မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ထူးဆန်းသည့် အဘိုးအို


ကျတော်တို့ရွာထဲမှာ ဗဟုသုတ ပြည့်စုံတဲ့ 
အဘိုးအို တယောက်ရှိပါသည်။သူ့နာမည်က
ဘစီ ၊ကျတော်တို့ကတော့ အဘိုးဘစီလို့
ခေါ်ကြသည်။ရွာထဲမှာ ကျတော် စိတ်အဝင်စားဆုံး
ပုဂ္ဂိုလ် တယောက်ဖြစ်သလို ့ သူ၏အတွေးအခေါ်
တချို့ကိုလည်း ကျတော် သဘောကျမိသည်။
အလုပ်လုပ်ပြီး စားသောက်နေထိုင်သော
နေ့ရက်များရှိသလို ရွာထဲတွင် တောင်းစား
သော နေ့ရက်များလည်းရှိသည်။
သို့သော် မည်သူကမျှ
သူ့ကို သူတောင်းစား လို့ မသတ်မှတ်ကြ၊မခေါ်ဝေါကြ။
အဆင်ပြေသည့် အိမ္မ်ားက အဆင်ပြေသလို
ခေါ်ကျေွးလိုက်ကြသည်။
အဘိုးဘစီ၏ အိမ်သည် ရွာနောက်ဖက်က
တောထဲတွင်ရှိသည်။အိမ်ရှေ့တွင် မာလကာပင်များ
၊ဗန်ဒါပင်များနှင့် အုပ်အုပ်ဆိုင်းဆိုင်း
ရှိလှပြီး ရှဥ့်များ၊ငှက်များသည်လည်း ထိုအပင်များ
ပေါ်တွင် အသိုက်ဆောက်လုပ် နေထိုင်လျက်ရှိကြသည်။လေတဟူးဟူးနှင့်
အလွန်နေထိုင်လို့ကောင်းသော နေရာမျိုး
တွင် အဘိုးဘစီ တစ်ဦးတည်းသာ
နေထိုင်လေ၏။အိမ်ရှေ့တွင် ကြပ္ပ်စ္တခု
ရှိပြီး ထိုကွပ်ပျစ်၏ ဘေး မလှမ်းမကမ်းရှိ
ဗန်ဒါပင်ကြီးအောက်၌ အဖုံးမပါသော သောက်ရေအိုးနှစ်လုံးရှိသည်။ထိုရေကို
ခွေးလည်းသောက်သည် ၊ငှက်လည်းသောက်သည်၊
ရှဥ့်လည်းသောက်သည်၊နောက်ဆုံး
အဘိုးဘစီ လည်း သောက်လေသည်။
ရာသီဥတုကောင်းမွန်သော တနေ့၌
ကျတော်သည် အဘိုးဘစီ၏ အိမ်သို့ 
အလည်သွားရောက်ခဲ့သည်။အိမ်ရှေ့ကွပ်ပျစ်
ပေါ်တွင် ရေနွေးတအိုးနှင့် ရေနွေးပန်းကန်
လေးခွက်ကိုတွေ့ရပါသည်။ကျတော်လည်း
တောင်ကြည့်မြောက်ကြည့်နှင့်
အဘိုး ကိုရွာရာ မတွေ့သည်နှင့်
အော်၍ ခေါ်လိုက်သည်။
`အဘိုး ဘစီ ကျတော်ပါဗျ '
` ဒီမွာ ကောင်လေး '
ထိုအသံသည် ကျတော်၏ ဦးခေါင်းထိပ်မှ
ထွက်ပေါ်လာသည်။
` မင်းရောက်လာတည်း က ငါကြည့်နေတာ၊
မင်းငါ့ကို ရှာတယ်၊ရှေ့ နောက် တောင်မြောက်
လိုက်ရှာတယ်။ဒါပေမဲ့ အပေါ်နဲ့ အောက်ကိုတော့ကြည့်ပီး
မရွာဘူး။အဲဒါပဲကြ၊ မင်းတို့လူငယ်တွေက
အလုပ်လုပ်ရင် ဘယ်တော့မှ မေစ့စပ္ဘူး။
ရှာမှရှာရင် နေရာ စုံအောင်ရှာပါတော့လား၊
ခုလေးတင် မင်းငါ့ကို ကိုယ်တိုင်တွေ့မဲ့ အခွင့်
ရေးနဲ့ လွဲသွားပြီ၊မင်း ဘဝမွာ အခွင့်အရေး
ဘယ်နှစ်ခုကို လွဲချော်ခဲ့ပြီးပြီးလဲ၊မင်းပုံစံ
ကြည့်ရတာတော့ အများကြီးနေမှာပါ ဟား
ဟား။
အဘိုး က ရယ်ရင်းမောရင်း အောက်သို့ဆင်းလာ
သည်။ထို့နောက်ဆက်ပြောသည်။
`တချို့လူတွေကို ဘဝက အခွင့်အရေးတွေ အများကြီး မပေးဘူးကွ၊အဲဒီလိုလူတွေကျ ရသမျှအခွင့်အရေးကို
အမိအရ ဆုပ်ကိုင်နိုင်မှ တော်ရုံကျမယ်၊
တချို့ကျလည်း အခွင့်အရေးတွေ 
ဘုံဗေလအော ရကျတယ်၊ဒါပေမဲ့
လက္သီးဆုပ္ထားတဲ့ လူတွေဆိုတော့
မရကြဘူး။ဘဝမှာ အောင်မြင်ဖို့
မခက်ပါဘူး၊ဒါပေမဲ့ အောင်မြင်အောင်
လုပ္မယ္ဆိုတဲ့ စိတ်ရှိဖို့ ခက်တယ်။'
အဘိုးက လေးလေးနက်နက်ပြုံးရင်း
ပြောလိုက်တာပါ။သူ့မျက်နှာဟာ ဇရာကြောင့်
နွမ်းလျနေပေမဲ့ သူ့အပြုံးတွေနဲ့ စိတ်အားထက်သန်
မှုတွေကတော့ သစ်လွင် လန်းဆန်းနေဆဲပါပဲ။
`ဒါနဲ့ ခုနက သစ်ပင်ပေါ်တက်ပြီး ဘာလုပ်နေတာလဲ'
ကျတော်က စကားစလိုက်ပါတယ်။
` ခဏ တက်အိပ်နေတာပါကွ'
`ဟာ.... အဘိုးကလည်း ဒီကွပ်ပျစ်ပေါ်မှာ
အိပ်လည်း ရရဲ့သားနဲ့'
`မတူဘူးကြ၊ ငါက ငါ့ခန္ဓာကိုယ်ကိုပဲ အိပ်စေချင်
တာ၊ငါ့ စိတ်ဝိညာဉ်ကို မအိပ်စေချင်ဘူး၊စိတ်ရော
ကိုယ်ပါ အိပ္တယ္ဆိုတာ လေးလံထိုင်းမှိုင်း
ခြင်းရဲ့ အဓိပ္ပါယ်ပဲ၊ညမှာ အိပ်တာတော့ တမျိုးပေါ့၊
သစ်ပင်ပေါ်တက်အိပ်တယ်ဆိုတာ 
ခန္ဓာကိုယ်ကို အနားပေးရင်း စိတ္ကို လေ့ကျင့်တဲ့
သဘောပါ၊ငါ့စိတ်တချက်လွတ်တာနဲ့ ပြုတ်ကျပြီး
သေမှာပဲ'
အဘိုး လုပ်ရပ်ဟာ သေစေနိုင်တဲ့အရာ
ဖြစ်လို့ ကျတော် စိတ်ပူမိပါတယ်။ဒီလိုနေရာ
မျိုးမှာ အဘိုးကို စိတ္ပူတဲ့ သူဆိုလို့ 
ကျတော်တယောက်တည်း ရှိတာကိုလည်း
တွေးမိလိုက်ပါတယ်။
ကျတော့ အေတြးကို သိသွားသလိုမျိုးနဲ့
`မင်းငါ့ကို စိတ်မပူပါနဲ့၊
မင်းကိုယ်မင်း စိတ်ပူစမ်းပါ၊
ငါက မသေနိုင်သေးပါဘူး၊ဒါပေမဲ့
မင်းက သေဖို့ နီးနေပြီ၊ကိုယ်သေမှာကို
မသိပဲ သူများသေမှာကို စိတ်ပူနေတဲ့
လူတေယာက္ကို ခုမွ တွေ့ဖူးတာပဲ
ဟား ...ဟား.....'
အဘိုးရယ္သံက ကျတော့ရဲ့ကြောက်စိတ်တွေကို
မွေးဖွားပေးလိုက်သလိုပါပဲ၊ကျတော် တကိုယ်
လုံး ကြက်သီးမွေးညင်းတွေ ထလာပါတယ်၊
ကျတော့ခေါင်းထဲမှာလဲ အတွေးတွေ
ယောက်ယက်ခတ်နေပါပြီ၊
`ငါ က ဘာလို့ သေရမှာလဲ၊သူက ငါ့ကို သတ်မှာလား၊ဒီလူကြီးက ရူးနေတာထင်တယ်' 
စသလို အတွေးပေါင်းမြောက်မြားစွာကို
ကျတော် တွေးပစ်လိုက်ပါတယ်။
` ကောင်လေး မင်းဘာတွေ တွေးနေတာလဲ'
အန္တရာယ်ကြား က ရုန်းထွက်တော့လေ၊
ခဏေန လေပြင်း တချက်တိုက်တာနဲ့
မင်းခေါင်းပေါ် သစ်ကိုင်းခြောက်ကျိုးကျတော့မှာ၊
ကိုင်းက ကြီးတော့ ခေါင်းပေါ်ကျရင် မင်းသေနိုင်တယ်'
` လာ .ဒီကြပ္ပ်စ္နားကို လာခဲ့ '
ကျတော် ကွပ်ပျစ်နားရောက်တော့ 
သစ်ကိုင်းက ဗြုန်းကနဲ အောက်ကို
ပြုတ်ကျလာပါတယ်။ကံကောင်းလို့ 
အသက်မသေရင်တောင်မှ ခေါင်းကို
ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။
နောက်ပြီး အဘိုးက ဆက်ပြောပါတယ်။
`အန္တရာယ် ဆိုတာ မြင်ရတဲ့ နေရာက
လာလေ့မရှိဘူးဆိုတာ မင်းမှတ်ထား၊နောက်ပြီး
အခက်အခဲတွေကြားမှာ ဘယ်တော့မှ တွေဝေမနေနဲ့။စိတ်အေးအေးထားပြီး လုပ္စရာ
ရွိတာကို လုပ် ၊မင်းအောင်မြင်လိမ့်မယ်'
စကားအဆုံးမှာ အဘိုးက ခေတ္တငြိမ်သက်သွားပါတယ်၊တယောက်တည်းနေသူအဖို့ ပြောစရာစကားတွေ
အများကြီး ရှိမည်ကို ကျတော်သိပါသည်။
`အဘိုး ဒီမွာ တယောက်တည်း နေရတာ
မပျင်းဘူးလား၊အထီးမကျန်ဘူးလား'
` ပျင်းစရာတော့မရှိပါဘူး၊ဒီမှာ စိတ်ဝင်စားစရာ
တွေအများကြီးပဲလေ၊ပြု ပြင်မထားတဲ့ သဘာဝ
အလှတွေနဲ့ သဘာဝ တိရစၧာန်တွေလောက်
စိတ်ဝင်စားစရာကောင်းတာ ဘယ်ရှိမလဲ။
စိတ်ဝင်စားစရာတွေ မရွိတဲ့ နေ့ဟာ ပျင်းစရာ
ကောင်းတဲ့နေ့ပဲ၊အဲဒီလို နေ့ရက်တွေကို 
ငါဘယ်တော့မှ မဖြတ်သန်းဘူး၊ငါ့ဘဝမှာ
စိတ်ဝင်စားစရာ တခု အမြဲရှိတယ်။အထီးကျန်
တယ္ဆိုတာကေတာ့ အဖော်လိုချင်တဲ့ သူတွေ
အတွက်ပါ၊အဖော်မက်တဲ့သူတွေဟာ
တယောက်တည်း နေရမှာကြောက်တယ်၊
သေရင် တယောက်တည်း သေရမှာကိုတော့
မသိကြရှာဘူး။ငါ့စိတ်ဟာ ငါ့ရဲ့အဖော်ပဲ၊ငါ့နှလုံး
သားဟာ ငါ့ရဲ့အဖော်ပဲ၊ ငါဟာ ဘယ်တော့မှ 
အထီးမက်န္ဘူး။'
`ဒါဆို အဘိုးမွာ ချစ်ရတဲ့ သူတွေ ဘာတွေမရှိဘူးလား'
`ရှိတာပေါ့ကွ၊ငါလူပျိုပေါက်ဘဝမှာ 
အချစ်ရဆုံး မိန်းမတယောက်ရှိခဲ့တယ်။
သူလည်း ငါ့ကို ချစ်တယ်၊အဲတုန်းက 
ပျော်စရာတွေချည်းပါပဲ။ငါတို့ နှစ်ယောက်
အကြောင်းကိုသိသွားတဲ့ သူ့မိဘတွေက
သူ့တို့သမီးကို မြို့သားတယောက်နဲ့
ပေးစားလိုက်ကြတယ်။အဲလိုနဲ့
သူတို့မင်္ဂလာမဆောင်ခင် တရက်မှာ
ငါ မရ ရ အောင်သွားတွေ့ခဲ့တယ်၊
အဲ့တုန်းက သူပြောခဲ့တဲ့ စကားကို
ငါခုထိ မှတ်မိနေပါသေးတယ်။
`ကျမတို့ နှစ်ယောက် ဘယ္လိုမွ မဖြစ်နိုင်ပါဘူး၊
ရှင် က်မ ကို မေ့လိုက်ပါ' တဲ့ကြာ၊
အဲ့တုန်းက ငါငိုမိခဲ့ပေမဲ့ ခုချိန်မှာတော့
အဲ့အကြောင်းတွေးတိုင်း အူတက်အောင်
ရယ်မိနေတုန်းပါပဲ ဟား ..ဟား..
အဘိုး အျဖစ္က သနားစရာပါ။
ပစ္စည်းဥစ္စာတွေ ဂုဏ်ဒြပ်တွေကြားမှာ
သူတို့ အချစ်တွေ ပျောက်ကွယ်သွားခဲ့
ရပါပြီ။
` အဲ့မိန်းမ က တော်တော် အပြောင်းအလဲမြန်
တဲ့ မိန်းမပဲ'
ကျတော် ဒေါသတကြီး တုန့်ပြန်လိုက်ပါတယ်။
`ဒေါသမထွက်နဲ့ လူလေး၊တချို့လူတွေက
မင်းရဲ့ အမုန်းတရားနဲ့တောင် မထိုက်တန်ပါဘူး၊
သူတို့ကို ဥပေက္ခာ ပြူလိုက်တာက အကောင်းဆုံးပါ။
ဟိုး သစ်ကိုင်းပေါ်မှာ နားနေတဲ့ ငှက်တွေကို
ကြည့်၊သူတို့ဟာ ငါ့ဆီကို လာပြီး ခိုလှုံကြတယ်၊
ဒါပေမဲ့ တနေ့မှာ ငါနဲ့အဝေး ဆုံးကို ပျံသန်းသွားကြ
ဦးမယ်။ငါ့ကို ချစ်လို့ လာတာ ဖြစ်နိုင်ပေမဲ့ ငါ့ကို
မုန်းလို့ ထွက်သွားတာတော့ မဖြစ်နိုင်ပါဘူး။
ဘာလို့လဲဆိုတော့ ငါက သူတို့ကို 
အကောင်းဆုံး ဖြစ်အောင် ဆက်ဆံခဲ့တဲ့သူလေ။
အစာရေစာကျေွးတယ်၊နားနေစရာတွေ လုပ်ပေးတယ်၊အဲ့အတွက် သူတို့ငါ့ကို ကျေး
ဇူးတင်နေမှာပါ။သူတို့ ငါ့ကို ထားပြီး
ပျံသွားရက်လေခြင်းဆိုပီး ငိုခြင်းချနေလဲ
အပိုပါပဲ၊သူတို့က ငါနဲ့အတူ တသက်လုံးနေဖို့
လာခဲ့ကြတာမှ မဟုတ္တာ '
လေးနက်လှတဲ့ အဘိုးစကားတွေကြားမှာ
ကျနော် မှင်သက်မိသွားပါတယ်။
`အဘိုး စားဝတ်နေရေးအတွက် ဘာတွေများ
လုပ်ကိုင်နေသလဲ'
` ထင်းခြောက်တွေ ခုတ်တယ်၊ရွာထဲက 
အိမ်တွေ လိုက်ပေးတယ်၊ပိုက်ဆံရတယ်၊
ဒါပါပဲ ၊ရတဲ့ငွေနဲ့ ဆန်ဝယ်တယ်၊ထမင်းချက်တယ်
၊တိရစၧာန်တွေကျေွးတယ်၊ငါ ပါ စားတယ်။
ငါ့မွာ ခွေးတကောင်ရှိတယ်။ခု သူက 
လယ်ခင်းစောင့်နေတယ်၊ ''
`ဒါနဲ့ လယ်ထဲမှာ ဘာတွေ စိုက်ထားလို့လဲ၊'
`စားစရာ အသီးအနှံ မျိုးစုံပဲကွ'
` အသီးအနှံတွေကိုများ တိရစၧာန်တွေ စားပါစေ'
` ဟား...ဟား.. ငါ့ခွေးကို စောင့်ခိုင်းထားတာ
တိရစၧာန်တွေ မဟုတ္ဘူးကြ၊လူကို စောင့်ခိုင်းတာ၊
ရှဥ့်တွေ ငှက်တွေက စားလို့ဝရင်
ပြန်သွားတာ၊လူတွေကျတော့ 
ရသမျှ အကုန်ယူပီး မွ ပြန်ကြတာကွ။
လူတွေရဲ့ လောဘက တင်းတိမ်တယ်လို့
မရွိဘူး၊ရေလ လိုလေ ပဲကွ။ဒါကြောင့်ဆင်းရဲတယ်။
ခုငါ့မွာ ဘာမွ မရွိဘူး။
ဒါကြောင့် ငါ ဟာ အချမ်းသာဆုံး လူပဲ 
ဟား..ဟား....ဟား.......'
အဘိုးဟာ စကားပြောပီးတိုင်း အားရပါးရ
ရယ်မောတတ်ပါတယ်။သူ့ဘဝမှာ စိတ်ညစ်
စရာဆိုတာ ဘာလဲ မေးယူရလောက်အောင်
ပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ဒီလိုလူမျိုး
ကို လောကဓံသည်ပင်လျှင် ရှောင်ကွင်း၍
သွားမည်ဟု ကျတော် ယုံကြည်မိပါသည်။
`အဘိုး ဘဝမွာ အခက်အခဲတွေ ရွိခဲ့ဖူးလား'
`လူမှန်ရင် အခက်အခဲရှိရတယ်ကွ၊
အရာရာတိုင်းဟာ လွယ်ကူနေရင် 
မင်းဟာ ဘယ်တော့မှ မတိုးတက္ဘူး၊
အခက်အခဲတွေ့ရင် မင်းဟာ လန်းဆန်း
တက်ကြွနေရမယ်၊ဘယ်လိုဖြေရှင်းရမလဲ
နည်းလမ်း ရှာရမယ်၊ကြောက်ပြနေရင်
သူဟာ တောင်လို ကြီးလာလိမ့်မယ်၊
မင်းသွားချင်ရာကို ရောက်ဖို့ အတားအဆီး
တွေကို ရိုက်ချိုးပစ်ရလိမ့်မယ်။အခက်အခဲ
ဆိုတာ မင်းဘဝထဲကို ရုပ်ဖျက်ပြီးဝင်လာတဲ့
အောင်မြင်ခြင်း နတ်သမီးပဲ၊အချိန်တိုင်းမှာ
မင်းစိတ်ကို တည်ငြိမ်အောင် ထားပါ။
လူတော်တော်များများ ရဲ့ စိတ်တွေဟာ
မတည်ငြိမ်ဘူး၊သူတို့ဟာ ဘာလိုချင်မှန်းလဲ
မသိကြဘူး၊အဲ့တော့ သူတို့ဘဝဟာ ထွန်း
တောက်မလာကြဘူး။လမိုက်ညမှာ 
ခေတ္တလင်းတဲ့ ပိုးစုန်းကြူး လိုပဲ။အချိန်တန်ရင်
ပျောက်ကွယ်သွားကြတယ်။ရခဲလှတဲ့ ဘဝကို
ပေါ့ပေါ့တန်တန် တန်ဖိုးထားကြတာ အံဩစရာပဲ။
ငါ့ဘဝမွာ စိတ်ညစ်စရာတွေ၊အခက်အခဲတွေ တွေ့
တိုင်း ထမင်းကို ဝအောင်စားတယ်။ဒါမှ
သူတို့ကို ငါရင်ဆိုင်နိုင်မှာလေ။မင်းကို
ငိုအောင်လုပ်တဲ့ လောကကြီးကို ရယ်ပြလိုက်စမ်းပါ။
မင်း ထာဝရ နိုင်သွားပါလိမ့်မယ်။'
`ကဲကဲ ငါသွားဦးမယ်၊ငါ့ခွေး တယောက်တည်း
ပျင်းရော့မယ်၊'
အဘိုးအိုက အိမ်ထဲသို့ဝင်သွားသည်။
ကျတော်လည်း အိမ်ထဲသို့ လှမ်းကြည့်လိုက်ရာ
မရှိတော့။ထူးဆန်းသည့် အဘိုး ထူးဆန်းစွာ
ပျောက်ကွယ်သွားချေပြီ။
ပတ်ဝန်းကျင်မှ ငှက်သံနှင့် ရှဥ့်အော်သံများ
သည် ကျတော့အား အိမ်သို့ ပြန်ရန် နှင်ထုတ်
သကဲ့သို့ ပင် ရှိချေသည်။အပြန်လမ်းတွင်
အဘိုးအား ကျေးဇူးတင်လျက်၊ရှိခိုးလျက်။
ငွက္သံမ်ားကား ကျတော်နှင့် ဝေး၍ သွားချေပြီ။
သို့သော် အဘိုး၏ စကားသံမ်ားကား
နားထဲတွင် ထပ္တလဲလဲ
ကြားယောင်လျက်သာ။ ။
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ