မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

သိပ္ပံနည်းကျဗုဒ္ဓဘာသာ


ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များ နှင့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသဘောတရားများ မှာသဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်းအကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောလက်တွေ့သဘာဝကျ သည့်အမှန်တရားပညာအဖြစ်ယနေ့ထက်တိုင် ဝိဇ္ဇာနှင့်သိပ္ပံပညာ (ARTS & SCIENCE) တို့၏ ရှေ့ဆောင် ဦးဆောင်အနေအထားတွင်ရှိသည်။ ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။[၅] [၆] ဗုဒ္ဓတရားတော်များသည် အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်ဆန်းစစ်ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျသည့် ဘာသာလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ ၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။ "ကမ္ဘာဦးအစမှ ရှိခဲ့ပြီးသော တွေ့ရှိချက်၊ အမှန်တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော်၌သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်"ဟု သီတဂူဆရာတော် ဦးဉာဏိဿရ၊ ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၊ ဒေါက်တာ မင်းတင်မွန်၊ ဓမ္မာစရိယဦးဌေးလှိုင်၊ Egerton C. Baptist နှင့် မြို့မ-မြင့်ကြွယ် တို့က မှတ်ချက် ပြုကြသည်။ [၇] [၈] [၉][၁၀][၁၁][၁၂]

ကာလာမသုတ်

အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း ပြောသံကြားရုံနဲ့လည်း မယုံနဲ့။ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့။ အဲသလိုဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။ စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်း မယုံနဲ့။ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်ကလေးနဲ့လည်း မယုံနဲ့။ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။ ကိုယ်ယုံကြည် ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့။
နောက် ကာလာမသားတွေကို လောဘ၊ ဒေါသ၊ မောဟ။ (တပ်မက်မှု၊ အမျက်ထွက်မှု၊ မိုက်မဲတွေဝေမှု)တရားတော်များ ဆက်ဟောလေ၏။

ကာလာမသုတ် အကျယ်ဖွင့်ဆိုချက်

  1. အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  2. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  3. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  4. အယူဝါဒတစ်ခု၏ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း ၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  5. အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သိုတည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  6. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
  7. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ်ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ်ဂိုလ်စွဲအားဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  8. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
  9. အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ဒုက်ခရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
  10. အယူဝါဒတစ်ခုမှ လာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။
ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ ( ဝိဘဇ္စဝါဒ ) ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်။
  1. Anicca (အနိစ္စ) - ထိုအရာအားလုံးသည် အမြဲမတည်ရှိနိုင်ပါ။
  2. Dukkha (ဒုက္ခ) - ထိုသတ္တဝါအားလုံးတို့သည် မပြတ်သားသောစိတ်ကြောင့် အခြေ အနေများအားလုံးမှ ဒုက္ခခံစားရသည်။
  3. Anatta (အနတ္တ) - မပြောင်းလဲသော "မိမိကိုယ်ကို" ဟူသောအမြင်သည် အတွေးမှားတစ်ခုသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ အချို့သော မဟာယာနကျောင်းများတွင် ထိုအချက်များကို အနည်း သို့မဟုတ် အများ အားဖြင့် အကူအပံ့သဘောမျှသာဖြစ်ကြောင်း သတ်မှတ်လာပြီဖြစ်သည်။ဗုဒ္ဓအဆုံးအမများ၏ ပို၍နက်နဲသော ရှုထောင့်များနှင့် ရဟန်းတော်များအတွက် အချို့သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာဥပဒေများ တို့ အပေါ်တွင် သဘောမတူညီမှုအချို့ကို များစွာသော ဗုဒ္ဓဘာသာကျောင်းများ အတွင်းတွင် တွေ့ရသည်။

အမှန်တရားနှင့် လက်တွေ့သဘာဝကျခြင်း

ကမ္ဘာပေါ်တွင်ရှိသော ဘာသာကြီး( ၄) ဘာသာတွင် ဟိန္ဒူဘာသာသည် အစောဆုံးဖြစ်သော်လည်း စောလွန်းလှသဖြင့် သက္ကရာဇ် အတိအကျ သိရန်ခက်လှသည်။ တည်ထောင်သည့် သက္ကရာဇ် အတိအကျ ဖော်ပြနိုင်သော ကျန်ဘာသာကြီး (၃)ခု အနက် ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် အစောဆုံး ပထမ ကမ္ဘာ့ဘာသာဖြစ်သည်။ ခရစ်ယာန်ဘာသာသည် အေဒီ ၃၀ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် ဒုတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ အစ္စလာမ်ဘာသာသည် အေဒီ ၆၃၀ ခန့်တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် တတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ ဖော်ပြပါ ကမ္ဘာ့ဘာသာကြီး ၄ခုတို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမဩဝါဒများ ပါရှိကြသည်။
ဗုဒ္ဓသည် နိဗ္ဗာန (ပါဠိ- နိဗ္ဗာန်တရားရှုမှတ်ခြင်း လမ်းကြောင်းကို လျှောက်လမ်းမည့် သတ္တဝါများအတွက် တစ်ဦးတည်းသော လမ်းညွှန်ပေးသူနှင့် ဆရာသခင်ဖြစ်ပြီး ၎င်းတို့အား ဘာသာရေးဆိုင်ရာ နိုးကြားခြင်း ဗောဓိကိုရရှိရန်နှင့် အမှန်တရားနှင့် လက်တွေ့သဘာဝကျခြင်းကို ရှိသည့်အတိုင်း တွေ့မြင်ရန်အတွက် ညွှန်ပြပေးသည်။ ဗုဒ္ဓဘာသာ စံနစ်ဖြစ်သည့် ထိုးထွင်းသိမြင်စွမ်းသောဉာဏ်နှင့် တရားထိုင်ခြင်းကျင့်စဉ်သည် စိတ်ဖြင့်အာရုံခံ၍ ယုံကြည်ရန်ဖော်ပြခြင်း မပြုနိင်ပါ။ သို့သော်၊ စိတ်၏ စစ်မှန်သောသဘာဝကို နားလည်ခြင်းဖြင့်သာ ဖော်ပြနိုင်သည်။ ၎င်းအရာကို ဗုဒ္ဓ၏အဆုံးအမများဖြင့် လမ်းညွှန်ပြသထားသော ဘာသာရေးဆိုင်ရာ လမ်းကြောင်းကို လျှောက်လမ်းခြင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေတွေ့ရှိနိုင်သည်။ တစ်နည်းတစ်ဖုံ ပြောရလျှင် ဗုဒ္ဓဘာသာတွင် တစ်ခုနောက်တစ်ခုလိုက်ပါနေသည့် စိတ်ကို ပြုစုပျိုးထောင်ခြင်း ၊ ကျင့်ဝတ်များကိုတိုးတက်ကောင်းမွန်အောင် စောင့်ထိန်းခြင်းနှင့် ဉာဏ်ပညာကြီးမားခြင်းတို့ သည် အမြင့်ဆုံးပန်းတိုင်ရောက်ရှိရန်အတွက် အလိုအပ်ဆုံးလည်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်။ ဗုဒ္ဓဘာသာသည် လူဦးရေ သန်းပေါင်း( ၁၉၀၀) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရားနှင့်အယူဝါဒဖြစ်သည်

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ