မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Sunday, June 24, 2018

ရိုးသားခြင်း {၁}

မုသားပါမှကြိုက်တဲ့
လူတစ်ချို့ကြောင့်
ရိုးသားခွင့်မရတဲ့အခါ
"မုသားမပါ လင်္ကာမချော"
ဖြစ်လာတယ် ။
နည်းနည်းလေးမှ
မှားခွင့်မပေးတဲ့အခါ
မုသားတစ်ချို့ပါလာတယ်
ဒီလိုနဲ့
ရိုးသားခြင်းနဲ့ဝေးသွားတယ် ။
ရိုးသားမှုကြိုက်တဲ့
လူတစ်ချို့ကြောင့်
ရိုးသားခွင့်ရတဲ့အခါ
ပွင့်လင်းမှုဆိုတာ
ဖြစ်တည်လာတယ်။
ပွင့်လင်းမှုကြောင့်
ရိုးသားရဲလာတယ်
ဒီလိုနဲ့
ရိုးသားခြင်းကို
ထိတွေ့ခွင့်ရလာတယ်။
#Ashinnyanissara
19-may-2018

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ