မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Sunday, June 24, 2018

ရိုးသားခြင်း {၂}

လွယ်ရင် သူကြွယ်တောင်
သူခိုးဖြစ်နိုင်တော့
ပြည့်စုံခြင်းဟာလည်း
ရိုးသားခြင်းနဲ့ အချိုးမကျဘူး
ဒီလိုနဲ့
လူတိုင်း ရိုးသားခွင့်ရှိလာတယ် ။
လူသားတိုင်း
အမှန်ကို ရှာဖွေကြရင်း
အမှားနဲ့တွေ့တတ်ကြတယ်
ဒီလိုနဲ့
ရိုးသားခြင်းဟာ
ပုံပျက်သွားတယ် ။
မှားပြီးရင် မှားချင်နေတဲ့
အမှားတွေရဲ့ကြားမှာ
ဒူးထောက် အရှုံးပေးကြတယ်
ဒီလိုနဲ့
ရိုးသားချင်စိတ်နဲ့
ဝေးသွားတယ် ။
ရိုးသားချင်စိတ်မရှိတဲ့အခါ
အမှန်ပြင်ဆင်ခွင့်နဲ့
လွဲသွားတယ် ။
ရိုးသားချင်စိတ်ရှိတဲ့အခါ
အမှန်ကို ထိတွေ့ခွင့်ရလာတယ် ။
အမှားကို ပြင်ဆင်ဖို့
ဘယ်တော့မှ
နောက်မကျဘူး
ဒါပေမယ့်
နောက်ထပ်မမှားဖို့
စိတ်ဆန္ဒမရှိတဲ့အခါ
နောက်ကျသွားတယ်
ဒီလိုနဲ့
နောင်တတွေ ရလာတယ် ။
မှားခဲ့ဖူးရင်တောင်
နောက်ထပ်မမှားဖို့
စိတ်ဆန္ဒရှိတဲ့အခါ
အမှားပြင်ဆင်ဖို့
နောက်မကျတော့ဘူး
ဒီလိုနဲ့
အမှန်တွေ မြင်လာတယ် ။
#Ashinnyanissara
May-20-2018

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ