မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Sunday, June 24, 2018

၀ဋ်ကြွေးရှိရင်ဆပ်ခွင့်ရရုံ


ပျော့ညံ့တဲ့စိတ်ကို
ခပ်တင်းတင်းဖုံးကွယ်တော့
စိတ်ဟာ ထိရှလွယ်လာတယ်။
ဒီလိုနဲ့
တိတ်ဆိတ်ခြင်းရဲ့
နောက်ကွယ်မှာ
လုံးပါး ပါးတော့မယ့်
အနာဂတ်တွေရှိလာတယ်။
ဒုက္ခဆိုတာ
ကြုံရပါများလာတော့
အဖော်တစ်ယောက်လိုပဲ။
ကိုယ်တန်ဖိုးထားသူတွေ
ဒုက္ခနဲ့ကြုံရတဲ့အခါ
အဆင်မပြေမှုဆိုတာ
ဘာလဲ?သိရအောင်
ရင်နာနာနဲ့ကြည့်နေမိတယ်။
ဂရုမစိုက်မှုတွေက
ကိုယ့်ကိုသန်မာစေပြီးနောက်
ဘယ်လိုပဲဖြစ်ဖြစ်
အဆင်ပြေလာတယ်။
မျက်ရည်ဝေ့တက်လာတိုင်း
မျက်နှာရှေ့မှာ
ဖုန်းအပ်နေရတော့
ဟန်ဆောင်ခြင်းတွေနဲ့
နေသားကျလာတယ်။
ဒီဘဝမှာ
ကိုယ့်ကြောင့် ဘယ်သူတွေ
စိတ်ဆင်းရဲခဲ့ဖူးလဲ?
ဘာမှ မလိုတော့ဘူး
ဝဋ်ကြွေးရှိခဲ့ရင်
ဒီဘဝနဲ့ပဲ အကျေဆပ်ခွင့်ရရုံ။ 
#Ashinnyanissara
May-12-2018

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ