မင်္ဂလာပါ မိတ်ဆွေ ၀င်ရောက်ဖတ်ရှုသော မိတ်ဆွေများကို အရှင်ဉာဏိဿရ(ဒီပဲယင်း)ဘလော့မှ နွေးထွေးစွာကြိုဆိုပါ၏ ။ Not to do any evil. To do good deeds. To purify the mind. မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ။

Tuesday, June 26, 2018

လင်းယုန်ငှက်ပုံပြင်


ရှေးအခါက တောင်စောင်းကြီးရဲ့ တစ်နေရာမှာ လင်းယုန်ငှက် အသိုက္တစ္ခု ရှိခဲ့ဖူးပါတယ်.. အဲဒီလင်းယုန်ငှက်အသိုက်ထဲမှာ ကြီးမားတဲ့ ဥကြီး လေးဥ ရှိနေပါတယ်.. တစ်နေ့မှာ ပြင်းအားကြီးတဲ့ ငလျှင်ရဲ့ လှုပ်ခတ်မှုကြောင် လင်းယုန် အသိုက်ထဲက ဥတစ်လုံးဟာ တောင်စောင်းကနေ တစ်လိမ့်လိမ့် ဆင်းသွားပြီး တောင်ခြေမှာရှိတ ရွာလေးတစ်ရွာက ကြက်ခြံထဲကို ရောက်လို့ သွားပါတယ်.. ကြက်တွေဟာ အသိတရားရဲ့ စေ့ဆော်မှုကြောင့် ဒီဥကို သူတို့ စောက်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတာ အလိုလို နားလည်ကြပါတယ်.. ဒါကြောင့် အသက်ကြီးတဲ့ ကြက်မကြီးက တာ၀န်ယူပြီး လင်းယုန်ငှက်ဥကို ကာကွယ် စောင့်ရှောက်ပါတယ်..
ဒီလိုနဲ့ တစ်နေ့မှာတော့ လင်းယုန်ငှက်ဥဟာ ကွဲအက်ပြီးတော့ အထဲကေန လှပတဲ့ လင်းယုန်ငှက်ကလေး ပေါက်ဖွားလာပါတယ် ၀မ်းနည်းစရာ ကောင်းတာက လင်းယုန်ငှက်ကလေးဟာ ကြက်ပေါက်ကလေး အဖြစ်နဲ့သာ တသင်ကြားလေ့ကျင့် ပေးခြင်း ခံရပါတယ်.. ပင်ကိုယ်ဇာတိ အရ လင်းယုန်ငှက် ဖြစ်သော်လည်း ကြီးပြင်းရာ နေရာဒေသ၊ ပတ်၀န်းကျင်ကြောင့် မိမိကိုယ်ကိုယ်လဲ ကြက် တစ်ကောင် အျဖစ္သာ ထင်မှတ်လို့ နေပါတယ်.. လင်းယုန်ကလေးဟာ သူအခု နေတဲ့ သူ့အသိုက်အမြုံနဲ့ သူနဲ့ အတူတူ နေထိုင်ကြီးပြင်းခဲ့တဲ့
ကြက်မိသားစုကို အလွန်ဘဲ ချစ်ခင် တွယ်တာပါတယ်.. သို့သော်လည်း သူရဲ့ ပင်ကိုယ်မူလ လင်းယုန် ဇာတိမာန်ရဲ့ စေ့ဆော်မှုလေးတော့ သူ့မှာ ရှိနေခဲ့ပါတယ်
တစ်နေ့ ကွင်းပြင်ကြီးထဲမှာ ကြက်ကလေးတွေနဲ့ အတူ လင်းယုန်ငှက်ကလေးဟာ ဆော့ကစားနေခဲ့ပါတယ်.. အဲဒီအချိန်မှာ ကောင်းကင် အမြင့်မှာ ၀ဲပျံနေတဲ့ လင်းယုန်အုပ်စုကြီးကို လင်းယုန်ကလေးက မြေပြင်ကနေ မြင်တွေ့လိုက်ပါတယ်.. ဒီတော့ သူက "အိုး.. သူတို့လို ငါလဲ ပျံတတ် ချင်လိုက်တာ၊ ငါ့စိတ်ထဲမှာ အရမ်းကို ပျံကြည့်ချင်တယ်" လို့ပြောလိုက်ပါတယ်.. သူ့စကားကို ကြားတော့ အတူတူဆော့နေတဲ့ ကြက်ကလေးတွေက ၀ိုင်းပြီး လှောင်ရယ် ကြ ပါတယ်.. "ဘယ်လိုလုပ်ပြီး သူတို့လို ပျံနိုင်မှာလဲ.. မင်းက ကြက်လေ ကြက်ဆိုတာ ပျံနိုင်တဲ့ အမျိုးမှ မဟုတ္တာ" လို့ သူ့ကို ၀ိုင်း ပြော ကြပါတယ်..
လင်းယုန်ငှက်ကလေးဟာ သူ့အမျိုးအဆွေတွေ ပျံသန်းသွားရာကို တိမ်လွှာပြင်ထက်ကို မျှော်ငေးကြည့်ရင်း သူတို့နဲ့အတူတူ ပျံသန်း လိုက်ပါ သွားလိုတဲ့ စိတ်ကူးအိပ်မက်ေ တြ မက်ပြီး ကျန်ရစ်ခဲ့ပါတယ်.. နောက်ပိုင်းမှာ ပျံသန်းလိုတဲ့ဆန္ဒတွေ အကြိမ်ကြိမ် ဖြစ်ပေါ် လာတိုင်းလဲ ဘေးက ကြက်တွေ ၀ိုင်းပြောကြတဲ့ မဖြစ်နိုင်ပါဘူးကွာ စိတ်ကူးမယဉ်ပါနဲ့ဆိုတဲ့ စကားကို အျမဲ ကြားရပါတယ်.. ဒီလိုနဲ့ ကြားရဖန် များလာတော့ တကယ် ပျံသန်း နိုင်တဲ့ ငှက်မျိုးဖြစ်ပါရက်နဲ့ လင်းယုန်ကလေးဟာ သူ့စိတ်ကူး အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ ဆက်လက် မကြိုးစား တော့ဘဲ ရပ်တန့်ပစ်လိုက် ပါတယ်.. နောက်ဆုံးတော့ သူရဲ့ ဘ၀ အချိန်တွေကို ကြက်တစ်ကောင်ရဲ့ အနေအထိုင် အလေ့ စရိုက်အတိုင်း နေထိုင် သွားခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ သေဆုံး သွားပါတော့တယ်
သင့်ကိုယ်သင် လင်းယုန်ငှက်လို အမြင့်ကို ပျံနိုင်မယ်လို့ ယုံကြည်ရင် ဖြစ်အောင်ကြိုးစားပါ .. ကြက်တွေလို ဘေးကလူတွေပြောတဲ့ စကားကို ဘယ်တော့မှ နားမယောင်ပါနဲ့
Credit

No comments:

Post a Comment

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ