မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Sunday, June 24, 2018

ကိုယ့်ကိုယ်ကိုယှဉ်ပြိုင်ခြင်း

အနာဂတ်ရဲ့ရလဒ်က
စကားပြောလာတဲ့အခါ
အရိပ်တွေထက်
အတိတ်တွေကို
ခင်တွယ်လာတယ်။
အတိတ်တွေထဲရပ်တည်ဖို့
မဖြစ်နိုင်တဲ့အခါ
အတိတ်တွေထဲမှာ ရပ်တန့်မနေမိဖို့
ကိုယ့်ကိုယ်ကို နှိုးဆော်နေရတယ်။
အတိတ်တွေကို ဖက်တွယ်မရတဲ့အခါ
ပစ္စုပ္ပန်ဆိုတာ မြတ်နိုးစရာဖြစ်လာတယ်။
"ပစ္စုပ္ပန်ဆိုတာ ဉာဏ် နဲ့ ဝီရိယ"လို့
သိရှိလာတဲ့အခါ
တစ်နေ့ထက် တစ်နေ့
တိုးတက်အောင်လုပ်ဖို့
ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်ရတော့မယ်။
မနေ့ကငါထက်
ဒီနေ့ငါက
ဘာတွေများ
တတ်သိနားလည်ခဲ့ပြီလဲ?
#Ashinnyanissara
December 30, 2017

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ