မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Sunday, June 24, 2018

#မိသားစုတိုင်းလိုက်နာရမည့်ကျင့်ဝတ်လေးပါး


#မိသားစုတိုင်းလိုက်နာရမည့်ကျင့်ဝတ်လေးပါး
#ကြီးပွားကြောင်းလေးပါး
ပျောက်တာ မရွာ၊
ပ်က္တာ မပြင်၊ 
စားချင်တိုင်း စား၊
ကျင့်အား မကောင်း၊
လူအပေါင်းကြောင့်၊
ကြွယ်၀ သယံ၊
ပြည်နိုင်ငံလည်း၊
ဧကန္မုခ်၊
ပျက်စီးရလိမ့်။
အဂုၤတ္တရနိကာယ်၊စတုက္ကနိပါတ်၊အဘိညာဝဂ် ကုလသုတ်တော်၌
(၁) နဋ္ဌံ ဂဝေသနိ္တ = ပျောက်သော စည်းစိမ်ဥစ္စာကို ရှာမှီးရခြင်း။
မိမိသုံးစြဲနေသည့် ပျောက်သြားသော ပစ္စည်းဥစ္စာတို့ကို လက်လှမ်းမွီသမ်ွ ဆင်ခြင်နှလုံးသွင်းပြီး ဝီရိယစိုက်ကာ ကြိုးစား ရွာဖွေရပါမည်။ တွေ့နိင်ပါလျက်နဲ့ မရွာဖွေဘဲ အသစ်ဝယ်ယူပြီး သုံးစွဲမည်ဆိုက ထပ်မံပြီး ပစ္စည်းဥစ္စာများ ကုန်ခန်းဖွယ်ရာသာ ဖြစ်စေပါသည်။
(၂) ဇိဏ္ဏံ ပဋိသင်္ခရောန္တိ = ဆွေးမြည့်ဟောင်းနွမ်းသော ပစ္စည်း ဥစ္စာတို့ကို ထပ်မံ၍ ပြုပြင်ရခြင်း။
သုံးစွဲနေသည့် ပစ္စည်းတစ်ခုခု ဟောင်းနွမ်းနေသောအခါ ပြုပြင်၍ရနိုင်သေးသည့် အခြေအနေရှ်ိပါက မကုန်သင့်တာ မကုန်ခန်းရအောင် စောင့်ရှောက်ထိမ်းသိမ်းကာ ပြုပြင်သုံးစွဲရပါမည်။
(၃) ပရိမိတပါနဘောဇနာဟောန္တိ = အတိုင်းအရှည်ရှိသဖြင့် စားသောက်ရခြင်း။
မိမိတို့ ရွာဖွေလို့ရလာသည့်ဝင်ငွေအား တစ်နေ့တာဝင်ငွေဖြင့် မ်ွတစေရန် ထွက်ငွေနှင့်ညီမ်ွအောင် ဉာဏ်ဖြင့်ချင့်ချိန်၍ ကျန်းမာရေး၊ စီးပြားရေးအတွက် နေ့စဉ်လည်ပတ်ငွေ၊ စုဆောင်းငွေ စသည်ဖြင့် သုံးစွဲရာတွင် အထူးစံနစ်တကျရှိဖို့ လိုအပ်ပါသည်။
(၄) သီလဝန္တံဣတၳိဝါပုရိသံဝါ အာဓိ ပစေ္စဌပေန္တိ = ကိုယ်ကျင့်သီလရွိသော မိန်းမကိုဖြစ်စေ၊ ယောက်ျားကိုဖြစ်စေ၊ အကြီးအမှူးထားရခြင်း။
အိမ်ထောင်စုတစ်ခု အသင်းအဖွဲ့တစ်ခုတို့တွင် တိုးတက် အောင်မြင်ချင်ကြပါလျင် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် သီလ၊ သမာဓိ၊ ပညာ၊ပြည့်စုံသူကိုသာ အကြီးအကဲနေရာ၌ ထားရပါမည်။
သို့မှသာ "ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ" ဟူသော ဒေသနာတော်အရ - သီလရွိသူဟာ စိတ်ထားသန့်ရှင်း ကြည်လင်နေလို့ တောင်းတတိုင်း ပြည့်ဝနိုင်ပါသည်။
ကြံစည်တိုင်း အောင်မြင်နိုင်ပါသည်။
သီလ၏အစွမ်းကြောင့် စိတ်ဓာတ်ဟာ ကြည်လင် သန့်ရှင်း စင်ကြယ်နေတာကြောင့် ဉာဏ်ပညာဦးစီးပြီး အစစ အရာရာ အမှားအယွင်းနည်းကာ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။
သီလရှိသူတို့မှာ လူအမ်ား၏ ယုံကြည်လေးစားမှုနှင့် ချစ်ခင်အားကိုးမှုကို ရရှိနိုင်ပါသည်။
ဤစာစုကို ပါရမီစာအုပ်ဆိုင်ရောက်ခိုက် မိသားစုတိုင်းလိုက်နာရမည့်ကျင့်ဝတ်လေးပါး ခေါင်စဉ်ဖြင့်မှတ်သားခဲ့ခြင်းဖြစ်သည်။စာအုပ်လည်းမဝယ်ခဲ့သလိုစာအုပ်နာမည်လည်း မှတ်မိခြင်းမရှိပါ။အမှားအယွင်းပါခဲ့သော် မိမိအမှားသာဖြစ်ပါသည်။
အရှင်ဉာဏိဿရ(ဒီပဲယင်း)

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ