မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Monday, June 25, 2018

(၂)ရတနသုတ်

၁။ ပဏိဓာနေတာ ပဋ္ဌာယ
တထာဂတဿ ဒသ ပါရမိယော၊
ဒသ ဥပပါရမိယော၊
ဒသ ပရမတၳ ပါရမိယောတိ၊
သမတိံ သ ပါရမိယော၊
ပဉ္စ မဟာပရိစ္စာဂေ၊
လောကတၳ စရိယံ ဉာတတၳ စရိယံ၊
ဗုဒျဓတၳ စရိယန္တိ တိေူာ စရိယာယော၊
ပစၧိမဘေ၀ ဂဗ်ဘေဝါက္ကန္တိံ၊
ဇာတိံ အဘိ နိက္ခမနံ၊
ပဓာနစရိယံ ဗောဓိပလ္လငေ်္က မာရ၀ိဇယံ၊
သဗျဗညုတညာဏပျပဋိေ၀ဓံ၊
ဓမ္မစက္ကပ္ပ၀တ္တနံ၊
န၀ လောကုတ္တရဓမေ္မတိ၊
သဗ္ဗပိမေ ဗုဒ္ဓဂုဏေ၊
အာ၀ဇေ္ဇတွာ
ေ၀သာလိယာ တီသု ပါကာရန္တရေသု၊
တိယာမရတ္တိံ ပရိတ္တံ ကရောနေ္တာ၊
အာယသ္မာ အာနနျဒတၳရော ၀ိယ၊
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ

၂။ေကာဍီ သတဟေဿသု
စက္ကဝါဠေသု ဒေ၀တာ။
ယဿာဏံ ပဋဂ္ဂဏှန္တိ၊
ယဉ္စ ေ၀သာလိယာ ပုရေ။

၃။ ရောဂါ မနုဿဒုဗ်ဘိက္ခ
သမ်ဘူတံ တိ၀ိဓံ ဘယံ။
ခိပ္ပ မန္တရ ဓာပေသိ၊
ပရိတ္တံ တံ ဘဏာမ ဟေ၊

၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ၀ အန္တလိကေ္ခ။
သဗေ္ဗ၀ ဘူတာ သုမနာ ဘ၀န္တု၊
အေထာပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၅။တသ္မာ ဟိ ဘူတာ နိသာမေတ သဗေ္ဗ၊
မေတ္တံ ကေရာထ မာနုသိယာ ပဇာယ၊
ဒိဝါ စ ရတေ္တာ စ ဟရန္တိ ယေ ဗလိံ၊
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၆။ ယံကိဉ္စိ ၀ိတျတံ ဣဓ ဝါ ဟုရံ ဝါ၊
သဂေ္ဂသု ဝါ ယံ ရတနံ ပဏီတံ။
နေနာ သမံ အတၳိ တထာဂေတန၊
ဣဒမ္ပိ ဗုဒေ္ဓ ရတနံ ပဏီတံ၊
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၇။ ခယံ ၀ိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သက်မုနိ သမာဟိတော။
န တေန ဓမေ္မန သမတၳိ ကိဉ္စိ၊
ဣဒမ္ပိ ဓမေ္မ ရတနံ ပဏိတံ။
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၈။ ယံ ဗုဒ္ဓသေေဋ္ဌာ ပရိ၀ဏ္ဏယိ သုစိံ၊
သမာဓိ မာနန္တရိက ညမာဟု၊
သမာဓိနာ တေန သေမာ န ၀ဇျဇတိ၊
ဣဒမ္ပိ ဓမေ္မ ရတနံ ပဏီတံ၊
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၉။ေယ ပုဂ္ဂလာ အဋ္ဌ သတံ ပသတၳာ၊
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာ၀ကာ၊
ဧေတသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ၀ိဂယှ၊
လဒ်ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၁။ ယထိန္ဒခီလော ပထ၀ိိူတော သိယာ၊
စတုဗ်ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊
ယော အရိယသစ္စာနိ အေ၀စ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၂။ ယေ အရိယသစ္စာနိ ၀ိဘာ၀ယနျတိ၊
ဂမ်ဘီရ ပေညန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘ၀ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၃။ သဟာ၀ဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယ ဒိဋ္ဌိ ၀ိစိကိစၧိတဉျစ၊
သီလဗ္ဗတံ ဝါပိ ယဒတၳိ ကိဉ္စိ။

၁၄။ စတူဟပါယေဟိ စ ၀ိပျပမုတျေတာ၊
ဆစ္စာဘိ ဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၅။ ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊
ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
အဘဗ္ဗသော တဿ ပဋိစၧဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ၀ုတျတာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧေတန သစ္စာန သု၀တၳိ ဟောတု။

၁၆။ ၀နပျပဂုမျေဗ ယထ ဖုဿိတဂေ္ဂ၊
ဂိမွာန မာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မ၀ရံ အေဒသယိ၊
နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒေ္ဓ ရတနံ ပဏီတံ။
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၇။၀ရော ၀ရညူ ၀ရဒေါ ၀ရာဟရော။
အနုတ္တရော ဓမ္မ၀ရံ အေဒသယိ။
ဣဒမ္ပိ ဗုဒေ္ဓ ရတနံ ပဏီတံ၊
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၈။ ခီဏံ ပုရာဏံ န၀ နတၳိ သမ်ဘဝံ၊
၀ိရတျတစိတျတာ ယတိကေ ဘ၀သ္မိံ။
တေ ခီဏဗီဇာ အ၀ိရုဠှိ စန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧေတန သစေ္စန သု၀တၳိ ဟောတု။

၁၉။ ယာနီဓ ဘူတာနိ သမာဂထာနိ၊
ဘုမ္မာနိ ဝါယာနိ၀ အန္တလိကေ္ခ။
တထာဂတံ ဒေ၀မနုဿပူဇိတံ။
ဗုဒ္ဓံ နမဿာမ သု၀တၳိ ဟောတု။

၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ
ဘုမ္မာနိ ဝါ ယာနိ၀ အန္တလိကေ္ခ၊
တထာဂတံ ဒေ၀မနုဿ ပူဇိတံ။
ဓမ္မံ နမဿာမ သု၀တၳိ ဟောတု။

၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ၀ အန္တလိကေ္ခ၊
တထာဂတံ ဒေ၀မနုဿ ပူဇိတံ၊
သံဃံ နမဿာမ သု၀တၳိ ဟောတု။

ရတနသုတ္တံ နိဋ္ဌိတံ။

၁။ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ခြေရင်းတော်၌ ဘုရားဆုကိုတောင်းသည့်ကာလမှ အစပြု၍ မြတ်စွာဘုရား ဖြည့်ဆည်းပူးခဲ့သော ပါရမီ ၁၀ပါး ၊ ပရမတ္ထပါရမီ ၁၀-ပါးအားဖြင့်အမျှ ၃၀-သော ပါရမီတို့ကို လည်းကောင်း ၊ စွန့်ခြင်းကြီးငါးပါးတို့ကိုလည်းကောင်း ၊ လောက၏အကျိုးစီးပွား အလို့ငှာကျင့်ခြင်း ၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း၊ ဘုရားဖြစ်ခြင်း အကျိုးငှာကျင့်ခြင်း ဟူသော စရိယသုံးပါးတို့ကိုလည်းကောင်း ၊ နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း ပဋိသန္ဓေယူတော်မူခြင်း ၊ ဖွားမြင်ခြင်း ၊မြတ်သောတောထွက်ခြင်း၊ ပြင်းစွာသော လုံ့လဖြင့် ကမ္မဋ္ဌာန်းအကျင့်ကိုကျင့်ခြင်း ၊ ဗောဓိပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရရှိခြင်း ၊ ဓမ္မစကြာ တရားတော်မြတ်ကိုဟောကြားခြင်းနှင့်ကိုးပါးသော လောကုတ္တရာတရားတို့ကိုလည်းကောင်း ၊ ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုလည်းကောင်း ၊ စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း သုံးထပ်တို့၏ အကြားတို့ ၌ ညဉ့်သုံးယာမ် ကာလပတ်လုံး ပရိတ်ရွတ်ဖတ် အရံအတားပြုခဲ့သော အရှင် အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်) သနားကရုဏာစိတ်ထားလျက် ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။
၂-၃။ ရတနသုတ်ပရိတ်တော်၏ အာဏာစက်ကို စကြဝဋ္ဌာကုဋေတစ်သိန်း၌ ရှိကြကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော အနာရောဂါဘေး ၊ ဘီလူးဘေး ၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကို လျင်မြန်စွာကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ်ပရိတ်တော်ကို ကြှနျုပျတို့ စုပေါင်းရွတ်ဆိုကြပါ ကုန်စို့။
၄။ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ် ၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်လည်းကောင်း ၊ ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွတ် ရောက်ရှိလာကြကုန်ပြီ ။ နတ်ပရိတ်အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါကုန်။ မြတ်စွာဘုရားဟောတော်မူခဲ့သော ပရိတ်တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။
၅။ အိုနတ်အပေါင်းတို့ ဤနေရာ၌ အညီအညွတ်စည်းဝေးရောက်ရှိနေကြသော အသင်နတ်အများ နားဆင်ကြပါကုန် ၊ လူတို့သည် နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန် ၊ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။
၆။ လူ့ပြည်၌ ဖြစ်စေ ၊ နဂါးပြည် ဂဋ္ဌုန်ပြည်၌ ဖြစ်စေ ၊ နတ်ပြည်၌ဖြစ်စေ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏၊ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ ၊ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော်ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ပွားစီးတိုးတက် ချမ်းသာကြပါစေသတည်း။

၇။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ်ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ကုန်ရာကင်းရာ မသေရာဖြစ်သော အမြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌) ထိုနိဗ္ဗာန်ဓာတ်မြတ် နှင့် နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိပါချေ ၊ နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်ဂုဏ်တော်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏၊ ဤသို့ မှန်ကန်သောသစ္စာစကားကြောင့် သူတော်တကာ သတ္တဝါများ ပွားစီးတိုးတက်ချမ်းသာကြပါစေသတည်း။
၈။ မြတ်စွာဘုရားသည် အရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိကို ကိလေသာမှ စင်ကြယ်၏ဟူ၍ ချီးမွမ်းတော်မူ၏၊ မိမိ၏အခြားမဲ့၌ အကျိုးကို ပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ ထိုအရဟတ္တမဂ်သမာဓိနှင့် တူမျှသော သမာဓိသည် မရှိ၊ ဤအရဟတ္တမဂ်သမာဓိတရားသည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သသော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။
၉။ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့သည် အစုံအားဖြင့် လေးပါးသော အစုံတို့ ဖြစ်ကြကုန်၏၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားတပည့်သားသာဝက ဖြစ်တော်မူကုန်၏။ မြတ်သောအလှူကို ခံထိုက်တော်မူကုန်၏။ ထိုအရိယာပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သော အလှူဒါနတို့သည် များမြတ်သော အကျိုးရှိကုန်၏။ ဤအရိယာသံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏၊ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။
၁၀။ ဂေါတမမြတ်စွာဘုရား သာသနာတော်၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည် မြဲမြံခိုင်ခန့်သော စိတ်ဖြင့် အားထုတ်ကြကုန်သောကြောင့် အလုံးစုံသော ကိလေသာတို့မှ ထွက်မြောက်တော်မူကုန်၏။ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည် ရပြီးသော အရဟတ္တဖိုလ်ကို တဖန်ဝင်စားသောအားဖြင့် ရကြပြန်ကုန်၍ အနည်းငယ်မျှ မပျက်မစီးကြရကုန်သည်လည်း ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုလျက် အရဟတ္တဖိုလ်သမာပတ်ချမ်းသာကို ခံစားတော်မူကြကုန်၏။ ဤရဟန္တာ သံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီးဖြစ်တော်မူ၏။ ဤသို့ မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်းချမ်းသာ အေးမြခြင်း ဖြစ်ပါစေသတည်း။
၁၁။ မြေ၌စိုက်ထူအပ်သော တံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသောလေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယာသစ္စာတို့ကို ပညာဖြင့်သက်ဝင်၍မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့်တူ၏ဟု ငါဆို၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသော ဉာဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင်ပြုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက်ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။ ကိလေသာ စိုးစဉ်းမျှ ရှိစေကာမူ...
၁၄။ အပါယ်လေးပါးတို့မှ လွတ်၏။ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၅။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသောကံကို မဖုံးလွှမ်းတော့ပြီ။ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်) ပုဂ္ဂိုလ်၏ ဖုံးလွှမ်းခြင်းမပြုတော့သည့်အဖြစ်ကို (မြတ်စွာဘုရား) ဟောတတ်၏။ သံဃာဟူသော ရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၆။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို (နိဗ္ဗာန်) အကျိုးငှာ ဟောတော်မူ၏။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၇။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သောမဂ်ကို ဆောင်တတ်သော မိမိထက်သာသူမရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၈။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ၊ လာလတ္တံသောဘဝ၌ တပ်မက်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွားသော ဆန္ဒမရှိကုန်၊ ဆီမီးငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာဇာတ်သိမ်းငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၉။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ထိုငါတို့သည်လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကိုရှိခိုးပါ၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။
၂၀။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့အညီအညွတ်လာကုန်၏။ ထိုငါတို့သည် ကိလေသာတို့ကိုဖျက်ဆီးတတ်သော နတ်လူတို့ပူဇော်အပ်သော တရားတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။
၂၁။ မြေ၌တည်ကုန်သောနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သောနတ်တို့သည်လည်းကောင်း ဤအရပ်သို့အညီအညွတ်လာကုန်၏။ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော နတ်လူတို့ပူဇော်အပ်သော သံဃာတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
ရတနသုတ်မြန်မာပြန်ပြီး၏။ ။
ကပ်ကြီးသုံးပါးကိုကျော်နင်းစေနိုင်သည်။ စုန်း ၊ တစ္ဆေ ၊ ကဝေပယောဂဟူသမျှကိုနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရသောအခါ ၊ အချုပ်ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်းနတ်မြတ်တို့၏ စောင်မကြည့်ရှုခြင်းကိုခံရမည်ဖြစ်ပေသည်။


No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ