မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

သိကြားမင်းနှင့် ၀ိသကြုံ

တာ၀တိ ံသာနတ်ပြည်တွင်ဖြစ်သည်။ သိကြားမင်းကြီး အိပ်နေရာမှ ရုတ်ချည်းလန့်နိုးလာသည်။ အကြောင်းရင်းကား နံနက်လင်းစ ကြည်လင်ဖြာလှသော အချိန်၌ သူ၏ ပဏ္႑ုကမ္ဗလာ မြကျောက်ဖြာ တင်းလေသောကြောင့်တည်း။ ချက်ချင်းဆိုသလိုပင် သူ၏နတ်သဘင်ကို ဆင့်ခေါ်လိုက်လေတော့သည်။

ထိုနတ်သဘင် အစည်းအေ၀း၌ ဓတရဋ္ဌ နတ်မင်းကြီး၊ ၀ိရုဠကနတ်မင်းကြီး၊ ၀ိရူပက္ခ နတ်မင်းကြီး၊ ကုေ၀ရနတ်မင်းကြီးတည်းဟူသော နတ်မင်းကြီးလေးယောက်တို့သည် သိကြားမင်းကို ခြံရံလျက် ခစားနေကြကုန်၏။ ထိုနတ်မင်းကြီးတို့၏ နောက်မှ သူတို့၏ အခြွေအရံ၊ အလုပ်အကျွေး၊ လက်ပါးစေ ဖြစ်ကုန်သော နတ္ဘီလူး နတ်နဂါးတို့ ခစားကြကုန်လေ၏။ သိကြားမင်းကြီးသည် နတ်သဘင်ကို သုံးသပ်ရှုစားတော်မူပြီးနောက် နတ်မင်းကြီး လေးပါးတို့အား ခေါ်တော်မူလိုက်သည်။

''နတ်မင်းကြီးတို့''

ထိုအခါနတ်မင်းကြီးတို့ကလည်း
''အရှင်သိကြားမင်း'' ဟူ၍ ခွန်းတုံ့ပေးတော်မူကြကုန်၏။ ထိုနောက် နတ်အပေါင်းတို့သည် သိကြားမင်းကြီး
မည်သည့်စကားကို မြွက်ကြားလေမည်နည်းဟု စောင့်မျှော်ကြိုလင့်နေကြကုန်၏။

''အချင်းနတ်တို့... အဘယ်သို့သော အကြောင်းကြောင့် ငါ၏ မြကျောက်ဖြာကား တင်းတော်မူလေသနည်း။ သင်တို့သည် လူ့ပြည်သို့ဆင်း၍ လူတို့၏အချင်းအရာကို စုံစမ်းကြည့်ကြကုန်ဦးလော့''

ထိုအခါ ၀ိရုဠကအမည်ရသော နတ်မင်းကြီးက
''မှန်လှပါ အရှင်သိကြားမင်း... ကျောက်ဖျာ တင်းတော်မူရခြင်းကား လူ့ပြည်နှင့် လားလားမွ မသက်ဆိုင်ဘဲ အကြောင်းစင်စစ်ကား ယနေ့နံနက်အချိန်တွင် နတ်တို့စံပျော်ရာ တာ၀တိ ံသာ၌ အရှင်သိကြားမင်းစံရာ နတ်တို့ဘုံပျံ ဘုံဗိမာန်ထက် ပို၍မြင့်သော ဘုံဗိမာန်တစ်ခု တမုဟုတ္ဆိုသလို ပေါ်ပေါက် ထိုးတက်လာသော ကြောင့်ပေတည်း''

''အိမ်း... မည်သည့်နတ်သား၏ ဘုံဗိမ္မာန်ဖြစ်သနည်း၊ ယခုနတ်သဘင်၌ ထိုနတ္သား တက်ရောက် ခစားနေပါ၏လော...''

''အရှင်သိကြား ထိုနတ်သားသည် ယမန်နေ့နံနက် အရုဏ်တက်၌ ကိုယ်ရောက်ထင်ရှား ပေါ်ပေါက် လာသူဖြစ်ပြီး အဘယ်သို့သော လုံ့လအားထုတ်မှုဖြင့် နတ်ပြည်သို့ရောက်လာသည်ကို မသိရျငားပါဘုရား။ ထို့မျှမက ထိုနတ်သားသည် အခြားခြားသော နတ်တို့ကိုမျှ မေးထူးခေါ်ပြောခြင်း မရှိသည့်အပြင် သူ၏ ဗိမ္မာန်ကို သူကိုယ်တိုင် အထူးတလည် ပြင်ဆင် ပြောင်းလဲလျက်ရှိရာ ယနေ့နံနက်၌ အရှင် သိကြားမင်း၏ ဘုံစွန်းဘုံဖျား ဗိမာန်အနားကို ကျော်လွန် သွားသည်အထိ ဆောက်လုပ်ခဲ့လေ သောကြောင့် အရှင်သိကြားမင်း ခမ်ာ မဟုတ်မကြာ မြကျောက်ဖျာ တင်းခဲ့ရပါသည် ဘုရား''

''ကိုင်း သည်သို့ဆိုလျှင် သည်နတ်သား၏ အကြောင်းကို အချင်းတို့ သွားရောက်စုံစမ်း၍ ငါ့ထံသို့ အမြန်မကြာ တင်လွှာပြုကြလော့။ အကယ်၍ လိုအပ်ငြားက ငါ့ထံသို့ အခေါ်တော်ဆက်ကာ အရိုအသေ ပြုတန်ပြုကြလော့''

+++++++++++++

ဤသို့လျှင် စတုမဟာရာဇ်နတ်မင်းကြီးလေးပါးတို့သည် သိကြားမင်း၏ စေခိုင်းချက်အရ ထိုနတ်သားထံသို့ အမြန်မကြာ သွားရောက်၍ အဖြေမှန်ကို လှမ်းထောက်ကြလေတော့ သတည်း။ မကြာလင့်သော အချိန်မှာပင် ထိုနတ်မင်းကြီး လေးယောက်သည် သိကြားမင်း၏ ရှေ့ထံပါး၌ ပြန်လည်ခစားလျက်ရှိကြပေသည်။

''မှန်လှပါ... အရှင်သိကြားမင်း... ထိုနတ်သားသည် '၀ိသကြုံ' ဟု အမည်ရပြီး လူ့ပြည် လူ့ဘ၀၌ ဗိသုကာဟုခေါ်သော အဆောက်အဦတို့ကို အဆန်းတကြယ်ဖန်တီးသော အတတ်ပညာဖြင့် အသက်မွေးခဲ့သူဖြစ်လေသတည်း သူ၏ဗိမာန္ကား ယခုအခါ မိုးထိမတတ် ထိုးထောင်မြင့်မား ၀င့်ကြွားစွင့်ငါးလျက် ရှိနေပါသည်ဘုရား''

''ကိုင်း... အချင်းနတ်တို့ ငါသည်ကား နတ်တို့၏သခင် အရှင်သိကြားဖြစ်တော်မူသည်နှင့်အညီ ဤတာ၀တိ ံသာ၌ ငါ၏ဗိမ္မာန် နေရာမှန်သည်သာလျှင် ပျံကာထိုးဖောက် မြောက်ကြွားစွင့်ငါး နေပေသင့်သည် မဟုတ်၏လော''

''မှန်ကန် သင့်မြတ်ကြောင်းပါဘုရား''

''သို့ဆိုလျှင် မည်ကဲ့သို့ စီမံသင့်သည်ကို သင်တို့ အကြံပြုလော့''

ထိုအခါ ကုေ၀ရ နတ်မင်းကြီးက
''မှန်လှပါ အရှင်သိကြား ရှေးရှေးအခါ သူရာတို့နှင့် စစ်ခင်းအင်္ဂါ ပြုနင်းသာခဲ့သလို ချက်ချင်းမကြာ ဖြိုခွင်းသင့်လှပါသည် ဘုရား''

''အိမ်း... သည့်အကြံကား သိပ်မလျော်ကန်လှဟု ထင်မိသည်တကား၊ ဇာတ္သူသား မစားကောင်းသလို နတ်ပြည်သားအချင်းချင်းလည်း စစ်မခင်းသင့်ချေဘူး မဟုတ်ပါလား''

ထိုအခါ ဓတရဋ္ဌနတ်မင်းကြီးက
''မှန်လှပါ၊ အရှင်သိကြားမင်း စင်းခင်းအင်္ဂါ မပြုသည့်တိုင် တားမြစ်တော်မူ၍ အရှင့် ဘုံအောက် နိမ့်ကာရောက်အောင် ရှောင်ခွာမှန်စွာ မာန်ရာဇာဖြင့် အမိန့်ထုတ်ပြန် ပြန်လည်ဆောက်တည်ခိုင်းသင့် လှပေသည် ဘုရား''

''အိမ်း... သည်အချက်သည်လည်း သိပ်မလျော်ကန်လှပေသေးဘူး။ သူကားလုံ့လ ၀ီရိယဖြင့် နတ်ပြည်ရောက်လာ လွတ်လပ်စွာဖြင့် သူ့အလိုတိုင်းသာ တည်ဆောက်ခြင်းကို ခွင့်ပြုသင့်လှချေတကား။ ငါ၏ဂုဏ်ရောင် အရှိန်ပြောင်ဖြင့် မတားမြစ်သင့်ချေဘူး မဟုတ်ပါလော''

ထိုအခါ ၀ိရူပက္ခနတ်မင်းကြီးက
''မှန်လှပါ၊ အရှင်သိကြား သူ၏အလို ရမက္စိုကို စိတ်မညိုဘဲ ခွင့်ပြုတော်မူလှချေသည်တကား။ ထိုမွတပါး သူ၏ဗိမာန် ပြီးစီးသောအခါ၌ လျှင်စွာဆင့်ခေါ် အမိန့်တော်ဖြင့် အရှင့်ဗိမ္မာန်ကို သူ့ထက်မြင့်အောင် ဆောင်ယူ ဆောက်ခိုင်းတော် မူပါလော့ ဘုရား''

''အိမ်း... သင့်မြတ်လျော်ကန်သော အကြံကောင်းပေတည်း၊ ကိုင်း... ထိုနတ္သားကို အမွတ္ထား၍ မျက်ခြေမပြတ် ရှုစောင့်ကြပ်လျက်သူ၏ဗိမ္မာန် ပြီးစီးချိန်၌ ငါ့ထံသို့ အခစား၀င်တော် မူခိုင်းပေလော့''

''မှန်လှပါ အရှင်သိကြား''

+++++++++++++

ဤသို့ဖြင့် တနေ့သော အခါ၌ထို ၀ိသကြုံနတ်သားသည် သိကြားမင်းထံသို့ အခစား၀င်ရလေတော့သည်။ ထိုအခါ သိကြားမင်းက...

''ကိုင်း... ၀ိသကြုံခေါ်ဆို အသင် နတ်ဖော်ပျိုကား ထူးခြားဆန်းပြားလှသည်တကား။ ယခုအခါ တာ၀တိ ံသာတွင် သင်၏အစွမ်း အံ့မခန်းကို ငါကိုယ်တော် မြင်သိကြားဘိ နေရချေ၏။ ထိုမွတပါး ငါကိုယ်တော်သည် ယခုနေရာ ဘုံမြင့်လွှာကို မလိုစိတ္ထား ငြီးငွေ့ထွေပြား လှခြင်း ရွိတကား။ ထို့အတွက်ကြောင့် ငါကိုယ်တော် စံပျော်တော်မူရန်အတွက် ငါ၏ဗိမာန္သစ္ကို အမြန်မကြာ ပြုဆောက်တော်မူလေရော့။ ထိုသို့ ဆောက်တည် ကာလဆီ၌ ငါ၏ဘုံဖျား ဗိမာန်အနားသည် သင်၏ဗိမာန်ထက် ထူးကဲသာလွန် တံခွန်ထူနေချေရမည် တကား''

''မှန်လှပါ အရှင်သိကြားမင်း''

+++++++++++++

မရှည်ကြာလသော အချိန်အတွင်းမှာပင် သိကြားမင်း၏ ဗိမာန်အသစ်ကြီး ပြီးစီးလေသည်။ ထိုဗိမာန်သစ်ကြီးသည် အင်မတန်မှ ထူးထွေ ခန်းနားဆန်းပြားလျက် ကောင်းကင်ပြင်သို့ ငွားစွင့်ထွင်းဖောက် တံခွန်ဆောက်နေ သည်မှာလည်း အံသြမခန်းပေတည်း။ အောက်ခြေပိုင်းတွင် လွန်စွာရှုပ်ထွေးခမ်းနားသော ဖွဲ့စည်း တည်ဆောက်ပုံမျိုးနှင့် တိုင်အမျိုးမျိုး တန်းအထွေထွေတို့သည် အထက်သို့ လိမ်ကောက်တက်သွားပြီး သိကြားမင်း၏ ဗိမာန်သည် သစ်ပင်ထိပ်၌ တည်နေသကဲ့သို့ လွန်စွာမြင့်သောထိပ်ဖျားတွင် လုံး၀န်းသော ပုံသဏ္႑ာန်ဖြင့် တည်နေလေသည်။ သိကြားမင်းကြီးသည်လည်း လွန်စွာအားရကျေနပ်တော်မူလေသဖြင့် ထို၀ိသကြုံ နတ္သားကို ဆုတော်လာဘ်တော်များလည်း ချီးမြင့်တော် မူလေသတည်း။

+++++++++++++

ဤသို့ဖြင့် သိကြားမင်းကြီးသည် ထိုဗိမာန်၌ ကြည်နူးစွာစံတော်မူနေခဲ့ရာ မဟာသင်္ကြန် ကာလသို့ပင် ဆိုက်ရောက်တော်မူလာခဲ့ချေသည်။ ထိုအခါ၌ နှစ်စဉ်ပြုမြဲ ထုံးစံအတိုင်း ရထားထိန်း မာတလိနတ္သားကို ခေါ်၍ လူပြည်သို့ သက်ဆင်းတော်မူလေတော့သည်။

ရက်အနည်းငယ်အတွင်း သိကြားမင်းကြီးသည် လူပြည်မှ ပြန်လာသည်။ ထို့နောက်ရုတ်ချည်းပင် ၀ိသကြုံနတ်သား မသိစေဘဲ နတ်တို့သဘင် ညီလာခံကို တိတ်တဆိတ် စီမံလေတော့သည်။

''အချင်းနတ်မင်းတို့''

''မှန်လှပါ အရှင်သိကြား''

''ငါကိုယ်တော် ကျေနပ်အားရတော်မူသော ယခုစံနေတော်မူသည့် ဗိမာန်သစ်ကြီးနှင့် တထေရာတည်းတူသည့် အဆောက်အဦကို လူ့ပြည်၌ ငါတွေ့ရှိခဲ့လေသတည်း''

ထိုအခါ စတုမဟာရာဇ်နတ်မင်းကြီး အပါအ၀င် နတ်အပေါင်းတို့သည် အံသြလှစွာဖြင့်

''သို့ဆိုလျှင် အရှင်သိကြားမင်း မည်ကဲ့သို့ ဖြစ်စေလိုသနည်း''

''သို့အတွက် သင်တို့သည် လူ့ပြည်သို့ သွားရောက်ပြီး ထိုအဆောက်အဦ၏ ရာဇ၀င်ကို စုံစမ်း၍ ထိုအဆောက်အဦသည် မည်ကဲ့သို့သော အချင်းအရာများအတွက် အသုံးပြုပြီး အကယ်အတံ့ နာမည်များ ရှိခဲ့သည်ဆိုလျှင်လည်း သေချာစွာ မှတ်သားခဲ့ကြလော့''

''မှန်လှပါ အရှင်သိကြား''

+++++++++++++

သိပ်မကြာမီအချိန်မှာပင် နတ်မင်းကြီး လေးပါးသည် နတ်သဘင်သို့ အခြွေအရံများနှင့်တကွ ပြန်လည်ရောက်ရှိလာပြီး

''မှန်လှပါ အရှင်သိကြား အရှင်သိလိုသော ထိုအဆောက်အဦသည် ပြင်သစ်ဟုအမည်ရသော နိုင်ငံ၌တည်ရှိပြီး လူတို့ အပန်းဖြေကြည့်ရှုရန် အတွက် ဖန်တီးခဲ့ကြောင်းပါ ဘုရား၊ အမည်နာမအားဖြင့် 'အီဖယ်တာဝါ' ဟု ခေါ်ဆိုကြောင်းပါ ဘုရား''

''အလိုလေး..လေး.. သည်သို့ဆိုလျှင် မသင့်လျော် ချေတော့ဘူး။ လူတို့အပန်းဖြေသော နေရာနှင့် ငါ၏ ဗိမာန်သည် မည်သို့မှမလျော်ကန်လှ။ သာသနိက အဆောက်အဦဆိုလျှင်တော့ ထားချေဦး။ ကိုင်း... ၀ိသကြုံကို သွား၍ဆင့်ခေါ်ချေ...''

ဤသို့ဖြင့် ၀ိသကြုံနတ်သား ရောက်ရှိလာသောအခါ...
''ကိုင်း... ၀ိသကြုံ ငါ၏ ယခုဗိမာန္ကို ငါကိုယ်တော် နေ့တိုင်းကြည့်ရှုသုံးသပ်မိရာ စိတ်အလိုမကျမှုတို့ ရှိလေသတည်း''

''မှန်လှပါ မိန့်ကြားတော်မူပါ အရှင်သိကြား''

''ငါ၏ ဗိမာန်သည် မိုးထိမြင့်မား ဆောက်လုပ်ထားသော်လည်း အောက်ခြေထုထည် ကိုယ်ထည်ကြီးသည်ကား အကာမရွိ အတားမရွိ ပရမ်းပတာ အရိုးပဒေသာကဲ့သို့ ဖြစ်နေချေသည်ဟု ငါကိုယ်တော် ဆင်ခြင်မိလေသည်။ ထို့ကြောင့် ထိုဗိမာန္ကို ဖျက်လေ၍ အသစ်သော ဗိမာန္ကို အသစ်သော စိတ်ကူးဖြင့် ဖန်တီးပုံစံထုတ် ပြန်လည်တည်ဆောက်ချေ။ ထိုအခါ၌ ယခုကဲ့သို့ အဆံချောင်ချောင် ခပ်ထောင်ထောင် ပုံစံမျိုး မဟုတ်ဘဲ တောင့်တင်းပြည့်ဖြိုး စနစ္က်နေသာ ဖွဲ့စည်းပုံမျိုးရှိစေရမည်။ ထို့အတွက် အသင်နတ်သား ယခင်ဘ၀က ကျင်လည်ခဲ့သော လူ့ပြည်၊ လူ့ရွာမှ သာသနိက အဆောက်အဦတို့ကို ကောင်းမွန်စွာ နမူနာယူလေလော့''

''မှန်လှပါ အရှင်သိကြား''

+++++++++++++

ဤသို့ဖြင့် ၀ိသကြုံနတ်သားသည် နတ်တို့သခင် သိကြားမင်း စံဖို့ရန် ဗိမာန္သစ္ကို အားကြိုးမာန်တက် ဆောက်လုပ်လေရာ မကြာလင့်သော အချိန်အတွင်းမှာပင် ပြီးစီးသွားလေသတည်း။ ထိုဗိမာန်သစ်ကြီးမှာ ယခင်ကဗိမာန်ထက် ပိုမိုခမ်းနား ကြီးကျယ်ဆန်းပြားလျက် အသီးသီးသော အချွန်အတက် အခက်အလက်တို့ ေ၀ဖြာလျက်ရှိသည့်အပြင် လေးဘက်သော မျက်နှာစာတို့၌ အမျိုးမျိုးသော ဆန်းကြယ်သော ပြူတင်းပေါက်များ၊ ခမ်းနားသော အ၀င်တံခါးများ လှပအနုစိတ်သော အဆင်တန်ဆာတို့ဖြင့် မွမ်းမံ ဆောက်လုပ်ထားလေသည်။

သို့သော် အတွေ့အကြုံအရ ၀ိသကြုံကို စိတ်မချသော သိကြားမင်းသည် နတ်တို့သဘင် ညီလာခံကို ယခင်အတိုင်း တိတ်ဆိတ်စွာကျင်းပ၍ စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်ကို လူ့ပြည်သို့စေလွှတ်ကာ ပုံစံတူရှိမရှိ စစ်ဆေးစုံစမ်းခိုင်းလေတော့သည်။

+++++++++++++

မကြာလင့်သော အချိန်အတွင်းမှာပင် သိကြားမင်း စေလွှတ်လိုက်သော နတ်မင်းကြီးလေးယောက်သည် အခြွေအရံတို့နှင့် တကြ နတ်သဘင်သို့ ပြန်လည်ရောက်ရှိလာပြီး

''မှန်လှပါ အရှင်သိကြားမင်း၊ ပုံစံတူ အဆောက်အဦကို တွေ့ရှိခဲ့ကြောင်းပါ ဘုရား''

ထိုအခါ သိကြားမင်းသည် နှလုံးစိတ်၀မ်း မချမ်းသာသော မျက်နှာဖြင့် နတ်သဘင်ကို အတန်ကြာ သုံသပ်ရှုစားတော် မူလေသည်။ ထို့နောက်တွင်မှ

''ကိုင်း... အဘယ်ကဲ့သို့သော အဆောက်အဦမျိုးဖြစ်၍ မည်ကဲ့သို့သော အမည်နာမ ရှိလေသတည်း''

''မှန်လှပါ။ အရှင်သိကြားမင်း စိတ်နှလုံး မချမ်းမြေ့တော် မမူပါနှင့် သာသနိက အဆောက်အဦပင် ဖြစ်ပါတော့သည်''

''အိမ်း... ကြားရတာ က်က္သေရရွိလွေခ်တကား၊ ဆက်တော်မူချေဦး''

''ထိုအဆောက်အဦမှာ 'အင်္ဂလန်' ဟုခေါ်သော နိုင်ငံတွင်ရှိပြီး အမည်နာမမှာ 'စိန့်မေရီ ဘုရား ရှိခိုးကျောင်း' ဟု သိရပါသည် အရှင်သိကြား'

ထိုအခါမွ သိကြားမင်းသည် အလြန္တရာ နှစ်ထောင်းအားရတော် မူကာ ၀ိသကြုံ နတ်သားကိုခေါ်၍ များစွာသော ဆုလာဘ်တို့ိကို ချီးမြင့်တော်မူလေသတည်း။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

..........................................................

(စာကြွင်း။ ဟာသရသ သက်သက်အနေဖြင့် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။)

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ