မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

တိတ်တခိုငြိတွယ်

ဟိုးရှေးရှေးတုန်းကပေါ့...တိုင်းပြည်တပြည်မှာ အလွန်ချောမောလှပတဲ့
မင်းသမီးလေးတပါး ရှိခဲ့တယ်။ ဒီမင်းသမီးလေး အတွက် သူ ့ရဲ့ဖခင်
ဘုရင်ကြီးကလဲ ရတက်မအေးဖြစ်ရတယ်။ ကြင်ယာတော်ရွေးပြီး လက်ဆက်
ထိမ်းမြားပေးဖို ့အတွက်ပေါ့။ မင်းသမီး ကို ပိုးပန်းကြတဲ့ တခြားတိုင်းပြည်က
မင်းသားတွေက အမ်ားသား။ အသက်တောင်ပေးဝံ့သတဲ့ မင်းသမီး အတွက်ဆိုရင်။
တေန ့တော့ မင်းသမီးလေးဟာ ထူးဆန်းတဲ့ ရောဂါ ဖြစ်ပါလေရော။ ဘယ်သမားတော်မှ
မကုသနိုင်တော့ပဲ နောက်ဆုံးမှာ သေဆုံးသွား ပါ သတဲ့။ အဲ အဲ့ဒါမှ ခက်ပါလေရော။
မင်းသမီး ရဲ့ရုပ်အလောင်းကို သူမရဲ့ အခန်းထဲမှာ ခမ်းနားစွာ ပြင်ဆင်ထားတာပေါ့။
အဲ့ဒီအချိန်မှာပဲ မင်းသမီးလေးရဲ့ စိတ်ဝိဉာဉ်ဟာ သူမရဲ့ ကုတင်ဘေးမှာ ထိုင်ပြီး
ငိုကြွေးနေပါလေရော။ သူမရဲ့ နှုတ်ဖျားကလည်း အသက်ပြန်ရှင်ခွင့်ကို ဆုတောင်းနေရင်း။
ဒီလိုဆုတောင်းနေတဲ့အချိန် မင်းသမီးလေးအနားကို နတ်သမီးလေးတပါး ပေါ်လာပြီး
နှစ်သိမ့်သတဲ့။ ပြီးတော့ အခွင့်အရေး တခုပေးခဲ့တယ်။ ဒီ ငါးရက် အတွင်းမှာ မင်းသမီးလေး
အပေါ်ကို မိသားစုမဟုတ်တဲ့ အခြားတစိမ်းတယောက်က တကယ့်မေတ္တာအစစ်နဲ့
ငိုခဲ့ရင် အဲ့ဒီ့မျက်ရည်တစက်က မင်းသမီးလေးကို အသက်ဆက်ရှင်နိုင်လိမ့်မယ် တဲ့။
အဲ့ဒီ့အခါမှာ မင်းသမီးလေးက သူမအတွက် အသက်ရှင်မဲ့ အခွင့်အလမ်းကို စောင့်မျှော်နေခဲ့တယ်။ ဝမ်းနည်းစွာနဲ့ပေါ့။ အတိုင်းတိုင်း အပြည်ပြည်က မင်းသားတွေက
မင်းသမီးရဲ့ ရုပ်အလောင်းနားကို တယောက်ပြီးတယောက်လာပြီး ငိုကြွေးနေခဲ့တယ်။
တချို့မင်းသားတွေဆိုရင် သူတို ့ကိုယ်သူတို ့တောင် သတ်သေမလို ့လုပ်နေကြတော့
ဘေးနားကတောင် ဆွဲနေရသေးပေါ့။ တချို့ကျတော့လည်း အစာတောင်မစားဘူးးး။
ဒီလိုနဲ့ပဲ ငါးရက်မြောက်နေ ့ရောက်လာပါရော ။ အခုထိမင်းသမီးလေးဟာ သူမအတွက်
မျက်ရည်အစစ်ကိုမရသေးဘူး။ ဒီညကျော်လွန်သွားရင် သူမတကယ် အခွင့်အလမ်းမရှိတော့ဘူးပေါ့။
ဒီလိုနဲ့ ညသန်းကောင်ယံအချိန်မှာ မင်းသမီးလေး အခန်းထဲကို လူတယောက်ခိုးဝင်လာခဲ့တယ်။ မင်းသမီးလေး ရုပ်အလောင်းနားကပ်ပြီး စကားတခွန်း
တိုးတိုးပြောလိုက်တယ်.........
"ကျွန်တော်မျိုးက သာမာန် အရပ်သားပါ မင်းသမီးကို အမြဲတမ်းအဝေးက ငေးကြည့်နေယုံနဲ့
ကျေနပ်ခဲ့တာပါ အခုတခါလာကြည့်တာ မင်းသမီးကို နောက်ဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်"တဲ့။
ဒီလိုပြောနေတာကို မင်းသမီးလေးရဲ့စိတ်ဝိဉာဉ်က ဘေးနားမှာ ကြားလိုက်ရတာပေါ့။
သူအတန်ကြာ မင်းသမီးလေးကို စိုက်ကြည့်နေရင်း အပြင်က အသံကြားတာကြောင့်
အလျှင်အမြန်ပြန်ထွက်သွားခဲ့တယ်။
အထိန်းတော်ကြီး မင်းသမီးလေးရဲ့အခန်းထဲရောက်လာချိန်မှာတော့ မင်းသမီးလေးရဲ့ လက်ချောင်းကလေးတွေ ဖြေးဖြေးချင်းလှုပ်နေတာကို တွေ့လိုက်ရတယ်။ ပြီးတော့ မ်က္လုံကေလး ပွင့်လာတယ်။ ဟုတ်ပါတယ် မင်းသမီးလေး အသက်ပြန်ရှင်ခွင့်ရခဲ့ပါပြီ။
သူမရဲ့ ပါးပြင်ထက်မှာလဲ ဘယ်ကမှန်းမသိတဲ့ မျက်ရည်တစက်.........
ဝမ်းနည်းစရာကောင်းတာက မင်းသမီးလေးဟာ သူမမျောနေတုန်းက အဖြစ်အပျက်တွေကို
ပြန်မမှတ်မိတော့တာပါပဲ......
ဒီလိုနဲ့ နောက်ငါးလလောက် အကြာမှာ မင်းသမီးလေးက ရုပ်ရည်ချောမောလှပြီး
ရဲစွမ်းသတ္တိနဲ့ ပြည့်စုံ သူမအပေါ်ကောင်းတယ်လို ့ ထင်ရတဲ့ မင်းသားတပါးကို
ချစ်သူအဖြစ်ရွေးချယ်ခဲ့ပါ သတဲ့။ အဲ့ဒီ့အချိန်မှာ တိုင်းသူပြည်သားတွေကိုလည်း
ပြသတာပေါ့။ လူအုပ်ထဲမှာ ကောင်လေး တယောက်ဟာ မင်းသမီးတို ့ စုံတွဲကို
ကြည့်နေခဲ့တယ်။သူ ့ရဲ့ မျက်ဝန်းထဲ က မျက်ရည်တွေ ကျလာရင်းးး
Credit org

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ