တစ်ခါက
ဈေးရောင်းတဲ့ ဒကာတစ်ယောက်ရှိသတဲ့။
ဈေးရောင်းတိုင်း
အကြွေးတွေချည်းပဲဖြစ်နေတော့
နောက်တစ်နေ့အကြွေးလိုက်တောင်းတာ
အကြွေးက မရဘူးပေ့ါလေ။
သူလည်း စိတ်ပျက်ပျက်နဲ့
အကြွေးတောင်းပြီအပြန်
လမ်းကဇရပ်တစ်ခုမှာဝင်နားသတဲ့။
ဇရပ်မှာနားရင်း အကြွေးအပူနဲ့ဆိုတော့
ရင်ထဲမှာမထားနိုင်တော့
ဇရပ္နံရံမွာ "ငါ့အပူ လူမသိ"
ဆိုပြီရေးခဲ့သတဲ့။
ဒီလိုနဲ့ ဈေးသည်ထွက်သွားတော့
ဇရပ်ထဲကို သူတောင်းစားတစ်ယောက်
ဝင်လာတယ်။
ဒီနေ့အတွက်အဆင်မပြေတော့
လူကလည်းယိုင်နဲ့နဲ့ပေါ့။
နံရံက စာကိုမြင်တော့
သူလည်း အောက်ကနေထပ်ဖြည့်ပြီရေးလိုက်တယ်။
"ဒီအပူမျိုး လူတိုင်းရှိ"တဲ့။
မှတ်မိသလောက် ရေးထားပေးမယ့်
အသိပညာပေးဖို့တော့ လုံလောက်တဲ့အနေအထားပါ။
အပူသောကကိုမပယ်နိုင်သေးတဲ့
အနေအထားမျိုးမှာ
ငါ့မွာပဲ အပူရှိတယ်လို့တော့မထင်လိုက်ပါနဲ့။
ကောင်းတဲ့အတွေးမျိုးနဲ့ဖြေသိမ့်ပါ။
တွေးတဲ့အခါပဲဖြစ်ဖြစ် တွေးပြီးတဲ့အခါပဲဖြစ်ဖြစ်
အပူကျန်ရှိနေသေးတယ်ဆိုရင်တော့
အဲ့ဒီအတွေးထဲမှာချွတ်ယွင်းချက်တစ်ခုခုရှိနေပါပြီ။
"ငါ့အပူလူမသိ"
"ဒီအပူမျိုး လူတိုင်းရှိ"
အရှင်ဉာဏိဿရ(ယင်းတွေ)
https://www.facebook.com/Ashinnyanissara.yinntwe/posts/853967548083757
No comments:
Post a Comment
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ