မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

မိန်းမကြောက်

တစ်ခါတုန်းက ခဏခဏစကားများတတ်ကြတဲ့ လင်မယားနှစ်ယောက်ရှိတယ်။
ဒါပေမယ့်စကားများတဲ့အခေါက်တိုင်း ယောကျ်ားဖြစ်သူက အလျှော့ပေးတတ် တယ်။
.
တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောကျ်ားကို ထူးဆန်းလို့မေးလာမိတယ်။
.
"ယောကျၤားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှော့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ"
.
သူ့ယောကျၤားဒီလို ပြန်ဖြေတယ်။ "မင်းက ကိုယ့်မိန်းမ လေကွ။ဘာပဲပြောပြော ရှေ ့ဘဝက ရေစက်ကြုံလို့ ဒီဘ၀မွာ လင်မယားလာဖြစ်ကြတာ။ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမွာလဲ။ စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ။ ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။ တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။ တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။
တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့။
တစ်ယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယာက်လုံး ပျော်ရွှင်နိုင်မှာလေ။ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်
ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး" .. တဲ့။
.
Credit : ငွေတာရီ

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ