မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Thursday, June 28, 2018

သာသနာ့အလံ၏ အဓိပ္ပါယ်

t

အပြာရောင် = သဒ္ဓါတရား
အဝါရောင် = မြင့်မြတ်မှု
အနီရောင် = ပညာ
အဖြူရောင် = စင်ကြယ်ခြင်း
ပန်းနုရောင် = တဏှာကင်းစင်ခြင်း
ထိုအရောင်များ အားလုံးကိုစုပေါင်းပြီး
အရိယာသူတော်စင်၏ဂုဏ်ပုဒ်များဆိုပြီး
တစ်ချို့က ဖွင့်ဆိုထားကြပါသည်။
မဇ္ဈိမခရီးသည်တို့ကတော့ ဒီလိုဖွင့်ဆိုလိုက်ပါတယ်။
သာသနာ့အလံ
*************
နီလ အျပာ
ကြည်လင်ကာ မာယာကင်း
လူမှုဝန်ထမ်း ပေးစွမ်းအရောင်--။
ပီတ အဝါ
တီထွင်ကာဆန်းသစ်
လက်တွေ့ကြိုက်တာ
သစ္စာအရောင်--။
လောဟိတာတဲ့ အနီရောင်
ဇွဲသတ္တိပြောင်
ရဲရင့်ဆောင်၍
မြင့်မြတ်သည့်ရောင်--။
သြဒါတ အဖြူ
တွဲလက်ကူ ကြည်ဖြူကမ်း
သစ္စာလွှမ်း၍ မေတ္တာစမ်း
အေးချမ်းသည့်ရောင်--။
မဉ္ဇိဋ္ဌဟူ ပန်းနုရောင်သည်
မာန်ထောင်မှုကင်း
ဟန်ဆောင်ရှင်း၍
ပန်းရောင်ခင်ခင်
မြဲသစ်လွင်လျှက်
ကူညီတတ်သည်--။
ပဘဿရ
ကွန့်မြူးလတ်သော်
ပြိုးပြိုးပြက်ပြက်
ခြောက်ရောင်စပ်၍
လောကဓါတ်တစ်ခွင်
သောကစင်သည်--။
မဇ္ဈိမခရီးသည် ( ပြင်ရှည်မြေ )
17-12-2016 ( Saturday )-12;16.am./
==============================
နီလ = အပြာရောင်
********************
စိတ်ကြည်လင်တယ်။
တစ်ကိုယ်ကောင်းသမား မဟုတ္ဘူး။
သစ္စာရှိပြီး လူမှုဝန်ထမ်းစိတ်ရှိတယ်။
ပီတ = အဝါရောင်
********************
လက်တွေ့သမားဖြစ်တယ်။
အနုပညာကို စိတ်ဝင်စားတယ်။
တီထွင်ကြံဆနိုင်စွမ်းရှိတယ်။
လောဟိတ = အနီရောင်
***********************
ရဲရင့်ပြတ်သားပြီး။သူရသတ္တိရှိတယ်။
စိတ်ဓါတ်ခိုင်မာပြီး မြင့်မြတ်တဲ့ စိတ်ဓါတ်ရှိတယ်။
သြဒါတ = အဖြူရောင်
**********************
ဝါကြွားမောက်မာမှု ကင်းရှင်းတယ်။သစ္စာတရား
ကို မြတ်နိုးတယ်။စိတ်ရင်းဖြူစင်ပြီးသူတစ်ပါးကို
ကူညီလေ့ရှိတယ်။
မဉ္ဇိဋ္ဌ = ပန်းနုရောင်
*********************
နုပျိုသစ်လွင်မှုရှိပြီးအမြဲတမ်းသစ်လွင်
နေလေ့ရှိတယ်။
ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက်
ထွက်နေသောအရောင်
*******************************
ဗုဒ္ဓမြတ်စွာ ရောင်ခြည်တော်ကွန့်မြူးနေတဲ့ အချိန်
ထွက်ပေါ်လေ့ရှိသောဤခြောက်ရောင်အားပေါင်း
စပ်သောဝ်မြတ်ဗုဒ္ဓ၏ မေတ္တာကြောင့် ငြိမ်းအေး သောလောကချမ်းသာသော သုခဘုံသို့ လမ်းညွှန်
သောတံခွန်( သာသနာ့အောင်လံ ) ဟု အဓိပ္ပါယ်
ဖြ င့်ဆိုလိုက်ပါရစေ။
မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်အောက်သို့ ရောက်လာ
သူတိုင်းကျမ္မာ/ချမ်းသာကြပါစေ။
==================================
သာသနာအလံနှင့်သာသနာ့အလံတော်
အကြောင်းကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း

(ဗဟုသုတအဖြစ် လူတိုင်းသိသင့်သည် ထင်လို့ပါ)
----------------------
အလံဆိုတဲ့သဘောကတော့ အထိမ်းအမှတ်
ပြုတဲ့အရာတစ်ခုအဖြစ်သတ်မှတ်သုံးစွဲလေ့ရှိကြ
တ့ဲပစ္စည်းတစ်မျိုးပါ
စစ်တိုက်တဲ့အခါ ရဲရင့်မှု၊တက်ကြွမှု၊အောင်မြင်
မှုများကိုရရှိနိုင်ရန်ရည်ရွယ်၍ အောင်လံတော်
အဖြစ် အလံကိုလွှင့်ထူပြီး တိုက်ပွဲဝင်ခ့ဲကြပါတယ်။
ထို့အတူ ...
မြတ်စွာဘုရားရဲ့သာသနာ့အလံဟာလည်း
ကိလေသာရန်သူတို့ကိုအနိုင်တိုက်ယူဖို့
လွှင့်ထူထားတဲ့အောင်လံတော်ပဲဖြစ်ပါတယ် ...
မြတ်စွာဘုရားလက်ထက်တော်ကတည်းက
သာသနာ့အလံဆိုတာရှိခဲ့ပေမဲ့ ယခုခေတ်
သုံးစွဲနေတဲ့အလံမျိုးတော ့မဟုတ်ပါဘူး ...
မြတ်စွာဘုရားနဲ့သံဃာတော်မ်ား ၀တ်ရုံ
သုံးစွဲတော်မူခဲ့ကြတဲ့ သင်္ဃန်းတော်ကိုပဲ
သာသနာ့အလံ၊ အောင်လံတော်အဖြစ်
သုံးစွဲ ခဲ့ကြခြင်းဖြစ်ပါတယ် ...
သာသနာ့အလံတော်ဟာ ခရစ်နှစ်၁၈၈၅ ခုနှစ်၊
မေလ ၂၈ ရက်နေ့ကစတင်ပြီးမြန်မာနိုင်ငံနဲ့ ထေရ
ဝါဒနိုင်ငံမ်ားမွာ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါ
တယ် ...
သာသနာ့အလံကို အမေရိကန်နိုင်ငံသား
အငြိမ်းစားဗိုလ်မှူးကြီး ဟင်နရီစတီးလ်အော်လကော့
နှင့် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံသား စီပီဂုဏသဎန
တို့စတင်တည်ထွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ် ...
မြန်မာနိုင်ငံကကျမ်းတတ် အကျော်အမော်ဆရာ
တော်ကြီးများရဲ့လမ်းညွှန်ချက်မ်ား ကို ခံယူခဲ့ ကြ
ပြီးပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ် ...
ယနေ့အထိဆိုရင်သာသနာ့အလံတော်ပေါ်လာ
ခဲ့တာ ၁၃၂ နှစ်ရှိပါပြီ ...
တွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့ကြတာကတော့
မြန်မာနိုင်ငံမွာ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့
ခရစ်နှစ် ၁၉၅၄ ခုနှစ်၊ မေလ ၁၈ ရက်
ကောဇာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ကဆုန်လပြည့်
တနင်္လာနေ့ကျမှပဲသုံးစွဲခဲ့ ကြခြင်းဖြစ်ပါတယ် ...
သာသနာ့အလံကိုအရောင်ခြောက်မျိုးနဲ့
လုပ်ထားပါတယ်
အဓိပ္ပါယ်ကတော့ ...
မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်အစိပ်စိပ်မှထွက်
ပေါ်လာတဲ့ရောင်ခြည်တော်ခြောက်ပါး ကိုရည်ရွယ်
ပြီးပြုလုပ်ထားခြင်းဖြစ်ပါတယ် ...
အဲဒီရောင်ခြည်တော်ခြောက်ပါးကတော့ ...
၁ ။ နီလ ... အျပာရင့်ရောင်
၂ ။ ပီတ ... အဝါရင့်ရောင်
၃ ။ လောဟိတ ... အနီရောင်
၄ ။ သြဒါတ ... အဖြူရောင်
၅ ။ မဉ္ဇိဌ ... ပန်းနု
၆ ။ ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေ သော အရောင်တို့ပဲဖြစ်ပါတယ် ...
သာသနာ့အလံတော် ၏အဓိပ္ပါယ်မှာ ...
ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊
စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ်
သရုပ်ဖော်ထားပြီး၊ ဗုဒ္ဓဘာသာ၀င်တို့သည်
ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့်ဘုရားရှင်၏
ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရား တော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်း
ကြခြင်းဖြစ်ပါတယ် ...
သာသနာ့အလံတော်၏အရွယ်အစားကတော့ ...
အကြီး = အလ်ား - ၉ပေ x အနံ - ၅ပေ
အလတ် = အလ်ား - ၄ပေ ၆လက်မ x အနံ - ၂ပေ
၆လက်မ
အလတ် = အလ်ား - ၂ပေ ၃လက်မ x အနံ - ၁ပေ
၃လက်မ
အေသး = အလ်ား - ၉လက်မ x အနံ - ၅လက်မ
ဟူ၍ လေးမျိုး သတ်မှတ်ထားပါတယ် ..
သာသနာ့အလံတော်၏ အရောင်စဉ်အတိုင်းချုပ်လုပ်ရပုံကတော့ ...
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော် ...
နီလ = အပြာရင့်ရောင်
ပီတ = အဝါရင့်ရောင်
လောဟိတ = အနီရောင်
သြဒါတ = အဖြူရောင်
မဉ္ဇီဋ္ဌ = ပန်းနုရောင်် ထိုအရောင်(၅)မျိုးကို
ဒေါင်လိုက်ထားရှိပြီးလျှင်-ပဘဿရ = ပြိုးပြိုးပြက်ပြက်
တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံ
တော်၏ အစွန်အဖျား(အထက်) အပေါ်ဘက်မှ
နေ၍ အျပာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကို
ပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်
ရ ပါတယ် ...
သာသနာ့အလံတော်ကို အသုံးပြုရမည့်နေ့ရက်များကတော့ ...
ကဆုန်လပြည့် (ဗုဒ္ဓနေ့)
နယုန်လပြည့် (မဟာသမယနေ့)
ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
ဝါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
တပို့တွဲလပြည့် (သြဝါဒ ပါတိမောက် အခါတော်နေ့)တွေမှာလွှင့်ထူရပါမယ် ...
သာသနာ့အလံတော်ကိုပွဲတော်နှင့် အခမ်းအနားများအနေနဲ့ ...
ဝါဆိုပွဲတော် အခမ်းအနား
အဘိဓမ္မာအခါတော်နေ့
ကထိန်ပွဲတော်
ရဟန်းခံရှင်ပြုပွဲ
ဆွမ်းကြီးလောင်းလှူပွဲ
စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
ခွင့်ပြုချက်ရရှိပြီးသည့် တရားပြဲမ်ား
ဘုရားထီးတင်ပွဲ
ဗုဒ္ဓပူဇနိယပွဲတော်
အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
သံဃာ့အစည်းအေ၀း
သံဃ၀ိနိစၦယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင်အသုံးပြုနိုင်ပါတယ်...
သာသနာ့အလံတော်ကိုလွှင့်ထူအသုံးပြုတဲ့အခါ ...
အထိမ်းအမှတ်အလံအားလုံး၏
အလယ်တွင် ဖြစ်စေရပါမယ် ...
လက်ယာအစွန်းမှ အရောင်ငါးမျိုး
ရောယှက်ရောင်တွင် အပြာရင့်ရောင်သည်
အပေါ်တွင်လကျ်ာဘက် ရှိနေစေရပါမယ် ...
မိမိချည်မဲ့တိုင်ဖက်ကအျပာရောင်ကိုထားရပါမယ်
မော်တော်ယာဉ်တွင် စိုက္ထူပါက ကားကြီးများ၏
အမိုးအရှေ့ပိုင်းတွင် ဖြစ်ရပါမယ် ... ကားငယ္မ်ား
တွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရပါမယ် ...
သံဃာမ်ားကို ကြိုဆိုသည့်အခါ
သံဃာပါလာသည့်အခါတွင်သာ
တပ်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။
မြတ်စွာဘုရားရဲ့သာသနာ့အောင်လံတော်ဟာ
ကိလေ သာရန်သူတွေကိုအနိုင်တိုက်ယူဖို့ဆို တဲ့
ရည်ရွယ်ချက်နဲ့ လွှင့်ထူထားခြင်းဖြစ်ပါတယ် ...
ဒါကြောင့် ...
ဓမ္မမိတ်ဆွေများလည်း သာသနာ့အောင်လံတော်
ကို လွှင့်ထူရတဲ့ရည်ရွယ်ချက်အတိုင်းကိလေသာ
ရန်သူဟူသမ်ွကို အနိုင်တိုက်ယူနိုင်ကြပါစေ။
credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)

Wednesday, June 27, 2018

သင်္ဂါယနာ တင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ




သင်္ဂါယနာ ဆိုသည်မှာ (သံ+ဂါယနာ၊ သံ=စုပေါင်း၍၊ ဂါယနာ=ရွက်ဆိုခြင်း) အားလုံး စုပေါင်း၍ ရွက်ဆိုကြခြင်း ကို ဆိုလိုပါသည်။
-ပထမသင်္ဂါယနာ ကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံ၀င်တော်မူပြီး(၇) ရက်အကြာ၌ အာတုမ ရွာသား ဆတ္တာသည် မျိုး သုဘဒ္ဒါ တောထွက် ရဟန်းကြီး တစ်ပါးက မြတ်စွာ ဘုရားရှင် အား ထိပါးစော်ကား စြာ ပြောဆို သည်ကို ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး ကြားတော်မူသည်။ ထို့ကြောင့် ပရိိနိဗ္ဗာန် စံတော််မူပြီး (၄) လ အကြာမြန်မာသက္ကရာဇ် ၁၄၈ ခုနှစ် (၅၄၄ဘီစီ) တွင်ရာဇဂြိုဟ်ပြည် အဇာတသတ် မင်းလက်ထက် ၌ ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာ အရှင်မြတ်ကြီးပေါင်း (၅၀၀) နှင့်အတူ နှုတ်တိုက်ရွက် ဆို၍ ပထမသင်္ဂါယနာ တင်ခဲ့ပါသည်။


- ဒုတိယ သင်္ဂါယနာ ကို မြန်မာ သက္ကရာဇ် ၁၀၀ (၄၄၄ဘီစီ) တွင်ရဟန်း အချို့ငွေအလှူခံ မှုကြောင့် ေ၀သာလီပြည် ကာလာသောကမင်း လက်ထက်၌ ရှင်မဟာယသ ကိုယ်တော်မြတ် ကြီး ဦးဆောင် ၍ ရဟန္တာ အရှင်မြတ်ကြီးပေါင်း (၇၀၀)နှင့် နှုတ်တိုက် ရွက်ဆိုပြီး သင်္ဂါယနာ တင်ခဲ့ပါသည်။

- တတိယ သင်္ဂါယနာကို မြန်မာသက္ကရာဇ် ၂၃၅ ခုနှစ် (၃၀၉) ဘီစီတွင် သာသနာတော်ကို တိတ္တိတို့ ၀င်ရောက် နှောက်ယှက်မှုကြောင့် ပါဋ္ဋလိပုတ်ပြည် အေသာက မင်းကြီး လက်ထက် ၌ အရှင်မောဂ္ဂလိ ပုတ္တတိဿ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာ အရှင်မြတ်ကြီးပေါင်း (၁၀၀၀)နှင့် နှုတ်တိုက် ရွက် ဆိုပြီး သင်္ဂါယနာ တင်ခဲ့ပါသည်။

- စတုတၳ သင်္ဂါယနာကို မြန်မာ သက္ကရာဇ် ၄၅၀ ခုနှစ် (၉၄ဘီစီ) တွင် သီဟိုဠ်ကျွန်း ၀ဋ္ဋုဂါမဏိမင်း လက်ထက်၌ ရှင်မဟာဓမ္မရကိ္ခတ ကိုယ်တော်မြတ်ကြီး ဦးဆောင်၍ ရဟန္တာတော်အရှင်မြတ်ကြီး (၅၀၀)ဖြင့် ပိဋ္ဋကတ်တော် မ်ားကို ပေရွက်တွင် ရေးသား၍ စတုတၳ သင်္ဂါယနာ တင်ခဲ့ပါ သည်။ ပေရွက်ပေါ် တွင်
ရေးသား ရခြင်းမှာ သီဟိုဠ် ကျွန်းတွင် ဗြဟ္မဏတိဿ သူပုန်ဘေးကြီးကြောင့် လူအမ်ား လည်း တောထဲ၌ ပုန်းအောင်းနေရသောကြောင့် ဆွမ်းဘောဇဉ် ကို မဆိုထားနဲ့ စားကောင်းစားရာ သစ်သီးသစ် ရွက်ကိုမျှ မှန်မှန် လှူနိုင်သူ မရှိသဖြင့် ကျမး်တတ် အကျော်ဆရာတော် တို့သည် အစာအဟာရ ကို မွ်မွ်တတ မရကြသဖြင့် နှုတ်တိုက်ဆောင် ထားသော ကျမ်းဂန်များ မေ့မည်စိုးသောကြောင့် ရေစိုသော သဲပေါ်တွင် လဲလျောင်း၍ ရင်မပူအောင် ရင်ဘတ်ပေါ်တွင် သဲတင်၍ ပိဋ္ဋကတ်တော် မ်ားကို ရွတ်အံ သရဇ္ဇျာယ်ခဲ့ကြသည်။ နောင်အခါ ဤဘေးဆိုးမျိုး ပေါ်ပေါက်လျှင် နှုတ်တက်ဆောင်ရန် ခဲယဉ်း မည်ဆိုး သဖြင့် ပေ ရွက်ပေါ် တွင် ရေးသား ခဲ့ ရခြင်း ဖြစ် ပါသည်။

-ပဉ္စမသင်္ဂါယနာကို ပေ ပုရပိုက် တို့ထက် ပိုမို တည်တံ့ခိုင်မြဲရေး၊ မူကြဲ အမျိူးမျိူး ရှိသည်ကို စည်းလုံး ညီညြတ္စြာ ရှိရေးကို ရည်ရွယ်၍ မြန်မာ သက္ကရာဇ် ၂၄၁၂-၂၄၁၅ မြန်မာနိုင်ငံ မန္တလေးမြို့ မင်းတုန်း မင်းတရားကြီး လက်ထက်တော် ၌ ဆရာတော်ကြီး သုံးပါးနှင့် လူပုဂ္ဂိုလ် ခြောက်ဦးတို့ ဦးဆောင်၍ သံဃာတော် ၂၄၀၀ ဖြင့် ကျောက်ပြားရေ (၇၂၉) ချပ်ပေါ်၌ ပိဋ္ဋကတ်သုံးပုံ ကို ရေးတင် ၍ ကျောက်ထက် အက္ခရာတင် ခဲ့ပါသည်။
ဦးဆောင် ဆရာတော်ကြီး သုံးပါးမှာ
 (၁)တောင်ဆောင် မိဖုရားကြီး၏ ဆရာ-ဇာဂရာဘိဝံသတိပိဋ္ဋကဓရမဟာဓမ္မရာဇာဓိရာဇဂုရု
(၂)မြတောင်မြို့စားသေနက်၀န်ကြီးဆရာ-နရိန္ဒာ ဘိဓဇသိရိသဒ္ဓမ္မဇောတိပါလဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (၃)စီးတောင်ပြင် ၀န်တိုက် ဆရာတော် သုမင်္ဂလသာမိ သီရိပ၀ရမဏိဓဇမဟာဓမ္မရာဇဓိရာဇဂုရု အရှင်မြတ်ကြီးများ ဖြစ်ပါသည်။

-ဆဋ္ဌမသင်္ဂါယနာ ကိုမြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် (၁၉၅၄)တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးဒေါက်တာ ဘဦးနှင့် ၀န်ကြီးချုပ် ဦးနု အမှူးပြုသော ဒါယကာတို့၏ အထောက် အပံ့ဖြင့် ရန်ကုန်မြို့ ရေကူးရပ် သိရိမင်္ဂလာ ကုန်းမြေအတွင်း ရာဇဂြိုဟ်ပြည်တွင် ပထမသင်္ဂါယနာ တင်စဉ်က စရည်းပင်ပေါက် ရာ လိုဏ်ကြီးကို ရည်ရွယ်ဆောက် လုပ်သည့် ဆဋ္ဌသံဂီတိမဟာပါသာဏဂုဟာခေါ်-လိုဏ် ဂူတော်ကြီး တွင် ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဆဋ္ဌသံဂါယနာ သြဝါဒစရိယ သံဃနာယက အဖွဲ့ကြီးနှင့် ဆဋ္ဌသံဂါ ယနာ၀န်ဆောင် သံဃာ အဖွဲ့ကြီးများ၏ ဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တော်ရ ညောင်ရမ်း ဆရာတော်ဘုရားကြီး ဦးဆောင်၍ ပြည်တွင်းမှ သံဃာတော်ပေါင်း ၂၄၇၃ ပါး၊ ပြည်ပမှ ၁၄၄ ပါးနှင့် မြန်မာ၊ သီဟိုဠ်၊ ယိုးဒယား၊ ကမေ္ဗာဒီးယား၊ လော ငါးနိုင်ငံ စုပေါင်းတည်းဖြတ်၍ စက္ကူစာအုပ် များအဖြစ် ရိုက်နှိပ်ပြီး ကမ္ဘာအရပ်ရပ်သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များကို ပျံ့နှံ့စေလိုသော ရည်ရွယ်ချက်ဖြင့် ပုံနှိပ်ရိုက်ပြီး ဆဋ္ဌသင်္ဂါယနာကို တင်ခဲ့ပါသည်။
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
 အရှင်ဉာဏိဿရ (ဒီပဲယင်း)

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သော ဂေါတမဗုဒ္ဓသမိုင်း(အကျဉ်း)





အလောင်းတော် - သေတကေတု နတ္သား { နတ်သားဖြစ်စဉ်က အမည် }


ဘုရားအလောင်းတော်- သိဒ္ဓတၳ ကုမာရမင်းသား { မင်းသားအမည် }

ခမည်းတော် - သီရိသုဒေ္ဓါဒနမဟာရာဇာ { ကပိလဝတ်ပြည့်ရှင်မင်း }

မယ်တော် - သီရိမဟာ မာယာဒေဝီ

မိထွေးတော် - မဟာပဇာပတိ ဂေါတမီ

ကြင်ရာတော် - ယသော်ဓရာ { ဒေဝဒဟပြည့်ရှင်မင်း၏ သမီးတော် }

သားတော် - ရာဟုလာ
နေပြည်တော် - မဇ္ဈိမဒေသ သက္ကတိုင်း ကပိလဝတ်ပြည်
ဘုရားဘွဲ့တော် - ဂေါတမ

ပဋိသနေ္ဓတည်ချိန် - မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသာပတေးနေ့

ဖွားမြင်တော်မူသည့်နေ့- မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့(ဘီစီ ၅၆၃)

ဖွားမြင်သည့်နေရာ - ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗနီ အင်ကြင်းတော

ထီးနန်းဆက်ခံသော - ၁၆ နှစ် { အသက် }

နန်းစည်းစိမ် - ၁၃နှစ် { ၁၆နှစ်မှ၂၉နှစ်ထိ } ခံစားသောနှစ်

တောထွက်သော - ၂၉ နှစ် { အသက် }

တောထွက်သည့်နေ့ - မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့
(သားတော်ရာဟုလာ ဖွားမြင်သောနေ့တွင် ဖွားဖက်တော် ဆန္ဒအမတ်နှင့် ကဏ္႑ကမြင်းတို့ကို ခေါ် ၍ တိတ်တဆိတ် တောထွက်သည် အနော်မာမြစ်ကမ်းတွင် ဆံပယ်တော်မူသည်)

ဒုက္ကရစရိယာ - ဥရုဝေဠတော ပဉ္စဝဂ္ဂီ(၅)ဦးတို့ ကျင့်သည့်တော က အလုပ်အကျွေးပြုသည်

ဒုက္ကရစရိယာ - ၆ နှစ် { ကျင့်သည့်ကာလ }

ဗုဒ္ဓဘုရားဖြစ်သောနေ့ - သက်တော် ၃၅ နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့
(ဘီစီ ၅၂၈) (နေရဉ္စရာမြစ်ကမ်း ဂယာမြို့အနီး ဖွားဖက်တော် ဗောဓိညောင်ပင်ရင်း ရွိ အပရာဇိတပလ္လင်ပေါ်၌
စံတော်မူစဉ်)

ဓမ္မစင်္ကြာ တရားဦး - မဟာသက္ကရာဇ် ၁၀၃ ခု { ဟောသည့်နေ့ ဝါဆိုလပြည့် စနေနေ့ }
ပဉ္စဝဂ္ဂီ ၅ ဦး တို့အားဟောကြားသည်

ဓမ္မစင်္ကြာတရား - ဗာရာဏသီပြည်အနီးဟောသည့်နေရာ { မိဂဒါဝုန်တော }

သစ္စာလေးပါးတရား- ဒုက္ခသစ္စာ ..သမုဒယသစ္စာ ..နိရောဓသစ္စာ ..မဂ္ဂသစ္စာ

ညွှန်ကြားသည့် - မဇ္ဈိမပဋိပဒါလမ်း မဂ္ဂင်ရှစ်ပါး လမ်းစဉ်

ကျင့်စဉ်သိက္ခာသုံးပါး- သီလ သမာဓိ ပညာ

တရားတော်များ - ဝိနည်း သုတ္တန် အဘိဓမ္မာ

အဆုံးအမ - ပရိယတ္တိ သာသနာ သာသနာတော် ပဋိပတ္တိ သာသနာ ပဋိဝေဓသာသနာ

သက်တော်/ဝါတော်- ပရိနိဗ္ဗာန်စံစဉ် သက်တော် ၈၀နှစ် ဝါတော် ၄၅ ဝါ

ပရိနိဗ္ဗာန်စံသည့်နေ့- မဟာသက္ကရာဇ် ၁၄၈ခုကဆုန်လပြည့် အင်္ဂါနေ့ (ဘီစီ ၄၈၃)

ပရိနိဗ္ဗာန်စံသည့် - ကုသိနာရုံ အင်ကြင်းဥယျာဉ် { နေရာ }

တေဇောဓာတ် - မဟာသက္ကရာဇ် ၁၄၈ ခုလောင်သည့်နေ့ ကဆုန်လဆုတ် ၁၂ ရက် တနင်္ဂနွေနေ့

ဘုရားပွင့်သောကပ္ပ- ဘဒ္ဒကပ္ပ (ဘုရားအမ်ားဆုံး ပွင့်သော(၅)ဆူကမ်ဘာမှာ(၄)ဆူမြောက် ဘုရားဖြစ်ခြင်း

ဘုရားမျဖစ္မီ ပါရမီ - ဖြည့်ခဲ့ရသည့်ကာလ (၄)အသချေၤနှင့် ကမ်ဘာ တစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရ၏.. ပါရမီကျင့်တိုင်း ပညာဉာဏ် ပါရှိပြီး ဖြစ်၏. (ပညာဓိကဘုရား)

ဘုရားဆိုသည်မှာ-
အောက်ပါအင်္ဂါရပ်(၃)ရပ်လုံးနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ခေါ်ပါသည်..

(၁) သစ္စာလေးပါးတရားကို ဆရာမကူ သယမ်ဘူ
ဉာဏ်ဖြင့် အကြွင်းမရှိ သိမြင်နိုင်သော
ကိလေသာတို့ကိုလည်း ဝါသနာနှင့်တကွ
အကြွင်းမဲ့ ပယ်သတ်နိုင်စွမ်းရှိသော
မဂ်လေးပါးကိုရရှိပြီးသော ပုဂ္ဂိုလ်..

(၂) မိမိသိမြင်ပြီးသော သစ္စာလေးပါးတရားကို
သူတစ်ပါးအားလည်း မဂ်ဉာဏ်ရသည်အထိ
သိမြင်အောင် ဟောပြော ပြသနိုင်စွမ်းရှိသော
ပုဂ္ဂိုလ်..

(၃) လောကသုံးပါး၌ သိအပ်ဖွယ်တရားအလုံးစုံကို
အကုန်အစင် သိမြင်နိုင်သော သဗ္ဗညုတ
ဉာဏ်တော်ထူးကို ရရှိသည့် ပုဂ္ဂိုလ်..

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)

မှတ်သားဖွယ်ရာ သင်္ဂါယနာ ၆-တန်


မှတ်သားဖွယ်ရာ သင်္ဂါယနာ ၆-တန်

သင်္ဂါယနာ ၆-တန် ။ ။ ဘုရား၇ှင် ဟောကြားတော်မူခဲ့သော ပိဋကတော် ဓမ္မတို့ကို မပျောက်ပျက် မတိမ်ကော သွားစေရန် စုပေါင်း၍ မူမွန္ကို ရွတ်ဆိုမေးမြန်း ဆွေးနွေးဖြေကြား ရေးမှတ် အတည်ပြုခြင်းမျိုး။

(၁) ပဌမ သင်္ဂါယနာ- သုဘရဟန်းကြီး၏ ဗုဒ္ဓ အ၀ဏ္ဏ စကားကိုကြောင်းပြု၍ ဘုရားသခင် ပရိနိဗ္ဗာန်၀င်စံပြီးသည်နောက် ဓာတုဘာဇနနေ့၌ စည်းေ၀းရောက်လာတော်မူကြကုန်သော (၇၀၀၀၀၀) ခုနှစ်သိန်းမျှသော သံဃာတော် အရှင်မြတ်တို့၏ ဦးစီးနာယက သံဃာ့ထေရ် ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် ခီဏာသ၀ ဆဠာဘိည ရဟန္တာငါးရာ ရွေးကောက်တော် မူပြီးနောက် အခြံအရံသံဃာတော် ၇၀၀၀၀၀-နှင့် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် ၁၄၈-ခုနှစ် သာသနာသက္ကရာဇ်
၁-ခုနှစ်ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့မှစတင်၍ တပေါင်းလပြည့်နေ့အထိ ၇-လတိုင်အောင် သုဘခေါ် တောထွက်ရဟန်းကြီးကို အကြောင်းပြု၍ ရာဇဂြိုလ်ပြည် ေ၀ဘာရတောင် ယံ သတ္တပါဏိဂူလိုဏ်၌ နှုတ်ရွတ်ခါ ဘုရင်
အဇာတသတ်မင်းနှင့် ပဌမသင်္ဂါယနာ ထင်တော်မူကြလေ သည်။

(၂) ဒုတိယ သင်္ဂါယနာ- ဘုရင် အဇာတသတ်မင်း ဖြိုကြွင်း သက္ကရာဇ် အနှစ်တရာရောက် သာသနာ သက္ကရာဇ် (၁၀၀) တရာခုမြောက်သော် ၀ဇ္ဇီတိုင်းသား အလဇ္ဇီ ရဟန်းများ၏ အဓမ ္မ၀တၳုဆယ်ပါး မတရားပေါ်ပေါက်ပြန်၍ (၉၀၀၀၀) ကိုးသောင်းကုန်သော သံဃာ့အစည်းအေ၀းကြီး၏ ဆုံးဖြတ်ချက် အရ ဘုရင် ကာလာသောက မင်းမြတ်နှင့်တကွ အရှင် မဟာယသထေရ် အမှူးပြု ပဋိသမ်ဘိဒါပတ္တ ရဟန္တာ(၇၀၀) ခုနှစ်ရာ ရွေးတော်မူလျက် အခြံအရံ သံဃာတော် ၁-သန်း၂-သိန်းနှင့် ေ၀သာလီပြည် ဝါလုကာရုံ ကျောင်းတော်ကြီး၌ နှုတ်ရွက် ခါ ရွစ္လ တိုင်တိုင် ဒုတိယသင်္ဂါယနာ တင်တော်မူကြသည်။

 (၃) တတိယ သင်္ဂါယနာ- သာသနာသက္ကရာဇ် ၂၃၅-ခုနှစ် ရောက်သောအခါ ပါဋလိပြည်ကြီး
ရှင်ဘုရင် အေသာက မင်းမြတ် လက်ထက် ဗာဟိရက တိတၳိယတို့သည် ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကုန်လျက် မိမိတို့ မူလအယူ မိစၦာဝါဒ ကိုသာ ကျင့်ကြံ သုံးသပ် နေကြပြန်သောကြောင့် (၆၀၀၀၀) ခြောက်သောင်းသော မဟာသံဃာ့ အစည်းေ၀း
သဘင်ကြီးက ဆုံးဖြတ်ချက်ချကာ အေသာက ဘုရင်မင်းတရားကြီး ကူညီချက် အရ အရှင်မောဂ္ဂလိပုတ္တ တိဿမထေရ်နာယကပြု၍ ရဟန္တာ(၁၀၀၀) တစ်ထောင် ရွေးချယ် စီစစ်ပြီးလျှင် အရံသံဃာ ၆
သန်းနှင့် ထိုနှစ် နယုန္လမွ စ၍ တပို့တွဲလ အထိ ကိုးလ တိုင်တိုင် ပါတလိပုတ်ပြည် အသောကာရုံကျောင်းတော်ကြီး၌ နှုတ်ရွတ်ခါ တတိယ သင်္ဂါယနာတင်တော်မူကြသည်။
မှတ်ချက်။ ။ သီရိစတုရင်္ဂဗလ မြန်မာ ပညာရွိ ဦးဘေ အလိုအားဖြင့်သာသနာတော် ၂၃၄-ခုနှစ်မှာ တတိယသင်္ဂါယနာ တင်တော်မူသည်ဟု ယူ၏၊ ပရိုဖက္ဆာ ဆရာလွန်းခေါ် မစ္စတာ မောင်မှိုင်း အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း အလိုအားဖြင့် ၂၃၅-ဟု ယူ၏၊ ရေး၏၊ စီစစ်ကြပါကုန်။

(၄) စတုတၳ သင်္ဂါယနာ- သာသနာတော် သက္ကရာဇ် (၄၅၀) လေးရာ့ငါးဆယ်သို့ ရောက်သောအခါ လင်္ကာဒီပ သီဟဠ တည်းဟူသော သီဟိုဠ်ခေါ် သိဃုဠ် ကျွန်းကြီးသခင် ဘုရင် ၀ဋ္ဋဂါမဏိ မင်းတရား ကြီး လက်ထက် ပိဋကသုံးပုံ ကို အာဂုံဆောင်ကြကုန်သော ရဟန္တာ အရှင်မြတ်တို့ သည် နောင် အနာ ဂတ် ကာလ၌ သတ္တဝါတို့သည် သတိ ပညာ ဆုတ်ယုတ်ကုန် လတံ့၊ နှုတ်တက် အာဂုံ မဆောင်ရွက် မကျက်မမှတ်နိုင် လတံ့တို့ကို မြင်တော်မူကြ၍ သာသနာတော်၏ အသက် မပျောက်မပျက် တည် ရှိနိုင် စေရန် ကြံစည်တွေးဆကာ (၅၀၀) ငါးရာသော ရဟန္တာ အရှင်မြတ်တို့ ပေထက် မှာရေး လျက် 'ပေထက္ခာရာ'ခေါ်စတုတၳ သင်္ဂါယနာကို မဟာ သံဃရာဇာကြီးမှူးလျက် သီဟိုဠ်ကျွန်း မလယဇနပုဒ် အာလောက လိုဏ္ဂူ၌ တင်တော်မူကြပြန်သည်လည်းတကြိမ်။

 (၅) ပဉ္စမသင်္ဂါယနာ- ကောဇာ သက္ကရာဇ် ၁၂၃၃-ခု၊ သာသနာတော် (၂၄၁၅)ခုနှစ် ရောက်ပြန် ရာ မြန်မာနိုင်ငံတော် ရတနာပုံ နေပြည်တော်ကြီးကို စည်ထီး နန်းအိမ်နှင့်တကွ ပဌမ လက်မွန် တည်ထောင်တော် မူခဲ့သော ဘုရင် မင်းတုံးမင်းတရားကြီး သည် ဘုရားရှင် ဓမ္မစက်ပေရွက်နှင့် မလျော် ဟု ဆင်ခြင်ပြီးကာ သာသနာငါးထောင် (၅၀၀၀) ကုန်အောင်တည်စေနိုင်ခြင်းငှါ၊ ကိုးဖြာ န၀ရတ် ကျောက်မြတ် အ၀င် ဖြူစင်သန့်ရှင်းသော သလင်းကျောက်ရတနာ အပြင်၀ယ်အက္ခရာတော် ထင်ပြီးလျှင် ရွှေမင်းရွှေစုတ်နှင့် ရေးသားခတ်နှိပ်တော် မူ၍ အုဌ်ပြသာဒ်များအတွင်း သွတ်သွင်းခါ ထားတော် မူပြီးမှ တံဆိပ်တော်ရ သုဓမ္မာ ဆရာကြီးရှစ်ပါးကို ရှေးဖျားရှေးဦး အမှူးဉပကာ (၂၄၀၀)နှစ်ထောင်လေးရာ ကုန်သော သီလ၀န် ဂုဏ၀န် ကလ်ာဏ ပုထုဇဉ် သံဃာတော်အရှင်မြတ်
တို့နှင့် တကြ ပဉ္စမသင်္ဂါယနာ တင်တော်မူခဲ့သည်လည်း တကြိမ်အားဖြင့် ပေါင်း၅-ကြိမ်ဖြစ်သတည်း။

 (၆) ဆဋ္ဌသင်္ဂါယနာ၊ သစ္စာလေးဆူ အောင်လံ ထူလျက် ပြိုင်သူဖက်ကင်း တရားမင်းဖြစ်တော် မူသော ဗုဒ္ဓရှင်တော် ဘုရားသည်၄၅-နှစ်(၄၅-ဝါ)အတွင်း ဟောကြားတော်မူအပ်သော တရားတော် တို့ကို ကြွသွား နိဗ္ဗာန် စံ၀င်တော်မူပြီးနောက်၊ ၂၄၉၈-နှစ်ကြာသောအခါ ......

(၁) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော နိကာယ် ငါးရပ်တို့ကို အထပ်ထပ် အဆင့်ဆင့် ရေးကူး၍ လာကြရာ ၌သတိ ချွတ်ယွင်းရေးမှားခြင်း ဟုဆိုအပ်သော ပမာဒေလခ(ပါဠိပျက်) မ်ားကို အထူးသန့် ရှင်း စင်ကြယ်စေလိုသောကြောင့် ၎၊

(၂) ထိုစင်ကြယ်သော ပိဋကတ်တော်များ ကို စက်တင် ပုံနှိပ်၍ ကမ်ဘာ အရပ်ရပ်သို့ပြန့်နှံ့စေခြင်းအားဖြင့် အဓွန့်ရှည်စွာ တည်စေလိုသောကြောင့်၎င်း၊

(၃) လွတ်လပ်သော မြန်မာနိုင်ငံတော်နှင့် တကြ ဗုဒ္ဓဘာသာနိုင်ငံ အားလုံးတို့က သာသနာတော်ကို စုပေါင်း အားပေး ချီးမြှောက်လိုသောကြောင့်၎င်း ၊ ဤ ဆဋ္ဌသံဂါယနာပွဲသဘင်ကြီးကို တင်တော်မူကြ သည်ဟူ၍ မြန်မာ, ယိုးဒယား, ကမေ္ဗာဇ, သီဟိုဠ်, လော, ဟူသည့် ထေရာဝါဒ ငါးနိုင်ငံရှိ သံဃာတော် အရှင်မြတ်တို့ ၏ ဆုံးဖြတ်တော်မူချက်အရ-..............

 ပြည်ထောင်စု မြန်မာနိုင်ငံတော် ရန်ကုန်မြို့ရေကူးရပ် သီရိမင်္ဂလာ ကမ်ဘာဧ စေတီတော်အနီး ဆဋ္ဌသံဂီတိ မဟာပါသာဏ ဂုဟာခေါ် လိုဏ်ဂူတော်ကြီး အတွင်း မြန်မာနိုင်ငံတော်အစိုးရ၏ ပစ္စယာနု ဂ္ဂဟဖြင့် သာသနာတော်၊ ၂၄၉၈၊ျမန္မာ- ၁၃၁၆-ခုနှစ်၊ ကဆုန်လပြည့်။ အင်္ဂလိပ် ၁၉၅၄ -မေလ (၁၇) ရက်နေ့မှ စ၍ မြန်မာ, သီဟိုဠ်, ယိုးဒယား, (ကမေ္ဗာဇ) ကမေ္ဗာဒီးယား, (လော)လာအို, ငါးနိုင်ငံ တို ့နှင့် နှစ်နှစ် တိုင်တိုင် ကျင်းပသည့် ဆဋ္ဌသံဂါယနာပွဲတော်ကြီးတွင် မြန်မာပြည်တွင်းမှ စာပေ ကျမ်းဂန် တတ်ဆရာတော် သံဃာတော် (၂၄၇၃)ပါး။

ကမ်ဘာ့နိုင်ငံတော် အရပ်ရပ်မှကြွ လာတော် မူကြသော သံဃရာဇာစသည့် ပိဋကကျမ်းဂန်တတ်အကျော် အမော်ဆရာတော် သံဃာတော် (၁၄၄) ပါး၊ ပေါင်း သံဃာတော်(၂၆၁၇)ပါးတို့သည် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ရ မန္တလေးမြို့ညောင်ရမ်း ဆရာတော်ဘုရားကြီးအား သံဃထေရ် မဟာ၀ိနာယ က အရာထား၍ ၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်နေ ့ တိုင် အောင် ၂-နှစ် ပတ်လုံး နိကာယ်ငါးရပ် ပိဋက သုံးပုံ ပါဠိတော်များကို သံဂါယနာတင်တော်မူခဲ့ ကြသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗုဒ္ဓ သာသနာ အဖွဲ့ကြီး၏ သံဂါယနာ မှတ်တမ်းမှ ယူပြသည်။

မှတ်ချက်။ ။ ပါဠိတော် သံဂါယနာ တင်အပြီး အဋ္ဌကထာ, ဋီကာ, များကိုလည်း ၁၃၂၃-ခုနှစ်၊ တပို့တွဲ လဆန်း ၁၂-ရက်နေ့ အထိအဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မစိုးရိမ်ဆရာတော် ဦးသူရိယ အမှူး ရှိသော သံဃာတော်တို့သည် သံဂါယနာ တင်တော်မူကြကုန်၏ဟု မှတ်ရာသေးသည်။


ဆဋ္ဌသံဂါယနာ - ဧချင်း

 မင်းချင်းတို့လေ။ ။ သိရီသြဘာ၊ ထောမနာတည်း၊ ကောဇာတွက်စစ်၊ သက္ကရာဇ်ကား၊ ဆဧက်- တြိဧက်၊ ခေတ်ကောင်းဖြစ်ခဲ့၊ ရှင်ချစ်မြတ်စွာ၊ သာသနာမူ၊ ဓ၊ ဇာ၊ ၀၊ ရ၊ ကဆုန္လ၏၊ ပုဏ္ဏာတိထီ ၊ နေ့စန္ဒီ၀ယ်၊ နာရီဆယ့်နှစ်၊ မွန်းတည့်ဖြစ်၏၊ စွန်းလစ်ဗာရာသ်၊ မိနစ်မှတ်လော၊ ကောင်းမြတ်ချိန်ခါ၊ မင်္ဂလာ၀ယ်၊ မြန်မာကရင်၊ ရှမ်း ကချင်နှင့်၊ ပေါ်ထင်တူပြိုင်၊ မွန်ရခိုင်တည့်၊ တောင်ပိုင်ထင်ရှား၊ ချင်း ကယားတို့၊ ကိုယ်စားဥက္ကဌ၊ သမ္မတဟု၊ ဌာနရာထူး၊ ဦးဘဦးနှင့်၊ ကြီးမှူးဉပလုပ်၊ ၀န်ကြီးချုပ်ဟု၊ သရုပ်တန္တု၊ စန်းဣန္ဒုသို့၊ ဦးနုဘွဲ့ချီး၊ ခေါင်းဆောင်ကြီးတို့၊ ဦးစီးနာယက၊ ပါ၀င်ကြသား၊ ဗုဒ္ဓသာသနာ၊ ဘွဲ့သညာဖြင့်၊ သြဘာသံဟီး၊ အဖွဲ့ကြီးက၊ ခိုင်ဖြီးလေး၀၊ ပစ္စယဖြင့်၊ ဆဋ္ဌမဟာ၊ ဒါယကာဟု၊ သဒ္ဓါစင်ဖြူ ၊ တာ၀န်ယူခဲ့၊ ဇမ္ဗုရန်ကုန်၊ မြို့ဒဂုန်တွင်၊ ၀သုန်မောဠိ၊ အံ့ဘွယ် ရွိသား၊ သီရိမင်္ဂလာ၊ ကုန်းတော် သာ ၀ယ် ၊ ကမ်ဘာဧတွင်၊ စေတီယင်၏၊ ၀န်းကျင်အနီး၊ လိုဏ်ဂူကြီး၌၊ ဘုန်းမီး နေလ၊ မြတ်ဗုဒ္ဓ၏ ၊ ထေရ ဝါဒ ၊ ဂိုဏ်းစုံမှလျှင်၊ ရဋ္ဌဂုရု၊ ဘွဲ့သေတ္တုဖြင့်၊ ဂုဏ်ဉပဆောင်စွမ်း၊ အခေါင်လွှမ်းသည့် ၊ ညောင် ရမ်း တဆူ၊ ဦးထိပ်မူလျက်၊ ၀ိဓူဇာနည်၊ မဟာထည်(ထေရ်)တို့၊ ငါးပြည်ထောင်စုံ၊ ဓမ္မာရုံဖြင့်၊ အာရုံဖြောင့်ဖြောင့်၊ ယွင်းမနှောင့်ပဲ၊ နှစ်ထောင့်ငါးရာ၊ မြတ်သံဃာလျှင်၊ ရွှေဗျာဒိတ်>မက်၊ ဓမ္မစက်ကို၊ ငွေထက္ခရာ၊ စက်အလွှာ၌၊ ကောင်းစွာပိုင်ပိုင်၊ ၂-နှစ်တိုင်အောင်၊ သံဉပိင်ညီမျှ၊ ရွတ်တင်ကြသည်၊ ဆဋ္ဌသံဂါယနာ တည့်လေး၊ သူတော်ကောင်းဖေါ်ရွေ ့ ့ ့ ့မင်းချင်းတို့လေ။ 
credit
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ
အရှင်ဉာဏိဿရ (ဒီပဲယင်း)

ကာလာမသုတ်

အခါတစ်ပါး မြတ်စွာဘုရားနှင့် နောက်ပါ သံဃာတို့သည် ဒေသစာရီ ကြွချီတော်မူရာ ကောသလတိုင်း ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။ ဗုဒ္ဓဘုရားရှင် ကြွရောက်တော်မူသည်ကို သိကြကုန်သော ကေသမုတ္တ နိဂုံးသား ကာလာမအမျိုးကောင်းသားတို့သည် ဘုရားရှင်အား လာရောက် ဖူးမျှော်ကြကုန်၏။ သင့်တင့်လျောက်ပတ်ရာ ထိုင်ကြပြီးလျှင် ရှိခိုးဦးချကြ၍ ဘုရားရှင်အား ဤသို့ မေးလျှောက်ကြကုန်၏။
အရှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။ ထို သမဏဗြာဟ္မဏတို့သည် မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေပါ ကုန်၏။ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါ ကုန်၏၊ အသျှင်ဘုရား တခြားသော သမဏဗြာဟ္မဏအချို့တို့သည်လည်း ကေသမုတ္တနိဂုံးသို့ ရောက် လာပါကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေကုန်ပါ၏၊ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ အရှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါ သနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်းဟု အကြှနျုပျတို့အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏။
ထိုအခါ ဘုရားရှင်က - ကာလာမတို့ သင်တို့အား ယုံမှားခြင်းငှာ သင့်ပေ၏၊ တွေးတောခြင်းငှာ သင့်ပေ၏၊ သင်တို့အား ယုံမှားခြင်းငှာသင့်သော အရာ၌ ယုံမှားခြင်း ဖြစ်၏။ .... ဟု အစချီ၍ ဤကာလာမသုတ်ကို ဟောကြားတော်မူ၏။ ကေသမုတ္တနိဂုံး၌ ဟောကြားတော်မူသောကြောင့် ကေသမုတ္တိသုတ် ဟူ၍လည်း အမည်တွင်၏။
မာ အနုဿဝေန - ပြောသံကြားရုံနဲ့လည်း မယုံနဲ့။
မာ ပရမ္ပရာယ - ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့။
မာ တက္ကဟေတု - အဲသလိုဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။
မာ နယဟေတု - ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်ကလေးနဲ့လည်း မယုံနဲ့။
မာ ဘဗ္ဗရူပတာယ - ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။
မာ ပိဋကသမ္ပဒါဒေန - ပိဋကစာပေကျမ်းဂန်ထဲမှာပါတယ် ဆိုရုံနဲ့လည်း မယုံနဲ့။
မာ သာမဏော နောဂရူတိ - ကိုယ်ယုံကြည် ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့။
သာမဏော ဆိုတဲ့ ပုဒ်ထဲမှာ မြတ်စွာဘုရားပါ အကျုံးဝင်ပါသည်။
နောက် ကာလာမသားတွေကို ပါဠိအကျဉ်းချုပ်ထည့်သွင်း လောဘ၊ ဒေါသ၊ မောဟ။ (တပ်မက်မှု၊ အမျက်ထွက်မှု၊ မိုက်မဲတွေဝေမှု) ဆက်ဟောလေ၏။
အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သို့တည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ် စွဲအားဖြင့်လည်းစွဲအားဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ဒုက္ခ ရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။

တဖုဿနှင့်ဘလ္လိက

တဖုဿနှင့် ဘလ္လိက Taphussa and Bhallika ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ဖြစ်သည်။ ရွှေတိဂုံ စေတီတော်မှာ ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံဟုလည်း ခေါ်တွင်သည်။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ဗုဒ္ဓသာသနာအစ- ရွှေတိဂုံကဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ မြန်မာ့ဗုဒ္ဓသာသနာတော်အစ-တဖုဿနှင့် ဘလ္လိက ဟု၎င်း၊ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ၎င်း၊ ဆိုကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ဗုဒ္ဓသာသနာအစ- ရွှေတိဂုံကဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ [၁]မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ သာသနာတော်အစ- ရှင်အရဟံ က ဟု၎င်း၊ မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်း က ဟု၎င်း မှတ်သားနိုင်ပါသည်။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်း နှင့် မြန်မာ့သမိုင်း တွင် အနော်ရထာမင်း မှာ အလွန်ဩဇာကြီးခဲ့သူဖြစ်သည်။
မွန်ကုန်သည်ညီနောင်
ဘီစီ (၅၈၈)၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့ဩသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကြှနျုပျက တခြားမဟုတ်၊ ကြှနျုပျသညျ ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကြှနျုပျသညျ ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သငျတို့နှင့ျကြှနျုပျသညျ ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်းဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကြှနျုပျသငျတို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့ဟုဆိုလျှင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် ဒါဆို ကြှနျုပျအား လမ်းညွှန်ပြပါ ရုက္ခစိုးနတ် ဟုပြော၏။ ကောင်းပြီ ၊ အမောင်တို့၊ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ်ဒါပီတိအပွည့ျနှင့ျ ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် ဒွေးဝါဓိက သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က ဘုရားရတနာ၊ တရားရတနာ တည်းဟူသည့် ရတနာနှစ်ပါးသည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား ဟုလျှောက်ထား လေ၏။ ကောင်းပြီးချစ်သားတို့ မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း ( ရန်ကုန်မြို့) ၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

Tuesday, June 26, 2018

ရာဟုလာထေရ်

ရာဟုလာထေရ်သည် ဂေါတမမြတ်စွာဘုရားလက်ထက် ထင်ရှားသော ထေရ်တစ်ပါး ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား သည် ဘုရားမျဖစ္မီ သိဒ္ဓတၳမင်းသားဘဝက ယေသာဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်ရာမှ ဖွားမြင်သော သားတော် ဖြစ်သည်။ ဘုရားအလောင်းတော်အဖို့ လကို ရာဟုဖမ်းသကဲ့သို့ သံယောဇဉ် အနှောင်အဖွဲ့နှင့် တူသည်ဖြစ်၍ ရာဟုလာအမည် တွင်သည်။
မဟာသက္ကရာဇ် ၁ဝ၄ ခုနှစ် တပေါင်းလတွင် မြတ်စွာ ဘုရားသည် ကပိလဝတ်ပြည်သို့ ကြွတော်မူပြီးနောက် ရာဟုလာ ၏မယ်တော် ယသော်ဓရာမိဖုရားသည် သားတော်ရာဟုလာအား ဖခမည်းတော် ဘုရားထံတွင် ဖွားတော်မူစဉ်က ပေါ်ပေါက်ခဲ့ သော ရွှေအိုးကြီးများကို အမွေတောင်းရန် စေလွှတ်သည်။ ရာဟုလာသည် မြတ်စွာဘုရားထံသို့ ရောက်သောအခါ မြတ်စွာဘုရားက လောကီအမွေထက် မြတ်သော လောကုတ္တရာ အေမြကို ပေးရန် ရှင်မဟာမောဂ္ဂလန်ကို ခေါ်၍ ဆံရိတ်စေ သည်။ ထိုနောက် ရှင်သာရိပုတ္တရာအား သရဏဂုံပေးစေလျက်၊ ရှင်မဟာကဿပကို ဩဝါဒဆရာပြုစေကာ သာသနာ့ဘောင်သို့ သွတ်သွင်းတော်မူသည်။
ထိုအချိန်တွင် ရှင်ရာဟုလာမှာ အသက် ခုနစ်နှစ်မျှသာ ရှိသေးသည်။ မြတ်စွာဘုရားသည် ရာဟုလာအား သိက္ခာပုဒ် မြဲ စေရန် ရာဟုလောဝါဒသုတ်ဖြင့် ဆုံးမတော်မူသည်။ ရာဟုလာ ကား သိက္ခာပုဒ်တို့ကို ပို၍ အားထုတ်လိုသောဆန္ဒ ပြင်းထန်လှ သည်။ အသက် ၁၈ နှစ်ရွယ်အထိ ပြက်ရယ်ပြုသောစကားကိုမျှ မပြောချေ။ ရှင်ရာဟုလာကိုယ်တော်မှာ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သောလက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသဖြင့် လူအမ်ားက တဏှာပေမဖြင့် ချစ်ခင်ကြသော ကြောင့် မြတ်စွာဘုရားက မဟာရာဟုလော ဝါဒသုတ္ကို ဟောတော်မူသည်။
ရှင်ရာဟုလာသည် အသက် ၁၈ နှစ်ရှိသောအခါ ဉာဏ် ရင့်ပြီဖြစ်သဖြင့် မြတ်စွာဘုရားက စူဠရာဟုလော ဝါဒသုတ္ကို ဟောတော်မူရာ တရားတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်သည်။
ရှင်ရာဟုလာသည် သိက္ခာကို ထိန်းသိမ်းရာတွင် အလွန် ခိုင်မြဲလွန်ကဲသောကြောင့် သိက္ခာကာမာနံဧတဒဂ်ဘွဲ့ဖြင့် ချီမြှောက်တော်မူခြင်း ခံရလေသည်။

အာနန္ဒာထေရ်

အာနန္ဒာထေရ်သည် ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အလုပ်အကျွေး အပါးတော် မြဲဖြစ်၍ အထူးထင်ရှားသည်။ အာနန္ဒာသည် မြတ်စွာဘုရား၏ ခမည်းတော်သုဒ္ဓေါဒနမင်း၏ညီတော် အမိတ္တောဒနမင်း၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ ညီတော်ဝမ်းကွဲ တော်စပ်သည်။ မြတ်စွာဘုရား၏ ဖွားဘက်တော်ခုနစ်ဦးတွင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ အရွယ်ရောက်သောအခါ အခြားသာကီဝင် မင်းသားတို့ကဲ့သို့ မြတ်စွာဘုရားထံ သို့ သွားရောက်၍ ရဟန်းပြုသည်။ အာနန္ဒာ နှင့်အတူ ညီတော်နောင်တော်များ ဖြစ်ကြသော အနုရုဒ္ဓါ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဒေဝဒတ်စသော မင်းသားလေးပါးနှင့် ဆတ္တာသည် ဥပါလိတို့အတူ ပါသည်။ အာနန္ဒာသည် ရဟန်းပြုပြီးနောက် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် သောတာပတ္တိဖိုလ်၌ တည်သည်။ မြတ်စွာဘုရားအား ရိုသေစွာ လုပ်ကျွေးသည်။ မြတ်စွာဘုရားသည် ဝါတော်နှစ်ဆယ်ရသော အခါမှစ၍ အစဉ်အမြဲ လုပ်ကျွေးရသည်။ အာနန္ဒာထေရ်သည် မြတ်စွာဘုရားထံတွင် လုပ်ကျွေးခြင်း ပြုခွင့်ရသောအခါ လေးပါးသောဆုကို တောင်း၍ လေးပါးသော ဆုကို ပယ်သည်။
အာနန္ဒာတောင်းသောဆု လေးပါးမှာ - (၁) မိမိဝန်ခံဖိတ်ကြားအပ်သောဆွမ်းကို ခံတော်မူရန်၊
(၂) အဝေးအနီးမြို့ရွာ ကျေးလက်မှ ရောက်လာသော ပရိသတ်တို့က မြတ်စွာဘုရားအား ဖူးမျှော်လိုသဖြင့် မိမိကတစ်ဆင့် လျှောက်ထားလျှင် ဖူးမျှော်ခွင့်ပေးတော် မူရန်၊
(၃) မိမိ၌ ယုံမှားမှုရှိသောအခါ မြတ်စွာဘုရားအား လျှောက်မေးလိုသော် မေးခွင့်ပြုပါရန်၊
(၄) ကွယ်ရာ အခြားတစ်ပါးသော နေရာ၌ ဟောကြားတော် မူသော တရားတော်ကို မိမိအားပြန်၍ ဟောကြားပါရန်ဟူ၍ဖြစ်သည်။
ရှင်အာနန္ဒာပယ်သောဆုလေးပါးမှာ
(၁) မြတ်စွာဘုရားရအပ်သော ဆွမ်းကွမ်းပစ္စည်းဖြင့် မိမိအား မချီးမြှောက်ရန်၊
(၂) မွန်မြတ်သော သင်္ကန်းပစ္စည်းဖြင့် မချီးမြှောက်ရန်၊
(၃) ကိုယ်တော်မြတ်ကျိန်းဝတ်သော ဂန္ဓကုဋိသို့ ဝင်၍ မကျိန်းရစေရန်၊
(၄) ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ အတူလိုက်ပါ ရန်အတွက် မခေါ်ဆောင်ရန်ဟူ၍ဖြစ်သည်။
အာနန္ဒာထေရ်သည် မြတ်စွာဘုရားအား အသွယ်သွယ်သော နည်းတို့ဖြင့် လုပ်ကျွေးပြုစုတော်မူခြင်းကြောင့် ဓမ္မဘဏ္ဍာဂါရိက တရားမှူး၊ တရားထိန်း၊ တရားဘဏ္ဍာစိုးအရာ၌ ချီးမြှောက်တော်မူသည်။
မြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာထေရ်သည် ငါးပါးသော ဧတဒဂ်ဘွဲ့ကို ရသည်။ ဧတဒဂ် ငါးတန် ရရှိ သဖြင့် ထူးမြတ်သောမထေရ်ကြီးတစ်ပါး ဖြစ်လာသည်။ ရှင်အာနန္ဒာရရှိသော ဧတဒဂ်ငါးပါးကား -
(၁) အကြားအမြင်များခြင်းအဖြစ်၊ ဗဟုသုတ ဧတဒဂ်။
(၂) သတိအမှတ်ကောင်းခြင်းအဖြစ်၊ သတိမန္တဧတဒဂ်။
(၃) ပညာရှိခြင်းအဖြစ်၊ ဂတိမန္တဧတဒဂ်။
(၄) တည်ကြည်ခြင်းအဖြစ်၊ ဓိတိမန္တဧတဒဂ်။
(၅) အလုပ်အကျွေးပြုနိုင်ခြင်းအဖြစ်၊ ဥပဋ္ဌာက ဧတဒဂ်၊ ဟူ၍ဖြစ်သည်။
ရှင်အာနန္ဒသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာ တင်မည့်နေ့တွင် ဣရိယပုတ် လေးပါးမှလွတ်၍ အာသဝေါကုန်သော ရဟန္တာဖြစ်လာသည်။ ကွယ်ရာတွင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ပြန်လည်ဟောကြားစေသော ရှင်အာနန္ဒာ၏ ကျေးဇူးတော်ကြောင့် ပုထုစဉ်သတ္တဝါအများသည် မြတ်စွာဘုရား ဟောကြားသော တရားတော် များကို ယခုထက်တိုင် ကြားနာ ကြည်ညိုကြရသည်။ သန်းခေါင်ယံ၌ မထင်ရှားသော နတ်သား တစ်ပါးကို ဟောကြားတော်မူခဲ့သည့် မင်္ဂလသုတ်အစရှိသော တရားတော်များကို နာရသည်မှာလည်း ရှင်အာနန္ဒာထေရ်၏ ကျေးဇူးတော်ကြောင့်ပင်ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ပထမသင်္ဂါယနာတင်ရာတွင် ရှင်အာနန္ဒာ၏ စွမ်းဆောင်မှုကြောင့်သာလျှင် သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်များသည် မြတ်စွာဘုရားကိုယ်စား ကျန်ရစ်ခဲ့လေသည်။

မဟာကဿပ


Jump to navigationJump to seaအရှင်မဟာကဿပ သည် မြတ်စွာဘုရားရှင်၏ သာသာနာတော်တွင် ဓူတင်ဆောင်သည့် အရာတွင် ဧတဒဂ် ရသည့် ရဟန္တာ ဖြစ်သည်။ ပထမသင်္ဂါယနာတင်သည်ကို အရှင်မဟာကဿပ က ဦးဆောင်ခဲ့၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် သာသနာကို စောင့်ရှောက်ရန် ရှင်မဟာကဿပကို တာဝန်ပေးခဲ့၏။[၁]
အရှင်မဟာကဿပကို မဂဓတိုင်း၊ မဟာတိတ္ထိရွာတွင် မွေးဖွားခဲ့သည်။ ငယ်မည်မှာ ပိပ္ပလိ ဖြစ်၏။ ဖခင်မှာ ကပိလ ဖြစ်၏။ ဗြဟ္မဏမျိုးရိုးဖြစ်ပြီး ကုဋေ ၈၇ ကုဋေ ကြွယ်ဝသည်။ ပိပ္ပလိ၏ ဇနီးမှာ ဘဒ္ဒါကာပိလာနီ ဖြစ်သည်။
ပိပ္ပလိသည် အရွယ်ရောက်လာ၏။ ထိုအခါ မိဘတို့က အိမ်ရာတည်ထောက်ရန် နားချကြ၏။ ထိုအခါ ပိပ္ပလိသည် ရွှေစင်ရုပ်တုကိုသွန်းလုပ်ပြီး အဝတ်တန်ဆာတို့ကို ဆင်မြန်းစေ၏။ မိဘတို့အား ထိုရုပ်တုနှင့် တူသူကို ရပါက အိမ်၌ နေမည်၊ မနေလျှင် အိမ်ရာတည်ထောင် လူတို့ဘောင်တွင် မနေပါ ဟု ပြော၏။ ထိုအခါ မိဘတို့သည် ပုဏ္ဏားရှစ်ယောက်တို့အား ရွှေစင်ရုပ်တုနှင့် တူသူကို အရှာလွှတ်၏။ ရှာဖွေရာ မဒ္ဒတိုင်း သာဂလမြို့တွင် တွေ့၏။ တွေ့ခဲ့သူမှာ ကောသိယဂေါတ္တပုဏ္ဏားသူဌေးကြီး၏ သမီးဖြစ်သူ ဘဒ္ဒါကာပိလာနီ ဖြစ်၏။ ထို့နောက် ပုဏ္ဏားတို့သည် ရွှေစင်ရုပ်တုကို ပေးကာ အကျိုးအကြောင်း ပြော၏။
ပိပ္ပလိနှင့် ဘဒ္ဒါကာပိလာနီတို့သည် စာပေလွှာများ အပြန်အလှန် ပေးပို့ကြ၏။ စာထဲတွင် ပါဝင်သည်မှာ အခြားတစ်ယောက်ကို ယူရန်၊ မိမိမှာ တောထွက်မှာ ဖြစ်သည့်အကြောင်း ရေးသားထား၏။ သို့သော် စာပို့လုလင်က မူလစာတို့ကို ဖျောက်ပစ်လိုက်၏။ နှစ်သက်သည့်၊ ဝမ်းမြောက်သည့် စာများပ့သည့် စာလွှာများကို ရေးကာ ပို့လေ၏။ မိဘတို့၏ ဆောင်ရွက်မှုနှင့် ကြားလူတို့ကြောင့် လက်ထပ်ထိမ်းမြား ဖြစ်လေသည်။ ဇနီးမောင်နှံ ဖြစ်သော်လည်း မောင်နှမကဲ့သို့ နေထိုင်ကြ၏။ အိပ်သည့်အခါတွင်လည်း အလယ်တွင် ပန်းကုံးနှစ်ခု ခြားထား၏။ ရာဂစိတ်ဖြစ်သူ၏ ဘက်မှ ပန်းကုံးသည် ညှိုးစတမ်းဟု ကတိထားကာ အိပ်ကြ၏။ ပန်းတို့သည် မညှိုးကြပေ။
ပိပ္ပလိနှင့် ဇနီးဖြစ်သူတို့သည် မိဘသဘောတူ လက်ထပ်ခဲ့၏။ သို့သော် မောင်နှမကဲ့သို့သာ နေခဲ့၏။ တစ်ခါသော် လယ်ကွင်းထဲတွင် ပိုးမွှာတို့သေကြနေသည်ကို တွေ့ရသော် သံဝေဂ ဖြစ်ကြရသည်။ ထို့နောက် နှစ်ဦးသဘောတူ တောထွက်ခဲ့ကြသည်။ နှစ်ဦးစလုံး ရဟန်းအသွင်ဝတ်ဆင်ကာ ပိပ္ပလသည် ရာဇဂြိုဟ်သို့ လည်းကောင်း၊ ဘဒ္ဒါကာပိလာနီသည် ပရိဗိုဇ်မ အာရမ်သို့လည်းကောင်း ထွက်ခဲ့လေသည်။ မြတ်စွာဘုရားသည် ပိပ္ပလိကို ကြိုဆိုရန် ရာဇဂြိုဟ်မှ သုံးဂါဝုတ်ဝေးသည့် ရာဇဂြိုဟ်နှင့် နာလန္ဒာအကြားရှိ ဗဟုပုတ္တက ညောင်ပင်၌ သီတင်းသုံးကာ နေတော်မူ၏။ ပိပ္ပလိအား ဘုရားရှင်မှန်းသိစေရန် ခြောက်သွယ်သော ရောင်ခြည်တော်တို့ကို လွှတ်၏။ ထိုအခါ ပိပ္ပလိလည်း ဘုရားရှင်ထံ တပည့်ခံကာ ရဟန်းဝတ်၏။ မြတ်စွာဘုရားသည် ကဿပ ဟူသည့်အနွယ်အမည်ဖြင့် ရဟန်းပြုပေး၏။ ထိုအခါမှ စတင်ကာ သာသနာ့သမိုင်းတွင် အရှင်မဟာကဿပ ဟူ၍ ရဟန္တာတစ်ပါး ပေါ်ထွန်းခဲ့၏။ မြတ်စွာဘုရားသည် ဝါတော်တစ်ဝါအရတွင် ဝေဠုဝန်ကျောင်းတော် ရှင်မဟာကဿပနှင့် ဒုကုဋ်သင်္ကန်းချင်းလဲကာ ဝတ်ဆင်ခြင်းဖြင့် ချီးမြှောက်တော် မူခဲ့သည်။ ထိုအခါ မဟာပထဝီမြကြီးသည် ပြင်းထန်စွာ တုန်လှုပ်သည်။ မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းသည် ပုဏ္ဏာဟု အမည်ရှိသည့် ကျွန်မ၏ အလောင်းမှ တစ်ပြည်လောက်ရှိသည့် လောက်တို့ကို ဖယ်ကာ ပံသကူ ကောက်ယူခဲ့သည့် သင်္ကန်းဖြစ်သည်။ ပံ့သကူကောက်ယူစဉ်ကလည်း မဟာမထဝီမြေကြီးသည် တုန်လှုပ်ခဲ့သည် ဖြစ်၏။ ရှင်မဟာကဿပသည် ဓူတင်အားလုံးဆောင်ကာ အားထုတ်ရာ ၈ ရက်မြောက်တွင် ရဟန္တာ ဖြစ်တော်မူ၏။

အရှင်ကောဏ္႑ည

ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးနောက်၊ ရာမ၊ ဓဇ၊ လက္ခဏ၊ ဇောတိမန္တ၊ ယည၊ သုဗောဓ၊ သုယာမ ဟူသော ပုဏ္ဏားခုနှစ်ဦးတို့က ဤမင်းသားသည် စကြဝတေးမင်းသော်လည်း ဖြစ်လတ္တံ့၊ ဘုရားသော်လည်း ဖြစ်လတ္တံ့ ဟူ၍ လျှောက်တင်ကြသည်။ ထို့နောက် ကောဏ္ဍညအနွယ်ဖြစ်သော သုဒတ္ထပုဏ္ဏားငယ်ကမူ ဤ မင်းသားသည် ဘုရားဧကန် ဖြစ်လိမ့်မည်ဟု နိမိတ်ဖတ်လေသည်။

နိမိတ်ဖတ်ကြားသော ပုဏ္ဏားဆရာတို့ မကွယ်လွန်မီ မိမိတို့သားများအား သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်တော်မူသော အခါ သူ၏အဆုံးအမကို ခံယူ၍ သူ၏ထံပါး၌ ရဟန်းပြုကြလော့ဟု မှာကြားခဲ့ကြလေသည်။ သုဒတ္တပုဏ္ဏားမှတစ်ပါး ကျန်ပုဏ္ဏားအားလုံးတို့ ကံကုန်ခဲ့ပြီးနောက် သုဒတ္တပုဏ္ဏားနှင့် နိမိတ်ဖတ်ပုဏ္ဏား ၇ ဦး အနက် ၄ ဦး၏ သားလေးယောက် တို့သည် ရဟန်းပြု၍ တောထွက်ကြလေ၏။ သုဒတ္တပုဏ္ဏား၏ ရဟန်းအမည်မှာ အနွယ်ကိုစွဲ၍ ရှင်ကောဏ္ဍညဟု တွင်သည်။ ကျန်ရဟန်းတို့၏အမည်မှာ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိထေရ်၊ တို့ ဖြစ်၏။ ရှင်ကောဏ္ဍည အမှူးရှိသော ထိုရဟန်းတို့သည် ဂေါမတအား လုပ်ကျွေးပြုစုကြသည်။ သို့ရာတွင် အရှင်ဂေါတမ သည် ဘုရားဖြစ်ကြောင်း သစ္စာလေးပါးကို မတွေ့မြင်မီ ရဟန်း ငါးပါးတို့ စိတ်ပျက် ကာ ဂေါတမအား စွန့်ခွာ၍ မိဂဒါဝုန်တောသို့ သွားကြလေသည်။

ဂေါတမအလောင်းတော်သည် ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာကျင့်တော်မူ၍ သစ္စာလေးပါးကို သိမြင်ကာ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိတော်မူပြီးနောက် မိဂဒါဝုန်တော၌ ကေဏ္ဍညအမှူးရှိသော ပဉ္စဝဂ္ဂီငါးဦးတို့နှင့် တွေ့ရှိပြန်ရာ တရားဦးဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော် မူသည်။ ရှင်ကောဏ္ဍညသည် တရားတော်၏အဆုံး၌ ရှေးဦးစွာ သာတပတ္တိဖိုလ်သို့ရောက်သောပုဂ္ဂိုလ် ဖြစ်သည်။ ကောဏ္ဍည မထေရ်အား မြတ်စွာဘုရားခင်ကိုယ်တော်တိုင် အညာသိ ကောဏ္ဍညဟု တရားဦးရ၍ ရတ္တညုအရာ၌ ဧတဒဂ်ရသော ရဟန္တာ ဖြစ်လေသည်။
အချိန်သည် လွန်ခဲ့ပြီးသည့် ကမ္ဘာတစ်သိန်းထက်ကာလ ပဒုမုတ္တရဘုရားရှင်လက်ထက် ဖြစ်သည်။ ထိုဘုရားရှင်လက်ထက်တွင် လယ်ပိုင်ရှင်သူကြွယ် တစ်ဦးရှိခဲ့သည်။ ထိုသူကြွယ်သည် ဂေါတမဘုရားရှင်လက်ထက်တွင် အရှင်ကောဏ္ဍညမထေရ် ဖြစ်လာမည့်သူ ဖြစ်သည်။ ထိုလယ်ပိုင်ရှင်သူကြွယ်သည် ရဟန်းတစ်ပါးအား ဧတဒဂ်ဘွဲ့ ပေးသည်ကို အားကျစိတ်များ ဖြစ်ပေါ်ကာ အလှူအတန်းများ ပြုလုပ်ခဲ့၏။ သူ၏ အလှူသည် အောက်ပါအတိုင်း အဦးအဖျားကို ကိုးကြိမ် လှူခြင်း ဖြစ်သည် -
  1. ဦးဦးဖျားဖျား စပါးဖုံး အလှူ၊
  2. မုန့်ဆန်းဦးအလှူ၊
  3. စပါးရိတ်သောအခါ ရိတ်ဦးအလှူ၊
  4. အဆုပ်ပြုသောအခါ ဆုပ်ဦးအလှူ၊
  5. လှိုင်းသောအခါ လှိုင်းဦးအလှူ၊ (လှိုင်း = စည်းသည်၊ သိမ်းသည်။)
  6. နင်းနယ်သောအခါ နင်းဦးအလှူ၊
  7. ခြင်သောအခါ ခြင်ဦးအလှူ၊
  8. ရောင်းသောအခ ရောင်းဦးအလှူ၊
  9. စားသောအခါ စားဦးအလှူ။
အထက်ပါ အလှူဦးကိုးမျိုးကို အလှူပေးကာ နောင်ပွင့်တော်မူမည့် ဘုရားရှင်ထံတွင် "သူတစ်ပါးတို့ထက် ရှေးဦးစွာ တရားအရသာကို သောက်ရသည် ဖြစ်ပါစေ" ဟု ဆုပန်ခဲ့လေသည်။ 

အရှင်မောဂ္ဂလာန်

အရှင်မောဂ္ဂလာန် သည် ဗုဒ္ဓ မြတ်စွာဘုရားရှင်တော်မြတ် မှတစ်ပါးတန်ခိုး ကြီးသည့်အဖြစ်၌ သာလွန်သောသာဝက ဟူ၍မရှိသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့်ရဟန္တာ သူမတူအောင်တန်ခိုးကြီးထူးချွန်သဖြင့် တန်ခိုးအရာ၌ အဂ္ဂဣဒ္ဓိမန္တ ဘွဲ့ တံဆိပ်ရသူ ရဟန္တာဖြစ်သည်။ ရှင်မောဂ္ဂလာန်သည် ဂေါတမဗုဒ္ဓ ဘုရားသခင်၏ လက်ဝဲတော်ရံ ပထမ အဂ္ဂမဟာသာဝက ကြီး ဖြစ်တော်မူသည်။ မဟာမောဂ္ဂလာန်ထေရ်သည် ဂေါတမမြတ်စွာဘုရား၏ လက်ဝဲရံ အဂ္ဂသာဝကအဖြစ် ချီးမြှောက်ခြင်း ခံရသော ရဟန္တာ တစ်ပါးဖြစ်သည်။ ရာဇဂြိုဟ်ပြည် ကောလိတရွာ ဗြဟ္မဏမဟာသာလ မျိုးဖြစ်သော ကောလိတရွာသူကြီးနှင့် မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်၍ ကောလိတဟု အမည်တွင်သည်။
လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကာလ မနောမဒဿဘုရား ပွင့်တော်မူသည့် အချိန် တွင် ဖြစ်၏။ သရဒနှင့် သီရိဝဍ္ဎန နှစ်ယောက်တို့သည် သူငယ်ချင်း ဖြစ်သည်။ သရဒသည် ရှင်သာရိပုတ္တရာ ဖြစ်မည့်သူဖြစ်သည်။ သီရိဝဍ္ဎနသည် ရှင်မောဂ္ဂလန် ဖြစ်မည့်သူ ဖြစ်သည်။ သီရိဝဍ္ဎန ၏ မျိုးရိုးသည် အသည်မျိုး ဖြစ်၏။
ဂေါတမဘုရားရှင်၏ လက်ယာရံအဂ္ဂသာဝကအဖြစ် ဗျာဒိတ်ပေးခြင်းခံရသည် သရဒရသေ့သည် သူငယ်ချင်းဖြစ်သူ သီရိဝဍ္ဎနအား လက်ဝဲရဲအဂ္ဂသာဝကဆုကို တောင်းရန် အကြံပေး၏။ သီရိဝဍ္ဎန လည်းဘုရားအမှူးရှိသည့် သံဃာတော်အရှင်မြတ်တို့ကို တိစီဝရိတ် သင်္ကန်းတို့ဖြင် ဆက်ကပ်လှူဒါန်းပူဇော်၏။ မနောမဒဿီဘုရားရှင်အား အရှင်ဘုရား၊ တပည့်တော်၏ သူငယ်ချင်း သရဒရသေ့ နောင်ပွင့်တော်မူမည့် ဂေါတမဘုရားရှင်လက်ထက်တွင် လက်ယာရံအဂ္ဂသာဝကဆုကို တောင်းပါ၏။ အကျွန်ုပ်လည်း ယခုပြုရသော ကောင်းမှုကုသိုလ်တို့ကြောင့် လက်ဝဲရံအဂ္ဂသာဝကဆုကို ရရပါလို၏ ဟုဆုတောင်း၏။ ထိုအခါ ဘုရားရှင်က သင်သည်လည်း မဟာမောဂ္ဂလန် အမည်ဖြင့် ဂေါတမဘုရားရှင်၏ လက်ဝဲရံအဂ္ဂသာဝက ဖြစ်ပေလတ္တံ့ဟု ဗျာဒိတ် မြွက်ကြားတော်မူသည်။
ငယ်စဉ်ကသူငယ်ချင်းဖြစ်သော ဥပတိဿပုဏ္ဏားမျိုးနှင့် အတူ တောင်ထွတ်သဘင်ပွဲကို ကြည့်ကြယင်း သတိသံဝေဂရ၍ နှစ်ဦးသဘောတူ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည် သိဉ္စည်းပရိဗိုဇ်ထံသို့သွားကြသည်။
ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍ တရားရှာကြသော်လည်း တရားစစ် တရားမှန်ကို မရနိုင်မှန်း သိကြသဖြင့် သူငယ်ချင်း နှစ်ဦးသည် တစ်ဦးတရားရလျှင် တစ်ဦးကို ပြန်ကြားပြောဆိုစတမ်းဟု ကတိကဝတ်ပြုလျက် တရားမှန် ရှာရန် တကွဲတပြားစီ ခွဲထွက်သွားကြသည်။
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဝေဠုဝန်ကျောင်းတော်တွင် စံပယ်သီတင်းသုံးနေတော်မူခိုက်ဖြစ်သည်။ သူငယ်ချင်းဖြစ်သော ဥပတိဿပရိဗိုဇ်သည် မြတ်စွာဘုရား၏ တပည့် ပဉ္စဝဂ္ဂီတို့တွင်အငယ်ဆုံးဖြစ်သော အဿဇိထေရ်နှင့် တွေ့၍ မြတ်စွာဘုရား၏တရားတော်ကို အဿဇိထေရ်မှ တစ်ဆင့် နာကြားရကာ သောတာပတ္တိဖိုလ်သို့ဦးစွာရောက်နှင့်သည်။
ငယ်စဉ်ကသူငယ်ချင်းဖြစ်သော ဥပတိဿပုဏ္ဏားမျိုးနှင့် အတူ တောင်ထွတ်သဘင်ပွဲကို ကြည့်ကြယင်း သတိသံဝေဂရ၍ နှစ်ဦးသဘောတူ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည် သိဉ္စည်းပရိဗိုဇ်ထံသို့သွားကြသည်။
ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍ တရားရှာကြသော်လည်း တရားစစ် တရားမှန်ကို မရနိုင်မှန်း သိကြသဖြင့် သူငယ်ချင်း နှစ်ဦးသည် တစ်ဦးတရားရလျှင် တစ်ဦးကို ပြန်ကြားပြောဆိုစတမ်းဟု ကတိကဝတ်ပြုလျက် တရားမှန် ရှာရန် တကွဲတပြားစီ ခွဲထွက်သွားကြသည်။
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဝေဠုဝန်ကျောင်းတော်တွင် စံပယ်သီတင်းသုံးနေတော်မူခိုက်ဖြစ်သည်။ သူငယ်ချင်းဖြစ်သော ဥပတိဿပရိဗိုဇ်သည် မြတ်စွာဘုရား၏ တပည့် ပဉ္စဝဂ္ဂီတို့တွင်အငယ်ဆုံးဖြစ်သော အဿဇိထေရ်နှင့် တွေ့၍ မြတ်စွာဘုရား၏တရားတော်ကို အဿဇိထေရ်မှ တစ်ဆင့် နာကြားရကာ သောတာပတ္တိဖိုလ်သို့ဦးစွာရောက်နှင့်သည်။
ဥပတိဿသည် ကတိကဝတ်အတိုင်း ပြန်လာပြီးလျှင် ကောလိတပရိဗိုဇ်အား မိမိကြားနာခဲ့ရသော "ယေဓမ္မာ ဟေတုပ္ပဘဝါ" ဟူသောတရားကို ပြန်ကြားဟောပြောရာ ဂါထာအဆုံး၌ ကောလိတပရိဗိုဇ်သည်လည်း သောတာပတ္တိဖိုလ်သို့ရောက်လေသည်။
ကောလိတသည် တရားရပြီးနောက် ဥပတိဿနှင့် အတူ မြတ်စွာဘုရားထံသို့လိုက်ပါသွားရောက်သည်။ မြတ်စွာ ဘုရားက တရားတော်ကို ဟောကြားသဖြင့် မဟာသက္ကရာဇ် ၁ဝ၃ ခု တပို့တွဲလဆန်း ၇ ရက်နေ့တွင် ရဟန္တာအဖြစ်သို့ ရောက်သည်။ ထိုနေ့၌ပင် မြတ်စွာဘုရားက မဟာမောဂ္ဂလာန် ဟူ၍ အမိ၏ အမည်ကိုစွဲ၍ သမုတ်လျက် လက်ဝဲရံအဂ္ဂသာဝက အရာ၌ ချီးမြှောက်တော်မူသည်။ ထို့နောက် တန်ခိုးတော်အရာ၌ ထူးချွန်သဖြင့် ဧတဒဂ်ဘွဲ့ဖြင့် ချီးမြှောက်တော်မူပြန်သည်။
မဟာမောဂ္ဂလာန်ထေရ်သည်မြတ်စွာဘုရားထံတွင် နှစ်ရှည်လများ အလုပ်အကျွေးပြုသည်။ ထို့နောက် သိဂိလိတောင် နံဘေး၌ ဝဋ်ကြမ္မာအလျောက် ခိုးသား ၅ ရာတို့ ရိုက်နှက်ခြင်းကို ခံရသဖြင့် ပရိနိဗ္ဗာန် စံတော်မူသည်။ မဟာမောဂ္ဂလာန်ထေရ်၏ ဓာတ်တော်များကို မြတ်စွာဘုရားကိုယ်တော်တိုင် ကြပ်မတ်၍ ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဝ၌ စေတီတည်တော်မူသည်။
နောင်သောအခါ သီရိဓမ္မာ သောကမင်းကြီးသည် ဓာတ်တော်များကို မူလနေရာမှ တူးဖော်ဆောင်ယူ၍ အဝန္တိတိုင်း ဥဇ္ဇေနီပြည်အနီး ဝေဒိဿသတောင်ရံ၌ စေတီကြီး ၃ ဆူတည်၍ တစ်ဆူတွင် မဟာမောဂ္ဂလာန်ထေရ် ၏ ဓာတ်တော်ကို ဌာပနာသည်။
ထိုဓာတ်တော်များကို ၁၉ ရာစုနှစ်အတွင်း၌ စေတီတော် ပြိုပျက်ရာတွင် တူးဖော်တွေ့ရှိရ၍ အင်္ဂလန်နိုင်ငံ ပြတိုက်သို့ပင့်ဆောင်ပူဇော်ထားရာမှ အိန္ဒိယနိုင်ငံ မဟာဗောဓိ အသင်းမှ ကြီးမှူး၍ ပြန်လည်ပင့်ဆောင်ကာ ထိုဝေဒိဿက တော် (ယခုအခါ ဆန်ချီ) အရပ်ရှိ စေတီတော်၌ပင် ဌာပနာခြင်းပြုသည်။ ဓာတ်တော်များကို ဌာပနာခြင်းမပြုမီ မြန်မာနိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ပင့်ဆောင်ကာ မြို့ရွာများစွာတွင် လှည့်လည် အပူဇော်ခံ တော်မူသည်။ ဓာတ်တော် ဌာပနာပွဲကို ၁၉၅၂ ခုနှစ်တွင် အိန္ဒိယ၌ ကျင်းပရာ လွန်စွာ စည်ကားလှသည်။ ထိုပွဲတော်သို့မြန်မာနိုင်ငံမှ ဝန်ကြီး ချုပ် ဦးနုနှင့် ဗုဒ္ဓဝါဒီ အများလည်း တက်ရောက်ကြသည်။

သီ၀လိထေရ်

သီဝလိထေရ်သည် ဂေါတမမြတ်စွာဘုရားသခင် လက်ထက် လာဘ်လာဘပေါများသည့်အရာ၌ ဧတဒဂ်ရသော ရဟန္တာဖြစ်သည်။ မြတ်စွာဘုရားသခင်၏ လက်ယာတော်ရံ လေးကျိပ်တွင် တစ်ပါးအပါအဝင်လည်း ဖြစ်လေသည်။ သီဝလိထေရ်၏ ခမည်းတော်နှင့်မယ်တော်တို့ကား မဟာလိမင်းသားနှင့် ကောလိယ ပြည့်ရှင် ကောလိယမင်းကြီး၏သမီးတော်သုပ္ပဝါသမင်းသမီးတို့ဖြစ်သည်။

မယ်တော်သုပ္ပဝါသသည် သားတော် သီဝလိထေရ်အလောင်းအား သန္ဓေရှိသောအခါဖွားရန် နေ့ရက်စေ့ရောက်သော်လည်း မဖွားမြင်နိုင်ဘဲရှိလေသည်။ ယင်းသို့ဖြင့်သန္ဓေသားကို လသာမက နှစ်နှင့်ချီ၍လွယ်ခဲ့ရရာ ခုနစ်နှစ်ပင် စေ့ရောက်ခဲ့လေသည်။ မီးမဖွားနိုင်ဘဲက္ခဝေဒုနာအကြီးအကျယ် ခံစားနေရစဉ် မြတ်စွာဘုရားအားဖူးမြော်လိုကြောင်း တောင့်တသဖြင့် ကြင်ယာတော် မင်းသားက မြတ်စွာဘုရားအား အကျိုးအကြောင်း လျှောက်ထားပင့်ဖိတ်သော် ဘုရားသခင်က 'သုပ္ပဝါသမင်းသမီးသည် ချမ်းသာခြင်းရှိသည်ဖြစ်စေသတည်း။ ရောဂါအနာမဲ့ကင်း ဆင်းရဲခြင်းမရှိသည် ဖြစ်စေသတည်း။ အနာမရှိသည်ဖြစ်၍သားကိုဖွားစေသတည်း' ရွှေနှုတ်တော်မှ မြွက်ဟဆုပေးလိုက် သည်နှင့်တပြိုင်နက် သုပ္ပဝါသမင်းသမီးသည် သားတော်ကလေးကို ချောမောစွာ ဖွားနိုင်လေသည်။ ယင်းသို့သေတွင်းမှ တက်၍ အမိအဖတို့ ပူပန်ခြင်းငြိမ်းအေးစေသဖြင့် သားတော်ကလေးအား သီဝလိဟုအမည်ပေးကြလေသည်။ သားတော် သီလဝိသည် အမိဝမ်း၌ ခုနစ်နှစ်နှင့်ခုနစ်ရက် ကိန်းအောင်းခဲ့ရရာ အမိဝမ်းကကျွတ်သည်နှင့်တစ်ပြိုင်နက် ခုနစ်နှစ်သား အရွယ်သို့ တစ်ဟုန်တည်း ကြီးပြင်းသွားလေသည်။

သီဝလိကိုဖွားမြင်ပြီးနောက်တစ်နေ့တွင် မြတ်စွာဘုရားနှင့် တကွသံဃာတော် ၅ဝဝ ကို နန်းတော်သို့ပင့်၍ ဆွမ်းလုပ်ကျွေးလေသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ ရှင်သာရိပုတ္တရာအား တရား အနုမောဒနာပြုရန် မြတ်စွာဘုရားက အမိန့်တော်ရှိသဖြင့် ရှင်သာရိပုတ္တရာသည်ပဋိသန္ဓေနေရခြင်း၏ ဆင်းရဲဒုက္ခရောက်ပုံ ဇာတိဒုက္ခကိုအကျယ်ချဲ့၍ ဟောတော်မူလေရာ ဘဝအဆက်ဆက်က ဆည်းပူးခဲ့သည့်ပါရမီ အဆောက်အအုံကြီးမားသည့်ပုဂ္ဂိုလ်ဖြစ်သည့်အတိုင်း သီဝလိမင်းသားက ရှင်သာမဏေပြုပေးပါရန် လျှောက်ထား တောင်းပန်လေသည်။ မိဘနှစ်ပါး၏ခွင့်ပြုချက်အရ ရှင်သာမဏေ ပြုပေးရန်ခေါင်းရိတ်ပေးစဉ် ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီကသုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းကို ဟောတော်မူသဖြင့် သီဝလိသည် တရားကမ္မဋ္ဌာန်းကို နှလုံးသွင်းလေရာဆံပင်ရိတ်ပြီးသည်နှင့်တစ်ပြိုင်နက် ကိလေသာကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်သွားလေသည်။

ရှင်သာမဏေဖြစ်သည်မှစ၍ များစွာသော ဒါယကာ ဒါယိကာမတို့ကပစ္စည်းလေးပါးဖြင့် နေ့စဉ်နေ့တိုင်းသုံး မကုန်အောင်လှူဒါန်းကြသောကြောင့် ရှင်သီဝလိအားအမှီပြု၍ သံဃာအပေါင်း မကြောင့်မကျစားသောက်သုံးဆောင်ရလေ သည်။ အသက် ၂ဝပြည့်သောအခါ ရှင်သီဝလိသည် ရဟန်းအဖြစ်သို့ ယူတော်မူသည်။ လာဘ်လာဘတို့သည်လည်း ဆတက်ထမ်းပိုးတိုးသည်ထက်တိုး၍ သာလာတော့သည်။ ရောက်လေရာအရပ်၌ လှူဒါန်းသူများလှသည်။

အခါတစ်ပါးမြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာ အမှူးရှိသောသံဃာတော် ၅ဝဝနှင့်တကွ ရှားတော ကျောင်းသို့ကြွတော်မူရာ ခရီးဖြတ်လမ်းမှုကြွတော်မူသည်။ ထိုဖြတ်လမ်းသည် တောလမ်းခရီးဖြစ်သဖြင့် ဆွမ်းကွမ်းအတွက် အခက်ကြုံမည်ကိုရှင်အာနန္ဒာက စိုးရိမ်သဖြင့် ဘုရားရှင်အား လျှောက်ထားသောအခါမြတ်စွာဘုရားက 'ချစ်သားအာနန္ဒာ ဤရဟန်းပရိသတ်တွင် သီဝလိပါသည်မဟုတ်လော၊ သီဝလိပါလျှင်မစိုးရိမ်လင့်' ဟုမိန့်တော်မူကာတောအုပ်သို့ဝင် လေသည်။ တောခရီးတစ်လျှောက်၌ နေထိုင်ကြကုန်သော နတ်ဘီလူးများသည် ဘုရားနှင့်တကွသံဃာတော် ၅ဝဝ အား ဆွမ်းကွမ်းများ လှူဒါန်းကြလေသည်။ ရှင်သီဝလိအားလည်း ပစ္စည်းမျိုးစုံဖြင့် စုပုံလှူဒါန်းကြသဖြင့်သံဃာများမှာ မျှတစွာသုံးဆောင်ကြရရုံမက ပိုလျှံ၍ပင်နေလေသည်။
ရှားတောကျောင်း၌ဘုရားနှင့်တကွ သံဃာတော် ၅ဝဝ သည် တစ်လပတ်လုံး ရှင်သီဝလိကိုအကြောင်းပြုရအပ်သော ပစ္စည်းလေးပါးဖြင့် မျှတစွာနေကြရလေသည်။ ရဟန်းသံဃာတို့လည်း လူနေဝေးသောတောကြီး မျက်မည်းထဲဖြစ်ပါလျက် သီဝလိထေရ်တန်ခိုးတော်ကြောင့် လာဘ်လာဘပေါများသည်ကို အံ့ဩချီးမွမ်းနေကြလေသည်။ ထိုသို့ပြောဆိုနေသည်ကို မြတ်စွာဘုရားသခင် သိမြင်တော် မူသောအခါ 'ဧတဓဂ္ဂံဘိက္ခဝေမမသာဝကာနံလာဘီနံယိဒိဒံ သီဝလိ' ဟူ၍လာဘ်လာဘပေါများသော ရဟန်းတို့တွင် သီဝလိထေရ်သည် အမြတ်ဆုံးဟု ဧတဒဂ်ထားတော်မူ ပြီးနောက်သီဝလိထေရ်၏ အတိတ်ဇာတ်ကိုဟောတော်မူသည်။ သီဝလိထေရ်အလောင်းကား ပဒုမုတ္တရဘုရား လက်ထက်တွင် သာမန်အမျိုးသားကလေးမျှသာဖြစ်သည်။
ပဒုမုတ္တရဘုရားသခင်းတရားဟောကြားနေစဉ် ထိုအမျိုးသားကလေးသည် ပရိသတ်အစွန်မှ တရားတော်ကို နာကြား နေခိုက်သုဒဿနမည်သော ရဟန်းတစ်ပါးအား လာဘ်လာဘအရာ၌ ဘုရားသခင်က ဧတဒဂ်ထားတော်မူသည်ကိုကြား ရသောအခါ သုဒဿနရဟန်းကဲ့သို့ဖြစ်လိုလှသဖြင့် ဘုရားနှင့်တကွ သံဃာ၅ဝဝကိုနောက်တစ်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ဆွမ်းဖိတ်၍ကျွေးရာ သင်္ကန်းတစ်စုံစီကပ်လှူပြီးလျှင် ဤကောင်းမှုကြောင့် ဘဝဆက်တိုင်းစည်းစိမ်ဥစ္စာရတနာရွှေငွေ ဆန်ရေစပါးပေါများကြွယ်ဝ၍ အဆုံးဘဝနောက်ကာလ၌ သုဒဿနရဟန်းကဲ့သို့ လာဘ်လာဘပေါများသောအရာ၌ ဧတဒဂ်တင်ရသောရဟန်းဖြစ်ရလိုပါ၏ဟု ဆုတောင်းလေသည်။
ထိုဘဝမှလွန်ပြီးနောက် လူ့ပြည်နတ်ပြည်လူးလာ စုန်ဆန်ကာ ကမ္ဘာများစွာချမ်းသာသုခကိုခံစား၍နေလေသည်။ ၉၁ ကမ္ဘာ အထက် ဝိပဿီဘုရားလက်ထက်တော်၌ကား သီဝလိထေရ် အလောင်းတော်သည် ဗန္ဓုမတီမြို့နှင့်မနီးမဝေး တစ်ခုသောရွာငယ်ကလေးတွင် ဆင်းရဲသားအမျိုး၌ဖြစ်ရရှာ၏။ တစ်နေ့သ၌ဗန္ဓမတီမင်းနှင့်တိုင်းသူပြည်သားတို့ အလှူပြိုင်ကြလေသည်။ ထိုအခိုက်သီဝလိအလောင်း ဆင်းရဲသားလည်း တောတွင်းမှ နို့ဓာမ်းအိုးနှင့်ပျားအုံကြီးကို ထမ်းကာ မြို့တွင်းသို့အရောင်းလာရာ မြို့စောင့်သည်များက အသပြာအဆမတန်ပေး၍ ဝယ်ကြလေ၏။ အဘယ်ကြောင့် ဤမျှအဆမတန်ပေး၍ ဝယ်ကြသည်ကို မေးမြန်း သိရှိရသောအခါ သီဝလိထေရ်အလောင်းသည် ကိုယ်တိုင်လှူဒါန်းတော့မည်။ မရောင်းတော့ဆိုကာ ဘုရားသခင် ကိုယ်တော်မြတ်အား ကိုယ်တိုင်သွားရောက်လှူဒါန်းပြီးလျှင် ပဒုမုတ္တရဘုရားလက်ထက်တော်ကအတိုင်း လာဘ်လာဘ ပေါများရန် ဆုတောင်းခဲ့ပြန်သည်။
ထိုဆင်းရဲသားဘဝမှလွန်မြောက်၍ လူ့ပြည်နတ်ပြည် စုန်ဆန်လည်ပြီးနောက် အခါတစ်ပါး ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းအား ပြည်ထောင်ချင်းချင်းမင်းတစ်ပါးက တိုက်ခိုက်သုတ်သင်၍ မိဖုရားကြီးအား သိမ်းပိုက်ကာ ဗာရာဏသီ ပြည်၌စိုးစံနေလေသည်။ သားတော်ကလေးမူကား ဘေးလွတ်ရာသို့တိမ်းရှောင်နေလေသည်။ သားတော်ကလေး အရွယ်ရောက်လာသောအခါ ခမည်းတော်အရိုက်အရာကို တိုက်ယူရန်မယ်တော်နှင့်တိုင်ပင်ရာ ဗာရာဏသီမြို့တံခါးများ အခိုင်အလုံပိတ်၍ အတွင်းကလူများ အစာငတ်ပြတ်အောင် လုပ်ရန်အကြံပေးလေသည်။ အကြံပေးသည့်အတိုင်း ခုနစ်နှစ် ခုနစ်ရက်တိတိ လုပ်ကြံရာနောက်ဆုံး၌ ဗာရာဏသီမြို့ကို ရလေ၏။ ထိုဝိပါကဝဋ်ကြောင့် သီဝလိသတို့သားသည် နောက်ဆုံးဘဝ၌ ခုနစ်နှစ်ခုနစ်ရက်လုံးလုံး အမိဝမ်းတွင်း၌ ကိန်းအောင်းရသည့် ဇာတိဒုက္ခကို ခံစားရခြင်းဖြစ်လေသည်။ အလှူအတမ်းပေးကမ်းရက်ရော၍ လာဘ်လာဘကို ဆုတောင်းခဲ့ခြင်းကြောင့် လာဘ်လာဘပေါများ၍ ဧတဒဂ်ရ တော်မူခြင်း ဖြစ်လေသည်။
လာဘ်လာဘရွှင်ပျလိုသူတို့သည် 'လာဘိနမုတ္တမောထေရော၊ သီဝလိဣတိဝိဿုတော၊ သောရဟော ပစ္စယာဒီနံ၊ သဒါသောတ္တိံကရောတုမေ'စသည့် သီဝလိဂါထာကို ရွတ်အံသရဇ္ဈာယ်၍လည်းကောင်း၊ သိဝလိ ထေရ်၏ပုံတော်ထုလုပ်ကိုးကွယ်၍လည်းကောင်း၊ သီဝလိထေရ် ဓာတ်တော်ကိုးကွယ်၍လည်းကောင်း ပူဇော်ဆုတောင်း ကြလေ သည်။

အရှင်သာရိပုတ္တရာ

ရှင်သာရိပုတ္တရာ သည် ဂေါတမဘုရားသခင်၏ လက်ယာတော်ရံ ပထမအဂ္ဂသာဝက ကြီး ဖြစ်တော်မူသည်။ ပညာကြီးသောအရာ၌ ဧတဒဂ်ရ တော်မူသည်။ မြတ်စွာဘုရားရှင်တော်မြတ်မှတစ်ပါးပညာ ကြီးသည့်အဖြစ်၌ သာလွန်သောသာဝကဟူ၍မရှိသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့်ရဟန္တာထေရ်အရှင်ကား ရှင်သာရိပုတ္တရာ ပင်ဖြစ်သည်။
ဂေါတမဘုရားသခင်မပွင့်မီ ကမ္ဘာတစ်သိန်း အလွန်ရှိသော တစ်သင်္ချေထက် အနောမဒဿီဘုရားရှင်၏ အထံ တော်၌ ပထမအဂ္ဂသာဝကအဖြစ်ကိုနိယတဗျာဒိတ်ခံယူခဲ့ရသည်။ ရာဇဂြိုဟ်ပြည် နာလရွာဟုလည်းတွင်သောဥပတိဿရွာ၊ ဗြဟ္မဏမဟာသာလမျိုးဖြစ်သော ဥပတိဿရွာသူကြီး ဝင်္ကပုဏ္ဏား နှင့် ရူပသာရိပုဏ္ဏေးမတို့၏ သားသမီးခုနစ်ယောက် အနက် ရှင်သာရိပုတ္တရာလောင်းသည် အကြီးဆုံး ဖြစ်၍ ဥပတိဿ ဟု အမည်တွင်သည်။ ငယ်စဉ်ကသူငယ်ချင်းဖြစ်သော ကောလိတ ပုဏ္ဏားပျိုနှင့်အတူ တောင်ထွတ်သဘင် ပွဲကြည့်ကြယင်း သတိသံဝေဂရ၍ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည် သိဉ္ဇည်းပရိဗိုဇ်ထံသို့သွားကြသည်။
ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍တရားရှာကြသော်လည်း တရားစစ်တရားမှန်ကိုမရနိုင်သဖြင့် သူငယ်ချင်းနှစ်ဦး သည်တစ်ဦးတရားရလျှင် တစ်ဦးကိုပြန်ကြားပြောဆိုစတမ်းဟု ကတိကဝတ်ပြုလျက် တရားရှာရန်တကွဲတစ်ပြားစီ ခွဲထွက် သွားကြသည်။
ထိုအခါမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ရောက်လျှင်ဝေဠုဝန်ကျောင်းတော်၌ စံပယ်တော်မူ ခိုက်ဖြစ် သည်။ တစ်နေ့သ၌ (မဟာသက္ကရာဇ် ၁ဝ၃ ခုတပိုု့တွဲလဆန်း ၁ ရက်နေ့) အဿဇိထေရ်သည်ဆွမ်းခံ ဝင်လာရာ ဥပတိဿပရိဗိုဇ်သည်အဿဇိထေရ်ကိုမြင်သောအခါအလွန်အံ့ဩ လျက် ထိုအရှင်၏တရားကို လည်းကောင်း၊ အကျင့် ကိုလည်းကောင်း၊ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဆရာကိုလည်း ကောင်းစုံစမ်းမေးမြန်းသည်။
ထိုအခါအဿဇိထေရ်ကမြတ်စွာဘုရားအကြောင်း ကိုလည်းကောင်း၊ တရားတော်အတိုင်း ကျင့်ကြံပုံကိုလည်း ကောင်းပြောပြသဖြင့်သိရှိရပြီးသော် ဥပတိဿသည် တရား ဟောရန်တောင်းပန်ပြန်သည်။ အဿဇိထေရ်က မိမိသည် ရဟန်းပြုသည်မှာမကြာသေး၍ အနည်းငယ်သာပြောကြား နိုင်သည်ဟု ပြောဆိုကာ ယေဓမ္မာ ဟေတုပ္ပဘဝါအစရှိ သောဂါထာကိုဟောကြားရာ ဂါထာ၏ရှေးဦးနှစ်ပုဒ်ကို ကြား ရသောအခါ သောတာ ပတ္တိမဂ်၌တည်သည်။ နောင်နှစ် ပါဒကို ဖလဌာန်ဖြစ်မှ နာရသည်။
ဥပတိဿသည်သစ္စာလေးပါးကိုသိရပြီးသော အရှင်ဘုရားကြွတော်မူနှင့်လော့၊ တပည့်တော်မှာ ကတိကဝတ်ရှိ သည့်အတိုင်း ကောလိတပရိဗိုဇ်ကိုတရားဟောရန်သွားရပါဦးမည်။ ပြီးမှထိုအဖော်ကိုခေါ်၍ မြတ်စွာဘုရားထံသို့လာပါအံ့ ဟုလျှောက်ထားကာ မိမိနေရာပရိိဗိုဇ်ကျောင်းသို့ပြန်ခဲ့သည်။ မိမိနေရာသို့ပြန်ရောက်သောအခါ ကောလိတ ပရိိဗိုဇ်ကိုတွေ့၍ ယေဓမ္မာဟေတုပ္ပဘဝါ အစရှိသောဂါထာ ကိုပင်ပြန်၍ဟောကြားရာ ကောလိတပရိဗိုဇ်လည်း သောတာ ပတ္တိဖိုလ်သို့ရောက်၏။
ထိုနောက်ဥပတိဿသည် ကောလိတနှင့်အတူ မြတ်စွာဘုရားထံသို့သွားသည်။ ဘုရားသခင်ထံ၌ ဧဟိဘိက္ခု ရဟန်းဖြစ်ပြီးနောက် တစ်ဆဲ့ငါးရက်မြောက်ဖြစ်သော မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ်တပို့တွဲလ ပြည့်နေ့တွင်သူ၏တူ ဒီဃနခပရိဗိုဇ်အား မြတ်စွာဘုရားဟောကြားတော်မူသော ဝေဒနာပရိဂ္ဂဟလက္ခဏသုတ်ဒေသနာတော်ကို ဘေးနားမှ ကြား နာရ၍ ရဟန္တာအဖြစ်သို့ရောက်သည်။ ထိုနေ့၌ပင်ဝေဠ ုဝန်ကျောင်းတော်၌ မြတ်စွာဘုရား၏သာသနာတော်တွင် မည်သူတစ်ဦးတစ်ယောက်မျှမဖိတ်ကြားရပဲ မိမိ၏ဓမ္မတာ သဘောအလျောက် ၊ အဘိညာဏ်ခြောက်ပါးရ ဧဟိဘိက္ခု ရဟန္တာ ၁၂၅ဝ ကြွရောက်ဆုံမိကြသော ပထမသာဝက သန္နိပါတ မဟာသံဃာ့အစည်းအဝေးကြီး၌ မြတ်စွာဘုရားက ဥပတိဿအား သူ၏အမိသာရီ ပုဏ္ဏေးမ၏အမည်ကိုအစွဲပြု၍ အရှင်သာရိပုတ္တရာဟု အမည်သမုတ်လျက် ဓမ္မသေနာပတိ၊ တရားစစ်သူကြီး ဘွဲ့ဖြင့်လက်ယာရံ ပထမအဂ္ဂသာဝက အဖြစ်ခြီးမြှောက်ခြင်း ပြုသည်။ တစ်ဆက်တည်းပင် ဘုရားသခင် သည်သံသရာမှ လွတ်မြောက်ကြောင်းဖြစ်သည့် ဩဝါဒပါတိမောက် ဒေသနာ တော်ကိုလည်း ပြတော်မူသည်။
ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားထံတွင်ခစားကာ အလုပ်အကျွေးပြုသည်။ ထိုနောက် သူမတူအောင်ပညာ ဉာဏ်ထူးချွန်သဖြင့် ပညာအရာတွင်ဧတဒဂ်ဘွဲ့ ထူးဖြင့် ချီးမြှောက်ခြင်းခံရသည်။ ရှင်သာရိပုတ္တရာကား ရှေးဦးဆရာဖြစ်တော်မူသော ရှင်အဿဇိ ရှိရာအရပ်ကိုအမြဲဦးခေါင်းပြု၍ အိမ်လေ့ရှိ ခြင်းစသော ဆရာကိုရိုသေလေးစားတတ်သောဂုဏ်၊ မယ်တော်က မည်မျှဆဲရေးသော်လည်း အမျက်မထွက်ခြင်းစသော သည်းခံတတ်သောဂုဏ်၊ မိမိအားဆုံးမလာသည်ရှိသော ကြီး ငယ်မရွေးလွန်စွာ ကျေးဇူးတင်တတ်သောဂုဏ်၊ ပထမ အဂ္ဂသာဝကကြီးဟူ၍ ခွင့်အရေးပို၍ မယူတတ်သောဂုဏ်၊ စိတ်နှလုံးပြတ်သားသောဂုဏ်၊ သူ့အလိုကို ဖြည့်တတ်သော ဂုဏ်၊ သူတစ်ပါးအား သနားတတ်ချီးမွမ်းတတ်သော ဂုဏ် စသည့် ဂုဏ်ထူးတို့ဖြင့် ပြည့်စုံတော်မူ၏။ နိကာယ်ငါးရပ်ပိဋကတ်တို့၌ ရှင်သာရိပုတ္တရာ၏ ဒေသနာများကို အများအပြားတွေ့နိုင်သည်။ ရှင်သာရိ ပုတ္တရာ၏သီးသန့်ဒေသနာတော်တစ်ခုကား ခုဒ္ဒကနိကာယ် သုတ္တန်ပိဋကတ်အပါအဝင်ပဋိသမ္ဘိဒါ မဂ်ပါဠိတော်ပင် ဖြစ်သည်။ ပိဋကတ်တို့၌ပါသော အရေးကြီးလှသည့်တရားတို့ကို အကျယ်တဝင့် ချဲ့ထွင်၍ ဟောကြားထားသောပါဠိ တော်ဖြစ်သည်။ ထိုပြင်သာသနာတော်အဓွန့်ရှည်စေရန် သာသနာ တော်၏အသက်ဖြစ်သော ဝိနည်းပိဋိကတ်ကို ဟောကြား ပညတ်တော်မူပါရန်ဘုရားသခင်အား လျှောက်ထားတောင်းပန် သူကား အရှင်သာရိပုတ္တရာပင်ဖြစ်သည်။ ခုဒ္ဒက နိကာယ်အပါအဝင် ဗုဒ္ဓဝင်ဒေသနာကို ဟောကြား တော်မူရန်လည်း ရှင်သာရိပုတ္တရာပင်လျှောက်ထားခဲ့လေသည်။

အထူးသဖြင့် ထင်ရှားသော ရှင်သာရိိပုတ္တရာ၏ စွမ်းဆောင်တော်မူချက်ကား အဘိမ္မာပိဋိကတ်ကိုဟော တော်မူခြင်းဖြစ်သည်။ ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား ဟောကြားသည့် အလွန်ကျယ်ဝန်းသောအဘိဓမ္မာတရား တော်ကို မြတ်စွာဘုရားထံတော်မှရသောနည်းအမြွက်ဖြင့် မကျဉ်းမကျယ် ရဟန်းတို့အား ဟောကြားပို့ချ တော်မူသည်။
ရှင်သာရိပုတ္တရာ၏ကျေးဇူးကြောင့် ကျယ်ဝန်းနက်နဲ ခက်ခဲ သောဘုရားဟောအဘိဓမ္မာ ဒေသနာတော်ကို လူသားတို့ လွယ်ကူစွာသင်ကြားနာယူနိုင်ကြခြင်းဖြစ်သည်။ သာသနာတော်၏အကျိုး၊ သတ္တဝါတို့၏အကျိုးကို ၄၄ နှစ်တိုင်တိုင် သည်ပိုးရွက်ဆောင်ပြီးနောက် ရှင်သာရိပုတ္တရာသည် မဂဓရာဇ်တိုင်းနာလကရွာ မယ်တော်၏အိမ်၊ မိမိကို မွေးဖွားရာ တိုက်ခန်းတွင် သာသနာနှစ် ၁၄၇ ခုတန်ဆောင် မုန်းလပြည့် နေ့ညဉ့်မိုးသောက်ယံ၌ သွေးသွန်သော ဝေဒနာဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ဓာတ်တော်များကို မြတ်စွာဘုရား ကိုယ်တော်တိုင် သာဝတ္ထိပြည်၌ ဌာပနာ၍ စေတီတည်စေသည်။ နောင်သောအခါသီရိိဓမ္မာသောကမင်းကြီးသည် ဓာတ်တော် များကိုမူလနေရာမှ တူးဖော်ဆောင် ယူ၍ အဝန္တိတိိုင်း၊ ဥဇ္ဇေနီပြည်အနီး ဝေဒိဿကတောင်ယံ၌စေတီ တော်ကြီး သုံးဆူတည်၍တစ်ဆူတွင် ရှင်သာရိပုတ္တရာ ၏ဓာတ်တော် ကိုဌာပနာသည်။ ထိုဓာတ်တော်များကို ၁၉ ရာစုနှစ်အတွင်း၌ စေတီတော်ပြိုပျက်ရာတွင် တူးဖော်တွေ့ရှိ၍ အင်္ဂလန်ပြည် ပြတိုက်သို့ပင့်ဆောင်ပူဇော်ထားရာမှ အိန္ဒိယနိုင်ငံမဟာဗောဓိ အသင်းမှကြီးမှူး၍ ပြန်လည်ပင့်ဆောင်ကာ ထိုဝေဒိဿက တောင်ရံ(ယခုအခါဆန်ချီ) အရပ်ရှိစေတီတော်၌ပင် ဌာပနာ ခြင်းပြုသည်။
ဓာတ်တော်များကိုဌာပနာခြင်း မပြုမီမြန်မာနိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတော်သို့ပင့် ဆောင်၍မြို့ရွာများစွာတွင်လှည့်လည်ပူဇော်စေသည်။ ဓာတ်တော် ဌာပနာပွဲကို ၁၉၅၂ ခုနှစ်နိုဝင်ဘာလက ကျင်းပရာလွန်စွာ စည်ကားလှ၍ မြန်မာနိုင်ငံမှဝန်ကြီးချုပ်ဦးနုနှင့် ဗုဒ္ဓဘာသာ ဝင်များပါတက်ရောက်ကြသည်။
ရှင်သာရိပုတ္တရာ၏ ညီတော်သုံးပါးတွင် ရှင်ဥပသေန ကားတပည့်ပရိသတ်နှင့်တကွ ထက်ဝန်းကျုင်ကြည်ညိုဖွယ် အကောင်း ဆုံးရဟန်းအဖြစ် သမန္တပါသာဒိကဧတဒဂ်ရ၍ ရှင်ရေဝတသည် မွေ့လျော်ဖွယ်ရှိသော တောအရပ်ဟူ၍ မရွေးချယ်ဘဲ ကြမ်းတမ်းဆိုးရွားလှသောတောအရပ်၌ပင် တောရဆောက်တည်နေသောကြောင့်အရညကဧတဒဂ်ရပြီးလျှင် အရှင်စုန္ဒသည်ဧတဒဂ်မရသော အသီတိ သာဝကဖြစ်သည်။ နှမတော်သုံးယောက်ဖြစ်သည့်စာလာ၊ ဥပစာလာ၊ သီသူပစာလာ တို့လည်းသာသနာတော်၌ ဘိက္ခုနီပြုလုပ်၍ရဟန္တာမိန်းမများ ဖြစ်ကြကုန်သည်။ [၁]


လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကာလ မနောမဒဿီဘုရား ပွင့်တော်မူသည့် အချိန် တွင် ဖြစ်၏။ သရဒနှင့် သီရိဝဍ္ဎန နှစ်ယောက်တို့သည် သူငယ်ချင်း ဖြစ်သည်။ သရဒသည် ရှင်သာရိပုတ္တရာ ဖြစ်မည့်သူဖြစ်သည်။ သီရိဝဍ္ဎနသည် ရှင်မောဂ္ဂလန် ဖြစ်မည့်သူ ဖြစ်သည်။
သရဒသည် ဗြာဟ္မဏ မဟာသာလ အမျိုးဖြစ်သည်။ တစ်ခုသော အချိန်တွင်သည် သရဒသည် သံဝေဂရကာ တောထွက်ရသေ့ပြုလေသည်။ သီရိဝဍ္ဎနသည် လူ့ဘောင်တွင် ကျန်ရစ်ခဲ့သည်။ ထိုအချိန် မနောမဒဿီဘုရား ပွင့်တော်မူသည့် ကာလဖြစ်သည်။ သရဒရသေ့သည် မနောမဒဿီဘုရားရှင်၏ လက်ယာရံ အရှင်နိဘသကို အားကျကာ ဘုရားရှင်အား ပန်းထီးဖြင့် ပူဇော်ပြီး ဆုတောင်းခဲ့သည်။ သူ၏ဆုတောင်းမှာ ပန်းထီးကို လှူဒါန်းရေသော ကောင်းမှု၊ သဗ္ဗညုတဂုဏ်ကျေးဇူးကို ချီးကျူးရသော ကောင်းမှု၊ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို လုပ်ကျွေးပြုစုရေသာ ကောင်းမှုတို့ကြောင့် နောင်ပွင့်တော်မူ၏ ဘုရားရှင်၏ သာသနာတော်တွင် အရှင်ဘုရား၏ လက်ယာရံဖြစ်သော အရှင် နိဘယကဲ့သို့ လက်ယာရံ အဂ္ဂသာဝက ဖြစ်ပါရေစဟု ဆုတောင်းခဲ့သည်။
ထိုအခါ မနောမဒဿီဘုရားရှင်က ဗျာဒိတ်စကား မြွက်ကြားတော်မူ၏။ မြွက်ကြားတော်မူသည်မှာ "ဤကမ္ဘာမှ စ၍ ရေတွက်သော် တစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း လွန်မြောက်သောအခါ ဘဒ္ဒကမ္ဘာတွင် ဘုရားသုံးဆူနောက်မှ ဂေါတမ အမည်ရှိသော ဘုရားပွင့်လတ္တံ့။ ထိုအခါ သင်သည် သာဝကပါရမီတို့ အထွတ်အထိပ်သို့ ရောက်ကာ ဓမ္မသေနာပတိ သာရိပုတ္တရာ အမည်ဖြင့် လက်ယာရံအဂ္ဂသာဝက ဖြစ်လတ္တံ့" ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။