ဟိုး ရှေးတုန်းကပေါ့ လပေါ်က အဘိုးအိုဟာ တောကြီးတစ်ခုထဲကို ကြည့်လိုက်တယ်။တောထဲမှာ ယုန်ရယ်၊ မျောက်ရယ်၊ မြေခွေးရယ်အဆွေခင်ပွန်း ဖွဲ့ပြီး အတူနေကြသတဲ့။ ဘယ်ယူက အကြင်နာတတ်ဆုံးလဲဆိုတာ ငါဆင်းပြီး စုံစမ်းဦးမှ လို့ တွေးမိသတဲ့။ ဒါကြောင့် သူက သူတောင်းစားအိုကြီးတစ်ယောက်အယောင်ဆောင်လိုက်ပြီး တောထဲကိုသွားတယ်။ ဆာလွန်းလို့ပါ ကယ်ကြပါ လို့ ပြောလိုက်တယ်။ အို သနားစရာ သူတောင်းစားအိုကြီးပဲ လို့ သူတို့က ပြောပြီး အစားအသောက် တစ္ခုခု ရှာပေးဖို့ ထွက်သွားကြတယ်။ မျောက်က သစ်သီးတွေယူလာတယ်။မြေခွေးက ငါးတစ်ကောင်ဖမ်းလာတယ်။ ယုန္ကေတာ့ဘာမွ ရမလာဘူး။ ဒုက္ခပါဘဲ၊ ဒုက္ခပါဘဲ၊ ငါဘာလုပ်ရမလဲ လို့အော်ရင်း ယုန္က အကြံတစ်ခု ရသွားတယ်။ ကိုမျောက် ကျနော့်ကို ထင်းရှာပေးပါဗျာ။ကိုမြေခွေးက မီးဖိုလုပ်ပေးပါ လို့ပြောလိုက်တယ်။ မိးဖိုမွာ မီးရတော့သူတောင်းစားအိုကြီးကို ယုန္က ကျနော့်မှာ အဘိုးကို ပေးစရာ အစာတော့ မရွိပါဘူး။ ဒါကြောင့်ကျနော် မီးပုံထဲကို ခုန်ဆင်းလိုက်ပါမယ်။ ကျနော့်အသား ကျက်ရင်စားလိုက်ပါ ခင်ဗျာ လို့ပြောတယ်။ ယုန္က မီးပုံထဲကို ခုန်ဆင်းဖို့ ပြင်တယ်။
အဲဒီအချိန်မှာပဲ လပေါ်က အဘိုးအို ဟာ သူ့မူလရုပ်သွင်ကို ပြန်ပြောင်းလိုက ်တယ်။ အဘိုးက သင်ဟာ အကြင်နာတတ်ဆုံးပါပဲ။ သင့်ကိုယ်ကို အနာခံပြီး ကူညီဖို့ မလိုတော့ပါဘူး။ ငါနဲ့အတူ ထာဝရ နေထိုင်ဖို့ သင့်ကို ခေါ်သွားပါမယ်
လို့ ပြောတယ်။ အဲဒီနောက်အဘိုးအိုကယုန်ကို ပွေ့ချီပြီး လမင်းဆီကို ခေါ်သွားတယ်။ လသာတဲ့ညမွာဆို လပေါ်မှာ အဘိုးအိုနဲ့ ကြင်နာသနားတတ်သူ ယုန္ငယ္ကို ယနေ့တိုင် တွေ့နိုင်ကြပါသေးတယ်...
Credit
No comments:
Post a Comment
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ