မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

နဖူးစာရွာလည်


တနေ့မှာ လူပျိုပေါက်လေးတယောက်ဟာ သူ့ချစ်သူ ဘယ်လိုလူမျိုးလည်း ဆိုတာ သိချင်တာနဲ့ ဗေဒင်ဆရာကို မေးပါသတဲ့ ။ ဗေဒင်ဆရာက သူ့ကို အိုးချမ်းကွဲ တခုအပေါ်မှာ အင်းကွက်ကလေး ရေးပေးလိုက်တယ် ။ ဒီအင်းကွက်ကလေးကို လက်ကကိုင်ပြီး ဖူးစာရေ ၊ ဖူးစာရေလို့ အော်ခေါ် ၊ အဲ့ဒီအခါ မင်းရဲ့ ဖူးစာဖက္က ရှင် လို့ ထူး လိမ့်မယ်လို့ မှာလိုက််သတဲ့ ။။ လူငယ်လေးလည်း တရွာဝင် တရွာထွက် ဖူးစာရေ ၊ ဖူးစာရေ လို့ ခေါ်ပေမဲ့ ထူးမဲ့သူမရှိတာကြောင့် စိတ္ညစ္လာပါသတဲ့ ။ လက်လျော့မယ် လုပ်ပြီးမှ အားပြန်တင်းပြီး ဆက်ကြိုးစား ခေါ်ကြည့်ပါတယ် ။ ရွာတရွာရဲ့ တေနရာ အရောက် ဖူးစာရေလို့ ခေါ်လိုက်ချိန်မှာ အိမ်တအိမ်ရဲ့ အောက်မှာ ဇယ်ခုပ်ကစားနေတဲ့ အဖြဲ.ထဲက ကောင်မလေး တေယာက္က ဝူး လို့ ပြန်ထူးသတဲ့ ။ ဒါနဲ့ ကောင်လေးလည်း သူ့ကို ပြောင်ရမလားဆိုပြီး စိတ်တိုနေတာနဲ့ ဝူးလို့ထူးတဲ့ ကောင်မလေးကို အိုးခြမ်းပဲ့နဲ့ ပစ်ပြီး သူ့ရဲ့ ဖူးစာရှင် ရှာတဲ့ခရီးကို စွန့်လွတ်လိုက်သတဲ့ ။ လူငယ်လေးလည်း နောက်တော့ အိမ်ထောင်ကျပါလေရော ၊ အိမ်ထောင်ကျတော့မှ ခ်စ္သူဘဝက သတိမထားမိတဲ့ သူ့မိန်းမရဲ့ နဖူးက အမာရွတ်သေးသေးလေးကို မြင်တော့ ဘာဖြစ်တာလည်းလို့ မေးလိုက်တယ် ။ ကောင်မလေးကလည်း ငယ္ငယ္က ဇယ်ခုပ် ကစားနေတုန်း လူတေယာက္က ဖူးစာရေလို့ ခေါ်တာကို ဝူး လို့ ထူးမိလို အိုးခြမ်းပဲနဲ့ အပေါက်ခံရပြီး အနာရွတ် ဖြစ်ကျန်နေခဲ့တာလို့ ပြောသတဲ့ ။ ဖူးစာဆိုတာ အလွန်ထူးဆန်းကြောင်း ရှေးလူတွေက သူ့ခေတ် သူ့အခါနဲ့ ကိုက်ညီမဲ့ ဇာတ်လမ်းလေးကို ပြောခဲ့ကြတာဖြစ်ပါတယ် ။ . နဖူးစာဆိုတဲ့ စကားက ဘယ်ကလာသလဲဆိုတော့ အိန္ဒိယက လာပါသတဲ့ ။ အိန္ဒိယ ရှေးခေတ်လူတွေဟာ သူတို့ရဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းကပဲ အိမ်ထောင်ဘက် ရွေးချယ်ပေးကြပါသတဲ့ ။ ပြဿနာက ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားတဲ့ ပြဿနာပါ ။ ဇာတ်မြင့်လို့ သူတို့ကိုယ် သူတို့ သတ်မှတ်သူတွေဟာ သူတို့ သားသမီးတွေ ကြီးလာရင် ၊ ဇာတ်နိမ့်မျိုးရိုးတွေနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျသွားမှာကို မလိုလားတာကြောင့် ငယ်စဉ်ကတည်းက စေ့စပ်ကြောင်းလမ်းကြပါသတဲ့ ။ ဒီလို စေ့စပ်ပြီးတာနဲ့ ကလေးတွေရဲ့ နဖူးမွာ သူတို့ ကြင်ဖက်ရဲ့ နာမည်ကို ဆေးမှင်နဲ့ ရေးထိုးလိုက်ပါတယ် ။ သေဘာက ပိုင်ရှင်ရှိပြီးသား ဆိုတဲ့သဘောပါ ။ ဒီလို နဖူးမွာ နာမည်ပါသူတွေဆိုရင်လည်း အခြားသူတွေက မချစ်မကြိုက်ကြတော့ဘူးတဲ့ ။ အသက်အရွယ်ရလာတဲ့ အခါ ငယ်စဉ်က မိဘေတြ စေ့စပ်ပေးခဲ့တဲ့သူတွေနဲ့ပဲ လက်ထပ်လေ့ရှိကြပါသတဲ့ ။ ဒီကေန နဖူးစာ ဆိုတဲ့ စကားထွန်းကားလာပါသတဲ့ ။ တချို.ကြတော့လည်း အရွယ်မရောက်ခင် တရပ္တေက်း ပြောင်းရွေ.ကြတဲ့အခါ ၊ ကြီးလာတော့ သူတို့ နာမည်ရေးထားတဲ့ ဖူးစာရှင်ကို လိုက်ရှာကြရပါသတဲ့ ။ ဒါကြောင့် နဖူးစာ ရွာလည်တယ် ဆိုတဲ့ စကားလည်း ပေါ်လာတယ်လို့ ဆိုပါတယ် ။ ချစ်သူတွေဟာလည်း သူတို့ ချစ်သူတွေကို နမ်းတဲ့အခါ သူတို့ နာမည်ပါတဲ့ နဖူးလေးကိုပဲ မြတ်မြတ်နိုးနိုး နမ်းတတ်ကြတဲ့ ဓလေ့လည်း ထိုခေတ်ကတည်းက ထွန်းကားခဲ့ပါသတဲ့ ။ ယနေ့ခေတ်အယူအဆတွေကတော့ နဖူးကိုနမ်းတဲ့ အနမ်းဟာ အနူးညံ့ အချိုမြိန်ဆုံး အနမ်းဖြစ်တယ်လို့ ပြောကြပါတယ် ။ နဖူးကို နမ်းခြင်းဟာ နုတ်ခမ်းကို အကြိမ်တထောင် နမ်းခြင်းထက်ကို ပိုပြီးမြတ်နိုးကြတယ်လို့ ချစ်သူတွေက ယူဆကြပါတယ် ။ နဖူးကို တခါ အနမ်းခံဘူးရင်လည်း အဲ့ဒီ အနမ်းကို မေ့ပြစ်ဖို့ မလွယ်ဘူးလို့လည်း ဆိုပါတယ် ။
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ