မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

တန်ပြန်မေတ္တာ


ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။
ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ 
အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။
ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား
အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်။
သူဟာနံရံကိုဖြိုချတဲ့အခါ ညှပ်နေတဲ့
အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။
အပြင်က သံတစ်ချောင်းက အ့ဲဒီအိမ်မြှောင်ရဲ့
ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ
သူတွေ့ခဲ့တယ်။
သူဟာ အိမ်မြှောင်လေးအပေါ်
သနားစိတ်၀င်ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို
သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ
သံချောင်းလေးရဲ့သက်တမ်းဟာ
ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။
အိမ်မြှောင်လေးဟာ
တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ
အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ ) နှစ်ကြာကြာမရွေ့လျားဘဲ
ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ
မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့
တုန်လှုပ်သွားခဲ့တယ်။
ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့
ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ
( ၁၀ ) နှစ်ကြာကြာ အသက်ရှင်နေတဲ့ အိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။
ဒါကြောင့် သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့
လေ့လာကြည့်ခဲ့တယ်။
ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့
ခံစားချက်အတွက် အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲ့ဒါတော့ အျခား အိမ်မြှောင်လေးတစ်ကောင်က
အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး
ဒုကိ္ခတအိမ်မြှောင်လေးကို လာကျေွးနေလို့ပါပဲ။
အ့ဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ
အသက်ရှူမှားလောက်အောင် ဖြစ်ပြီး
အရမ်းခံစားခဲ့ရတယ်။
( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊
မျှော်လင့်ချက်မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို
ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။
မင်းလည်း မင်းရဲ့အဖော်
( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊
အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ
အိမ်မြှောင်လေးလို ပြုစုပေးမှာလား......။
အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့
၀န်ထုပ်ကို လွယ်ပြီး မင်းကိုလူဖြစ်အောင်
ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို
ဒီလိုပြုစုပေးမှာလား..............။
သေးငယ်တဲ့တိရစာၦန်လေးတောင်မှ
ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလိုပြုစုတတ်ရင်.....
အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့
လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမလဲ..။
ကျေးဇူးပြုပြီး
မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ
စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို
အမှန်တကယ်လိုလားနေတဲ့သူကို ....
အလုပ်များတယ်.....လို့မပြောပါနဲ့။
နှလုံးသားကို အသုံးပြု ပြီး အသက်ရှင်ပါ။
ဦးနှောက်ကို အသုံးပြု ပြီး အသက်ဆက်ပါ။
ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းသောသုခ
ဖြစ်လာပါလိမ့်မယ်။
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ