မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

အခန်းထဲမှာ တွေ့တဲ့ သင်ခန်းစာ


မီးလုံး ကပြောတယ်...
"ဘဝကို တောက်ပအောင်လုပ်ပါ"
နာရီကပြောတယ်..
"အချိန်ဆိုတာ နောက်ပြန်မရဘူး..."
အစိတ်စိတ်ကွဲနေတဲ့ ဖန်ခွက်ပြောတယ်..
"ဖြစ်ပြီးမှ နောင်တရရင် အလကားပဲ "
ပြတင်းပေါက်က မြင်နေရတဲ့ လမင်းကပြောတယ်..
"ရည်မှန်းချက်မြင့်မြင့်ထား "
ဓားကပြောတယ်..
"မသုံးတာကြာရင် တုံးမယ် "
စာအုပ်တွေကပြောတယ်..
"ဗဟုသုတကို ဝယ်လို့မရဘူး...
ဖတ်ပြီးမှတ်လို့ပဲ ရနိုင်တယ် "
အခန်းတံခါးက😃ပြောတယ်...
"တံခါးကို ဖွင့်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင်သွား "
ရေသန့်ဘူးကပြောတယ်....
"စိတ္ကို ကြည်လင်အောင်ထား သန့်စင်နေပါစေ".
ပိုက်ဆံကပြောတယ်..
"များများသုံးချင်ရင်များများရှာ" တဲ့.
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ