မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Sunday, June 24, 2018

အတွေးဖြင့်ငြိမ်သက်ခြင်း

အတွေးတွေက
အတိတ်တွေဆီ
သဝေထိုးသွားတယ်။
စိတ်မကြည်ဘူး
အတွေးမမှားဖို့
အတွေးတွေကို
ထိန်းချုပ်ဖြစ်တယ်။
ဖြစ်ပြီးရင်တော့
ပျက်တာပဲလေ
ဒါပေမယ့်
မပျက်သေးချိန်တစ်ခဏ
ဖြစ်တည်နေခြင်းတွေက
အတော် ခက်ခဲတယ်။
စကားတွေမပြောဖြစ်ဘူး
တစ်ယောက်ယောက်က
နှုတ်ဆက်တဲ့အခါ
ပြန်နှုတ်ဆက်ဖြစ်ရုံ။
လူတွေရဲ့အကြိုက်ကို
မလိုက်ဖြစ်ဘူး
ကိုယ့်ကို တကယ်လိုလားတဲ့
လူနည်းစုအကြောင်းပဲ
ခေါင်းထဲထည့်ထားဖြစ်တယ်။
#Ashinnyanissara
15-May-2018

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ