မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ရုက္ခစိုးနှင့်အဘွားအို

တစ်ခါက ရွာတစ်ရွာတွင် အဘွားအိုတစ်ဦး ရှိသည်။ အဘွားအိုသည် သူ၏သား၊ ချေွးမတို့နှင့်အတူ နေထိုင်သည်။ ချေွးမဖြစ်သူသည် အဘြားအိုအား မကြည်ဖြူပေ။ အဘြားအို အစားကြီးသဖြင့် ဆန်အလွန်ကုန်သည်။ ထို့ကြောင့် အဘြားအိုအား အိမ်တွင် ကြာရှည်ဆက်မထားနိုင်တော့ဟုဆိုကာ ခင်ပွန်းသည်အား အျမဲ ကုန်းချောစကား ဆိုသည်။ ရန်လုပ်သည်။
နောက်ဆုံးတွင် ချေွးမ၏စကား အောင်လေသည်။ မိုက်မဲသောသားသည် ဇနီးသည်၏ စကားအတိုင်း လိုက္နာကာ အဘြားအိုအား တောထဲတွင် ကျားစာအဖြစ် သွားရောက်စွန့်ပစ်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။ နောက်တစ်နေ့သို့ ရောက်သော် သားဖြစ်သူသည် အဘြားအိုအား တောထဲသို့ ခေါ်သွားသည်။ ကြီးမားသော မန်းကျည်းပင်ကြီး တစ်ပင်၏ ခြေရင်းတွင် ကြိုးဖြင့်တုပ်ကာ ထားပစ်ခဲ့လေသည်။
ညအချိန်သို့ရောက်သော် တောထဲရှိ ကျားများသည် လူနံ့ရသဖြင့် သစ်ပင်အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုစဉ် သစ်ပင်စောင့် ရုက္ခစိုးနတ်သည် ရုတ်တရက် ပေါ်လာပြီး အသင် ကျားတို့၊ ခဏနေကြပါဦး၊ ဒီအဘြားအိုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်အရင်် စမ်းသပ်ပါရစေဦး။ တကယ်လို့ အဘြားအိုဟာ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ရင် သူ့ကို သင်တို့စားခွင့် မပေးနိုင်ဘူး။ အဘြားအိုဟာ သူတော်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တော့ သင်တို့ကို စားခွင့်ပေးမယ်ဟု ပြောသည်။
ကျားများလည်း ရုက္ခစိုး၏စကားကို နာခံကြသည်။ ရုက္ခစိုးသည် ကြက်တောင်တစ်ချောင်းကိုယူ၍ အဘြားအို၏ နှာခေါင်းကို ကလိလိုက်သည်။ အဘွားအိုသည် နှာခေါင်း ယားလာသဖြင့် နှာချေကာ ဟတ်ချိုး၊ ဟတ်ချိုး၊ ဘုရား၊ ဘုရားဟု နှုတ်မှ ရေရွတ်လိုက်သည်။
ထိုအသံကိုကြားသည်နှင့် ရုက္ခစိုးသည် က်ားမ်ားအား ကဲ-သင်တို့ကြားပြီမဟုတ်လား။ ဒီအဘြားအိုဟာ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါကြောင့် သင်တို့အား သူ့ကိုစားခွင့် မပြုနိုင်ဘူး။ သင်တို့ပြန်ကြတော့ဟု ပြောလိုက်သည်။ ကျားများလည်း အဝေးသို့ ပြန်လည်ထွက်ခွါသွားကြသည်။
အဘွားအိုသည် ရုက္ခစိုးနှင့် က်ားမ်ား အပြန်အလှန် ပြောဆိုကြသည်များကို ကြားလည်းမကြားရ၊ မြင်လည်း မမြင်ရပေ။ ကျားများရောက်လာ၍ ပြန်ထွက်သွားသည်ကို မြင်ရသည်။
အတန်ကြာသော် အဘြားအို အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးလာသောအခါ နံနက် အရုဏ်တက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူ့ကိုယ်ပေါ်တွင် ချည်ထားသော ကြိုးများမှာလည်း ပြေနေပြီ။ သူ့ခြေရင်းတွင်လည်း ရွှေအိုးတစ်လုံး ချထားသည်ကို တွေ့ရသည်။ အဘွားအိုသည် ရွှေအိုးကို မ,ကာ ရွာသို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည်။ သို့သော် အဘွားအိုသည် ရက်စက်သော သားနှင့်ချေွးမတို့ထံသို့ မပြန်တော့ပေ။ ပါလာသော ရွှေများကို ထုခြဲ၍ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ္ကာ စည်းစိမ်အပြည့်ဖြင့် နေထိုင်လေသည်။
ချေွးမသည် အဘြားအို အသက်မသေဘဲ ပြန်ရောက်လာရုံမက ကြွယ်ဝချမ်းသာနေကြောင်းကို ကြားသိရသောအခါ အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့ကြောင့် သူ၏ခင်ပွန်းအား အဘြားအို ရွှေအိုးရလာသည့် အကြောင်းရင်းကို သွားရောက်မေးမြန်းရန် စေလွှတ်လိုက်သည်။ ခင်ပွန်းသည်သည် အဘြားအိုထံ သွားရောက်ကာ ရွှေအိုးရခဲ့သည့် အကြောင်းစုံကို မေးမြန်းသည်။ အဘွားအိုသည် သူ့သားက သူ့အား သေကြောင်းကြံခဲ့သည် မှန်သော်လည်း သားအပေါ်ချစ်ခင်သည့် မိခင်မေတ္တာကြောင့် သားအား ရွှေအိုးရခဲ့ပုံကို ပြန်ပြောခဲ့သည်။
ထိုနေ့ နေ့လည်ပိုင်းသို့ရောက်သော် ချေွးမသည် သူ့အား တောတွင်းသို့ ခေါ်သွားကာ မန်ကျည်းပင်တွင် ကြိုးချည်ထားခဲ့ရန် ခင်ပွန်းသည်အား ပူဆာသည်။ ခင်ပွန်းသည်လည်း သူ့စကားအတိုင်း လိုက်နာခဲ့သည်။ ချေွးမဖြစ်သူလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ ညအချိန်ရောက်သော် က်ားမ်ား ရောက်ရှိလာသည်။ သို့သော် ချေွးမဖြစ်သူသည် က်ားမ်ားကို လုံးဝ မကြောက်သည့်အပြင် မကြာမီ ရွှေအိုးရတော့မည်ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေမိသည်။
ထိုစဉ် ရုက္ခစိုးနတ် ရောက်လာသည်။ သူက က်ားမ်ားအား အသင်ကျားတို့ ခဏနေကြပါဦး၊ ဒီအမျိုးသမီးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ် စမ်းသပ်ပါရစေဦးဟု ပြောသည်။ ထို့နောက် ချေွးမဖြစ်သူ၏ နှာဝကို ကြက်တောင်ဖြင့် ကျပ်လိုက်သည်။ ထိုအခါ ချေွးမသည် လောဘကြီးသူ ဖြစ်သည့်အတွက် ဟတ်ချိုး ဟတ်ချိုး ဘယ္မလဲ ငါ့ရွှေအိုး, ဘယ္မလဲ ငါ့ရွှေအိုးဟု ချေလိုက်သည်။
ရုက္ခစိုးသည် စိတ်ဆိုးသွားသည်။ သူက က်ားမ်ားအား ဒီအမျိုးသမီးဟာ သူတော်ကောင်း မဟုတ္ဘူး။ အလွန်လောဘကြီးတဲ့ သူယုတ်မာဖြစ်တယ်။ ဒါကြောင့် သူ့ကို သင်တို့ စားကြပေတော့ဟု ပြောကာ ပျောက်ကွယ်သွားလေတော့သည်။
ချေွးမဖြစ်သူကား လူကြီးသူမကို စော်ကားမှု၊ လောဘကြီးမှုတို့ကြောင့် ရွှေအိုးမရဘဲ အသက်ဆုံးရလေတော့သည်။

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ