မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

အပျော်ဆုံးသူ

တစ်ခါက ကျီးကန်းတစ်ကောင်ရှိတယ်...
သူက သူ့ကိုယ်သူ "လောကမှာ ငါဟာ အပျော်ဆုံးငှက်တစ်ကောင်ပဲ" ဆိုပြီး ဘ၀ကို သာယာနေတယ်...
တစ်နေ့ သူ ဗျိုင်းတစ်ကောင်ကိုတွေ့တယ်... "သူ့တစ်ကိုယ်လုံးက ဖြူဖွေးနေတာပဲ... ငါကေတာ့ မည်းနက်နေတယ်... သူဟာ လောကမှာ အပျော်ဆုံးငှက်ဖြစ်လိမ့်မယ်" လို့တွေးမိတယ်။
ဒီလိုနဲ့ သူဗိျုင်းကိုသွားပြောတယ်... " ကိုဗျိုင်းရာ.. ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လွလိုက္တာ... ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲမလား"။
ဒီတော့ ဗျိုင်းကပြန်ပြောတယ် "ကျွန်တော်လည်း အစက ဒီလိုတွေးမိတာ ကြက်တူရွေးကိုမတွေ့ခင်အထိကပဲဗျာ... ကျွန်တော်ကသာ အဖြူရောင်တစ်ခုတည်းရှိတာ... သူမွာက အရောင် ၂မျိုးရှိတယ် သိပ်လှတယ်ဗျ..."
ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီသွားတယ်... " ခင်ဗျားက အရောင် ၂မျိုးနဲ့ သိပ်လှတယ်ဗျာ... ခင်ဗျားက ကမ်ဘာပေါ်မှာ အပျော်ဆုံးငှက် ပဲမလား"..
ကြက်တူရွေးက " ဟား ကျွန်တော်ကဘာဟုတ်သေးလဲဗျာ... ကျွန်တော့်မှာ အရောင်၂မျိုးပဲရှိတာ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ဗျ... ခင်ဗျားသူ့ကိုသွားမေးပါလား" လို့ဖြေလိုက်တယ်။
ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကိုလိုက်ရှာရင်း တိရစၦာန်ရုံ တစ္ခုထဲမွာ လူတွေအများကြီး ၀ိုင်းကြည့်နေတဲ့ ဒေါင်းကိုတွေ့လိုက်တယ်... "အား..ပါး.. လွလိုက္တာ... သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ" လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ တိရစၦာန်ရုံပိတ်ချိန်ထိစောင့်နေပြီး ညနေလူရှင်းတော့ ဒေါင်းဆီသွားပြောတယ်..
" ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက်ပဲဗျာ... လူတွေက ခင်ဗျားရဲ့ အလွကို ဒီလိုတကူးတက လာကြည့်တယ်... ကျုပ်ကိုမြင်ရင်ဖြင့်တော့ မောင်းလွှတ်တာပဲဗျို့... တစ်ခါတစ်လေ ခဲနဲ့တောင် ပေါက်လို့ မနည်းရှောင်ရတယ်ဗျာ" လို့ပြောတယ်။
ဒီချိန်မှာ ဒေါင်းက "အင်းဗျာ ကျွန်တော်က အလှဆုံးငှက်ဆိုတာ မှန်ပါရဲ့၊ ဒါပေမယ့် ကျွန်တော့ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲချုပ်နှောင်ခံထားရတယ်... ဒီမွာ မိတ်ဆွေကျီး ကျွန်တော် တိရိစၦာန်ရုံတစ်ခုလုံးကို သေချာ စူးစမ်းပြီးပြီ... လှောင်အိမ်ထဲထည့်ထားမခံရတာဆိုလို့ ကျီးကန်း ပဲရွိတယ္ဗ်... ကျွန်တော် တစ်ခါတစ်လေတွေးမိတယ်... လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲဖြစ်မယ်လို့ပေါ့...လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့ ကျီးကန်းတွေမြင်ရင် ကျွန်တော်အရမ်းအားကျတယ်ဗျာ"...လို့ပြန်ပြောတယ်။
သင်ခန်းစာ။ ။ကျွန်တော်တို့ဟာ တစ်ခါတစ်လေ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ဘ၀အခြေအနေနဲ့ ပြဿ နာတွေအပေါ်မှာ မကျေမနပ်ဖြစ်ပြီး သူများဘ၀တွေကို အားကျမိတတ်ကြတယ်.. တကယ်တော့ ဘယ်လိုဘ၀မျိုး ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာ မရွိပါဘူး။ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်နိုင်သူသာ လောကမှာ အပျော်ဆုံး လူသားဖြစ်ပါလိမ့်မယ်။
credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ