မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Sunday, June 24, 2018

ဒုက္ခဆိုတာ

"မလွယ်ကူဘူး"ဆိုတဲ့
စကားလုံးအောက်မှာ
အကြိမ်ကြိမ်ကျရှုံးကြတယ်။
တစ်နည်းအားဖြင့်
လမ်းလျှောက်တတ်ရဲ့နဲ့
လမ်းပျောက်သွားကြတယ်။
လမ်းပျောက်နေသလား?
ဒီလိုမှ မဟုတ်ရင်
လမ်းမလျှောက်တတ်လို့လား?
လွှင့်စင်သွားတဲ့စိတ်ဓာတ်ကို
ကုန်းကောက်ဖို့ကြိုးစားရင်း
မျက်စိရှေ့မှာပဲ
ပျောက်ဆုံးသွားတယ်။
ဒုက္ခဆိုတာ
ကြုံပါများလာတော့
သုခတစ်ခုလိုပဲ။
ဒီခန္ဓာ ရလာခြင်းကို
ဒုက္ခလို့စိတ်ထဲမှာမှတ်
လွယ်ကူတဲ့အရာကိုပြပါ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ
ခန္ဓာနှင့်တူသောဒုက္ခမှ
မရှိလေပဲ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ
(ဓမ္မပဒ-သုခဝဂ်-ဂါထာ၂၀၂) 
#Ashinnyanissara
April 12, 2018

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ