မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

နောက်မကျဘူး


အကယ်၍ လူတစ်ယောက်ဟာ အသက် ၂၂ နှစ်မှာ ဘွဲ့ရပေမယ့် အလုပ္ကို ၅ နှစ်ရှာရတယ်။ နောက် တစ်ယောက်ကတော့ အသက် ၂၇ နှစ်မှာ ဘွဲ့ရပြီးတော့ အလုပ်တန်းရတယ် ဆိုရင် ဒီ ၂ ယောက် ဘာကွာလို့လဲ။
နောက်တစ်ခါ လူတစ်ယောက်ဟာ အသက် ၂၅ နှစ်မှာ ကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးတော့ အသက် ၅၀ မွာ သေတယ်။ နောက်တစ်ယောက် ကျတော့ အသက် ၅၀ မွာ ကုမ္ပဏီ ပိုင်ရှင်ဖြစ်ပြီးတော့ အသက် ၉၀ ထိ နေသွားရတယ်။ ဘာကွာလို့လဲ။
အိမ်ထောင်စောစောကျပြီး ကလေးနောက်ကျမှယူတဲ့သူနဲ့ အိမ်ထောင် က်တာ နောက်ကျပြီး ကလေးမြန်မြန်ယူတဲ့သူ သိပ်ကွာလွန်းတယ် မထင်ပါနဲ့။ ဘဝရဲ့ ဘယ်အချိန်မှာ မဆို အိပ်မက် မက်ခွင့်ရှိတယ်။ ဟိုးတုန်းက လူတစ်ယောက် ရွိခဲ့ ဖူးတယ်။
၅ နှစ်အရွယ်မှာ အဖေဆုံးတယ်။ ၁၃ နှစ်အရွယ်မှာ အိမ္က ထွက်ပြေး တယ်။ အသက် ၁၆ နှစ်မှာ ကျောင်းထွက်လိုက် တယ်။ အသက် ၁၇ မွာ အလုပ် ၄ ခု ပြောင်းပြီးနေပြီ။ အသက် ၁၈ မွာ အိမ်ထောင် ကျတယ်။
အသက် ၁၈ နှစ်မှာ ရထားမောင်းခဲ့ပေမယ့် သိပ်အဆင်မပြေ။ အသက် ၁၉ မွာ ကလေးအဖေဖြစ်တယ်။ အသက် ၂၀ မွာ သမီးနဲ့မိန်းမက သူ့ကို ထားသွားတယ်။ အသက် ၂၂ မွာ မီးရထားမောင်းတဲ့အလုပ်ကို ဆက်မလုပ်တော့။
စစ်ထဲဝင်တယ်။ အဆင်မပြေ။ ဥပဒေကျောင်း တက်ချင် တယ်။ မရ။သူ့သမီးကို မိန်းမဆီက ပြန်ခိုးဖို့လုပ်တယ်။ မအောင်မြင်။ နောက်ဆုံး ကော်ဖီဆိုင်လေးတစ်ခုမှာ ပန်းကန်ဆေး၊ စားဖိုမှူး လုပ်ရင်း အသက် ၆၅ နှစ်မှာ ပင်စင်ယူတယ်။
ပထမဆုံးပင်စင်လစာ ၁၀၅ $ အစိုးရဆီက ထောက်ပံ့ငွေ ရေတာ့ သူ့ဘဝကြီးကိုသူ အကြီးအကျယ် စိတ်ပျက်မိတယ်။ အစိုးရကတောင် သူ့ကို ထောက်ပံ့နေရပါလားလို့ အေတြး တွေ ဝင်လာတယ်။ ကိုယ့် ကိုယ် ကို သတ်သေချင် စိတ္က ထိန်းမရအောင် ပြင်းထန်လာပြီး သတ်သေမယ် လုပ်တယ်။
သတ်သေဖို့ကြိုးစားတာတောင် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာနောက်ဆုံး မအောင်မြင်ခြင်းပဲ။ သေတမ်းစာရေးရင်းနဲ့ အသိ တရား ရသွားခဲ့တယ်။ ဘဝမွာ သူမလုပ်ခဲ့ရသေးတဲ့အရာတွေ ကို တန်းစီ ချရေးရင်း နဲ့ အသိတရားရခဲ့တယ်။
သူသေလို့မဖြစ်သေးဘူး။ သူအကျွမ်းကျင်ဆုံး အလုပ္တစ္ခု ရှိတယ်။ စားဖိုမှူး အလုပ်ပဲ။ သူဟာ ဒီ အလုပ္ကို လုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
သူ့ပင်စင်ငွေထဲက ၈၇ $ ထုတ်ပြီးတော့ ကြက်ကြော် စကြော်တယ်။ သူနေထိုင်တဲ့ ကန္တက္ကီ နယ္တဝိုက္က အိမ်နီးချင်းတွေကို လိုက် ရောင်းတယ်။ သူဟာ နောင် တစ်ချိန်မှာ KFC ကြက်ကြော်ဆိုင် ပိုင်ရှင်ကြီး ကာနယ် ဟားလန်းဒ် ဒေးဗစ်ဒ် ဆန်ဒါ ဆိုတဲ့ ကမ်ဘာကျော် ပုဂ္ဂိုလ် ဖြစ်လာမယ်ဆိုတာကို အဲ့ဒီ အချိန်အခါ က ဘယ္သူ သိလိမ့် မလဲ။
အသက် ၆၅ နှစ်မှာ သတ်သေတော့မယ့် လူတစ်ယောက် ဟာ ဒေါ်လာ ၈၇ ရင်းပြီးတော့ အလုပ္ကို ဇောက်ချလုပ်လာ လိုက္တာ အသက် ၈၈ နှစ်အရွယ်မှာ Kentucky Fried Chicken ဆိုတဲ့ ဘီလျံနဲ့ချီပြီး ငွေ၀င်နေတဲ့ အင်ပါယာကြီးကို ထူထောင်ခဲ့တဲ့ သူဌေး တစ်ယောက် ဖြစ်နေပြီ။
ဒါ့ကြောင့် သူများတွေက ဖြစ်နိုင်ပြီးတော့ ငါက မဖြစ်နိုင် ဘူးလို့ စိတ်ဓာတ် ကျမနေစမ်းပါနဲ့။ ကိုယ့်စံချိန်နဲ့ကိုယ် သွားနေကြတာ။ နောက်ကျတိုင်းသာ စိတ်ဓာတ်ကျကြေး ဆိုရင် မြန်မာနိုင်ငံ စံတော်ချိန်ထက် ၁၂ နာရီ နီးနီး နောက် က်တဲ့ အမေရိကန်တွေ တိုင်နဲ့ခေါင်း ပြေးဆောင့်ဖို့ပဲ ရှိတော့တယ်။
ကိုးကား - Colonel Sanders Boigraphy

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ