မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

စိတ်ခွန်အားပေးပုံပြင်

ပုံပြင် (၁)
ကြောင်နဲ့ ဝက္က သူငယ်ချင်းတွေ။
တစ်နေ့ သူတို့နှစ်ယောက်လမ်းလျှောက်လာရင်း ကြောင် က မုဆိုးထောင်ထားတဲ့ ကျင်းကြီးထဲ ပြုတ်ကျသွားတယ်။
ဝက် ကကြိုးအရှည်တစ်ချောင်းသွားရှာလာတယ်။
ကြောင်က ဝက္ကို ကြိုးပစ်ချခိုင်းတယ်။
ဝက္က ကြိုးအခွေလိုက် ပစ်ချပေးလိုက်သည်။
ကြောင်က ဒေါသထွက်ပြီးပြောတယ်။
"နင် ဒီလိုပစ်ချတော့ ငါက ဘယ္လိုတက္လာရမလဲ.. " တဲ့
" ဒါဆို ငါဘယ်လိုလုပ်ရမှာလဲ " လို့ ဝက္က မေးတယ်။
"ကြိုးတစ်ဖက်ကို လက်ကကိုင်ထားရမှာလေ.." လို့ ကြောင်ကပြန်ဖြေတယ်
ဝက္က ချက်ချင်း ကျင်းထဲ ခုန်ချလိုက်ပြီး ကြိုးစ ကောက်ကိုင်လိုက်သည်။
" ပြော... ခု ငါဘာဆက်လုပ်ရမှာလဲ "
ကြောင် ငိုသွားတယ်... ပျော်ပြီးဝက်ကိုထဖက်လိုက်သည်။
*** ( အချို့ လူတွေက သိပ်ဉာဏ်မကောင်းကျဘူး.. ဒါပေမယ့် သူတို့က သင့်ဘဝအဆုံးထိ ဘေးမှာထာဝရနေပေးသွားတယ် )***
ပုံပြင် (၂)
မျက်မမြင်တစ်ယောက်က ဆီမီးလေးကိုင်ပြီးရပ်နေတာ ဘုန်းကြီးက တွေ့သွားတော့ နားမလည်ဖြစ်ပြီး သွားမေးတယ်။
"ဒကာလေးက မျက်လုံးမှ မမြင်တာ အလင်းရှိတော့ကော ဘာထူးသလဲ.. "တဲ့
မျက်မမြင်က .. "ကျနော်ကြားဖူးတာတစ်ခုရှိတယ်.. လူတွေဟာ နေဝင်မိုးချုပ်သွားတာနဲ့ တစ်ပြိုက်နက် ကျနော့်လို ဘာမွ မမြင်တော့ဘူးဆို..
အဲဒါကြောင့် သူတို့ မြင်ရအောင် မီးထွန်းပြီးလမ်းပြ ပေးနေတာ "
ဘုန်းကြီးက " အော်.. ဒကာလေး စိတ္ထား အင်မတန်မွန်မြတ်ပါလား" လို့ချီးမွမ်းတယ်။
မျက်မမြင်က " တစ်ကယ်တော့ ကျနော်က ကျတော့်အတွက် မီးကိုထွန်းထားရတာ.. လူတွေ ကျနော့် မီးကိုမြင်တဲ့ အခါ ဝင်မတိုက်မိ.. မနင်းမိတော့ဘူးလေ... အဲဒါကြောင့်.. "
ဘုန်းကြီးက စိတ်ထဲက ရေရွတ်လိုက်တယ်... အများအကျိုးဆောင် ကိုယ်ကျိုးအောင် ပါတကား ...
ပုံပြင် (၃)
အလုပ်သမားတစ်ယောက်က သူ့သူငယ်ချင်းဆီ ရင်လာဖွင့်တယ်။
" သောက်လုပ်က ငါတို့လုပ်ရတာ..
အချီးမွမ်းခံရတော့ ဟိုအဖွဲ့ခေါင်းဆောင်က..
ခုဆို သူက မန်နေဂျာရာထူးတောင်တက်သွားပြီ.. မတရားဘူး... ဒါလုံးဝမတရားဘူး.."
သူငယ်ချင်းက ရယ်ပြီးပြောတယ်...
" အခု မင်းလက်ပတ်နာရီကို မင်းငုံ့ကြည့် ..
နာရီ လက္တံအတိုကို အရင်ကြည့်ပြီးမှ အရှည်ကို ကြည့်တာမဟုတ်လား .. အလုပ်လုပ်နေတဲ့ စက္ကန့်လက်တံကို မင်းတစ်ချက်လေးမှ မကြည့်ဘူး ... "
*** ( ဘဝမွာ မိမိဟာ စက္ကန့်လက်တံနေရာမှာ ရှိနေသရွေ့ မကျေနပ်ချပ်တိုင်းဟာ အလကားပါအပို အလုပ္တစ္ခုပါ.. စက္ကန့်မှ မိနစ်.. မိနစ်မှ နာရီလက္တံ သို့ တက်လှမ်းနိုင်အောင် အရင်ကြိုးစားပါ... )****
ပုံပြင် (၄)
ဘုန်းကြီးက ကိုရင်လေးကိုမေးတယ်
" တကယ်လို့ ကိုရင်လေး ရှေ့တစ်လှမ်း လှမ်းရင်သေမယ်.. နောက်တစ်လှမ်းဆုတ်ရင် မျက်လုံးကန်းမယ်ဆို ဘာကိုရွေးမလဲ.?? "
ကိုရင်လေးက ဖြေတယ်... " ကိုရင် ဘေးတိုက်သွားမယ်.. "တဲ့။
*** ( ဘဝမွာ လမ်းဆုံးသွားတာ မရွိပါဘူး။ အခက်အခဲနဲ့ကြုံတွေ့တဲ့အခါ အျခား အမြင်ရှုထောင်က ပြောင်းကြည့်ဖို့ပဲလိုတာပါ... တကယ်လို့ ဘေးက လမ်းဟာ လမ်းပဲဆိုတာ မြင်တတ်ရင် မခက်ပါဘူး... )
အခက်အခဲများကြုံတွေ့တိုင်း.. စိတ်အလိုမကျတိုင်း... စိတ်အားငယ်တိုင်း ဒီ ပုံပြင်လေး ၄ ခုကို သတိရပါနော်... :-)
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ