မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

အသိပေးတဲ့ ခဲတစ်လုံး


တစ်ခါက သူဌေးတစ်ဦးဟာ နာမည်ကြီးတံဆိပ် Jaguar ကားကိုစီးပြီး ဆင်းရဲသားရပ်ကွက် တစ္ခုထဲ အရှိန်နဲ့ မောင်းဝင်လာခဲ့တယ်။ ရပ်ကွက်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းတစ်နေရာအရောက် ဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကြောင့် ကားအရှိန်ကို သူလျော့လိုက်တယ်။ လူအုပ္ကို ကားကျော်ဖြတ်ချိန်မှာ ရုတ်တရက် ကလေးတစ်ယောက်က ကားကို အုတ်ခဲနဲ့ လှမ်းပစ်လိုက်တယ်။ ကားပိုင်ရှင်သူဌေးဟာ ဒေါသတကြီးနဲ့ ကားပေါ်ကဆင်းပြီး အုတ်ခဲနဲ့ပစ်တဲ့ ကလေးရဲ့ လည်ဂုတ်ကို ဖမ်းဆွဲလိုက်တယ်။
မင်း ဘာလုပ္လိုက္တာလဲ ပြောစမ်း? ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ? ဒီကား ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မင်းမသိဘူးလား? ဒီကားကို ပြင်ဖို့ မင်းဘယ်လောက်တတ်နိုင်သလဲ?
ဒေါသတကြီးနဲ့ အော်ငေါက်နေတဲ့ ကားပိုင်ရှင်ကို ကြည့်ပြီး ကေလးငယ္က
 ကျွန်တော်မှားသွားပါတယ် ခင်ဗျား.. အုတ်ခဲနဲ့သာ ကျွန်တော်လှမ်းမပစ်ရင် ကားတွေရပ်မပေးလို့ အခုလို့ လုပ်လိုက်ရတာပါ လို့ တောင်းပန်တယ်။ ကေလးငယ္က ဆက်ပြီး
တွန်းလှည်းပေါ်ကနေ ကျွန်တော့်အစ်ကို ပြုတ်ကျပြီး ဒဏ်ရာရသွားပါတယ်။ အစ်ကို့ကို ကျွန်တော် မ, မနိုင်လို့ အခုလို လုပ်လိုက်ရတာပါ လို့ အရည်လဲ့တဲ့ မျက်လုံးနဲ့ တောင်းပန်တော့တယ်။
ကားပိုင်ရှင်သူဌေးဟာ ငိုမဲ့မဲ့ ကေလးငယ္ကို ကြည့်ပြီး သနားသွားမိတယ်။ တွန်းလှည်းပေါ် ပြုတ်ကျနေတဲ့ ဒုက္ခိတ လူငယ်ကိုလည်း တွန်းလှည်းပေါ် ပြန်တင်ပေးပြီး ဒဏ်ရာကို ပွတ်သပ်ပေးလိုက်တယ်။
ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ လို့ တွန်းလှည်းတွန်းပြီး ဆုတောင်းထွက်သွားတဲ့ ကလေးငယ်ရဲ့ နောက်ကျောကို ကြည့်ပြီး ကားပိုင်ရှင်ဟာ တစ်စုံတရာကို စဉ်းစားလိုက်မိတယ်။ ကားရွိရာဖက္ကို လေးကန်စွာ လျှောက်လာပြီး အုတ်ခဲမှန်ထားတဲ့ နေရာကိုလည်း မပြင်ဘဲ ထားဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမွ ချိုင့်နေတဲ့ ခဲမှန်ရာကို ကြည့်ပြီး အသက်တစ်ချောင်းရဲ့ ခြေလှမ်းဟာ အလှမ်းမြန်ကြောင်းကို ပတ်ဝန်းကျင်ကလူတွေ ခဲနဲ့ပစ်ပြီး ကိုယ့်ကို အသိပေးမှ သတိထားမိတာမျိုး မဖြစ်ရအောင် ချန်ထားလိုက်တယ်။
အလုပ်တွေများ၊ အားလပ်ချိန်တွေနည်းပြီး ပတ်ဝန်းကျင်က ကိုယ်နှစ်သက်တဲ့လူ၊ ကိုယ့်မိသားစုကို လျှစ်လျှူရှူသလို ဖြစ်နေပြီလား? ဘေးကနေ တစ်ယောက်ယောက်က ခဲနဲ့ပစ်ပြီး သတိပေးမှ ကိုယ့်ကိုယ် သတိထားမိတာမျိုး မဖြစ်ပါစေနဲ့။ ဘဝရဲ့ အချိန်ဟာ တိုတိုလေးပါ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကို ကြိုတင်မသိနိုင်ခင် လက်ရှိအချိန်မှာ ကိုယ့်ဘေးက လူတွေကို တန္ဖိုးထား ဂရုစိုက်လိုက်ပါ။
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ