မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

တံခါးမှူးနှင့် တံငါသည်

ရွှေနန်းတော်သို့အဝင် တံခါးဝတွင် ဖြစ်လေသည်။

တံခါးမှူး။ ။ ပြောစမ်း၊ မင်းဘာလုပ်ဖို့ လာတာလဲ

တံငါသည်။ ။ ကျွန်တော်... ငါးလာပို့တာပေါ့၊ ဒီမှာလေ...

တံခါးမှူး။ ။ အေး၊ အဲဒီငါးက ဘာလုပ်ဖို့ ပို့မှာလဲ...

တံငါသည်။ ။ ဟို၊ ဟိုဟာဗ်ာ၊ ဘုရင်မင်းမြတ်က ငါးစားချင်တယ်ဆိုလို့

တံခါးမှူး။ ။ ဘာ၊ ဘုရင်မင်းမြတ်အတွက်... ဟုတ္လား။

တံငါသည်။ ။ ဟုတ်တယ်... ဖယ္ဗ်ာ... အချိန်မရှိဘူး၊ ငါးဆိုတာ လတ်ဆတ်တုန်း ပို့ရတာ...။

တံခါးမှူး။ ။ ဟေ့... နေစမ်းပါဦး... မင်းကိုငါ မသင်္ကာဘူး။

တံငါသည်။ ။ ဘာလဲဗ်ာ... အချိန်မရှိပါဘူးဆို... ခင်ဗျား ဘာလိုချင်လဲ ပြောဗျာ...

တံခါးမှူး။ ။ ဟေ့ကောင်၊ ဒီမွာ ရေးထားတာ မတွေ့ဘူးလား... လာဘ်ပေးရန်မလို တဲ့။

တံငါသည်။ ။ တွေ့သားပဲ၊ အဲဒါကို မရှင်းတာ... လာဘ်ပေးရန်... မလို လား... လာဘ်ပေး... ရန္မလို လား...။

တံခါးမှူး။ ။ ဟား၊ ဟား... ဒါမျိုးတော့ မင်းသဘောပေါက်သားပဲ၊ ထားကြာ... ငါမင်းကို မသင်္ကာဘူး...

တံငါသည်။ ။ ဟာ... အေရးထဲမွာ... ခင်ဗျားမရစ်နဲ့ဗျာ... ဒီငါးကြီးပုပ်သွားရင် ခင်ဗျားတာဝန်ယူမလား။

တံခါးမှူး။ ။ အဲဒါ မင်းကိစ္စ၊ ငါမသိချင်ဘူး၊ ငါသိချင်တာက မင်းသိပ်သိနေတယ် ဆိုတာ...

တံငါသည်။ ။ ဘာသိတာလဲဗ်။ ဘာမွမသိဘူး၊ ငါးပို့ဖို့ လာတာပါဆို...

တံခါးမှူး။ ။ အေး အဲဒီ ငါးလာပို့တာကိုပဲ ပြောတာ၊ တစ်နိုင်ငံလုံး ငါးပြတ်နေတဲ့အချိန်... ပြီးတော့ ဘုရင်ကလည်း ငါးစားချင်နေတယ် ဆိုတာကို မင်းသိနေတာ...

တံငါသည်။ ။ ဟာ... ကျုပ်တို့ လောကမှာက တစ်ခုဖြစ်တာနဲ့ အကုန်သိတာပဲလေ။

တံခါးမှူး။ ။ ဟေ့ကောင်၊ ငါ့ကိုလာလှိမ့်မနေနဲ့၊ ခုဟာက နန်းတွင်းရေး၊ မင်းတို့ ငါးစိမ်းသည်ဈေးကွက် မဟုတ္ဘူး၊ မင်းသိနေတာကိုက မဟုတ္တာ...

တံငါသည်။ ။ တော်ဗျာ၊ ခင်ဗျား ပေးဝင်မှာလား မဝင်ဘူးလား... ကျုပ် ဘုရင်နဲ့ တိုင်မှာနော်။

တံခါးမှူး။ ။ တိုင်လေ... ဘယ်လိုတိုင်မှာလဲ၊ ငါပေးဝင်မှ မင်းက အထဲရောက်မှာပါကွ... အဲဒါကို မေ့မထားစမ်းပါနဲ့ကွာ

တံငါသည်က တံခါးမှူးကို စူးစူးဝါးဝါးအကြည့်တွေနဲ့ ကြည့်လိုက်တယ်။ တံခါးမှူးကတော့ အေးစက်စက်ပဲ ပြန်ကြည့်တယ်။ ဤနေရာတွင် တံငါသည်၏ အကြည့်ကို ကျားရဲတစ်ကောင်၏ အကြည့်မျိုးနှင့် တင်စားမည် ဆိုလျှင် တံခါးမှူး၏ အကြည့်ကို ဝံပုလွေ တစ်ကောင်၏ အကြည့်မျိုးနှင့်တင်စားရမည် ဖြစ်သည်။

တံငါသည်။ ။ ကဲဗ်ာ... သိပ်ပြောမနေချင်ဘူး၊ ကျွန်တော်ရတာရဲ့ ၂ဝ% ခင်ဗျားကို ပေးမယ်ဗျာ

တံခါးမှူး။ ။ ဘာ... နှစ်ဆယ်ရာနှုန်း ဟုတ္လား၊ စိတ်မဝင်စားဘူး။

တံငါသည်။ ။ အာ... ဒါဆိုလည်း ၃ဝ % ဗ်ာ

တံခါးမှူး။ ။ နည်းသေးတယ်၊

တံငါသည်။ ။ ဒါဆိုလည်း ၄ဝ% ဗ်ာ... ကျေနပ်တော့...

တံခါးမှူး။ ။ ဟေ့ကောင်၊ ငါက ပေးမဝင်ဘူးဆိုရင် မင်းဘာတတ်နိုင်လဲ...

တံငါသည်။ ။ အာ... အဲလိုတော့ မလုပ်နဲ့လေဗျာ... ပျားလည်းဆွဲသာ၊ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်... ဒီလိုလုပ္ဗ်ာ၊ ခင်ဗျားတဝက် ရမယ်။ ကျေနပ်ဗျာ။

တံခါးမှူး။ ။ အေး အဲလိုမွေပါ့... ငါ့အတွက် ပေးရမှာကိုတွက်ပြီး မင်းဘာသာ ဘုရင့်ဆီမှာ ပိုပိုသာသာ တောင်းခဲ့ပေါ့ကွာ၊ ဒါမျိုးတွေ မင်းတို့ကောင်တွေ လုပ်တတ်ပါတယ်ကွာ...

တံငါသည်။ ။ ထားပါလေ...။

တံခါးမှူး။ ။ အေး၊ မလှိမ့်တပတ်လုပ်မယ် မကြံနဲ့နော်၊ အပြန်ကျရင်လည်း မင်း ဒီကပဲ ထွက်ရမယ်ဆိုတာ မေ့မထားနဲ့။။။

တံငါသည်။ ။ ဟုတ်ပါပြီဗျာ။

ဈေးညှိပြီးသွားတော့မှသာ တံငါသည်နှင့် တံခါးမှူးတို့၏ အပြန်အလှန် အကြည့်များ ရပ်သွားတော့သည်။ ဤနေရာတွင် တံငါသည်၏ အကြည့်ကို ကျားရဲတစ်ကောင်၏ အကြည့်နှင့် တင်စားမည် ဆိုလျှင် တံခါးမှူး၏ အကြည့်ကို ဝံပုလွေတစ်ကောင်၏ အကြည့်နှင့်တင်စားရမည် ဖြစ်သည်။

....................................................................

၂။ ။

ဟား၊ ဟား၊ ဟား၊

ခံတွင်းမှ တောင့်တနေသော ငါးဟင်းကို စားရပြီ ဖြစ်သဖြင့် ဘုရင်မင်းမြတ်သည် အကျေနပ်ကြီး ကျေနပ်နေလေပြီး သူ၏ ရယ်သံသည်လည်း နန်းတော်ခန်းမဆောင်လုံး လွင့်ပျံနေလေတော့သည်။

ဘုရင်။ ။ ဟား... ဟား၊ ကောင်းလေစွ၊ အင်မတန်မှ အရသာ ရွိလွေပစြ၊ အသင်တံငါသည်...

တံငါသည်။ ။ မှန်ပါဘုရား

ဘုရင်။ ။ မောင်မင်း၏ ဆောင်ရွက်ချက်သည် အင်မတန်မှ ကြီးကျယ်လှပေသည်။ ငါကိုယ်တော် ကျေနပ်တော် မူလှသည်။ မောင်မင်း အလိုရွိရာကို တောင်းစေ...

ရှင်ဘုရင်၏ စကားသံအဆုံး၌ တံငါသည်၏ မျက်နှာတွင် အပြုံးများလက်သွားလေသည်။ ဤနေရာတွင် ဘုရင်၏ အပြုံးကို ခြငေ်္သ့တစ်ကောင်၏ အပြုံးနှင့် တင်စားမည် ဆိုလျှင် တံငါသည်၏ အပြုံးသည် ကျားရဲတစ်ကောင်၏ အပြုံးပင် ဖြစ်ပေမည်။

ဘုရင်။ ။ မောင်မင်း လိုရာကို မြန်စွာ လျှောက်တင်စမ်း

တံငါသည်။ ။ မှန်ပါ့ဘုရား၊ ဆုလာဘ်အနေနဲ့ ကျောပြင်အား ကြိမ်ဒဏ်တစ်ရာချမှတ်တော် မူပါဘုရား။

ဘုရင်။ ။ အလို... မောင်မင်း တံငါသည်၊ သင်သည် ငါ၏ ရယ်သံဝယ် သွေးပျက်လို့ ဂယောက်ခြောက်ခြား စိတ်ဖောက် သွားလေ ရော့သလား...

တံငါသည်။ ။ မဟုတ်ရပါ ဘုရား၊

ဘုရင်။ ။ သို့ဆိုလျှင်လည်း အလိုရွိရာကို အမှန်အတိုင်း လျှောက်တင်ချေလေ...

တံငါသည်။ ။ မှန်ပါဘုရား၊ ကြိမ်ဒဏ်တစ်ရာကိုသာ လိမ္ဉာဏ္မပါ တောင်းဆိုလိုပါသည် ဘုရား။

ဘုရင်။ ။ အလို... ထားစေတော့လေ... သင်၏ ဆန္ဒရှိသည့်အတိုင်း ငါဖြည့်ဆည်းပေးရမှာပေါ့...

....................................................................

၃။ ။

သိပ်မကြာခင်မှာပဲ ဘုရင်၏ အမိန့်တော်အရ တံငါသည်ကို ကြိမ်ဒဏ်ချမည့် ပါးကြက္သား ရောက်ရှိလာတော့သည်။

တံငါသည်။ ။ အရှင်မင်းမြတ်ဘုရား

ဘုရင်။ ။ ဘာများပြောချင်သလဲ မောင်မင်း...

တံငါသည်။ ။ တပည့်တော်ကို မနာကျင်အောင် ချမှတ်ပေးဖို့ တောင်းဆိုလိုပါသည်။

ဘုရင်။ ။ အင်း... သင်မပြောလျှင်လည်း ငါကိုယ်တော်က မနာကျင်အောင်ရိုက်ခိုင်းမည်သာ ဖြစ်တော့သည်။ အသင် ပါးကြက္သား ဒီလူအား ရိုက်သာရိုက်၊ မနာစေရ...

အားရပါးရ ကြိမ်ဒဏ်ချဖို့ ဆိုင်းပြင်းနေသော ပါးကြက္သားခမ်ာ ရိုက်သာရိုက် မနာစေရဆိုတော့ အတော်လေး အခက်တွေ့ သွားတော့သည်။

ပါးကြက္သား။ ။ မှန်ပါ့ဘုရား... ကျွန်တော်မျိုး အနည်းငယ်စောဒက တက်လိုပါသည်ဘုရား

ဘုရင်။ ။ ဘာမ်ားလဲ...

ပါးကြက္သား။ ။ မှန်ပါ...။ အရှင့်ရဲ့ စီရင်ထုံးဥပဒေတွင် ကြိမ်ဒဏ်ရိုက်ခြင်းဟူသည်... အသံမြည်စေရမည်၊ အရှိုးရာ ထင်စေရမည် ဟူသော အချက်နှစ်ချက်နှင့် ပြည့်စုံရမည်ဟု သတ်မှတ်ထားပါသည်။

ဘုရင်။ ။ အင်း၊ အဲဒီတော့

ပါးကြက္သား။ ။ ယခု၊ အရှင့်လူကို မနာအောင်ရိုက်လျှင်ဖြင့် အသံလည်း မမြည်၊ အရိုးရာလည်း မထင်သောကြောင့် ရိုက်ခြင်းဟူ၍ သတ်မှတ်နိုင်မည်မဟုတ်...။

ဘုရင်။ ။ သည်လိုဆိုလျှင်...

ပါးကြက္သား။ ။ မှန်ပါ၊ ရိုက်သာရိုက် မနာစေရ ဆိုသည်မှာ ဘယ္လိုမွ မဖြစ်နိုင်ကြောင်းပါ ဘုရား။

ဘုရင်။ ။ အင်း... ဒင်းလုပ်မှ ငါကိုယ်တော် ဦးစားချေပြီ... ဒီမယ် မောင်မင်း တံငါသည်...

ဘုရင်က တံငါသည်ကို လှမ်းမေးလိုက်သည်။

တံငါသည်။ ။ မှန်ပါ့ဘုရား

ဘုရင်။ ။ မောင်မင်းက လိမ္ဉာဏ္မပါ ကြိမ်ဒဏ်တစ်ရာဆိုတော့ ငါကိုယ်တော် အမိန့်ချရမှာ အတော်လေး ခက်ချေ သကွဲ့... မောင်မင်းကို ဟန်ဆောင်ကြိမ်ဒဏ် ချရင်ကော မရနိုင်ဘူးလား...

တံငါသည်။ ။ မှန်ပါ... လိုရင်းက တပည့်တော် မနာဖို့သာ အဓိကပါ ဘုရား၊ အရှင် ကြိုက်သလိုသာ အမိန့်ချမှတ်တော် မူပါ။

ဘုရင်။ ။ အင်း... ကောင်းပြီကွယ်၊ အသင်ပါးကွက်သား... သူ၏ ကျောကုန်းအား ကြိမ်လုံးဖြင့် ထိရုံသာထိစေပြီး အချက် တစ်ရာပြည့်စေကွယ်။

ပါးကြက္သား။ ။ မှန်ပါ့ဘုရား။

ဒီလိုနဲ့ ပါးကြက္သားခမ်ာ ပြဇာတ်ထဲမှာလို... တံငါသည်ကို မထိတထိ ဟန်ဆောင်ကြိမ်ဒဏ်ချမှတ်ရာ အချက်ငါးဆယ် သို့ပင် ရောက်လာချေပြီ။

တံငါသည်။ ။ ရပ်၊ ရပ်ပါဦးဘုရား။

ဘုရင်။ ။ ဟေ့၊ ပါးကြက္သား ခဏရပ်စေ... မောင်မင်းတံငါသည် ဘာမ်ား ဖြင့်လို့ပါလဲ...

တံငါသည်။ ။ မှန်ပါဘုရား၊ တပည့်တော် အရှင့်နန်းတော်သို့ ငါးသယ်ပြီးအလာမှာ၊ နန်းတော်ထဲသို့ တိုက်ရိုက်ဝင်ခွင့် မရခဲ့ပါဘုရား

ဘုရင်။ ။ ဟုတ္လား... ဘာဖြစ်ခဲ့တုန်း

တံငါသည်။ ။ မှန်ပါဘုရား၊ မှန်ရာကို အမြန်သာတင်လျှောက်ရမည်ဆိုလျှင် အရှင့်နန်းတော်အဝင်တွင် စောင့်ကြပ်နေသော တံခါးမှူးက ကျွန်တော်မျိုးအား ဝင်ခွင့်မပြုခဲ့ပါဘုရား။ သူ့အား ကျွန်တော်မျိုး ရသည့် ဆုလာဘ်တော်များ၏ တစ်ဝက်တိတိကို ခွဲပေးမည်ဟု ကတိပေးမှသာလျှင် ဝင်ခွင့်ရခဲ့ပါသည်။

ဘုရင်။ ။ အော်... ဒီလိုကိုး... မင်းချင်းများ... တံခါးမှူးအား အမြန်မကြာ ရှေ့တော်သွင်းစေ...

ဘုရင်မင်းမြတ်၏ မျက်နှာတွင် အပြုံးများ လက္သြားသလို တံငါသည်၏ မျက်နှာတွင်လည်း အပြုံးများ လက်သွားပြန်ပါသည်။ ဘုရင်မင်းမြတ်၏ အပြုံးကို ခြငေ်္သ့မင်း၏ အပြုံးနှင့် တင်စားမည်ဆိုလျှင် တံငါသည်၏ အပြုံးသည် ကျားရဲတစ်ကောင်၏ အပြုံးမျိုး ဖြစ်ပေမည်။

....................................................................

၄။ ။

မကြာမီပဲ တံခါးမှူး နန်းတွင်းဆောင်ထဲသို့ ရောက်ရှိလာလေတော့သည်။ ဘုရင်က ပလ္လင်ထက်မှ လှမ်းမေးလိုက်သည်။

ဘုရင်။ ။ အသင်တံခါးမှူး၊ မှန်ရာကို ဖြေဆိုစမ်း

တံခါးမှူး။ ။ မှန်၊ မှန်လှပါဘုရား

ဘုရင်။ ။ သင့်ဘေးတွင် ရှိသောလူကို သင်မှတ်မိပါသလား...

တံခါးမှူးက သူ့ဘေးမှ တံငါသည်ကို မဝံ့မရဲနှင့် လှမ်းကြည့်လိုက်သည်။ ဤနေရာတွင် တံငါသည်၏ အကြည့်သည် က်ားရဲ တစ်ကောင်၏ အကြည့်မျိုးဆိုလျှင် တံခါးမှူး၏ အကြည့်သည် သိုးငယ်တစ်ကောင်၏ အကြည့်မျိုး ဖြစ်ပေသည်။

တံခါးမှူး။ ။ မှတ်... မှတ်မိပါကြောင်းပါဘုရား...

ဘုရင်။ ။ မောင်မင်းက သူ့ကိုနန်းတော်ထဲ ဝင်ခအတွက် ဆုလာဘ်တွေရဲ့ တစ်ဝက်ကို တောင်းဆိုထားတယ်ဆိုတာ ဟုတ္သလား။

တံခါးမှူး။ ။ ဟုတ်၊ ဟုတ်... မှန်ပါတယ်ဘုရား။

ဘုရင်။ ။ အင်း... ခု ဒီတံငါသည်က ဆုလာဘ်အဖြစ်နဲ့ ကြိမ်ဒဏ်အချက်တစ်ရာ တောင်းဆိုထားသကွဲ... သူ့ကို အချက် ငါးဆယ် ရိုက်အပြီးမှာ ကျန်တဲ့ အချက်ငါးဆယ်ကို တံခါးမှူးအား ခွဲပေးရမည် ဆိုတာကြောင့် ငါကိုယ်တော် ဆင့်ခေါ်ရခြင်းသာ ဖြစ်သတည်း...။

တံခါးမှူး။ ။ မှန်၊ မှန်လှပါ ဘုရား... ကျွန်... ကျွန်... ကျွန်တော်မျိုးသည် အရှင့်၏ သစ္စာကို စောင့်သိရိုသေ သူ ဖြစ်ပါသည်ဘုရား။ ဒီလူကို ဝင်ခွင့်မပြုရခြင်းမှာလည်း...

ဘုရင်။ ။ တိတ်... ငါကိုယ်တော် မကြားချင်ဘူး... ဟေ့၊ ပါးကြက္သား၊ တံခါးမှူးကို ကြိမ်ဒဏ် အချက်ငါးဆယ်ပေး... ပေး... ငါ... ငါကိုယ်တော်... မူး၊ မူး... မူး... ငါး ငါး... ငါး... အ... အ... အ... ...

စကားပင် ဆုံးအောင်မပြောနိုင်ဘဲ ဘုရင်မင်းမြတ် ပလ္လင်ပေါ်မှာပဲ လဲကျသေဆုံး သွားလေတော့သည်။

ဟား၊ ဟား၊ ဟား... ဟား

ဟား... ဟား... ဟား... ဟား

ဟား ဟား... ဟား... ဟား

ပထမရယ်သံသည် တံခါးမှူး၏ ရယ်သံဖြစ်ပြီး၊ ဒုတိယရယ်သံသည် တံငါသည်၏ ရယ်သံဖြစ်သည်။ တတိယရယ္သံမွာမူ ပါးကြက္သား၏ ရယ်သံဖြစ်လေသည်။ ဤနေရာတွင် တံခါးမှူး၏ အပြုံးကို ဝံပုလွေတစ်ကောင်၏ အပြုံးနှင့် တင်စားမည်ဆိုလျှင် တံငါသည်၏ အပြုံးကို ကျားရဲတစ်ကောင်၏ အပြုံးနှင့် တင်စားရပေမည်။ ပါးကြက္သား၏ အပြုံးမှာမူ ဝက်ဝံတစ်ကောင်၏ အပြုံးမျိုး ဖြစ်လေတော့သည်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ