မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

သံသယဆိုတာ

ကောင်လေးတစ်ယောက်နဲ့
ကောင်မလေးတစ်ယောက် ဆော့ကစား နေကြတယ်။
ကောင်မလေးက ကျောက်ခဲလှလှလေးတွေ
အများကြီးကောက်ပြီး စုထားတယ်။
ကောင်လေးကတော့
ချိုချဉ်တွေအများကြီး စုထားတယ်။
ကောင်မလေးက သူ့စီမှာရှိတဲ့ကျောက်ခဲတွေနဲ့
ကောင်လေးစီက ချိုချဉ်တွေနဲ့လဲမယ်ဆိုတော့
ကောင်လေးကသဘောတူတယ်။
ကောင်မလေးကအလှဆုံးအကြီးဆုံး
ကျောက်ခဲတွေကိုဖွက်ထားပြီး
ကျန်တဲ့ကျောက်ခဲတွေနဲ့လဲလိုက်တယ်။
ကောင်လေးကတော့ပြောထားတဲ့အတိုင်း
ချိုချဉ်အကုန်လုံးကောင်မလေးကိုပေးလိုက်တယ်။
အဲ့ဒီညမွာ ....
ကောင်လေးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်။
ကောင်မလေးက အိပ္မေပ်ာ္ဘူး။
သူ့စိတ်ထဲမှာကောင်လေးလည်း သူ့လို
ချိုချဉ်တစ်ချို့ ဖွတ်ထားမယ်ထင်တယ်လို့
တွေးနေခဲ့တယ်။
တကယ်လို့များ ...
သင်ဟာရာနှုန်းပြည့်မပေးနိုင်တဲ့အခါ
တခြားသူကိုလည်းရာခိုင်နှုန်းပြည့် မပေးနိုင်ဘူးလို့
သံသယရှိတတ်တယ်။
ဘဝမွာ လူအမ်ားစုဟာ
အပေါ်ကပုံပြင်အတိုင်းဖြစ်ပျက်နေကြပြီး
သံသယဝင် မယုံကြည်တာဟာ
သံယောဇဉ်ကို ပျက်စေမှန်းသိပေမယ့်
သံသယဝင်ဆဲ မယုံကြည်ဆဲဖြစ်တယ်။
(တကယ်လို့ သင်ဟာ တျခားသူကို
ရာနှုန်းပြည့်ပေးနိုင်သူဖြစ်သော် တျခားသူစီက
ရာနှုန်းပြည့်ပြန်ရပါ့မလား ဆိုတဲ့ စိုးရိမ်ပူပန်ခြင်းကို
ပယ်ဖျောက်ရမည်)

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ