မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

မပြည့်စုံသူ




တစ်ခါက .. အမြို့မြို့..အနယ္နယ္ကို လှည့်လည်ပြီး တရားကျင့်ကြံနေထိုင်တဲ့ သူတော်စင်ရသေ့တစ်ပါး ရွိပါသတဲ့..။ ရသေ့ကြီးဟာ.. အနယ်နယ်အရပ်ရပ်ကို ခြေကျင်လှည့်လည်ပြီး ရောက်လေရာအရပ်မှာရှိကြတဲ့ သတ္တဝါမှန်သမျှကို မေတ္တာပို့သ. တရားဓမ္မဟောပြလေ့ရှိတယ်..။
-
တစ်နေ့တော့ ရသေ့ကြီးဟာ.. အင်မတန်ခမ်းနားလွန်းတဲ့ မင်းနေပြည်တော်တစ်ခုကို ရောက်ရှိသွားတယ်။ ရသေ့ကြီးဟာ မင်းနေပြည်တော်ရဲ့ ကျယ်၀န်းလှပပြီး သစ်ပင်၊ ပန်းပင်တွေနဲ့အလှဆင်ထားပြီး ကျောက်သလင်းတွေအပြည့်ခင်းထားတဲ့လမ်းပေါ်မှာ လျှောက်လှမ်းတယ်။ အဲဒီလို လျှောက်လှမ်းတဲ့အခါ ရသေ့ကှီးရဲ့တောငွေ၀ှးနဲ့ ကျောက်သလင်းလမ်းတို့ ထိတွေ့တဲ့အခါ တောက်.. တောက် ဆိုတဲ့ အသံထွက်ပေါ်လာတယ်။ အဲဒီလို တတောက်တောက်မြည်သံနဲ့အတူ ရသေ့ကြီးဟာ စည်းချက်ညီစွာနဲ့ပဲ တစ်လမ်းပြီးတစ်လမ်း လှည့်လည်သွားလာတယ်။
-
အဲဒီလို လျှောက်လမ်းနေရင်း လမ်းတစ်ကွေ့အရောက်မှာတော့ ရသေ့ကြီးဟာ တုံ့ခနဲရပ်လိုက်တယ်..။ အဲဒီနောက်မှာတော့ လမ်းပေါ်မှာကျနေတဲ့ ဒင်္ဂါးပြား တစ်ပြားကို ကုန်းပြီးကောက်လိုက်တယ်။ ရသေ့ကြီးဟာ ဒင်္ဂါးကို လက်ဖဝါးနဲ့ ပွတ်သတ်လိုက်ပြီး သူ့ရဲ့ ခါးမွာ လိမ်ကျစ်ပြီး သိမ်းထားလိုက်တယ်။ အဲဒီနောက်မှာတော့ ရသေ့ကြီးဟာ ဆက်လက်ပြီး ထွက်ခွာလာတယ်။ အဲဒီလို ဆက်လက်ထွက်ခွာလာရင်းက ရသေ့ကြီးက ဒီလိုတွေးတယ်..
-
အင်း ..ဒီဒင်္ဂါးပြားကို မပြည့်စုံသူကို ငါပြန်ပြီး ပေးကမ်းစွန့်ကြဲရမယ်..။ ငါလို ရသေ့အတွက်တော့ ငွေကြေးဥစ္စာဟာ.. အလကားပါပဲ..။ လမ်းတစ်လျှောက်မပြည့်စုံသူကို ငါရှာဖွေမယ်
-
အဲဒီလိုနဲ့ ရသေ့ကြီးဟာ မင်းနေပြည်တော်ရဲ့ စည်ကားများပြားလှတဲ့ လူတွေကြားထဲကို တိုးေ၀့ှပှီး မပြည့်စုံသူ ကို လိုက်လံရှာဖွေတယ်။ ဒါပေမယ့်လည်း ချမ်းသာကြွယ်၀တဲ့ မြို့သူမြို့သားတွေအဖို့တော့ ရသေ့ကြီးရဲ့ ဒင်္ဂါးဟာ လမ်းဘေးမှာစွန့်ပစ်ထားရင်တောင် ကောက်မှာမဟုတ်ဘူးလို့ ရသေ့ကြီးသဘောပေါက်လာတယ်။ လူမွန္သမွ်ဟာ ခမ်းနားသိုက်မြိုက်စွာ၀တ်စားပြီး ပြုံးပျော်နေကြတာချည်းဖြစ်တယ်။ အစားအသောက်အလျှံပယ် နဲ့ ပျော်ရွှင်နေကြတဲ့ မိသားစုတွေချည်းဖြစ်နေကြပြန်တယ်။ အင်မတန်ကို ချမ်းသာကြွယ်၀တဲ့ မင်းနေပြည်တော်ပဲ ဖြစ်တယ်။
-
ဒီလူတွေဟာ သူတို့ရဲ့ဘ၀ကို သူတို့ ကျေနပ်ပျော်ရွှင်နေကြတာပဲ။ သူတို့ဟာ လိုအပ်နေသူတွေမဟုတ်ကြဘူး။ ပြည့်စုံပြီးသူတွေဟာဖြစ်တယ်။ မပြည့်စုံသူတော့ရှိဦးမှာပါလေ
-
အဲဒီလိုနဲ့ ရသေ့ကြီးဟာ မပြည့်စုံသူကို ရှာဖွေပြန်တယ်။ အဲဒီအချိန်မှာဘဲ ဘုရင့်တပ်မတော်ကြီးဟာ ဆင်း၊ မြင်း၊ ရထား၊ သူရဲ၊ သူခက် စုံလင်စွာနဲ့ပဲ ရသေ့ကြီးရဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ ချီတက်လာတယ်။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင်ဟာလည်း တိုက်ဆင်တစ်စီးပေါ်မှာ စီးနင်းလိုက်ပါပြီး ချီတက်လာတယ်။ ဘုရင့်တပ်တော် ချီတက်လာတာကို မြင်တာနဲ့တပြိုင်နက် လမ်းပေါ်မှာရှိတဲ့ လူသူလေးပါးဟာ လမ်းဘေးကို အသီးသီးကပ်ပြီး ဒူးထောက်လိုက်ကြတယ်။ ရသေ့ကြီးကတော့ မိမိရှာဖွေလက်စ မပြည့်စုံသူကို ဆက်လက်ပြီး ရှာဖွေဆဲပဲဖြစ်တယ်။
-
အဲဒီလိုနဲ့ ဘုရင်ကြီးရဲ့ တပ်တော်ကြီးနဲ့ ရသေ့ကြီးတို့ဟာ မြို့လမ်းတစ်နေရာမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ်။ အဲဒီလို ဘုရင့်တပ်တော်ကို ဂရုမထားဘဲ တရွေ့ရွေ့ လျှောက်လှမ်းလာတဲ့ ရသေ့ကြိးကို မြင်တဲ့အခါ ဘုရင်ကြီးက ဒီလိုပြောတယ်
-
မောင်မင်းတို့.. ငါကိုယ်တော် စစ်ထွက်မဲ့ဆဲဆဲမှာ ဒီလို သူတော်စင်တစ်ပါးနဲ့ လမ်းမှာတွေ့ဆုံရတာ နိမိတ်ကောင်းပေပဲ၊ ဒီသူတော်စင်ရသေ့ကြီးကို ငါကိုယ်တော်နဲ့ တပ်တော်အတွက် ဆုမွန်ကောင်း တောင်းရမယ်
-
အဲဒီလိုနဲ့ ဘုရင်ကြီးဟာ ဆင်ပေါ်ကနေဆင်းပြီး ရသေ့ကြီးဆီကို လျှောက်လှမ်းလာတယ်။ အဲဒီနောက်မှာတော့ ဘရင်ကြီးဟာ ရသေ့ကြီးကို ဒီလိုလျှောက်တင်တယ်
-
ရှင်ရသေ့.. ငါကိုယ်တော်နဲ့ တပ်တော်ကြီးဟာ အတိုင်းတိုင်းအပြည်ပြည်ကို သိမ်းပိုက်ဖို့ စစ်ချီလာခြင်းဖြစ်တယ်။ ငါကိုယ်တော်ရဲ့ ဘုန်းတံခိုးကို ဇမ္ဗူဒိတ်မြေပြင်ပေါ် ဖြန့်ကျက်ဖို့ စစ်ချီလာခြင်းဖြစ်တယ်။ အဲဒီအတွက် ရသေ့ကြီး ငါကိုယ်တော်နဲ့ တပ်တော်ကို ဆုမွန်ကောင်းများ တောင်းပေးပါလော့
-
အဲဒီလို ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ရသေ့ကြီးဟာ အင်မတန်၀မ်းမြောက်သွားတယ်။ အဲဒီနောက် သူဟာ ခါးထဲမွာ လိမ်ပြီးသိမ်းဆည်းထားတဲ့ ဒင်္ဂါးပြားကို ထုတ်ယူလိုက်တယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးရဲ့ လက်ထဲကို ဒင်္ဂါးပြားထည့်ပေးလိုက်တယ်
-
အဲဒီလို ရသေ့ကြီးရဲ့ ဆန်းကြယ်လှတဲ့အပြုအမူကို တွေ့တဲ့အခါ ဘုရင်က ဒီလိုပြောပြန်တယ်
ရှင်ရသေ့..ဒီဒင်္ဂါးဟာ စစ်ထွက်တဲ့အခါ ဆောင်ထားဖို့ အဆောင်ပဲဖြစ်ရမယ်။ ဘယ်လိုနံသာမျိုးနဲ့ လိမ်းကျံပြီး ဆောင်ကျဉ်းထားရမလဲဆိုတာ မိန့်တော်မူပါဘုရား
-
အဲဒီလို ဘုရင်ကြီးရဲ့ အေမးစကားကို ကြားတဲ့အခါ ရသေ့ကြီးက ဒီလိုပြောတယ်
-
မင်းမြတ်.. ဒီဒင်္ဂါးဟာ အဆောင်လက်ဖွဲ့ မဟုတ်ပေဘူး။ လမ်းဘေးက ကောက်ရတဲ့ ဒင်္ဂါးပြားသာလျင်ဖြစ်တယ်။ အဲဒီဒင်္ဂါးပြားကို မပြည့်စုံသူ တစ်စုံတစ်ယောက်ကို စွန့်ကြဲဖို့အတွက် မင်းကြီးရဲ့ မြို့တော်ကြီးလမ်းတစ်လျှောက်မှာ ကိုယ်တော် ရှာဖွေခဲ့တယ်။ ဒါပေမယ့်လည်း မင်းကြီးရဲ့ တိုင်းသူပြည်သားတွေဟာ ပြည့်စုံပြီးသူတွေချည်းဖြစ်နေကြတယ်။ သူတို့ ထပ်ပြီးမလိုချင်ကြတော့ဘူး။ သူတို့ပိုင်ဆိုင်ထားသမျှနဲ့ ပျော်ရွှင်နေကြသူချည်းဖြစ်တယ်။ ခုမင်းကြီးကျတော့ ပိုင်ဆိုင်ထားတဲ့တိုင်းနိုင်ငံ၊ စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံမှုမရှိသေးဘူး။ နောက်ထပ်သော တိုင်းနိုင်ငံတွေ၊ ဥစ္စာဓနတွေအတွက် စစ်ခင်းဦးမယ်။ အဲဒီတော့ မင်းကြီးဟာ မပြည့်စုံသူဖြစ်တယ်။ လိုအပ်နေသူဖြစ်တယ်။ ဒါကြောင့် ကိုယ်တော်ဟာ ဒီဒင်္ဂါးကို မင်းကြီးကို ပေးလိုက်တာပဲ
-
အဲဒီလို ရသေ့ကြီးရဲ့ စကားကို ကြားတဲ့အခါ ဘုရင်မင်းကြီးဟာ တွေေ၀ငေးမှိုင်သွားတယ်။ သူ့လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ ဒင်္ဂါးကို သေချာစွာကြည့်ရှုတယ်။ သူဟာ အတန်ကြာအောင်ဆွံ့အ နှုတ်ဆိတ်နေပြန်တယ်။ မပြည့်စုံခြင်းလား၊ အလိုလောဘလား ဆိုတဲ့အတွေးတွေဟာ ဘုရင်ကြီးရဲ့ ဦးနှောက်ထဲမှာ ပြည့်လျှံလာတယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးရဲ့ မျက်နှာဟာ တစ်စုံတစ်ရာသော အေးချမ်းခြင်းနဲ့အတူ ၀ငွးလကလွာတယွ။ အဲဒီနောက်မှာတော့ သူဟာ ရသေ့ကြီးရဲ့ ခြေအစုံကို ဦးခိုက်ရင်း ဒီလိုပြောလိုက်တယ်
-
ရှင်ရသေ့ အရှင်ရသေ့ဟာ များစွာသော ပြည်ထောင်တွေထက် ပိုပြီး အဖိုးထိုက်တန်တဲ့ ဒင်္ဂါးတစ်ပြားကို တပည့်တော်ကို စွန့်ကြဲလိုက်တာပါပဲဘုရား။ အရှင်ဘုရားရဲ့ ဒင်္ဂါးပြားဟာ တပည့်တော်ကို ပြည့်စုံတဲ့ဘ၀တစ်ခုကို ပေးလိုက်ပါပြီဘုရား။ တပည့်တော်ရဲ့ မပြည့်စုံခြင်းရဲ့ အကြောင်းတရားကို ကောင်းကောင်းကြီးနားလည်ခဲ့ပါပြီဘုရား
-
အဲဒီနောက်မှာတော့ ဘုရားကြီးနဲ့သူ့ရဲ့ စစ်တပ်ကြီးဟာ လာရာလမ်းအတိုင်း တရွေ့ရွေ့နဲ့ ပြန်လည် ထွက်ခွာသွားကြတယ်။ ဘုရင်ကြီးထွက်ခွာသွားပြီး မကြာခင်မှာပဲ ရသေ့ကြီးရဲ့ တောငွေ၀ှးသံ တတောက်တောက်ဟာလည်း ပြန်လည်ထွက်ပေါ်လာခဲ့တော့တယ်..။
-
We all desire to have more and because of that we waste the chance of enjoying what we already have. 
-
တစ်ကယ်တော့ ကျွန်တော်တို့တွေဟာ အသစ်အသစ်သော အလိုဆန္ဒတွေနဲ့အတူ မပြည့်စုံသူတွေဖြစ်လာကြတယ်။ အဲဒီမပြည့်စုံခြင်းကြောင့်ပဲ ပူလောင်ခြင်းသောကကို ဖြစ်ပေါ်စေပြန်တယ်။ မပြည့်စုံခြင်းကြောင့် ပူလောင်ရသလို မိမိရဲ့ ရှိရင်းစွဲဘ၀ကို ရောင့်ရဲခြင်းနဲ့ ပျော်ရွှင်အောင်နေထိုင်ဖို့ မေ့လျော့ပြန်တယ်။ တန္ဖိုးရွိလွတဲ့ ဘ၀တစ်လျှောက်လုံးကို လိုချင်တက်မက်ခြင်း၊ လောဘတွေနဲ့သာ ကုန်လွန်ကြသူများပဲဖြစ်တယ်။ လောဘအလိုကြောင့်ပဲ မိတ်ဆွေ၊ ညီအစ္ကို၊ သားအမိ၊ သားအဖ စတဲ့ ငဲ့ညွာစရာ အကြောင်းတရားတွေကိုတောင်မေ့လျော့ပြီး ငွေမျက်နှာ တစ္ခုကိုသာ ရှေ့တမ်းတင်ကြပြန်တယ်။
-
သေဘာကေတာ့ လောဘနဲ့ နဘန်းလုံးနေတဲ့ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ပိုင်ဆိုင်ပြီးဖြစ်တဲ့ ပျော်မွေ့ဖွယ်နေ့ရက်တွေကို ပျော်ရွှင်ခံစားဖို့ကိုတောင် မေ့လျော့နေကြတယ်လို့ဆိုတယ်။
-
It is possible to satisfy your need. It is impossible to satisfy your greed.
ဆိုတဲ့စကားလို.. ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ပြည့်စုံအောင်လုပ်ယူလို့ရပေမယ့် ကျွန်တော်တို့ရဲ့ အလိုလောဘကိုတော့ ဘယ်သောအခါမှ ပြည့်စုံအောင်လုပ်လို့ရမှာမဟုတ်ဘူးလို့ဆိုတယ်..။
-
In order to live happy and healthy life, we should learn to happy with what we have.
တစ်ကယ်လို့ ကျန်းမာပျော်ရွှင်တဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်ချင်ရင်တော့ ကျွန်တော်တို့တွေဟာ လတ်တလောဘ၀အခြေအနေ၊ ရှိသမျှနဲ့ ရောင့်ရဲဖို့ လေ့လာသင်ယူကြရမှာပဲဖြစ်တယ်။
ရသေ့ရဲ့ ဒင်္ဂါးစေ့နဲ့တူတဲ့ မိမိကိုယ္ကို ဆင်ခြင်ခြင်းကို ဆုတ်ကိုင်လို့ အေးချမ်းပျော်ရွှင်ခြင်းကို ရှာဖွေကြရမှာပဲဖြစ်တယ်
-
(ဖြိုးသုတ)

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ