မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

လှချင်လွန်းတဲ့မင်းသမီးလေး


ရှေးရှေးတုန်းကဘုရင်ကြီးတစ််ပါးမှာရုပစနီ္ဒဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတယ်။
ရုပစနီ္ဒလေးဟာဘုရင့်သမီးတော်လေးဖြစ်တဲ့အပြင်ရုပ်ရည်ကလည်းအင်မတန် ချောမော
လွန်းလို့နန်းတော်တစ်ခုလုံးမှာသူ့ကိုမချစ်ခင်တဲ့သူမရှိဘူးတဲ့။
အားလုံးကဖူးဖူးမှုတ်ထားတာပေါ့။အဲဒီလောက်ကံကောင်းပြီးချောမောနေပေမယ့်ရုပစနီ္ဒ
ဟာလှသထက်ပိုပြီးလှချင်လို့အချိန်ရှိသရွေ့အလှပဲပြင်နေတယ်။စာပေပညာလည်းသိပ်
မသင်မိန်းကလေးတွေတပ်အပ်တဲ့ပညာရပ်တွေကိုလည်းမလေ့လာဘဲလှဖို့တစ်ခုတည်း
ပဲစဉ်းစားနေတယ်တဲ့။တစ်နေ့တော့သူရဲ့အထိန်းတော်က..တောစပ်နားမှာနေတဲ့ပုဏ္ဏား
တစ်ယောက်ကချောမောလှပလာအောင် မန်းမှုတ်တတ်တယ်လို့ကြားသိခဲ့ ရပါတယ်
သခင်မလေးလို့လျှောက်တင်လိုက်တယ်။ရုပစနီ္ဒလည်းချက်ချင်းပဲ
ဒီသတင်းဟာအမှန်ပဲလားဝမ်းသာလိုက်တာ..လို့ပြောပြီးပိုလှလာဖို့အတွက်ဘယ်လို
လုပ်ရမလဲဆိုတာအကြံထုတ်တော့တယ်။အဲဒီနောက်တော့ရူပစနီ္ဒလေးဟာခမည်းတော်
မင်းကြီးမသိအောင်နန်းတော်ထဲကနေ တိတ်တဆိတ်ထွက်လာခဲ့ပြီး တောစပ်နားက ပုဏ္ဏားကြီးရှိရာကိုအရောက်သွားတော့သတဲ့။
ကံကောင်းစွာပဲပုဏ္ဏားကြီးနဲ့တစ်ခါတည်းတွေ့လို့ ရူပစနီ္ဒလေးကအို ပုဏ္ဏားကြီးကျွန်မ
ကိုလှပလာအောင်နည်းလမ်းကောင်းလေးများရှိရင်ပြောပြပေးပါဦး.လို့မေးလိုက်တယ်။
ဒီအခါပုဏ္ဏားကြီးကသမီးတော်လေး..သင်ဟာလှပြီးသားပဲမလိုအပ်တော့ပါဘူး.လို့
ပြန်ပြောတယ်.အိုဒီထက်ပိုပြီးလှချင်လို့ပါကူညီပါဦးပုဏ္ဏားကြီးရယ်လို့ရူပစနီ္ဒက
အတင်းတောင်းဆိုတော့တယ်။ပုဏ္ဏားကြီးလည်းကဲ ကဲပြောမရတော့လဲ ကူညီပေးရ
တာပေါ့လို့ပြောပြီးရူပစနီ္ဒကိုထူးဆန်းတဲ့ပုလည်လည်ဆွဲလေးတစ်ကုံးထုတ်ပေးလိုက်
တယ်။ဒီလည်ဆွဲဟာကျွန်ုပ်တတ်ကျွမ်းတဲ့ရူပမန္တာန်တော်နဲ့မန်းမှုတ်စီရင်ထားတဲ့လည်ဆွဲဖြစ်ပါတယ်။ ဒီလည်ဆွဲကို ဆင်မြန်းလိုက်တာနဲ့ သင်ဟာဗမ္ဗူတစ်ခွင်မှာ အချောဆုံး
အလှဆုံးမိန်းကလေး်ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒီလည်ဆွဲကိုပြန် ချွတ်မိလိုက်တာနဲ့
သင်ဟာအိုမင်းရင့်ရော်သွားပြီး အကျည်းတန် အရုပ်ဆိုးသွားရလိမ့် မယ်။ကဲသင်ဘယ်လို
သေဘာရလဲလို့ပုဏ္ဏားကြီးကရူပစနီ္ဒမင်းသမီးလေးကိုပြောလိုက်တယ်။
ရူပစနီ္ဒမင်းသမီးလေးဟာအလှဆုံးဖြစ်ဖို့ပဲအရေးကြီးနေလို့ကျန်တာကိုဘာမှတွေးမနေတော့
ဘဲကိစ္စမရှိပါဘူးအမြဲတမ်းလှနေအောင်အမြဲတမ်းဝတ်ထားလိုက်မှာပေါ့
လို့အလွယ်တကူပြောလိုက်တယ်။အဲဒီနောက်မှာတောမင်းသမီးလေးဟာပုဏ္ဏားကြီးဆီ
ကလည်ဆွဲကြိုးကိုယူပြီးဝတ်ဆင်လိုက်တော့တယ်။ရူပစနီ္ဒလေးလည်းဝမ်းသာအားရနဲ့
နန်း တော်ကိုပြန်လာခဲ့တော့တယ်။ နန်းတော်ရောက်တဲ့အခါမှာရူပစနီ္ဒလေးကိုခမည်း
တော်ဘုရင်ကြီးကတွေ့လိုက်တော့အရမ်းအံ့သြသွားတယ်။သမီးတော်ရယ်ဒီလောက်
လှလွန်းတော့သမီးတော်အတွက်အန္တရာယ်များလွန်းပါတယ်
အစစမှာသတိထားနေပါကွယ်လို့ဘုရင်ကြီးဆုံးမလို်က်တယ်။ ဒါပေမယ့် ရူပစနီ္ဒလေးဟာ မသိဟန်ပြုပြီးဘုရင်ကြီးရှေ့ကထွက်ခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူ့အလှအတွ
အရမ်းဝမ်းသာနေတာပေါ့။
ဒီလိုနဲ့ရူပစနီ္ဒလေးဟာအတိုင်းတိုင်းအပြည်ပြည်ရဲ့ဘယ်မင်းသမီးကမှမယှဉ်နိုင်အောင် ချောမောလှလွန်းနေတော့တာပေါ့။ တစ်နေ့မှာတော့ရူပစနီ္ဒလေးကအင်းနန်းတော်ထဲ
ကရေကန်တော်မှာပဲ အမြဲချိုးနေရတာ ငါ့စိတ်ထဲမသန့်ရှင်းဘူး နန်းမြို့တောင်ဘက်က ကြည်လင်အေးမြပြီးတသွင်သွင်စီးဆင်း နေတဲ့ ကျောက်စက်ရေ စမ်းချောင်းလေးမှာသာ ရေသွားချိုးလိုက်ရရင် ငါ့ရဲ့အသားအရည် တွေဟာဒီထက်ပိုပြီး စိုပြေလှပလာမှာပဲလို့
စဉ်းစားမိတယ်။ ဒါကြောင့်မယ်တော်ဆီမှာသွားရောက်ပြိးခွင့်တောင်းကြည့်တယ်။
ဒါပေမယ့်မယ်တော်က မြို့ပြင်မှာသားရဲတိရိစာၦန်တွေကပေါများလှပါဘိနဲ့ မယ်တော်
ခွင့်မပြုနို်င်ဘူး သမီးတော် လို့ပြန်ပြောလိုက်တယ်မယ်တော်မိဖုရားခွင့်မပြုတော့ရူပစနီ္ဒလေးဟာ
သိပ်စိတ်ညစ်သွားတယ်။ ဘယ်အထိန်းတော်တွေကမှလည်း မိဖုရားကြီးရဲ့အမိန့်ကို လွန်ဆန်ပြီး
မပို့ရဲကြရှာဘူးပေါ့။ဒီတော့ရူပစနီ္ဒလေးလည်းသူ့ဆုံးဖြတ်ချက်အတိုင်းဘယ်သူမှ
မသိအောင်တိတ်တိတ်လေးထွက်လာခဲ့တယ်။စမ်းချောင်းလေးနားရောက်တော့သူ့
သဘောကျတသွင်သွင်စီးနေတဲ့စမ်းချောင်းရေထဲဆင်းပြီးရေချိုးတော့တာပေါ့။
ရူပစနီ္ဒလေးဟာဒီလိုနဲ့စမ်းချောင်းထဲမှာရေချိုးနေရင်းကျောက်တုံးတစ်တုံးကိုချော်နင်း
မိပြိးရေထဲကိုလဲကျသွားတော့တယ်။စမ်းချောင်းလေးဟာသိပ်မနက်ပေမယ့်ရေစီးနေတော့ ရူပစနီ္ဒလေးဟာ ရေစီးထဲမှာ မျောပါမလိုဖြစ်သွားတယ်။
အဲဒီအချိန်မှာ သူ့လည်ပင်းကပုလဲလည်ဆွဲလေးဟာရေထဲကို ပြုတ်ကျသွားသတဲ့။
ကံဆိုးချင်တော့အဲဒီအချိန်မှာသူ့အနားကိုကူးလာတဲ့ငါးကြီးတစ်ကောင်က မြင်ပြိး အစာမှတ်လို့
ထိုးဟပ်သွားတယ်။ ချက်ချင်းပဲရူပစနီ္ဒလေးလည်း ချောမော
လွပေနရာကေန အကျည်းတန်တဲ့ အဖွားအိုကြီးပုံဖြစ်သွားတော့တယ်။
ဒါကြောင့် ငါးကြီးရဲ့နောက်ကိုချက်ချင်းရေကူးပြီး အမီလိုက်ပေမယ့် ငါးကြီးကိုမတွေ့ရတော့ဘူး။
ဒါပေမယ့်ဇွဲမလျော့ဘဲစမ်းချောင်းလေးစီးဆင်းရာလမ်းတစ်လျောက်လို်က်ရှာနေမိတယ်။
အဲဒီအချိန်မှာပုလဲလည်ဆွဲကိုထိုးဟပ်သွားတဲ့ငါးကြီးကိုတံငါသည်တစ်ဦးကဖမ်းမိသွား
တယ်။တံငါသည်လည်း အိမ်ရောက်လို့ ငါးရဲ့ဗိုက်ကိုခွဲမိတော့အထဲကနေပုလဲလည်ဆွဲက
ထွက်ကျလာတာပေါ့။ဒါနဲ့ တံငါသည်လည်း လည်ဆွဲကိုကိုင်ပြီး တအံ့တသြနဲ့ ငေးကြည့်နေတုန်း တံငါသည်
ရဲ့နောက်နားတစ်ပင်ပေါ်က ဗိျုင်းတစ်ကောင်ဆင်းလာပြီး ပုလဲကုံးကိုသုတ်ချီပျံပြေးသွား
တယ်။အဲဒီအချိန်မှာစမ်းချောင်းတစ်လျောက်လိုက်ရှာနေတဲ့ရူပစနီ္ဒတဖြစ်လဲအကျည်းတန်
အဖွားအိုဟာတံငါသည်ရှိရာကို ရောက်လာသတဲ့။ အမောင်လုလင်ကျွနု်ပ်ရဲ့ပုလဲလည်ဆွဲ
ငါးကြီးစားမျိုသွားလို့တွေးမိပါသလား..လို့တံငါသည် ကိုမေးမြန်းလို်က်တယ်။ တံငါသည်လည်း..အခုလေးတင်ပဲအဲဒီလည်ဆွဲကို ဗိျုင်းတစ်ကောင် သုတ်ချီပြီးအနောက်
ဘက်အရပ်ကို ပျံပြေးသွားပါတယ် လို့အမှန်အတိုင်းပြောပြလို်က်တယ်။ ဒါနဲ့အမေအို
လည်းအချိန်မဆိုင်းတော့ဘဲ အနောက်ဘက်အရပ်ကိုချက်ချင်း လိုက်သွားတော့တယ်။ လမ်းမှာတွေ့သမျှလူတွေကိုမေးမြန်းကြည့်ပေမယ့် ဘယ္သူမွ မသိကြ ဘူးတဲ့။
တစ်ချို့လူတွေက ဆိုရင်. ဟာအဖွားကြိး တယ်ရှုပ်ပါလားသွားစမ်းပါဗျာလို့တောင် အော်ငေါက်မောင်းထုတ်လိုက်ကြတယ်။ ဒါနဲ့သူမဟာစိတ်ညစ်ပြိးထွက်လာတုန်း တစ်
နေရာအရောက် သစ်ပင်ပေါ်မှာ ပြိုးပြိုးပျက်ပျက်လက်နေတဲ့အရာတစ်ခုကိုတွေ့မိတယ်။
သချာမော့ကြည့်တော့မှဗိျုင်းတစ်ကောင်ရဲ့လည်ပင်းမှာသူမရဲ့ပုလဲလည်ဆွဲစွပ်လျက်သား ဆွဲမိနေတာကိုတွေ့ရတယ်။အဲဒီဗျိုင်းဟာကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတာပေါ့။ သူမလည်းလည်ဆွဲပြန်လိုချင်လို့ဗျိုင်းကိုအောက်ကနေအော်ဟစ်ခြောက်လှန့်လိုက်တယ်။
ဗျိုင်းလည်းလန့်ပြီးထပျံပြေးသွားတော့သူမဟာဗျိုင်းပျံပြေးတဲ့နောက်ကိုအမီလို်က်တော့
တာပေါ့။ဗျိုင်းဟာမိုးပေါ်ကနေ ပျံသွားရင်းသချၤိုင်းတစ်ခုမှာမီးသဂြိုလ်နေတဲ့ မီးပုံပေါ်က ဖြတ်ပျံမိတယ်။ ဒီတော့မီးအပူဟပ်ပြီး ဗျိုင်းဟာ မီးပုံထဲပြုတ်ကျသွားတော့သတဲ့။ အဲဒီ
နောက် တော့ဗျိုင်းလည်း မီးလောင်သေသွားပြီး ဗျိုင်းငှက်နဲ့အတူပုလဲလည်ဆွဲလေးလည်း ပြာမှုန့်ဖြစ် သွားတယ်။ဒီအကြောင်းတွေကို နောက်ကပြေးလိုက်လာတဲ့ အကျည်းတန်အဖွားအို ရူပစနီ္ဒ တွေ့သွားပြီးပြာပုံထဲမှာသူ့ရဲ့လည်ဆွဲကို တွေ့လို့တွေ့ငြားလို်ကရှာမိသေးတယ်။ ဒါပေမယ့် ပြာတွေကလွဲလို့ ဘာမှရှာမတွေ့ အဖွားအိုလည်း မျှော်လင့်ချက်မဲ့သွားရတော့တာပေါ့ငါတော့ဒုက္ခရောက်ပြီ ပုလဲလည်ဆွဲလေးမရှိတော့ဘူးဆိုတော့ငါဟာအခုလိုအကျည်းတန်အဖွားအိုအဖြစ်နဲ့ တစ်သက်လုံးနေသွားရတော့မှာပါလား လို့တွေးမိပြီးပြာပုံ အနီးအနားမွာပဲ နေပြီးပြာမှုန့်ကနေသစ်ပင်ပေါက်လာမယ့်အချိန်ကို ထိုင်စောင့်
မျှော်နေရှာသတဲ့ အင်းပုလဲလည်ဆွဲပြာမှုန့်တွေကအပင်ပေါက်လာပြီး အသီးသီးလာရင် အဲဒီအသီး
တွေကို လည်ဆွဲလုပ်ပြီး ဝတ်ရမယ်။ ဒီတော့မှငါဟာအရင်လိုချောမောလှပတဲ့ ရုပ်အဆင်းကို ပြန်ရနိုင်မယ်
လို့တစ်ယောက်တည်းစိတ်ကူးယဉ်ပြီးတွေးတောနေသတဲ့။ နွေမိုးဆောင်း ရာသီတွေပြောင်းတဲ့တိုင်း
အဲဒီသစ်ပင်ပေါက်လာမလားဆိုပြီးတော့ အမြဲတမ်းရှာဖွေနေသတဲ့။
သူ့ကိုတွေ့ကြတဲ့ လူတွေအားလုံးကလည်းသူ့ကိုရူပစနီ္ဒမင်းသမီးလေးမှန်း ဘယ္သူမွ
မသိကြ ဘူးပေါ့။ သူ့ကိုကြည့်ပြီး ဒီအဖွားကြီးဟာဒီသူဿန်တစ်ဝိုက်မှာပဲ ရစ္သီ
ရစ်သီလာလုပ်နေတယ်။ဘယ်ကမှန်းလည်းမသိပါဘူးကွာလို့လူတစ်ဦးကပြောတော့
အိုအရူးမကြီး နေမှာပေါ့လို့တခြားတစ်ဦးကည်းဖြေလိုက်တယ်။ ဒီလိုနဲ့နောက်ဆုံးတော့ ပိုမို အကျည်းတန်လာတဲ့အဖွားအိုဟာသူ့ရဲ့ရုပ်ရည်ကိုရေအိုင်
တစ်အိုင်မှာပြန်မြင်မိပြီး ထိတ်လန့်သေဆုံးသွားတော့တယ်တဲ့။သူမဟာသေဆုံးသွားပြီး
တဲ့နောက် ငှက်တစ်ကောင်ဖြစ်သွား တော့တယ်တဲ့။ အဲဒီငှက်ဟာအလွန်အရုပ်ဆိုး
အကျည်းတန်ပြီးတောစပ် သချၤိုင်းကုန်းတွေနားမှာ အမြဲရစ်သီရစ်သီနေတတ်တဲ့
ဠင်းတငှက်ပေါ့ကွယ်။ လှချင်လွန်းပြီး မစဉ်းစားမဆင်ခြင်တတ်ရင်အဲဒီလိုပဲဖြစ်တတ်လို့
ဒီပုံပြင်လေးကိုဖတ်ပြီးသင်ခန်းစာယူကြပေါ့
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ