မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ကြွေးဟောင်းဆပ်ပါ



တစ်ခါက နေ့စဉ်လယ်ထဲဆင်းပြီး ၀မ်းစာရှာရတဲ့ လယ္သမားသားအဖ ၂ယောက်ရှိတယ်။ အဖေဖြစ်သူလယ်သမားကြီးဟာ အသက်အရွယ်ရလာတာနဲ့အမျှ ပင်းပမ်းမှုဒဏ်ကို မခံနိုင်ရှာတော့။ အနည်းငယ်လုပ်ကိုင်ပြီး ပင်ပမ်းတာနဲ့ တစ်နေရာမှာထိုင်ရင်း သားဖြစ်သူ လုပ္တာကိုသာ ထိုင်ကြည့်နေရတယ်။
ဒီလိုရက်တွေများလာတော့ သားဖြစ်သူက "ငါ့အဖေကအလုပ်မလုပ်နိုင်တော့ဘူး၊ တစ်နေ့တစ်နေ့ ငါချည်းလုပ်နေရတယ်၊ သူအသက်ရှင်နေတာ ဘာတန္ဖိုးမွမရွိဘူး" လို့တွေးမိတယ်။ ဒါနဲ့ သားဖြစ်သူလယ်သမားဟာ သစ်သားနဲ့ အခေါင်းတစ်ခေါင်းကို လုပ်တယ်။
အခေါင်းလုပ်ပြီးတော့ အဖေလယ်သမားကြီးကိုခေါ်ပြီး အခေါင်းထဲ ၀င်စေတယ်။ အဖေဖြစ်သူလည်း ဘာမှပြန်မပြောပဲ ကြည်ကြည်ဖြူဖြူနဲ့ပဲ အခေါင်းထဲ၀င်လှဲနေလိုက်တယ်။ ဒီနောက်သားဖြစ်သူက အခေါင်းဖုံးကို ပိတ်လိုက်ပြီး၊ သူတို့လယ်ရဲ့ တဖက် တောင်ကုန်းဆီကို သယ်လာခဲ့တယ်။ တောင်ကုန်းရဲ့ ဟိုဘက်မှာ အေဖျဖစ္သူကို မြှုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။
ဒီလိုနဲ့ မြှုပ်ရမယ့်နေရာကို ရောက်တော့၊ အခေါင်းကို ခ်ျပီး မြေကျင်းတူးတော့တယ်။ ခဏေနေတာ့ အခေါင်းဖုံးကို တဒေါက်ဒေါက် ခေါက်သံကြားလိုက်ရတယ်။ ဒါနဲ့ သားဖြစ်သူဟာ မြေကျင်းတူးလက်စက ခဏရပ်ပြီး အခေါင်းဖုံး ကိုဖွင့်ပေးလိုက်တယ်။
သား။ ။"ဘာပြောမလို့လဲ"
အေဖ။ ။"သား... မင်း ငါ့ကို မြှုပ်ချင်ရင် မြှုပ်ပါ... ဒါပေမယ့် ငါ့ချည်းပဲမြှုပ်၊ ဒီအခေါင်းလေးတော့ပြန်ယူသွားပါ... တစ်ချိန်ကျ မင်း သားသမီးတွေလည်း ဒါကို လိုလာနိုင်တယ်"
ကျွန်တော်တို့ဟာ ကြွေးသစ်ကိုတောင်ပေးရဲသေးတာ့ပဲ ကြွေးဟောင်းကိုမဆပ်ရဲလို့မရပါဘူး
မျဖစ္မေန ဆပ်ကိုဆပ်ရမှာပေါ့။
credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ