မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ရသေ့ကြီးလို " စိတ် '' ထားပါ


တစ်ခါက မြစ်ကမ်းစပ်တစ်ခုမွာ
ရသေ့ကြီးတစ်ပါး ရေချိုးနေတယ် အဲ့ဒီအချိန်မွာ
ကင်းမြီးကောက် တစ်ကောင်ဟာ
ထင်းချောင်းလေးတစ်ချောင်းကိုဖတ်ပြီး ရေမျောလာတယ် ။
ရသေ့ကြီးက ကင်းမြီးကောက်လေးကို မြင်တော့
လက်နဲ့ဆယ်ယူလိုက်တယ်
ဒါပေမဲ့ ကင်းမြီးကောက်က အမြီးနဲ့ထိုးတယ်
ရသေ့က ပြန်ပြီးလွှတ်ချလိုက်တယ် ။
တခါပြန်ဆယ်တယ် ကင်းမြီးကောက်က ထပ်ထိုးတယ်
ရသေ့ကြီးက ပြန်လွှတ်ချလိုက်တယ်
ဒီလိုနဲ့ သုံးခါလောက် ဆယ်လိုက် လွှတ်ချလိုက်နဲ့
နောက်ဆုံးတော့ ကင်းမြီးကောက်လေးဟား
ကမ်းပေါ်ကိုရောက်ပြီး အသက်ဘေးမှလွတ်သွားခဲ့တယ် ။
ဒီလိုဆယ်လိုက်လွှတ်ချလိုက် ဆယ်လိုက်လွှတ်ချလိုက်နဲ့ လုပ်နေတဲ့
ရသေ့ကြီးကို ကမ်းပေါ်ကလူတစ်ယောက်က ကြည့်ပြီး
ရသေ့ကြီးကို ပြောတယ် ။
'' အရှင်ရသေ့ ကိုယ့်ကိုဒီလောက် အမြီးနဲ့ထိုးနေတဲ့ကင်းမြီးကောက်ကို
ဘာလို့ကယ်နေတာလဲ သူဟာသူ သေသေပြစ်ထားလိုက်ပါ့လား''
လို့ပြောတော့
ရသေ့ကြီးက
'' ဒကာ ကင်းမြီးကောက် တို့သဘောက
သူတစ်ပါးကို ထိုးတဲ့အလုပ် ငါကသူတစ်ပါးကို ကယ်တဲ့အလုပ်
သူလည်းသူ့အလုပ်သူလုပ်တာပဲ ငါလည်းငါ့အလုပ်ငါလုပ်တာပဲ
အခုတော့ သူ့အလုပ်လည်းပြီးသွားပြီ ငါအလုပ်လည်း ပြီးသွားပါပြီ ။
**********************
ကျွန်ုပ်တို့လူ့လောကကြီးမှာလည်း ကင်းမြီးကောက် လိုလူတွေ
အများကြီးပါ ဒါကြောင့် သူတို့ဟာ သူတို့အလုပ်
သူတို့လုပ်ပါလိပ်မယ် ကိုယ်ကကိုယ့်ရဲ့
ကုသိုလ်အလုပ်ကိုမပျက်စေနဲ့
ဥပမာ
ဘုရားရှိခိုးတာတို့ တရားနာတာတို့ ဆွမ်းလောင်းတာတို့
ဘာပဲလုပ်လုပ်ပေါ့ အဲ့လို့လုပ်တဲ့ အခါတွေမှာ
အချို့က ဟာမိုးတွေရွားတော့မယ် နိဗ္ဗာန်ရောက်တော့မယ်
နတ်ပြည်တော့ ရောက်တော့မှာ စသည်ဖြင့်ပေါ့
ရွဲသလိုလို စသလိုလိုနဲ့ ပြောတတ်ကြတယ်
အဲ့ဒါ ကင်းမြီးကောက် လိုလူတွေလို့ သဘောထားပြီး
သူတို့စကားကို ဂရုမစိုက်ပဲ
ရသေ့ကြီးလို ကိုယ့်အလုပ်ကိုယ် လုပ်နိုင်အောင် ကြိုးစားပါ
ဒါမှကိုယ့်အလုပ်ပြီးပြီး ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို
ရောက်မှာဖြစ်ပါတယ် ။
ဓမ္မမာမက

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ