မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

စိိတ်ရှည်ပါ


ဟိုးရှေးရှေးတုန်းက လူတစ်ယောက်ရှိသတဲ့..
သူ့မှာ အဖိုးတန်ရေနွေးကြမ်းအိုးတစ်လုံး ပိုင်ဆိုင်တယ်။
သူဟာ အဲဒီရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့
ကုတင်ခေါင်းရင်းမှာပဲ ထားအိပ်သတဲ့။
တစ္ညမွာ ရေနွေးကြမ်းအိုးကို မတော်တဆထိမိလို့
ရေနွေးအိုးအဖုံးဟာ ကုတင်အောက် ပြုတ်ကျပါလေရော..
အဲဒီလူလည်း လန့်နိုးပြီး စိတ်သောကရောက်သတဲ့..
အိုးဖုံးမရှိပြီဆိုမှတော့ အိုးက ဘာအသုံးဝင်တော့မလဲဆိုပြီး
အဲဒီလူဟာ အိုးကိုလှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက်အပြင်ဖက် ပစ္ထုတ္လိုက္သတဲ့...
မနက်လင်းလာတော့
အိုးဖုံးဟာ ကံကောင်းစွာနဲ့ မွေ့ရာပေါ်ကျနေလို့
ကွဲမသွားဘူးတဲ့..
အဲဒီမွာ အိုးကို သူပစ်ထုတ်လိုက်မိပြီဆိုပြီး
စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေလိုက်သတဲ့...
အိမ်ပြင်ထွက်တော့
ညကလွင့်ပစ်လိုက်တဲ့ အိုးဟာ
မကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို
တွေ့လိုက်သတဲ့...
တစ်ခါတလေမှာ ကိစ္စရပ်တချို့က
စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန်နှေးရတယ်..
အလောတကြီးဖြစ်ဖို့ မလိုဘူး...
ကိစ္စရပ်တော်တော်များများက
ကိုယ်တွေးထင်သလို မဟုတ္တတ္ဘူး...
လောတယ်၊ စိတ္ဆတ္တယ္ဆိုတာက မိစၧာတစ်ကောင်လိုပါ
ကိစ္စရပ်တော်တော်များများကို အဆိုးဘက်တွေးမြင်ပြီး
ပိုဆိုးအောင် လုပ်မိစေတတ်သလို
အဆင်မပြေမှုတွေနဲ့ ပိုရင်ဆိုင်ရတတ်ပါတယ်။
ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ်ဖို့ကလည်း အသိဉာဏ်တစ်မျိုး ဖြစ်ပါတယ်....။
credit 

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ