မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ကမ္ဘာ့အတော်ဆုံးလူ


တစ်ခါက လေယာဉ်တစ်စီးပေါ်မှာ ရှေ့နေတစ်ယောက်၊ ဆရာ၀န်တစ်ယောက်၊ ဘုန်းကြီးအိုတစ်ပါး နဲ့ ကလေးငယ်တစ်ဦး တို့ တစ်ခရီးတည်းစီးလာကြတယ်။
ဒီလိုနဲ့ စီးလာရာက လေယာဉ်အင်ဂျင်ဟာ ရုတ်တရက် ပြဿ နာတက်တော့တယ်။
pilot လည်းအကောင်းဆုံးကြိုးစားပြီး အခြေအနေမဟန်တော့ "ခင်ဗျားတို့ ခုခုန်ဆင်းကြရင် ကောင်းမယ်" လို့ပြောပြီး သူလည်း လေထီးကိုယူပြီး အရင်ဆုံးခန်ဆင်းသွားတယ်။
လေယဉ်ပေါ်မှာ က်န္တာက ၄ယောက်၊ အဲတာမှပြဿ နာပဲ၊ လေထီးက ၃ခုပဲကျန်တော့တယ်။
အဲချိန်မှာ ဆရာ၀န္က " ကျုပ်က ဆရာ၀န်... ကျုပ်က နေ့တိုင်းလိုလို လူတွေရဲ့အသက်ကိုကယ်နေရတာ... ကျုပ်အသက်က တန်ဖိုးရှိတယ်" လို့ပြောပြီး လေထီး ၁ခုကိုယူကာ ခုန်ဆင်းသွားတယ်။
နောက် ရှေ့နေကလည်း " ကျုပ်ကရှေ့နေ... ရှေ့နေဆိုတာ ကမ်ဘာပေါ်မှာ အတော်ဆုံးလူပဲ... ကျုပ် အသက်ရှင်သင့်တယ်" လို့ပြောပြီး သူလည်း လေထီးအိတ်ယူပြီး ခုန်ဆင်းသွားတယ်။
ကျန်ခဲ့တဲ့ ဘုန်းကြီးအိုက ကေလးကို ပြောတယ်... "ကောင်လေး ငါကေတာ့ လောကမှာ နေလာတာကြာပြီ၊ အသက်လည်းကြီးပြီ၊ သက်တမ်းစေ့တော့မယ်... ဒီတော့ မင်းပဲ နောက်ဆုံးကျန်တဲ့လေထီးကို ယူပြီး သွားတော့... ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါလေတော့..."
ကေလးက လေထီးအိတ်ကို ဘုန်းတော်ကြီးကိုလှမ်းပေးရင်း " မပူနဲ့ ဖာသာ... ခုန ကမ်ဘာ့အတော်ဆုံးလူကြီးက ကျွန်တော့ ကျောပိုးအိတ်ကိုယူပြီး ခုန္ခ်သြားတာ။"
သင်ခန်းစာ။ ။ သင့်ရဲ့ အလုပ်အကိုင်က သင်ဘယ်လိုလူလဲဆိုတာ မသတ်မှတ်ဘူး၊ သင်ရဲ့ကောင်းမွန်တဲ့ လုပ်ရပ်ကသာ အရေးပါတယ်။

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ