မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

လူ



လူ လို့ ပြောလိုက်တာနဲ့
ဖြူစင်မှုတွေချည်း ယူလာမယ်မထင်နဲ့
အချို့လူတွေက
တစ်ကောင်ပေးပြီး
နှစ်ကောင်ယူသွားတတ်ကြတာ 
လူတိုင်းကို
ကိုယ်နဲ့ယှဉ်ပြီး မမြင်နဲ့
အချို့လူတွေက
လူကိုခင်သလိုနဲ့
လိုတာကိုထွင်သွားတတ်ကြတာ 
ဒေါက် ဒေါက် ဆိုတဲ့
တံခါးခေါက်သံတွေရဲ့နောက်မှာ
ကြောက်စရာ ဖေါက်ထွင်းခံရမှုတွေရှိတတ်တယ်
အချို့လူတွေက
မင်္ဂလာပါဆိုပြီး ဝင်လာကြပေမယ့်
ပြီးရင်တော့
မထင်တာတွေချည်း လုပ်သွားတတ်ကြတာ 
ပစ္စည်းဥစ္စာ အနှိုက်ခံရမှ
ခါးပိုက်နှိုက်ခံရတာမဟုတ်ဘူး
စကားလုံးတွေ အနှိုက်ခံရတာဟာလည်း
ခါးပိုက်နှိုက်ခံရတာပါပဲ
ခါးပိုက်နှိုက်သတိပြု
မဟုတ်ရင် ကိုယ့်ကိုခုပြီး
လိုချင်တာတွေ လုယူသွားလိမ့်မယ် 

Credit နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ