မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ကြွက်နှစ်ကောင် ပေါင်မုန့်တစ်လုံးနှင့် မြေခွေး

တခါတုန်းက ဖြစ်သည်။ ကြွက်နှစ်ကောင် ပေါင်မုန့်တစ်လုံးရလာသည်။ သို့သော် ထိုပေါင်မုန့်ကို မည်သို့အညီအမျှ ခွဲရမည်ကို မသိဖြစ်နေသည်။ တစ်ကောင်ကောင် ပိုရသွားမည်ကိုလည်း နောက်တစ်ကောင်က မလိုလား။ ဒီလိုနဲ့ မခြဲဘဲ သယ်လာရင်း လမ်းမှာ မြေခွေးနဲ့တွေ့သည်။

မြေခွေး ။ ။ အော်... ညီလေးကြွက်တို့ပါလား ဘယ္က လှည့်လာတာတုန်းဗျ

ကြွက် (၁) ။ ။ ပေါင်မုန့်ကို ညီမျှအောင် ဘယ်လိုခွဲရမှန်းမသိလို့ပါဗျာ။

မြေခွေး ။ ။ ဟုတ္လား... ကျုပ်ကူညီပါမယ်ဗျ

သူတို့သဘောတူသည်နှင့် မြေခွေးက ပေါင်မုန့်ကို ခွဲရန် စတင်သည်။ ပထမဆုံး သူ့လွယ်အိတ်ထဲမှ ချိန်ခွင်ကို ထုတ်သည်။ ထို့နောက် ဓားတစ်ချောင်းကို ထုတ်ပြီး ပေါင်မုန့်ကို အလယ်လောက်နေရာကနေ ထက်ခြမ်းခွဲလိုက်သည်။ ပြီးလျှင် ပေါင်မုန့် နှစ်ခြမ်းကို ချိန်ခွင်ပေါ် တင်ပြီး ချိန်သည်။ ချိန်ခွင်လျှာက မညီ။ တစ်ဘက်ကိုစောင်းနေသည်။

မြေခွေး ။ ။ ဒီဘက်အခြမ်းက ပိုကြီးနေတာဗျ...

သူက ကြီးနေသည့် အခြမ်းကို ဓားနဲ့လှီးလိုက်သည်။ အပိုထွက်လာသည့် ပေါင်မုန့်စတွေကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ရုတ်တရက်မို့ ကြွက်နှစ်ကောင်လည်း ဘာပြောရမှန်းမသိ။

ပြီးတာနဲ့ ပေါင်မုန့်တွေကို ချိန်ခွင်ပေါ် ပြန်တင်ပြန်သည်။ ဒီတစ်ခါကျတော့ ခုနကသေးနေသည့် အခြမ်းဘက်က လေးသွားပြန်သည်။ သူက အဲဒီအခြမ်းကို ဓားနှင့် လှီးထုတ်ပြန်သည်။ အပိုစေတြ ထြက္လာတာကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြန်သည်။

အဲဒီမှာတင် ကြွက်နှစ်ကောင်လည်း သဘောပေါက်လိုက်သည်။ ဒီမြေခွေးက ချိန်ခွင်နဲ့ဓား အိတ်ထဲထည့်ပြီး တောထဲမှာ သမာဓိလုပ်စားနေတာ။

ကြွက် (၁) ။ ။ ဟိုး... ဟိုး ဆရာ၊ ဒီလောက်ဆိုရင် ပေါင်မုန့်ကို ဘယ္လို ညီမျှအောင် ခွဲရမယ် ဆိုတာကို ကျွန်တော်တို့ သိသွားပါပြီဗျ။

မြေခွေး ။ ။ ဟ၊ နေဦးလေ... အညီအမွ် ဖြစ်အောင် ခွဲပေးပါမယ်ဗျ။

မြေခွေးက ပြောရင်းနဲ့ပဲ ပေါင်မုန့်တွေကို ချိန်ခွင်ပေါ် တင်လိုက်ပြန်သည်။

ကြွက် (၂) ။ ။ ဟာ၊ ရပါပြီဗျာ၊ ကျေးဇူးတင်ပါတယ်။ ဒီလောက်ဒုက္ခပေးတာတောင် အားနာပါပြီ...

မြေခွေး ။ ။ အာ... အချင်းချင်းတွေ အားနာစရာ မလိုပါဘူးဗ်ာ... ဒီလိုပဲပေါ့... ကူရမွာ... ဂစ်... ဂစ်... ဂစ်... ဂြိ... ဂြိ... အီ... အီ... အိ...။

ပြောနေတုန်းမှာပဲ မြေခွေးပါးစပ်ထဲက အမြှုပ်တွေထွက်လာပြီး လဲကျသွားတော့သည်။ ကြွက်နှစ်ကောင်လည်း ကြောင်စီစီဖြစ်သွား သည်။ ပေါင်မုန့်တွေကိုတလှည့်၊ မြေခွေးကိုတလှည့်၊ ပြီးတော့ အချင်းချင်း ကြည့်ပြန်သည်။

အတန်ကြာမှ...

ကြွက် (၁) ။ ။ သယ်ရင်း... မင်းနဲ့ငါကြားမှာ... ခွဲဖို့ ခြမ်းဖို့တွေ မလိုပါဘူးကြာ... မင်းကြိုက်သလောက်ယူပါကွာ။

ကြွက် (၂) ။ ။ အာ... ဒီလိုလည်း ဟုတ်ဘူးလေ။ ခင်ဗျားက ကျုပ်ထက်ဝါကြီးတယ် ဆိုတော့ ခင်ဗျားသဘောပါ၊... အကုန်ယူချင် ရင်လည်း ယူပါဗ်ာ။ ရပါတယ်။

ကြွက် (၁) ။ ။ အင်း... မင်းလည်း မလိုချင်၊၊ ငါလည်း မလိုချင်ဘူး။ ဒါဆိုရင်တော့ ဒီပေါင်မုန့်ကို ဒီတိုင်း ထားခဲ့တာ ကောင်းမယ် ထင်တယ်။

ကြွက် (၂) ။ ။ ဟုတ်တာပေါ့... ပေါင်မုန့်စားမှ ကြွက်ဖြစ်မှာ မဟုတ်ဘဲ...။

ဒီလိုနဲ့ သူတို့ ကျောခိုင်းထွက်လာကြတော့သည်။

(ဖြည့်စွက်ချက်။ ။ မြေခွေးတို့မည်သည် ပေါင်မုန့်စားရိုးထုံးစံမရှိချေ။ ထို့ကြောင့် ဤဇာတ်လမ်းတွင် ပါရှိသော မြေခွေး၏ ဖြစ်အင်သည် မစားအပ်ရာကို စားမိခြင်းသာ ဖြစ်သည်။)

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ