မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

အကောင်းဆုံးပြောင်းဖူးပုံပြင်

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ နှစ်စဉ်အကောင်းဆုံးပြောင်းဖူးဆုရရှိတဲ့ စိုက်ပျိုးသူတစ်ယောက်ရှိတယ်။

တစ်နေ့မှာတော့ ဘုရင်မြင်းမြတ်ဟာ အကောင်းဆုံး ပြောင်းဖူးစိုက်ပျိုးနည်းကို လေ့လာသင်ယူဖို့ သူ့အစေခံအချို့ကို စေလွှတ်လိုက်တယ်။

ဘုရင်ရဲ့ လူယုံတွေဟာ ပြောင်းဖူးစိုက်ပျိုးနည်းကို စိတ်ဝင်တစားလေ့လာကြတယ်။ ဒီအခါမွာ အကောင်းဆုံးစိုက်ပျိုးသူဟာ သူနဲ့ခြံချင်းကပ်လျက် တခြားပြောင်းဖူးစိုက်ပျိုးသူတွေကို သူရဲ့အကောင်းဆုံးမျိုးစေ့တွေ အမြဲမျှဝေပေးတတ်တဲ့အကြောင်း သူတို့တွေသိရှိလာခဲ့တယ်။
"ဘာလို့ ခင်ဗျားရဲ့အကောင်းဆုံးမျိုးစေ့တွေကို လိုက်ဝေနေရတာလဲ"
"သူတို့တွေ ခင်ဗျားမျိုးစေ့တွေကို ရသွားရင် နောက်နှစ်မှာ ခင်ဗျားကို ကျော်တက်သွားမှာပေါ့" လို့ ဘုရင့်လူယုံတွေထဲက ခေါင်းဆောင်ဖြစ်သူက ပြောလိုက်တယ်။
" ဝတ်မှုန်ကူးခြင်း အကြောင်းကို တကယ္မသိတာလား ဆရာတို့"
" ဒီပြောင်းဖူးပင်တွေ ရင့်မှည့်လာကြတဲ့အခါ လေအဝှေ့မှာ တစ်ခြံနဲ့ တစ်ခြံမှာရှိတဲ့ ပြောင်းဖူးပင်တွေဟာ ဝတ်မှုန်ကူးကြတယ်"
"တကယ်လို့ ကျွန်တော့်နဲ့ကပ်လျက်ပြောင်းဖူးခြံက အရည်အသွေးညံ့တဲ့ ပြောင်းဖူးတွေ ဖူးရင် ကျွန်တော့်ခြံက ပြောင်းဖူးတွေလဲ အောင်မြင်စရာ အကြောင်းမရှိပါဘူး"
"ကျွန်တော့်ခြံထဲက ပြောင်းဖူးတွေကို အောင်မြင်ဖြစ်ထွန်းစေချင်တယ်ဆိုရင် ကျွန်တော့်ခြံနီးချင်းတွေရဲ့ ပြောင်းဖူးပင်တွေကိုလဲ မြှင့်တင်ပျိုးထောင်မှ ရပါလိမ့်မယ်"လို့ ပြောင်းဖူးစိုက်ပျိုးသူက ဖြေလိုက်ပါတယ်။
"ကျွန်တော်တို့ လူ့ဘဝတွေဟာလဲ ဒီလိုပဲမဟုတ္လား"
"ကျွန်တော်တို့ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင်ကိုလဲ ငြိမ်းချမ်းပျော်ရွှင်ဖို့ ဖန်တီးပေးရမယ်"
"ကျွန်တော်တို့ အဆင့်အတန်းမြင့်မြင့် တန်ဖိုးရှိရှိရှင်သန်နေထိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်ကိုလဲ တန်ဖိုးရှိအောင် လက္တြဲကူ မြှင့်တင်ပေးဖို့လိုတယ်"
" တကယ်တော့ ဘဝရဲ့တန်ဖိုးဆိုတာ ဒီဘဝတစ္ခုထဲ သီးသန့်ဖြစ်တည်နေလို့မရဘူး။ ဒီဘဝနဲ့ထိစပ်နေတဲ့ အရာတွေကို လှပအောင် တန်ဖိုးရှိအောင် ခြယ်သခြင်းကကို ဒီဘဝရဲ့ တန္ဖိုးကို ပိုမိုတောက်ပြောင်စေတာပဲ"
" သင့်အနေနဲ့ အကောင်းဆုံးပြောင်းဖူးကို လိုချင်သလား"
"အကောင်းဆုံး ပြောင်းဖူးအတွက် အကောင်းဆုံးပတ်ဝန်းကျင်ကိုဖန်တီးဖို့ မမေ့လိုက်ပါနဲ့"
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ