မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

တစ်ယောက်တည်း ဖြစ်တဲ့အခါ




တစ်ယောက်တည်းဖြစ်တဲ့အခါ ၀မ်းနည်းစိတ် ၀င်ရင်လည်း ၀င်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ မမေ့ပါနဲ့။
ဘယ္လိုပဲ ၀မ်းနည်းစိတ်၀င်၀င် မနက်ဖြန်မှာ ဆက်လက်လျှောက်လှမ်းရပါဦးမယ်။
တစ်ယောက်တည်း ဖြစ်တဲ့အခါ အထီးကျန်စိတ် ၀င်ရင်လည်း ၀င်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို ပွေ့ဖက်ဖို့ မမေ့ပါနဲ့။
နှလုံးသားနွေးရင် အဲဒီအထီးကျန်ခြင်းက ဘာမွ မပြောပလောက်တော့ပါဘူး။
တစ်ယောက်တည်း ဖြစ်တဲ့အခါ အကူညီမဲ့စိတ် ဖြစ်ရင်လည်း ဖြစ်မယ်။
ဒါပေမယ့် လူတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ရတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးဖို့ မမေ့ပါနဲ့။
ဘယ္သူကမွ တစ်သက်လုံး ကိုယ်နဲ့ အဖော်အဖြစ် လိုက်ပါလျှောက်လှမ်းမှာ မဟုတ်ပါဘူး။
တစ်ယောက်တည်း ဖြစ်တဲ့အခါ အားငယ်ပျော့ညံ့စိတ် ၀င်ရင်လည်း ၀င်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို အားပေးဖို့ မမေ့ပါနဲ့။
ကိုယ်ရဲရင့်မှ အပြောင်းအလဲများတဲ့ ဒီလောကမှာ ဘယ်လိုတောင့်ခံမယ်ဆိုတာကို သင်ယူနိုင်ပါလိမ့်မယ်။
တစ်ယောက်တည်း ဖြစ်တဲ့အခါ စိတ်ရှုပ်စရာတွေ တွေးကောင်းတွေးမိမယ်။
ဒါပေမယ့် ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်တတ်ဖို့ မမေ့ပါနဲ့။
ကိုယ့်စိတ်ခံစားချက်အပျက်နဲ့ ကိုယ့်အတွက်အရေးပါတဲ့လူကို မထိခိုက်မိပါစေနဲ့။
တစ်ယောက်တည်း ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့ မမေ့ပါနဲ့။
အေးရင် အနွေးထည်ထပ်ဖို့ မမေ့ပါနဲ့။
၀မ်းနည်းရင် ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ မမေ့ပါနဲ့။
ဖျားနာရင် ဆေးသောက်ဖို့ မမေ့ပါနဲ့။
ဆာရင် စားဖို့ မမေ့ပါနဲ့။
မိုးရွာရင် ထီးဆောင်းဖို့ မမေ့ပါနဲ့....
တစ်ယောက်တည်း ဖြစ်တဲ့အခါ စာအုပ်တစ်အုပ်၊ သီးချင်းတစ်ပုဒ်၊ ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ အဖော်ပြုပါ။ လူပင်ပန်းရင် နားရသလို စိတ်ပင်ပန်းရင် တိတ်ဆိတ်ငြိမ်သက်ရပါတယ်။
တစ်ယောက်တည်း ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ။
အပြောကျယ်တဲ့ လောကကြီးမှာ ကိုယ့်အပေါ် တကယ့်စိတ်ကောင်း စေတနာထားတဲ့လူ သိပ်မများနိုင်ပါဘူး။
တစ်ချိန်လုံး သင့်ဘေးမှာ အဖော်ပြုပေးမယ့်သူ မရှိနိုင်ပါဘူး။
ဒါ့ကြောင့် သင့်ကိုယ်တိုင်အတွက်၊ သင်အလေးထားသူအတွက် သင့်ကိုယ်သင် ပိုဂရုစိုက်ရပါတယ်။
credit: နိုင်းနိုင်းစနေ

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ