မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

ကိုယ့်အထွာနဲ့ကိုယ်ပေါ့ဗျာ

 
တခါက
နှင်းတောင်အနားက တောကြီးတစ်တောထဲမှာ
တိရစၧာန်ပေါင်းစုံ ချစ်ခင်စွာ နေထိုင်ကြသတဲ့။
တစ်နေ့ နှင်းတောင်ပြိုကျမှုကြောင့်
နှင်းတောင်ရဲ့အနီးနားတောစပ်မှာနေကြတဲ့
တိရစၧာန်လေးတွေ တောနက်ထဲ
ပြေးဝင်လာကြတယ်။
ပြေးကြတဲ့တိရစၧာန်များထဲမှာ
မျောက်နဲ့ကြွက်လည်းအပါအဝင်ပေါ့။
ကြွက်ရဲ့ခြေလှမ်းနဲ့တော့
ဘယ်လွတ်အောင်ပြေးနိုင်ပါ့မလဲ။
မျောက်ရဲ့ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီ
လိုက်လာခဲ့ရတာပေါ့။
ကံကောင်းချင်တော့ နှင်းထုပြိုကျမှုက
အနည်းပဲဖြစ်ပြီတော့ တောအစပ်နားပဲ
နှင်းတွေဖုံးလွှမ်းသွားသတဲ့။
မျောက်လည်းတောနက်ထဲထိပြေးဝင်လာပြီးတော့
အနားယူရင်း ခန္ဓာကိုယ်မှာ သစ်ကိုင်နဲ့ခြစ်မိတဲ့ဒဏ်ရာကြည့်ပြီတော့ " ဟူးးး တစ်ထွာလောက်တော့ ပြဲသွားတယ် တော်ပါသေးရဲ့ လွှတ်အောင်ပြေးနိုင်ခဲ့တာပဲ ကံကောင်းလှပြီ"လို့ငြီတွားရင်း
ကြွက်ကလေးကို "မင်းကတော့ ဘာမှဖြစ်မှာဟုတ်ပါဘူး"လို့ပြောလိုက်သတဲ့။
ကြွက်ကလေးက"ခင်ဗျာ့က ကောင်းကင်က
ပျံခဲ့တာမှမဟုတ်တာဗျာ သစ်ပင်ကြား ချုံကြားတွေကပြေးလာရတာဟုတ်တာ ကျုပ်ကိုလည်းသစ်ကိုင်နဲ့ညှိမိ ခြစ်မိတာပဲ"ဟုပြန်ပြောလိုက်တယ်။
မျောက်က"အေးပါ မောင်ကြွက်ရာ ပြကြည့်စမ်းပါဦး ဘယ်နားထိသွားလဲကြည့်ရအောင်"လို့ပြောလိုက်တယ်။
ကြွက်ကလေးက"ရပါတယ္ဗ်ာ ရင်ဘက်မှာ တစ်ထွာလောက်ပြဲသွားတာပါ"ပြောလိုက်တယ်။
"ဟိုက်😳 တစ်ထွာလောက်ရှိတဲ့မင်းခန္ဓာကိုယ်က
တစ်ထွာလောက်ပြဲတာဖြစ်နိုင်ပါ့မလား"ဟု
မျောက်ကပြောလိုက်တယ်။
"ကိုမျောက်ရာ ကိုယ့်အထွာနဲ့ကိုယ်ပဲလေဗျာ"ဟု
ကြွက်ကလေးက ပြန်ပြောလိုက်တော့သတဲ့။
ဒုက္ခဆိုတာလည်း
ကိုယ့်အထွာနဲ့ကိုယ်ရှိကြတာပဲ။
သုခဆိုတာလည်း
ကိုယ့်အထွာနဲ့ကိုယ်ရှိကြတာပါပဲ။
အနေအထားအမျိုးမျိုးရှိတဲ့
ဒီလောကကြီးထဲမှာ
ကိုယ့်အမြင်နဲ့ပဲကြည့်မယ်ဆိုရင်တော့
တစ်ချို့သောအမှန်တရားတွေက
ပျောက်ကွယ်နေတတ်ပါတယ်။
သူ့ဘက်ကကြည့်ပေးမှ
အမှန်တရားဆိုတာလည်း
အမြဲတမ်းလည်းမဟုတ်ပြန်ဘူး။
အမွန္တရားဆိုတာက
သူ့ဘက်ကြည့်မှ၊ကိုယ့်ဘက်ကကြည့်မှ
အမှန်တရားရယ်လို့
ပုံသေတွက်ထားလို့လည်းမရပြန်ဘူး။
လူတစ်ယောက်ကို
အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ရင်
အကောင်းမြင်မှာဖြစ်သလို
အဆိုးမြင်ဝါဒနဲ့ကြည့်ရင်
အဆိုးမြင်မှာပါပဲ။
အဓိကက မိမိတို့ရဲ့စိတ်ပါပဲ
အကောင်းမြင်တတ်တဲ့စိတ်နဲ့
ပြောဆိုနေထိုင်ကြဖို့လိုလာပါပြီ။
အရှင်ဉာဏိဿရ(ယင်းတွေ)
fb.me/Ashinnyanissara.yinntwe
26-6-2017 9:00
#မြင့်မြတ်သောနေထိုင်နည်း သို့
https://www.facebook.com/permalink.php?story_fbid=815629308584248&id=100004115597446

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ