မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ထမင်းတစ်ပန်းကန်နဲ့ အတွေးတစ်လက်


တစ်ခါက
လူငယ်နှစ်ဦးသည် သူတို့ရဲ့ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး စိတ်ဓါတ်ကျနေကြ ပါတယ်။ တရားပြဆရာတော် တစ်ဦးစီကို အတူတူသွားပြီး အကြံဉာဏ်တောင်းကြပါတယ်။
သူတို့ရောက်သွားတော့ တရားပြဆရာတော်က မျက်လုံးမှိတ်ပြီး ထိုင်နေတာ တွေ့လိုက်ပါတယ်။ သူတို့က တရားပြ ဆရာ တော်ကို မေးခွန်းတွေမေးလိုက်ပါတယ်။ အချိန်အတော်ကြာ ပြီးတော့မှ အဲ့တာ ထမင်းတစ်ပန်းကန်ပဲလို့ တစ်ခွန်း ထဲ ပြောလိုက်ပါတော့တယ်။
နောက်တော့ လူငယ်နှစ်ဦးသည် သူတို့၏ ရုံးတွေကို ပြန်သွားကြပါတယ်။ တစ်ဦးက အလုပ်မှထွက်ကာ အိမ်ပြန်ပြီးစိုက်ပိျုးရေးလုပ်ငန်းလုပ်နေပါတော့တယ်။ ကျန်တစ်ဦးကတော့ အလုပ်မှာဆက်ပြီး လုပ်နေပါတော့တယ်။ နောက် 10 နှစ်ကြာခဲ့ပါပြီ။ အိမ်ပြန်ပြီးစိုက်ပိျုးရေးလုပ်တဲ့သူဟာ ထုတ်လုပ်မှုမြင့်မားရေးအတွက် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး စိုက်ပျိုးရေးကို ပြုလုပ်နေတဲ့ အရမ်းအောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ ထို့အပြင် ရုံးမှာဆက်ပြီး အလုပ်လုပ်နေခဲ့တဲ့သူတစ်ယောက်ကတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကောင်းမွန်တဲ့ဆောင်ရွက်ချက်တွေကြောင့် မန်နေဂျာ ရာထူးကို တိုးမြှင့်ပေးခံလိုက်ရပါတယ်။
တစ်နေ့မှာတော့ သူတို့နှစ်ဦးဟာ ပြန်လည်တွေ့ဆုံမိကြပါတယ်။ အောင်မြင်တဲ့စိုက်ပျိုးရေးသမားပြောတာကတော့ ဆရာ တော်ရဲ့စကားတွေကို ချက်ခြင်းနားလည်လိုက်ပါတယ်- ထမင်းတစ်ပန်းကန်ပဲ ဒါဆိုဘာလို့အဲ့ဒီအလုပ်မှာ ဆက်လုပ် နေမှာလဲ၊ အျခား နည်းလမ်းတွေများစွာ ရှိပါသေးတယ်၊ အလုပ်ဘာလို့မထွက်တာလဲ လို့ပြောဆိုပါတယ်။ မန်နေဂျာ ပြော တာကေတာ့ ငါထင်ခဲ့တာက ထမင်းတစ်ပန်းကန် ဆိုတာက ပိုပြီး သည်းခံဖို့၊ အရာရာ ကိုနားလည်တတ်ဖို့ ဒါဆို အခက် အခဲတွေ ကျော်ဖြတ်နိုင်မှာလို့ ဖြစ်ပါတယ်။
ဒါနဲ့ သူတို့နှစ်ဦးဟာ တရားပြဆရာတော်ဆီကို နောက်တစ်ကြိမ်သွားဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။ ဆရာတော်က ပုံမှန်အတိုင်းငြိမ်သက်စွာ ထိုင်နေပြီး အချိန်အတော်အကြာ စိုက်ကြည့်နေပြီး ပြန်လည်မှတ်မိလာပါတယ်။ နောက်ပြီး သူတို့ကို ပြန်လည်ပြီး ပိုမိုအဓိပ္ပါယ်ရှိတဲ့ အကြံဉာဏ်ကိုပေးခဲ့ပါတယ်။ အဲ့ဒါဟာ အတွေးတစ်လက် ပဲ ဖြစ်ပါတယ်။
ဘဝမွာ အတွေးအခေါ်များနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ အတွေးတစ်ချက် ရုတ်တရက်ပေါ်ပေါက်လာမှုမှ အရာရာကို ပြောင်း လဲနိုင်ပါတယ်။ ဦးတည်ချက် ပန်းတိုင်ကို ဆုံးဖြတ်ချက်ချပြီးပြီဆိုတာနဲ့ စိတ်နှလုံးကို နှစ်မြှုပ်ပြီးဆောင်ရွက်ပါ။ စိတ်နှလုံး နှစ်မြှုပ်ဆောင်ရွက်ချက်များသည် အံ့သြဖွယ် အောင်မြင်နိုင်တဲ့ ဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ