မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

မိုနာလီဇာပုံပြင်


တခါတုန်းက ပေါလ်ဆိုတဲ့ ပြတိုက်စောင့် တစ်ယောက်ရှိခဲ့တယ်တဲ့..။
သူအလုပ်လုပ်တဲ့ပြတိုက်မှာ မိုနာလီဇာ ပန်းချီကား အပါဝင် တခြားတန်ဖိုးကြီး ရှေးဟောင်းလက်ရာတွေ ပြသထားတယ်။
တကယ့်အဖိုးတန် အစစ်မှန်တွေဆိုတော့ ပြတိုက်ရဲ့လုံခြုံရေးစနစ်တွေက အလွန်ကောင်းတာပေါ့။
သေချာတာကတော့ အတွင်းလူ အကူအညီမပါပဲ ပြတိုက်ကို ဖေါက်ထွင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဒီလိုနဲ့ တစ်နေ့မှာ လူတစ်ယောက် ပေါလ် ဆီကို
ရောက်လာပြီး မိုနာလီဇာပန်းချီကားကို ခိုးယူပေးဖို့ ဒေါ်လာသုံးသောင်းနဲ့ ကမ်းလှမ်းတယ်။
အဲဒီတုန်းက မိုနာလီဇာပန်းချီကားရဲ့ တန်ဖိုးရင်းကမှ ဒေါ်လာသုံးသောင်းလောက်ပဲ တန်တယ်တဲ့။
နောက်ဆုံးမှာ ပေါလ်ဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ် ဆိုပါတော့။
မိုနာလီဇာပန်းချီကားကို ခိုးယူဖို့ အမျိုးမျိုးကြိုးစားနေတဲ့ပေါလ်ဟာ တစ်နေ့မှာတော့ အောင်အောင်မြင်မြင်ခိုးယူလိုက်နိုင်တယ်။
အဲဒိနောက်မှာတော့ ပေါလ်ဟာ သူ့ကိုခိုင်းလိုက်တဲ့လူ လာအယူကိုပဲ စောင့်နေခဲ့တာပေါ့။
မိုနာလီဇာပန်းချီကားပျောက်ဆုံးသွားတယ်ဆိုတဲ့
သတင်းဟာ တကမ ်ဘာလုံး ပျန့်သွားတယ်။
ဒါပေမယ့် ပေါလ် ဆီကို သူ့မိတ်ဆွေဟာ ပန်းချီကား လာမယူပါဘူး။
ဒါကြောင့် သူ ခိုးတာ သိသြားမွာ စိုးရိမ်တဲ့ ပေါလ်ဟာ မိုနာလီဇာပန်ချီကားကြီးကို သူ့ရဲ့မြေအောက်ခန်းထဲမှာ ဝှက်ထားပြီး ဟန်မပြတ် ပြတိုက်မှာ အလုပ်ဆက်လုပ် နေခဲ့ပါတယ်။ ပေါလ်အတွက် တစ္ခု
ကံကောင်းတာက ဘယ္သူမွ သူ့ကို သံသယမဝင်ကြတာပဲ။
ဒီလိုနဲ့
နှစ်လလောက်ကြာသွားပြီးချိန်မှာတော့
ပေါလ် ဆီကို စာတိုက်ကတဆင့် ပါဆယ်တစ်ထုတ် ရောက်လာတယ်။
ပေါလ် ဖွင့်ကြည့်လိုက်တော့
ဒေါ်လာသုံးသောင်းနဲ့ စာတစ်စောင်ဖြစ်နေတယ်။
သူ့ကို ပန်းချီကား ခိုးခိုင်းတဲ့သူ ဆီကေပါ့...။
''သို့
မိတ်ဆွေကြီးပေါလ်
တချိန်တုန်းက မိတ်ဆွေကြီးကို မိုနာလီဇာ ပန်းချီကား ခိုးခိုင်းတဲ့ ကျွန်တော့်ကို လာမယူလို့ ခင်ဗျား စိတ္နာ နေမှာပဲနော်။
အဲ့ဒိအတွက် တောင်းပန်ပါတယ်ဗျာ။
တကယ်တော့ ကျွန်တော်ဟာမိတ်ဆွေကြီးလက်ထဲက
မိုနာလီဇာပန်းချီကား အစစ္ကို စိတ်မဝင်စားပါဘူး။
အံ့သြသွားသလားဗျာ!
ကျွန်တော်မှာ မိတ်ဆွေကြီးနဲ့
မတွေ့ခင်ကတည်းက မိုနာလီဇာပန်းချီကားအစစ်နဲ့
ခွဲမရအောင်တူတဲ့ ပန်ချီကားအတုဆယ်ကားထက်မနဲ ရှိပြီးသားပါ။ ဒါပေမယ့် ပြတိုက်မှာ အစစ်ရှိနေမှတော့
ကျွန်တော့်ပန်းချီကားတွေ ဘယ်လောက်တူတူ အတုဖြစ်နေဦးမှာပဲလေ။
ဒါကြောင့် ''အစစ်ပျောက်သွားပြီ ''ဆိုတဲ့ သတင်းသာ ကျွန်တော်လိုချင်တာ အစစ်ပါ။
မိတ်ဆွေကြီးကလည်း ကျွန်တော်အလိုရှိတာကို
ဖြည့်စည်းပေးနိုင်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။
အခုမိတ်ဆွေကြီးဒီစာကို
ဖတ်နေချိန်မှာ ကျွွန့်တော့်လက်ထဲက မိုနာလီဇာပန်းချီကားအတုတွေကို ကမ ်ဘာတစ်ဝှမ်း
အစစ်ဆိုပြီး ဆယ်ကားထက်မနည်း တပြိုင်နက်တည်း ရောင်းချပြီးလို့ ကျွန်တော်ဟာ မီလျံနာတစ်ဦးဖြစ်နေပါပြီ။
ကျွန်တော့်ကတိအတိုင်း မိတ်ဆွေကြီးအတွက် ဒေါ်လာသုံးသောင်းထည့်ပေးလိုက်ပါတယ်။
မိတ်ဆွေကြီးလက်ထဲက မိုနာလီဇာပန်းချီကား အစစ်ကြီးကိုတော့ ကျွန်တော့်ရဲ့နောက်ကျမှုကို ခွင့်လွတ်စေဖို့ လက်ဆောင်လို့သာ
သေဘာထား လိုက်ပါတော့ခင်ဗျာ။
မှတ်ချက်။လိပ်စာအစစ်ထည့်မပေးလိုက်တာကိုတော့ မိတ်ဆွေကြီးနားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။
မိတ်ဆွေကြီးရဲ့
''''
(the end.)

*#အစစ်တွေပျောက်ကွယ်သွားတဲ့တစ်နေ့
#အတုတွေဟာအစစ်ဆန်လာလိမ့်မယ်။***
လေးစားလျက်
Credit: zar ni nyunt lwin
#လက်စနဲ့မိုနာလီဇာ ပန်ချီကားမှ လျို့၀ှက်ချက်များကိုထပ်ပြောပြပါမယ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်ခန့်က လီယိုနာဒို ဒါဗင်ချီသည် ပန်ချီကားတစ်ချပ် ကို ဖန္တီး ရေးဆွဲ ခဲ့ပါသည်။ ထိုပန်ချီကားသည် Oil on poplar အမျိုးအစား ဖြစ်ပြီး အမျိုးသမီး တစ်ယောက် ၏ ကိုယ်တစ်ပိုင်း ပုံ ကို ရေးခြယ်ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိအချိန်တွင်မူ ကမ်ဘာ့ လူသိအများဆုံး, လည်ပတ် ကြည့်ရှုခံရဆုံး, စာပေ ကဗ်ာမ်ား တွင် ထည့်အသွင်းခံရဆုံး, သီချင်း ရေးစပ်သူများ အသုံးအပြုဆုံး နှင့် ပြန်လည်တုပရေးဆွဲခြင်း ခံရဆုံးသော ပန်ချီကားချပ်အဖြစ် တည်ရှိ နေခဲ့တာပါ။
ထိုအရာကေတာ့ ပြင်သစ်များက La Joconde (သို့) အီတာလီလူမျိုး မ်ားက La Gioconda လို့ သိထားကြပြီး အမ်ားစုကေတာ့ 'Mona Lisa' ဆိုပြီး သိထားကြ
သော ပန်ချီကားချပ် ပဲ ဖြစ်ပါတယ်။
လီယိုနာဒို ဒါဗင်ချီသည် Mona Lisa ပန်ချီကားကို အီတလီနိူင်ငံ ဖလောရင့်စ်မြို့တွင် ၁၅၀၃ နှင့် ၁၅၀၆ ခုနှစ်ကြား မွာ စတင်ရေးဆွဲခဲ့တယ် လို့ ခန့်မှန်းရပြီး ၁၄ နှစ်အကြာ ၁၅၁၇ ခုနှစ်နှောင်းပိုင်း ပြင်သစ်နိူင်ငံပြောင်းရွေ့အပြီး မွ လက်စသတ်နိူင်ခဲ့တယ်လို့ သိရပါတယ်။
ဒါဗင်ချီက ထိုပန်ချီကားကို ဘာကြောင့်အဲ့ဒီလောက်အချိန်ကြာအောင် ရေးဆွဲခဲ့ရတာလဲ တွေးတောစရာတွေ အများကြီးရှိနေခဲ့တာပါ။
ဒါဗင်ချီဟာ Cipher လုပ်ရာမှာ အလွန်ဝါသနာထုံသူတစ်ယောက်ပါ။ သူ့ရဲ့ စာတမ်း တော်တော် မ်ားမ်ား ကိုလည်း 'Mirror Writing' ခေါ် လျို့ဝှက်စာရေးနည်းနဲ့ မှတ်တမ်း တင်ထားလေ့ရှိပြီး Cryptex လို့ခေါ်တဲ့ လျို့ဝှက်စာ ထည့်သွင်းထားတဲ့ စက်တစ်မျိုး ကိုလည်း ဖန်တီးခဲ့တယ်လို့ လူ အမ်ားစုက ယုံကြည်ခဲ့ကြတာပါ။
အလွန်ထက်မြက်ပြီး လျို့ဝှက်တတ်သူအဖြစ် သူ့ခေတ်သူ့အခါက သတ်မှတ် ခံခဲ့ရသူ တစ်ယောက် ဖြစ်ပြီး လက်ရှိအချိန်ထိလည်း သူ့လိုပညာရှင်မျိုး ထပ္မံ ပေါ်ထွက် မလာသေးပါဘူး။
ဒါ့အပြင် လက်ရှိ အချိန်အထိ ပဟေဌိများစွာကျန်ရှိနေခဲ့တဲ့ သမိုင်းဝင် 'နောက်ဆုံးညစာ' ပန်ချီကားကိုလည်း လီယိုနာဒို ဒါဗင်ချီကပဲ ဖန်တီးခဲ့တာပါ။
ဒီတော့ ဒါဗင်ချီ ၁၄ နှစ်ကြာရေးဆွဲခဲ့တဲ့ Mona Lisa ပန်ချီကားချပ်ကြီးထဲမှာ ဘယ္လို လျို့ဝှက်ချက် တွေ ရှိနေမလဲ ဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်လားဗျာ။
လေ့လာသူတွေ အမ်ားစု တွေးထင်ထားသလို ဒီပန်ချီကားဟာ မျက်စိလှည့်စားမှု တစ်ခုလေလားလို့ တွေးထင်စရာပါ။
ဒီပန်ချီကားထဲမှာ ပန်ချီကား နောက်တစ်ခု ရှိနေတယ်လို့ ပညာရှင်တွေက ပြောဆို နေကြပါတယ်။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ Mona Lisa ရဲ့ မျက်လုံးတွေထဲမှာ Cipher လုပ်ထားတဲ့ နံပါတ်တွေအများကြီးပါတယ်လို့ တထစ်ချယုံကြည်နေကြပြီး ထိုနံပါတ်တွေကပဲ ဒါဗင်ချီ လျို့ဝှက်ထားတဲ့ နေရာတစ်ခုခုကို ညွှန်းဆိုပြသနိူင်မယ်လို့ ပြောဆိုခဲ့ကြတာပါ။
ဒါဆို လီယိုနာဒို ဒါဗင်ချီက ဒီပန်ချီကားထဲမှာ ဘာကိုလျို့ဝှက်ဖော်ပြခဲ့တာလဲ
အချို့ကလည်း ဒီကားချပ်ရဲ့ လျို့ဝှက်ချက်ဟာ မိုနာလီဇာရဲ့ အပြုံးထဲမှာရှိတယ်လို့ ပြောဆို ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်ချီကားထဲရှိ သူမ၏ အပြုံးသည် တစ်ခါတစ်ရံ ပျော်ရွှင်စွာ ပြုံးနေတတ်ပြီး တစ်ခါတစ်ရံတွင်မူ အနည်းငယ်ဝမ်းနည်းနေသယောင် ဖြစ်နေသည်ဟု လေ့လာ သူမ်ားက တွေ့ရှိခဲ့ကြပါတယ်။
ဘာလိုအကြောင်းကြောင့် သက်မဲ့ပန်ချီကားချပ်တစ်ချပ်က ပျော်ရွှင်မှု ဝမ်းနည်းမှုကို ဖော်ပြနိူင်မှာလဲ
ဒါကလည်း ပန်ချီကားကြည့်ရှု သူတစ်ဦးချင်းစီရဲ့ စိတ်အခြေအနေပေါ် မူတည်နေသလို ပန်ချီကားကို ရပ်ကြည့်တဲ့တည်နေရာ အနေအထားအလိုက် ပြောင်းလဲတတ်ကြောင်း ပညာရှင်တွေက ဖြေရှင်း ခဲ့ ကြပါတယ်။
လေ့လာသူ အချို့ကလည်း ပန်ချီကားချပ်ထဲက လူသည် အများသူငါတွေ့မြင်သလို အမျိုးသမီး မဟုတ်ပဲ လီယိုနာဒို ဒါဗင်ချီရဲ့ ကိုယ်တိုင်ရေးပုံတူ ဖြစ်သည်ဟု ပြောကြပြန်သည်။
အဘယ်ကြောင့်ဆိုသော် ဒါဗင်ချီ၏ ကိုယ်တိုင်ရေး ပုံတူထဲမှ မျက်နှာတစ်ခြမ်းကို ဖြတ်ယူ၍ Mona Lisa ၏ မျက်နှာတစ်ခြမ်း တွင် ထပ်လိုက်ပါက ထပ်တူညီသော မျက်နှာတစ်ခု ထြက္လာ သည်ကို တွေ့ရခြင်းကြောင့်ပင် ဖြစ်ပေသည်။
သို့သော် ထိုအခြင်းကလည်း ပုံရေးဆွဲသူ တစ်ဦး တစ်ယောက်တည်း ၏ ရေးဆွဲနည်း ရေးဆွဲဟန် ဖြစ်နေခြင်း ကြောင့်လောဟု တွေးတောနိူင်ပါသည်။ ထို့ကြောင့် စိတ်အာရုံ လှည့်စားမှု မ်ား ကို မေ့ဖျောက် ထားပြီး မိုနာလီဇာ ပန်ချီကားချပ် မွ လက်တွေ့ကျသော အခြေခံအချက်များကို ဆက်လက် Decypher လုပ်ကြည့်ရအောင်.......
.......................................................................
 Mona Lisa ကားချပ်မှ လျို့ဝှက်ချက်နှင့် အငြင်းပွားဖွယ်ရာများ 
နံပါတ် ၁ - မိုနာလီဇာသည် ပန်ချီအဆွဲခံနေစဉ် ကိုယ်လေးလက်ဝန် ရှိနေသလော
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင်မှ စတင်လက်ခံလာကြသော လေ့လာတွေ့ရှိချက်အရ မိုနာလီဇာ ၏ အမည်ရင်းမှာ 'Lisa Gherardini' ဖြစ်ပြီး ဖလောရင့်စ်မှ လူကြီးမင်းတစ်ဦး ၏ ဇနီးသည်ဟု သိရှိရပါသည်။
ပုံတွင် မိုနာလီဇာသည် အနည်းငယ်မို့မောက်နေသော ဝမ်းဗိုက်အပေါ် လက် ၂ ဖက် ကို ယှက်လျက် တင်ထားခြင်းက ကိုယ်ဝန်ရှိနေခြင်းဖြစ်သည်ဟု ကောက်ချက်ချနိူင်ပါသည်။
ထို့အပြင် ၂၀၀၆ ခုနှစ်တွင် ကေနဒါ မွ ပညာရှင်များက ကားခ်ပ္ကို လေဆာ ဖြတ်စေ၍ မိုနာလီဇာ ကို 3D ရုပ်လုံးပေါ်စေခဲ့ရာတွင် ဦးခေါင်းနှင့် ပုခုံးအနားမှ အလွန်ပါးလွှာသော ခေါင်းစွပ်ပုဝါအစ ကို တွေ့ရှိ ခဲ့ပါသည်။
ထိုအရာသည် ၁၆ ရာစုတစ်ဝိုက် အီတလီတွင် မီးဖွားခါနီးအမျိုးသမီးများသာ ဝတ်ဆင်လေ့ ရှိကြောင်း တွေ့ရှိရသည့် အချက်ကလည်း ပထမအခ်က္ကို ထောက်ခံပေးသယောင် ရှိနေခဲ့ပါသည်။
......................................................................
နံပါတ် ၂ - သူမသည် မိန်းမပျက်မဟုတ်ကြောင်း ထောက်ခံပေးနိူင်ခြင်း
ပညာရှင်များ သည် သူမအား မည်သူမည်ဝါမှန်း အတိအက် မသိရှိခင်အချိန်များက မိုနာလီဇာ သည် ဒါဗင်ချီ ၏ မိခင်ဟုလည်းကောင်း, ဒါဗင်ချီ ကိုယ်တိုင် ၏ ပုံတူဖြစ်သည်ဟု တစ်ဖုံ, မိန်းမပျက် တစ်ယောက် ပုံ သာဖြစ်သည်ဟု တစ်မျိုး မျိုးစုံ ကောက်ချက်ချ ကြပါသည်။
အဘယ်ကြောင့်ဆိုသော် ၁၆ ရာစုအတွင်းက အီတလီ မွ မိန်းမရွှင်များသည် ပန်ချီကားချပ်ထဲ မွ မိုနာလီဇာ ကဲ့သို့ မျက်နှာတွင် အမွှေးအမျင်လုံးဝမရှိပဲ ဆံပင်ကိုလည်း လုံးဝမစည်းနှောင် ပဲ ချထားလေ့ ရှိခြင်းကြောင့် ဖြစ်ပါသည်။
သို့သော် အနီအောက်ရောင်ခြည် လေ့လာချက်များမှ သူမ၏ဆံပင်ကို နောက်တွဲဆံထုံးဖြင့် စည်းနှောင် ထားကြောင်း ကောက်ချက် ချနိူင်သောကြောင့် ထိုစွပ်စွဲချက်ကိုလည်း ပယ်ထုတ်နိူင်ခဲ့ပြီဖြစ်သည်
......................................................................
နံပါတ် ၃ - ချမ်းသာကြွယ်ဝသော မိသားစုမွ ဆင်းသက်လာသည်ဟု သိရှိနိူင်ခြင်း။
အီတလီမွ ပညာရှင်များ၏ လေ့လာချက်အရ သူမ၏ အနက်နဲဆုံး လျို့ဝှက်ချက်ဖြစ်သော အပြုံးသည် ထိုခေတ် ထိုအခါက ပန်ချီကားချပ်များဖြစ်သော ဟင်နရီ ၈ ကဲ့သို့သော ချမ်းသာကြွယ်ဝ အာဏာရွိသူမ်ား သည် အဆီအစိမ့်များ စားသောက် ယစ်မှုးပြီး သွေးတွင်း ကိုလက္စေရာ မြင့်တက်ချိန် တွင် ပုံတူအဆွဲခံရာ၌ ပြုလေ့ရှိသော အပြုံးမျိုးဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။
ထို့ကြောင့် သူမသည် ကြွယ်ဝချမ်းသာကြောင်း ကောက်ချက်ဆွဲနိူင်ပြန်ပါသည်။
......................................................................
နံပါတ် ၄ - မျက်ခုံး မျက်တောင်များ ရှိခဲ့သည်ဟု သက်သေပြနိူင်ခြင်း။
ပြင်သစ်ပညာရှင် ပါစကယ်၏ လေ့လာသက်သေပြချက်အရ မိုနာလီဇာ ၏ မျက်ခုံးမျက်တောင်များ သည် ဒါဗင်ချီ ရေးသားခဲ့စဉ်ကတည်းက မပါဝင်ခဲ့သည်မဟုတ်ပဲ အကြိမ်ကြိမ်သန့်စင်မှု နှင့် နှစ်ကြာ ညောင်း မှုတို့ကြောင့် မှေးမှိန်ပျောက်ကွယ်ခဲ့ရခြင်း ဖြစ်သည်ဟု ကင်မရာဖြင့် သူမ၏မျက်နှာကို ၂၄ ဆ ခန့်ချဲ့ပြီး ဖော်ထုတ်နိူင်ခဲ့ ပါသည်။
......................................................................
နံပါတ် ၅ - ရွှေအချိုး ဗိသုကာပညာ အယူအဆကို အသုံးပြုရေးဆွဲထားခြင်း။
လီယိုနာဒို ဒါဗင်ချီသည် သချၤာနည်းအရ ပန်ချီကားတစ်ချပ်လုံးကို တိုင်းတာအချိုးချ ရေးဆွဲ ထားခြင်း ဖြစ်ပြီး မျက်နှာဟန် အနေအထားသည် ရွှေအချိုးအတိုင်းရှိနေခြင်းက ပန်ချီကားရှုသူကို မ်က္စိ မလွှဲ စေအောင် ဖမ်းစားထားသော အဓိကအချက်တစ်ချက်ဖြစ်သည်ဟု လေ့လာတွေ့ရှိခဲ့ရပါသည်။
......................................................................
နံပါတ် ၆ - မိုနာလီဇာ ပြုံးနေသလား ..... မဲ့နေသလား ....
မိုနာလီဇာ ပြုံးနေလား မဲ့နေလားဆိုတဲ့ အငြင်းပွားမှုဟာ နှစ်ပေါင်း ၅၀၀ နီးပါးရှိခဲ့ပါပြီ။ ကြည့်ရှုသူရဲ့ စိတ်အခြေအနေ တည်နေရာတွေအလိုက် ပြောင်းလဲတယ်လို့ ပြောခဲ့ကြပေမယ့် ၂၀၀၅ ခုနှစ်မှာ ဒက်ချ်လူမျိုး လေ့လာသူတစ်ဦးက 'Emotion Recognition' ကွန်ပြူတာဆော့ဖ်ဝဲကို အသုံးပြုပြီး မိုနာလီဇာရဲ့ စိတ်အခြေအနေ အတိအက်ကို ဖော်ထုတ်ပေးနိူင်ခဲ့ပါပြီ။
အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
Smile 83% ,
Happy 9%
Disgusted 6%
Fearful 2%
Angry less than 1%
Neutral and Surprised 0%
......................................................................
နံပါတ် ၇ - မျက်လုံးထဲမှ Cipher မ်ား။
သာမာန် မျက်လုံးများ ဖြင့် မမြင်တွေ့နိူင်သော်လည်း အဆပေါင်းများစွာချဲ့၍ ကြည့်ရှုပါက မိုနာလီဇာ ၏ မျက်လုံးထဲတွင် လျို့ဝှက်နံပါတ် (သို့) စာလုံးများကို တွေ့မြင်ရမည် ဖြစ်သည်။
သူမ၏ ညာဘက်မျက်လုံးထဲတွင် 'LV' ဟူသောစကားဝှက် နှင့် ဘယ်ဘက်တွင်မူ 'CE သို့ B' ဟူသော အမှတ်အသားကို တွေ့မြင်ရမည်ဖြစ်သည်။
ပန်ချီကားနောက်ခံဖြစ်သော တံတားလေး ၏ အကွေးနားတွင်လည်း '72' ဟူသော စာလုံးများကို အံ့ဖွယ်တွေ့ရမည်ဖြစ်ပါသည်။
ထိုအက္ခရာ စာလုံးများသည် မည်သည်ကို ရည်ညွှန်းမှန်း လက်ရှိအချိန်ထိ မဖော်ထုတ်နိူင် သေးသော်လည်း ထိုစာလုံးများကို ဒါဗင်ချီ မွ နှစ်ပေါင်း ၅၀၀ ကျော်ခန့် ကွယ်ဝှက် ပြထားသည်
မွာ အံ့ဖွယ်ကောင်းလှပေသည်။
......................................................................
နံပါတ် ၈ - ပန်ချီကားချပ်ထဲမှ ပုန်းကွယ်နေသော သတ္တဝါများ။
မိုနာလီဇာ ပန်ချီကားသည် အမှန်တစ်ကယ် ပန်ချီကားချပ်ထဲမှ ပန်ချီကားဖြစ်ပါသည်။
ပန်ချီကားချပ်ကို ဘေးဘယ်ညာ အထက်အောက်လှန်ကြည့်ပါက ခြငေ်္သ့, လူဝံ, ကျွဲ ခေါင်း နှင့် မြည်းပုတို့အား တွေ့ရမည်ဖြစ်သည်။
ထိုသတ္တဝါ လေးမျိုးစလုံးကွယ်ဝှက်ရေးဆွဲထားပုံကို ဒါဗင်ချီ၏ 'The Last Supper' တွင် လည်းတွေ့ ရသောကြောင့် လေ့လာသူများအတွက် တွေးတောစရာများစွာ ပေါ်ပေါက်လာစေပါသည်။ ထို့အပြင် မိုနာလီဇာပန်ချီကားကို ဘယ်ဘက်ခပ်စောင်းစောင်း အနေအထားမှကြည့်ပါက သူမရင်ဘတ်နားတွင် မိချောင်းပါးစပ်ပုံကိုလည်း တွေ့ရမည်ဖြစ်ပါသည်။
အထူးခြားဆုံးအနေဖြင့် ထိုအနေအထားတွင် သူမ၏မျက်နှာကိုကြည့်လိုက်ပါက အဖြေကို ရှာဖွေ ဖော်ထုတ်နိူင်ရန် အလွန်နီးကပ်နေသည့်အတွက် အားပေးသည့်အလား အစွမ်းကုန်ပြုံးပြနေသော မိုနာလီဇာအား တွေ့မြင်ရမည်ဖြစ်ပါကြောင်း.......
အချုပ်အားဖြင့် Louvre Museum ထဲက Mona Lisa နှင့် The Last Supper ပန်ချီကားကြား မွာ ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ
သူမ မျက်လုံးထဲက နံပါတ်တွေ စာလုံးတွေဟာ ဘယ်လိုအဓိပ္ပာယ်ဆောင်နေ သလဲ
ပန်ချီကားထဲက ပန်ချီတွေဖြစ်တဲ့ နောက်ခံရှုမျော်ခင်း တည်နေရာတွေနဲ့ သတ္တဝါတွေကကော ဘယ်လိုအကြောင်းကြောင့် ထည့်သွင်းရေးဆွဲခဲ့တာလဲ
ဆိုတာတွေကတော့ နောက်နှစ် ရာပေါင်းများစွာအထိ ပဟေဌိတစ်ခုအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်ပြီး Leonardo di ser Piero da Vinci မွလြဲ၍ နောင်လာနောက်သားများအတွက် မဖြေရှင်းနိူင်သော
Da Vinci Code တစ်ခုအနေနဲ့ ဆက်လက်ကျန်ရှိနေဦးမှာ ဖြစ်ပါကြောင်း.......
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ