တစ်ခုသော နွေဦးရာသီ၊ ကမ္ဘာမြေပြင်
နှံကောင်ဟာ မြက်ခင်းပေါ်မှာ ကခုန်နေတယ်။ အဲဒီအချိန်မှာ အစာစုဆောင်းရေး လုပ်နေတဲ့ ပုရွက်ဆိတ်နဲ့တွေ့တယ်။
နှံကောင်။ ။ ဟိုင်း၊ ကိုပုရွက်ဆိတ်... ဘယ်သွားမလို့လဲဗျ
ပုရွက်ဆိတ်။ ။ ဟာ... အိမ်ပြန်မလို့ပေါ့ဗျ ကိုနှံကောင်ရ
နှံကောင်။ ။ ခင်ဗျားနှယ် အလေးကြီးတွေ ထမ်းပြီးတော့ဗျာ...။ ပင်ပန်းပါသဘိဗျာ၊
ပုရွက်ဆိတ်။ ။ ဟားဟား... ချေွတာစုဆောင်း သူဌေးလောင်းတဲ့
နှံကောင်။ ။ ဟုတ်ပါပြီဗျာ... ပျော်ပျော်နေ သေခဲ ဆိုတာလည်း မေ့မထားနဲ့နော်ဗျ...။
.......................................................................
တစ်ခုသော မိုးရာသီ၊ ကမ္ဘာမြေပြင်
ဒေါက်၊ ဒေါက်၊ ဒေါက်...
မိုးသံတဖြောက်ဖြောက်ကြားမှာ သစ်ခေါင်း တံခါးကို အတင်းလာခေါက်နေသံကြားတာကြောင့် ပုရွက်ဆိတ်ခမျာ တံခါးကို ထဖွင့်ရတော့တယ်။
ပုရွက်ဆိတ်။ ။ အော်... ဘယ္သူမ်ား မှတ်တယ်။ ကိုနှံကောင်ကိုး...
နှံကောင်။ ။ ဟုတ်ပါတယ်... ကျုပ် အခုစားစရာ ပြတ်နေလို့ နည်းနည်းလောက် ဖြစ်ဖြစ်...
ပုရွက်ဆိတ်။ ။ ဒါကြောင့် ခင်ဗျားကို ကျုပ်မပြောဘူးလား... ချေွတာပါ၊ စုဆောင်းပါ ဆိုတာ။
နှံကောင်။ ။ ဟုတ်၊ ဟုတ်ပါတယ်ဗျာ။ ခု အရမ်းဗိုက်ဆာလို့ စားစရာ နည်းနည်းလောက်ဖြစ်ဖြစ်
ပုရွက်ဆိတ်။ ။ တော်တော်... မပေးနိုင်ဘူး၊ ကိုယ့်ဘာသာ ဆက္ကေနပါလားဗ်...
ပုရွက်ဆိတ်ကမောင်းထုတ်လိုက်သဖြင့် နှံကောင်မှာ ဝမ်းနည်းပက်လက်နှင့် ထွက်ခွာလာရတော့သည်။
.......................................................................
တစ်ခုသော ညေန၊ ကောင်းကင်ဘုံစစ်ဆေးရေးဌာန
နှံကောင်နဲ့ ပုရွက်ဆိတ်ဟာ တောမီးလောင်တာကြောင့် နှစ်ကောင်လုံး မီးသင့်သေဆုံးပြီး ကောင်းကင်ဘုံရဲ့ စစ်ဆေးရေးဂိတ်ကို ရောက်လာတယ်။ တာဝန်မှူးက သူတို့တွေ ကမ္ဘာမြေပြင်မှာ အသက်ရှင်တုန်းက အဖြစ်အပျက်တွေကို စာအုပ်ထဲမှာ ဖတ်ပြီးစစ်တယ်။
စစ်ဆေးရေးမှူး။ ။ ဟို နှံကောင် ဒီရှေ့လာ
နှံကောင်။ ။ ဟုတ်ကဲ့ပါခင်ဗျာ
စစ်ဆေးရေးမှူး။ ။ သင်ဟာ ကမ္ဘာမြေပြင်မှာ အသက်ရှင်တုန်းက အလုပ္ကို မကြိုးစားဘူး။ အေပ်ာ္အပါးပဲ လိုက်စားခဲ့တယ်။ ဒါကြောင့် သင်နဲ့ ကောင်းကင်ဘုံနဲ့ မထိုက္တန္ဘူး။ ငရဲပြည်သွားရမယ်။
နှံကောင်။ ။ ဗ်ာ...
စစ်ဆေးရေးမှူး။ ။ မဗျာနဲ့၊ မင်း ဟိုမှာပြန်ထိုင်... ဟိုကောင် ပုရွက်ဆိတ် ဒီရှေ့လာခဲ့။
ပုရွက်ဆိတ်။ ။ ဟုတ်ကဲ့
စစ်ဆေးရေးမှူး။ ။ ပုရွက်ဆိတ်... မင်းကတော့ လူ့ပြည်မှာ အလုပ်လုပ်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ရှာဖွေခဲ့တယ်။
ပုရွက်ဆိတ်။ ။ ဟုတ်ပါတယ်။ အမှန်ပါပဲ။
စစ်ဆေးရေးမှူး။ ။ ဒါပေမဲ့လည်း သင်ဟာ လောဘကြီးစွာနဲ့ ရှာဖွေခဲ့တယ်။ သူတပါးကို ပေးကမ်းစွန့်ကြဲဖို့လည်း မေ့ခဲ့တယ်။ အတ္တကြီးခဲ့တယ်။ ဒါကြောင့် သင်လည်းပဲ ကောင်းကင်ဘုံနဲ့ မထိုက္တန္ဘူး။ သွားငရဲပြည်ကို...
ပုရွက်ဆိတ်။ ။ ဗ်ာ...
......................................................................
ပုံပြင်လေးက ဒါပါပဲ။ ယုံချင်ယုံ၊ မယုံချင်နေပါ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
No comments:
Post a Comment
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ