မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

မတူရင်မတုပါနဲ့


(တစ်ခါက)
ရာသီဥတုကြည်လင်သာယာတဲ့ နေ့လေးတစ်နေ့မှာ သိုးတစ်အုပ်ဟာ စားကျက်မြေမှာ အ စာစားရင်း၊ ဆော့ကစားရင်းနဲ့ အေးအေးလူလူရှိနေကြပါတယ်။ သိုးကျောင်းသားကတော့ အနားမွာ ရှိတဲ့ညောင်ပင်ရိပ်အောက်မှာ အနားယူအိပ်စက်နေပါတယ်။
အဲ့ဒီအချိန်မှာပဲ သိန်းငှက်တစ်ကောင်ဟာ ကောင်းကင်ဆီကနေ တဟုန်ထိုးဆင်းလာပြီး သိုး ငယ်လေးတစ်ကောင်ကို မြဲမြံလှတဲ့ ခြေသည်းတွေနဲ့ အလစ်သုတ်ချီပြေးသွားတာ သိုးကေလးခမ်ာ အော်ချိန်တောင် မရလိုက်ပါဘူး။ အိပ်ပျော်နေတဲ့ သိုးကျောင်းသားတောင် ဘာမှတောင်မသိလိုက်ပါ ဘူး။ ဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရတာက သစ်ပင်ကြီးပေါ်မှာနားနေတဲ့ ကျီးကန်းပဲ ဖြစ်ပါ တယ်။
ကျီးကန်းဟာ လျင်မြန်သွက်လက်လှတဲ့ သိန်းငှက်ရဲ့သားကောင်ဖမ်းတဲ့နည်းဗျူဟာကို အင်မ တန်မှ အားကျသွားပါတယ်။ သိန်းငှက်တောင် ဖမ်းနိုင်သေးရင် သူလည်း ဘာလို့မဖြစ်နိုင်ရမှာလဲလို့ တွေးလိုက်ပါတယ်။ ဒါနဲ့ သူလည်း သိန်းငှက်ရဲ့နည်းလမ်းကိုကျင့်သုံးပြီးသိုးဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ချက်ချင်းပဲ ကျီးကန်းဟာသိုးအုပ်ထဲက သူဖမ်းဖို့အကောင်ကို ရှာတော့ ကွေးနေတဲ့ ဦးချိုတွေရယ်၊ ထူ ထဲတဲ့အမွှေးတွေရယ်နဲ့ ကြီးမားတဲ့သိုးထီးကြီးတစ်ကောင်ကို ချက်ချင်းပဲ မျက်စိကျသွားတယ်။ ဤဆောင်းပါးကို ဂနၳဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ကျီးကန်းဟာ သိုးကြီးကိုကြည့်ပြီးစားချင်လွန်းလို့ သရေတောင်ကျလာပါတယ်။
အဲ့ဒီနောက်တော့ ကျီးကန်းဟာ သိုးထီးကြီးပေါ်ကို တိတ်ဆိတ်လျင်မြန်စွာ ထိုးဆင်းသွားတယ်။ ပြီးတော့ သိန်းငှက်လုပ်သွားတဲ့ပုံစံအတိုင်း သိုးရဲ့အမွှေးကို ဆုပ်ကိုင်ဖမ်းဆီးလိုက်တယ်။ ဒီ သိုးကြီး ကို ငါ့အသိုက်ဆီချီသွားမယ် လို့ ကျီးကန်းက ရေရွတ်ရင်း အတောင်ပံတွေကို ဖြန့်ပြီး ပျံသန်းဖို့ အား ယူလိုက်တော့တယ်။ ဒါပေမဲ့ မျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး။ သိုးထီးက ကြီးမားလှတာကြောင့် ကျီး ကန်းရဲ့ အင်အားနဲ့ သယ်ယူဖို့ လေးလံလွန်းလှပါတယ်။ ကျီးကန်းဟာ ထပ်ခါထပ်ခါ ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။
ကျောပေါ်မှာ ကျီးကန်းရောက်နေမှန်းသိသွားတဲ့ သိုးထီးဟာ အလွန်စိတ်ဆိုးသွားတယ်။
ငါ့ကိုယ်ပေါ်က အခုချက်ချင်းဖယ်စမ်း လို့ အော်ပြီး ကျီးကန်းကို ခါချဖို့ သိုးထီးက ကြိုးစား တယ်။
အခြေအနေမကောင်းမှန်းသိသွားတဲ့ ကျီးကန်းဟာ သိုးထီးကို ထားခဲ့ပြီး ပျံပြေးဖို့ ကြိုးစားလိုက် ပါတယ်။ ဒါပေမဲ့ သူ့ခြေသည်းတွေက သိုးထီးရဲ့ထူထဲလှတဲ့အမွှေးအမျှင်တွေကြားထဲမှာ ငြိနေပါပြီ။ ကျီးကန်းက အတောင်ပံတွေကို ဖြန့်ပြီး အားသွန်ခွန်စိုက်ကြိုးစားလေ၊ ခြေသည်းတွေက သိုးမွှေးထဲ ပိုနစ်ဝင်သွားလေပါပဲ။
 ကယ်ကြပါဦး လို့ ကျီးကန်းက ကြောက်လန့်တကြားနဲ့ အော််တယ်။ ဒေါသပိုထွက်လာတဲ့ သိုးထီးဟာ အော်ဟစ်ပြီး သစ်ပင်ကြီးကို ပတ်ပြေးပါတော့တယ်။ ဆူညံနေတဲ့အသံတွေကြောင့် သိုး ကျောင်းသားကလည်း လန့်နိုးလာတယ်။ ပျံသန်းဖို့ကြိုးစားနေတာ မအောင်မြင်ဘဲ အော်ဟစ်နေတဲ့ ကျီးကန်းနဲ့ ပတ်ပြေးနေတဲ့ သိုးထီးကို တွေ့တဲ့အခါမှာ သိုးကျောင်းသားက အခြေအနေကို သဘောပေါက်သွားပြီး ဟက်ဟက်ပက်ပက် ရယ်မောတော့တယ်။ ရယ်လို့အားရတော့မှပဲ သိုးကျောင်းသားက သိုးထီးကို ရပ်တန့်ခိုင်းလိုက်တယ်။ ပြီးတော့ ကျီးကန်းကို လက်တစ်ဖက်ကကိုင်၊ တစ္ဖက္က ကတ်ကြေးကိုင်ပြီး သိုးမွှေးနဲ့ကျီးခြေသည်းငြိနေတာကို သေချာညှပ်ပေးတယ်။
 ဟေး ကျီးကန်းလေး မင်းဘယ်လိုလုပ်လိုက်တာလဲ လို့ သိုးကျောင်းသားက ရယ်မောပြီး မေးတယ်။ ကျီးကန်းခမျာရှက်လွန်းလို့ မျက်နှာကို ဖွက်ထားတယ်။ အခုချိန်မှာ ကျီးကန်းရင်ထဲ အပြင်း ပြဆုံးဆန္ဒကတော့ သိုးကျောင်းသားလက်ထဲကနေ ထွက်ပြေးဖို့့ပါပဲ။သိုးကျောင်းသားကတော့ ရယ်ရင်းနဲ့ပဲ ကျီးကန်းကို လွှတ်ပေးလိုက်ပါတယ်။ မလွှတ်ခင်မှာ မင်းလည်း သိန်းငှက်တွေလိုဖြစ်ချင်ရင် မင်းခန္ဓာကိုယ်အရွယ်အစားနဲ့ ကိုက်ညီတဲ့တိရစာၦန်ကိုသာ ချီသင့်တယ်ကြ လို့ အကြံပေးလိုက်ပါသေးတယ်။
ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေကို ထည့်မတွက်ဘဲ တခြားသူလုပ်တိုင်း လိုက္လုပ္တာဟာ မိုက် ရူးရဲဆန်ရာကျပါလားဆိုတာ သင်ခန်းစာရလိုက်တဲ့ ကျီးကန်းကတော့ ရှက်ရွံ့စွာနဲ့ အဝေးကြီးကို တရှိန် ထိုး ပျံသန်းသွားတော့တယ်။
credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ