မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

လိမ်လည်လှည့်ဖျားခြင်းရဲ့ရလဒ်


ကလေးတို့ရေ
ဟိုးရှေးရှေးတုန်းက ဂင်္ဂါမြစ်ကမ်းမှာ ဆာဒူးကြီးတစ်ဦး ရှိသတဲ့ကွယ်။
တစ်ခါတော့ သူဟာ စကားမပြောဘဲ ၀ဇီပိတ် ကျင့်ကြံနေသတဲ့။
သူပြောလိုတဲ့ အကြောင်းအရာတွေကို အမူအရာနဲ့ပဲ ပြပြီးပြောတာပေါ့ကွယ်။
သူ့ရဲ့ ထူးခြားတဲ့အပြုအမူကြောင့် ဆာဒူးကြီးမှာ တပည့်တပန်းတွေလည်း ရွိလာသတဲ့။
တစ်နေ့မှာတော့ သူဟာ ဂါနီလို့အမည်ရတဲ့ သူရဲ့အိမ်ကို အလှူခံထွက်လာသတဲ့။
ဦးဂါနီရဲ့သမီးလေး ဗီရွီဟာ အလွန်ချောမော လှပသတဲ့ကွယ်။
ချောမောလှပတဲ့ ဗီရှီလေးဟာ ဆာဒူးကြီးကို လှူဖွယ်ပစ္စည်းတွေ လှူဒါန်းသတဲ့။
ဆာဒူးကြီးဟာ ဗီရှီလေးကို အနီးကပ် မြင်လိုက်ရတဲ့အခါမှာ သတိလက်လွတ် ဖြစ်သွားပြီး လှလိုက်တာလို့ ရေရွတ်မိသတဲ့ကွယ်
အချိန်ခဏအတွင်းမှာပဲ ဆာဒူးကြီးဟာ သတိလက်လွတ် ဖြစ်သွားရာကနေ သတိပြန်၀င်လာပြီး နောက်ကို ဆုတ်လိုက်မိသတဲ့။
ဒါပေမယ့် ဦးဂါနီကေတာ့ ဆာဒူးကြီး ရေရွတ်လိုက်တာကို လှမ်းမြင်လိုက်တာကြောင့် အနားကိုလာပြီး မေးသတဲ့။
အရှင်ရေ.. အရှင့်အနေနဲ့ စကားမပြောဘဲ ၀ဇီပိတ်ကျင့်ကြံနေတယ်လို့ သိထားပါတယ်။
ဒါပေမယ့် ခုနက ကျွန်တော်မျိုးအိမ်ရှေ့မှာ တစ်ခုခုရေရွတ်လိုက်တယ်လို့ထင်ပါတယ်။
ဆာဒူးကြီးဟာ အမှန်အတိုင်း၀န်မခံလိုတာကြောင့် အခုလို လိမ်လည်ပြီး ဖြေဆိုလိုက်သတဲ့။
ငါ့ရဲ့ ၀ဇီပိတ်အကျင့်အကြံ ပ်က္သြားတာဟာ မင်းရဲ့ သမီးကြောင့်ဖြစ်တယ်။
အလို...
" ဘယ်လိုကြောင့်များ ကျွန်တော်မျိုး သမီးရဲ့ အပြစ်ဖြစ်ရတာလဲ အရှင်ရဲ့။
သင်ဟာ ကံဆိုးမိုးမှောင်ကျရတော့မယ် ဦးဂါနီရေ။သင့်ရဲ့သမီးဟာ ကံကြမ္မာဆိုးတွေကို သယ်ဆောင်လာတဲ့သူ ဖြစ်တယ်။
သင့်ရဲ့သမီးကို အိမ်ထောင်ပြုပေးလိုက်တာနဲ့ တစ်ပြိုင်နက် သင်ဒုက္ခရောက်ရလိမ့်မယ်လို့ ပြောသတဲ့။
ဦးဂါနီလည်း တုန်လှုပ်ခြောက်ခြားသွားပြီး ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ် တောင်းတော့တာပေါ့ကွယ်။
လိမ်လည်လှည့်ဖျားလိုတဲ့ဆာဒူးကြီးဟာ အခုလိုပြောသတဲ့။
သင့်ရဲ့သမီးကို သေတ္တာတစ်လုံးအတွင်းမှာ ထည့်ပြီး အဖုံးပိတ်လိုက်ပါ။ ပြီးရင် မြစ်ရေထဲမှာ မျှောလွှင့်လိုက်ပါ။
ဒါဆိုရင် သင်ဟာ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရလိမ့်မယ်။
အသိဉာဏ်ပညာနည်းပါးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ဦးဂါနီကလည်း ဆာဒူးကြီးပြောတဲ့အတိုင်းလုပ်ဖို့ သေဘာတူလိုက္သတဲ့။
သမီးလေး ဗီရွီ ကန့်ကွက်ဆန့်ကျင်နေတဲ့ ကြားကပဲ သေတ္တာထဲကို အတင်းထည့် ပိတ်လိုက်ပြီး မြစ်ထဲကို မျှောလိုက်သတဲ့ကွယ်။
လိမ်လည်လှည့်ဖျားတဲ့ ဆာဒူးကြီးကလည်း သူ့ရဲ့ တပည့်တွေကို မြစ်ထဲမှာ သေတ္တာတစ်လုံး မျောလာမယ့် အကြောင်း ပြောထားပြီး သေတ္တာကိုတွေ့ရင် အဖုန်းဖွင့်မကြည့်ဘဲ သူ့ဆီကို ယူလာခဲ့ဖို့ မွာထားသတဲ့။
ဒီအချိန်မှာ မင်းသားလေးတစ်ပါးဟာ မြစ်ကမ်းနဖူးတစ်လျှောက်မှာ လေညင်းခံရင်း လမ်းလျှောက်ထွက်လာသတဲ့ကွယ်။
မြစ်ထဲမှာ မျောပါလာတဲ့ သေတ္တာကို တွေ့လိုက်ရတဲ့အခါ မင်းသားလေးဟာ သူ့ရဲ့နောက်လိုက်နောက်ပါ တပည့်တွေကို ဆယ်ယူဖို့ ပြောသတဲ့။
သေတ္တာကို ဖွင့်ကြည့်ပြီး ချောမောလှပတဲ့ မိန်းမပျိုလေးကို တွေ့လိုက်ရတဲ့အခါ မင်းသားလေးဟာ အရမ်းအံ့သြသွားတာပေါ့ကွယ်။
မိန်းမပျိုလေးဗီရှီကလည်း မင်းသားလေးကို အကြောင်းစုံ ပြောပြလိုက်တာပေ့ါ။
စိတ်ထားကောင်းတဲ့ မင်းသားလေးဟာ အကောက်ကြံတဲ့ ဆာဒူးကြီးကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်သတဲ့။
သေတ္တာထဲကို တောထဲက မျောက်တစ်ကောင် ဖမ်းထည့်ပြီး မြစ်ထဲကို မျှောလိုက်သတဲ့ကွယ်။
ဆာဒူးကြီးရဲ့ တပည့်တွေလည်း မြစ်ထဲမှာမျောလာတဲ့သေတ္တာကို တွေ့တဲ့အခါ ဆာဒူးကြီး မှာထားတဲ့အတိုင်း သယ်ပြီး ယူလာကြတာပေါ့။
သေတ္တာရောက်လာတဲ့အခါ ဆာဒူးကြီးဟာ သူတရားထိုင်မှာ ဖြစ်တဲ့အတွက် သူ့ရဲ့တပည့်တွေကို အနားမွာ မနေကြဖို့ ညွှန်ကြားသတဲ့။
ညသန်းခေါင်ရောက်တဲ့အခါ ဆာဒူးကြီးဟာ သေတ္တာကို တိတ်တိတ်လေး ဖွင့်လိုက်သတဲ့ကွယ်။
ဒီအခါမွာ စိတ်ဆိုးနေတဲ့ မျောက်ရိုင်းဟာ ဆာဒူးကြီးကို ကုတ်ဖဲ့ပြီး လိုက္ကိုက္သတဲ့။
ဆာဒူးကြီးလည်း ကြောက်လန့်တကြားနဲ့ အကူအညီတောင်းရတော့တာပေါ့ကွယ်။
တပည့်တွေ ရောက်လာတဲ့အခါမှာ အဖြစ်အပျက်ကို နားလည်သွားကြပြီး ဆာဒူးကြီးကို ပျက်ရယ်ပြုကြတာပေါ့။
ကိုယ်ကျင့်တရား မကောင်းဘဲ လိမ်လည်လှည့်ဖျားတဲ့ ဆာဒူးကြီးကို တပည့်တွေက စွန့်ခွာသွားကြသတဲ့ကွယ်။
သားသားမီးမီးတို့လည်း သူတစ်ပါးကို လိမ်လည်လှည့်ဖျားတာမျိုး မပြုလုပ်ကြရဘူးနော်။
လိမ်လည်လှည့်ဖျား တတ်တဲ့သူတွေဟာ ကိုယ်ပြုတဲ့ မကောင်းမှု အကုသိုလ်ကြောင့် နောင်တစ်ချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခရောက် ကြရသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်
Credit org

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ