည်း အဆင်မပြေ၊ စိတ္က် ရောဂါ တွေဖြစ်နဲ့ ဦးနှောက်ပါ ချောင်သွားတော့ တာပဲ ငါ့မြေးရေ ..

ဟင် သူကျတော့လည်း တတ်လွန်းလို့ ခက် တော်ပြီ ဖိုးဖိုးရာ၊ ဖိုးဖိုး ပုံပြင်ကြီးက ကောင်းလည်း မကောင်းဘူး၊ စိတ်ညစ်သွားပြီ ပြန်တော့မယ်

ပြောပြော ဆိုဆိုနဲ့ မြေးလေး မောင်ဝါဝါတော့ ပြန်သွား ပါတော့တယ်။ ဖိုးဖိုးကေတာ့ သူ့ရဲ့ ခေတ်ပြိုင် ခံစားခ်က္ကို ပုံပြင်ထဲ ထည့်ပြော လိုက်ရလို့ စိတ်ကျေနပ် သွားပြီ။ အင်း အားသွားပြီ ဆိုတော့ အိုင်ဖုန်း ဖိုက်နဲ့ နာနို ဆင်းမ်ကဒ် ပြဿနာကို ဘယ္လို ဖြေရှင်း ကြည့်ရ ကောင်းမလဲ စဉ်းစား လိုက်ဦးမှ .. ဆိုပြီး မိန့်မိန့်ကြီး ထိုင်တွေး နေလိုက် ပါတော့တယ်။
credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)